NEWS

ဈေးပိုသက်သာတဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ ပြန်လည်အသုံးပြုလာ

CoverLogo
647 Views

ပြည်တွင်းမှာရောင်းချနေတဲ့လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေဟာအဆမတန်မြင့်တက်နေတာကြောင့်တစ်ပတ်ရစ်ပစွည်းအဟောင်းတွေပြန်လည်ဝယ်ယူအသုံးပြုသူများလာပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းလာတာနဲ့အမျှအထွေထွေလူသုံးကုန်‌တွေဟာဈေးနှုန်းတွေပိုမိုမြင့်တက်လာတာပဲဖြစ်ပါတယ်။ဒီအခြေအနေမှာတစ်ပတ်ရစ်ပစ္စည်းရောင်းချတဲ့ဈေးကွက်ဟာအွန်လိုင်းကစီးပွားဖြစ်ရောင်းချသူတွေတင်မကဘဲလူတစ်ဦးချင်းပါအွန်လိုင်းကနေရောင်းချတာတွေရှိလာပါတယ်။

"အွန်လိုင်းမှာဂရုတွေရှိတယ်။အမတို့ကိုယ်တိုင်လည်းဂရုတွေကတင်ရောင်းတယ်။ကိုယ်လိုတာလေးတွေတွေ့ရင်လည်းပြန်ဝယ်တယ်။ရောင်းချင်တယ်ဆိုကိုယ်ရောင်းမယ့်ပစ္စည်းပုံ၊ ဈေး၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ လာယူရမယ့်မြို့နယ်၊ တချို့ကျသယ်ခယူပြီးပို့ပေးတာရှိတယ်။မပို့ပေးဘူးဆိုလည်းထည့်ရေးပေါ့။အခုကျအရောင်းအဝယ်တွေဖြစ်နေတယ်။သေချာတာကအပြင်မှာနှစ်သိန်းကျော်တဲ့ဟာကအဟောင်းဈေးဆိုတစ်သိန်းအောက်လေ။ခုနှစ်သောင်းလောက်ဆိုပစ္စည်းသန့်တာလေးရတယ်။နည်းနည်းပြန်သန့်လိုက်ရင်သုံးပျော်တယ်။အခုကအသစ်ဝယ်သုံးဖို့ကမတန်သလိုခံစားရတယ်။ရောင်းတဲ့သူကလည်းသုံးမရတာကိုတင်ရောင်းလို့မရဘူးလေ။အနာအဆာပါရင်ပြောရတယ်"လို့အွန်လိုင်းဂရုတွေမှာပစ္စည်းရောင်းချနေသူတစ်ဦးကပြောပါတယ်။ 

တစ်ပတ်ရစ်ပစွည်းဈေးကွက်ဟာကွန်ပျူတာ၊ ဖုန်း၊ တီဗီအစရှိတဲ့ပစွည်းတွေကစပြီးမီးစက်၊ ဘီရို၊ စက်ဘီး၊ ကုတင်၊ပန်းကန်စင်စတာတွေအပြင်မီးဖိုချောင်သုံးပစ္စည်းတွေပါဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။

"ဆိုင်လေးဖွင့်တော့ပစ္စည်းလေးတင်ပြဖို့စတီးစင်လေးတွေလိုက်မေးတာ။အသစ်ဈေးကဘယ်လိုမှမနိုင်ဘူး။အဲဒါနဲ့အသိတစ်ယောက်ပြောလို့အွန်လိုင်းကဝယ်တာမှန်ဘီရိုလေးငါးသောင်းနဲ့ရတယ်။လှိုင်သာယာဘက်တော့သွားဝယ်ရတယ်။အသစ်ဆိုနှစ်သိန်းနီးပါးလေ။အသစ်မဝယ်နိုင်တော့တစ်ပတ်ရစ်ပဲသုံးဖြစ်တယ်။နောက်ဂရုတွေထဲမှာကိုယ်လိုပဲလိုက်ဝယ်နေတဲ့သူတွေအများကြီးပဲ။ဘာလိုလိုအကုန်ရှိတယ်။ကိုယ်ကလည်းရွေးတက်ရင်အဆင်ပြေတယ်"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

တစ်ပတ်ရစ်ပစ္စည်းရောင်းချရာမှာအိမ်သုံးပစ္စည်းတွေအပြင်လုပ်ငန်းသုံးပစ္စည်းတွေ၊ အရောင်းရပ်လိုက်တဲ့လုပ်ငန်းတွေကလည်းဆိုင်အလိုက်ပြန်လည်ရောင်းချတာတွေပါရှိနေပါတယ်။တစ်ပတ်ရစ်ပစ္စည်းတွေဟာဈေးကွက်ထဲမှာရောင်းချနေတဲ့ပစ္စည်းတွေထက်ထက်ဝက်မကသက်သာနေတာကြောင့်လည်းသုံးစွဲသူပိုများလာတယ်လို့ဂျပန်ကျပစ္စည်းရောင်းချသူတွေဆီကသိရပါတယ်။

photo- facebook (ဂျပန်ကွန်တိန်နာကျပစ္စည်းဆိုင်တစ်ခု- ပုံဟောင်း)


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026