NEWS

ဇူလိုင်လ ပထမပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
116 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်ကနေ (၇)ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။ 

ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ(၁)ရက်

Aeon Orange ဈေးဝယ်စင်တာရဲ့ ဒါရိုက်တာဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပါတယ်။ဆန်ကိုသတ်မှတ်ဈေးနှုန်းထက် (၇၀)ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းခဲ့တယ်ဆိုပြီး  နာမည်ကြီးဈေးဝယ်စင်တာ (၄)ခုအပါအဝင် ဆန်ကုန်သည်တွေကို စစ်ကောင်စီကအရေးယူခဲ့ရာမှာ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့သိရပါတယ်။

LUCKY FORTUNE garment မှာ အလုပ်သမားတွေကို အထည်ကြေးတွေ ထက်ဝက်မက လျှော့ချနေတယ်လို့အလုပ်သမားတွေအခက်တွေ့နေရပါတယ်။

မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် (၅)ပေ ကျော်လွန်နေပြီး လာမယ့်(၂)ရက်အတွင်း (၂)ပေခန့် ဆက်လက်မြင့်တက်မယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။လာမယ့်(၁၀)ရက်တွင်း ဧရာဝတီမြစ်ရေ အပါအဝင် မြန်မာနိုင်ငံတွင်းရှိမြစ်များအလိုက် မြစ်ရေ (၁)ပေမှ (၁၃)ပေအထိ မြင့်လာမည်ဟု မိုးဇလကထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ (၂၄)ရက်တွင်း မြန်မာရွှေ့ပြောင်းလုပ်သား ငါးသောင်းကျော် ဖမ်းဆီးမိထားပါတယ်။

Myanmar Huasheng Golden အထည်ချုပ်စက်ရုံက ဇွန်လတစ်လလုံး ညည့်နက်ထိ အချိန်ပိုခေါ်ယူနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ CI စခန်းအားလုံးကို ဇူလိုင်လ(၇)ရက်ကစတင်ပြီး အပြီးပိတ်တော့မယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

စားအုန်းဆီပြင်ပပေါက်ဈေးတစ်ပိဿာကို (၁၃၅၀၀)ကျပ်ထိ ရှိနေပါတယ်။

ဇူလိုင်လ (၂) ရက်

ရိုးရိုးဒီဇယ်ဆီ (500ppm)ကို အပြာရောင်ဖြင့် ပြောင်းလဲရောင်းချနေပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း ရေကြီးနစ်မြှုပ်မှု (၁၄၄)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်နဲ့ တစ်ချို့ဒေသတွေမှာ မီးပျက်ချိန်များလာပြီး လျှပ်စစ်ဓာတ်အား ရရှိမှု လျော့နည်းလာပါတယ်။
ချင်တွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် (၄)ပေခန့် မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အိမ်ရာချေးငွေထုတ်ပေးရာမှာ ချေးငွေစည်းကမ်းပျက်ကွက်မှုကြောင့် ဘဏ်(၇)ခုနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုပါ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ(၃)ရက်

ထိုင်းနိုင်ငံမှာ ခင်ပွန်းဖြစ်သူ ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ မထက်ထက်ဇော် ရုပ်အလောင်းကို ထုတ်ယူသဂြိုလ်ဖို့ မိသားစုဝင်တွေကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။
ပြည်တွင်းမှာ လုပ်သားအင်အားပိုမို ရှားပါးမှုဖြစ်ပေါ်နေပြီး အမျိုးသားတွေရော အမျိုးသမီးတွေပါ ပြည်ပထွက်ခွာလုပ်ကိုင်မှုမြင့်တက်နေပါတယ်။
Tha Shu (Myanmar )Glory Fashion အထည်ချုပ်စက်ရုံမှာ နားချိန်မပေးဘဲ အချိန်ပိုတွေကို ဆက်တိုက်ခိုင်းနေသလို ထမင်းစားဆောင်တွင်းမှာလည်း နေရာအခက်အခဲရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်း တင်သွင်းဖို့ လျာထားတယ်လို့ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
အထောက်အထားရှိပေမယ့် work permit မှာပါတဲ့ အလုပ်နဲ့ လက်ရှိလုပ်နေတဲ့ အလုပ်ကွဲလွဲတာကြောင့် ထိုင်းနိုင်ငံမှာ  မြန်မာအလုပ်သမားတွေ အဖမ်းခံရတာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လာရှိုးမြို့အနီးတိုက်ပွဲတွေကြောင့် လေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းထားပါတယ်။

