NEWS

ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ

CoverLogo
768 Views
 
အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယို live လွှင့်ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ဆောင်ရွက်သူတွေကို လူကုန်ကူးမှုနဲ့ အရေးယူပြီး အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ထုတ်ပြန် ပါတယ်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊အပြင်ပဒံကျေးရွာ ၊ရွှေကမ်းသာယာအိမ်ရာမှာ တရုတ်နိုင်ငံသားMr. Wang Shaohua (၃၉)နှစ် (ဘ) ဦးဝမ်းရှင်းဖား ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံ ကောင်းနဲ့ အဲလစ်စစ် (ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ (မ) (၃၂) နှစ် (ဘ) ဦးစောလားချရှီးတို့က မြန်မာအမျိုးသမီး စုံတွဲ လေးတွဲ ကို Sex video Live လွှင့် ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်တွေ ကို ခေါင်းပုံဖြတ်ယူခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်ခဲ့တဲ့ အတွက် ကျူးလွန်သူ တွေ ကို လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှာ (ပ) ၈၇၆/၂ဝ၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ) နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာရဲစခန်းက တရားစွဲတင်မှုကို အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂ဝ ရက်မှာ တရားခံ Mr. Wang Shaohuai ၊Mr. Yung Kuni၊ Mr. Zeng Yuan နဲ့ အဲလစ်စစ် (ခ) နော်မူးရှီး ဖော (ခ) ကျဲကျဲ (မ) တို့ လေးဦးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နဲ့ ထောင်ဒဏ်နှစ် (၂၀) စီနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နဲ့ထောင်ဒဏ် (၁ဝ) နှစ်စီကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026