NEWS

ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ

CoverLogo
341 Views
 
စစ်အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေအပေါ် အဓမ္မငွေကြေးကောက်ခံတာတွေပိုများလာတယ်လို့ ငွေကြေးပေးဆောင်ခဲ့ရသူတွေကပြောပါတယ်။
 
အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန အစရှိသဖြင့် အများပြည်သူနဲ့ ဆက်ဆံရတဲ့ ဌာနလက်အောက်ခံ ဝန်ထမ်းတွေဟာ ပြည်သူတွေအပေါ် ခြိမ်းခြောက် ဖိအားပေးကာ ငွေကြေးတောင်းခံနေတာလို့ သိရပါတယ်။
 
စည်ပင်သာယာ နယ်နိမိတ်အတွင်းက မြို့နယ်တွေမှာတော့ စည်ပင်ဝန်ထမ်းတွေက တစ်နိုင်တပိုင်ဖွင့်လှစ်ထားတဲ့ဆိုင်ခန်းလေးတွေကိုပါ လုပ်ငန်းလိုင်စင်ဖိအားပေးလုပ်ဆောင်ခိုင်းနေသလို တရားဝင်သတ်မှတ်ထားတဲ့နှုန်းထားတွေထက်ပိုမိုတောင်းခံနေတာပါ။
 
"အမက ရပ်ကွက်အတွင်းထဲမှာ အိမ်နဲ့တွဲပြီး ကုန်စုံဆိုင်ဖွင့်ထားတာပါ။ အဲဒါကို ဟိုရက်ကစည်ပင်က ဝင်လာပြီး လိုင်စင်လုပ်ရမယ်ပြောတယ်။ နှစ်သိန်းကျော်တောင်းတယ်။ အခွန်ရုံးမှာ အခွန်ဆောင်တော့ တရားဝင်ဆောင်ခိုင်းတာက တစ်သိန်း သူတို့အတွက်တစ်သိန်း ထပ်တောင်းတယ်။ အခုကာလက အရင်းတွေကတက်တယ်။ အရောင်းအဝယ်က ကျတယ်။ အရင်ကဆို တစ်လလုံးကို ထောင်ဂဏန်းပဲ ပေးရတယ်။ အခုက မတရားတောင်းနေတယ်"လို့ ရွှေပြည်သာမြို့နယ်တွင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
 
အခွန်အခတွေ ကောက်ခံရာမှာ ဝန်ထမ်းတွေက သတ်မှတ်နှုန်းထားအပြင် ကိုယ်ကျိုးစီးပွားအတွက်ပါ တရားဝင်တောင်းခံနေတာဖြစ်ပြီး ‌ကျပ်တစ်သိန်းခန့်ကို အနည်းဆုံး တောင်းခံနေတာ ဖြစ်ပါတယ်။
 
"အမဆီကျ ဆိုင်ကိုစည်ပင်ဝန်ထမ်း ရောက်လာတာပါ။ လိုင်စင်လုပ်ရမယ်။ ဖွင့်ထားတာလည်း ကြာနေပြီ။ တိုင်တဲ့သူရှိတယ်။ ရုံးလာပါပြောတယ်။ အမက လိုက်သွားတော့ နောက်လိုင်းတစ်ခုက လုပ်နေတုန်းပါ။ အရောင်းအဝယ်လည်း မကောင်းလို့ပါ။ ကူညီပေးပါပြောတော့ နှစ်သိန်းတောင်းတယ်။ တစ်နှစ်စောင့်ပေးမယ်ပြောတယ်"လို့ ပေးဆောင်ခဲ့ရသူတစ်ဦးက ပြောပါတယ်။
 
အထွေထွေကုန်စျေးနှုန်းမြင့်တက်တာ ၊ ငွေကြေးတန်ဖိုးကျဆင်းတာ၊ အလုပ်အကိုင်ရှားပါးတာတွေနဲ့ နေ့စဥ် လုံးပန်းနေရတဲ့ ပြည်သူလူထုဟာ ရပ်ကွက် ကျေးရွာ အလိုက် ဧည့်စာရင်းကြေး၊ စစ်မှုထမ်းကင်းလွတ်ကြေး တွေ လစဉ်ပေးဆောင်ရသလို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ လည်း လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်ထမ်းဆောင်ရတာနဲ့တင်မပြီးသေးဘဲ စည်ပင်သာယာရဲ့ အခွန်ကိုပါထပ်တိုး ထမ်းဆောင်ရင်းလည်း အခွန်ရဲ့ဝန်အောက်မှာ ပိုမိုဖိနှိပ်ခံနေရတာလို့ သိရပါတယ်။
 
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်း ၆ သိန်းကျော် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှု CDM မှာပါဝင်ကြပြီး နောက်ပိုင်း လက်ကျန် ဝန်ထမ်းတွေနဲ့ စစ်ကော်မရှင် ပြန်လည် ဖြည့်တင်းလိုက်တဲ့ အစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လည်ပတ်နေရာမှာ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ တဟုန်ထိုးမြင့်တက်လာတာပါ။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026