ဇူလိုင်လ(၄)ရက်

GYSen Myanmar အထည်ချုပ်စက်ရုံမှာ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်ပြီး သမဂ္ဂဖြိုခွဲနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောဆိုပါတယ်။
မကွေးထောင်ကို အပြောင်းအရွှေ့နဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ဖိနှိပ်တာတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းကူညီရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အုန်းသီးဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် မြန်မာမုန့် ရောင်းချသူတွေ အခက်တွေ့နေကြပါတယ်။
ဆန်နဲ့စပါး သိုလှောင်ရုံတွေ မှတ်ပုံတင်ဖို့ ပျက်ကွက်ရန် အရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်တွင်းမှာ ကလေးလုပ်သားတွေ ပိုများလာပြီး လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေပါ များလာပါတယ်။
ပြည်တွင်းမှာ ပေးချေနေတဲ့ တစ်ရက်(၈)နာရီ လုပ်အားခ (၄၈၀၀)ကျပ်ဟာ ဆန်တစ်ပြည်ဝယ်ယူနိုင်ဖို့တောင် ခက်ခဲလာပါတယ်။
 
ဇူလိုင်လ(၅)ရက်

ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီတွေကို လိုင်စင်အာမခံစပေါ်ငွေ ပြန်မထုတ်ပေးတော့ဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
မီးဖိုချောင်သုံးဂတ်စ် (LPG) အရည်ပြတ်လပ်မှုကြောင့် အရောင်းဆိုင်အများစု လုပ်ငန်းရပ်နားထားရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။
မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦ’သေဆုံးမှု မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာကြောင့် သဂြိုလ်ဖို့ အခက်အခဲဖြစ်နေပါတယ်။
မြန်မာအိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ အနည်းဆုံးလုပ်ခလစာတွေ တိုးပေးနေပါတယ်။မြန်မာမှာတော့ အနည်းဆုံးအခကြေးငွေမတိုးပေးတာ ၆ နှစ်ကျော်ရှိနေပါပြီ။
ပဲခူးမှာ အထည်ချုပ်ဖယ်ရီကားနဲ့ မန္တလာမင်းကုန်တင်ယာဉ် တိုက်မိပြီး စက်ရုံဝန်ထမ်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပဲခူး-ရန်ကုန် အဝေးပြေးယာဥ်လိုင်းတွေကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်ထဲ ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။
ဇီဝဇိုးငှက်အိမ်ဆောက်လုပ် မွေးမြူတဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူ များလာပြီးတော့ လုပ်သားလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လ(၆)ရက်

စစ်အာဏာသိမ်းမှု(၃)နှစ်ကျော်လာပြီးနောက်မှာ အင်တာနက်လိုင်းတွေ ကောင်းမွန်စွာသုံးနိုင်မှု မရှိတာ၊ သတင်းအချက်အလက်ရရှိမှု အာနည်းတာတွေကြောင့် ပြည်သူတွေမှာ စိုးရိမ်သောကတွေ မြင့်တက်နေပါတယ်။
YBS ယာဉ်လိုင်းတွေပေါ်မှာ စပယ်ယာ (ယာဉ်အကူတွေ) ပါရှိနေရင် တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြောထားပါတယ်။
ရှမ်းတောင်ဒေသထွက်ကုန်စိမ်းများ ဈေးကျဆင်းပြီး ပွဲရုံတစ်ချို့က ဂျင်း(ချင်း) ဝယ်ယူမှု ရပ်နားထားတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုစေလွှတ်မယ့် အလုပ်ခေါ်စာတွေကို ဇူလိုင်လ(၄)ရက်ကစတင်ပြီး ရပ်နားထားပါတယ်။
ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံတွေမှာ ဒေးကြေးတွေတိုးပေးနေပေမယ့် ကျွမ်းကျပ်လုပ်သားတွေကိုသာ တိုးပေးတာဖြစ်ပြီး အောက်ခြေလုပ်သားတွေ ပါဝင်မှုမရှိဘူးလို့ သိရပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။ 
ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများနေပါတယ်။
ဒီတစ်ပတ် Rule of Law ပေါ့ကတ်ရဲ့အပိုင်း(၁၃)မှာတော့ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေအတွက် သတင်းအချက်အလက်ရရှိမှု ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ VPN ပိတ်ဆို့မှုကို ဆွေးနွေးထားပါတယ်။
J-Land Myanmar အထည်ချုပ်စက်ရုံမှာ ဒေးကြေးတွေတိုးပေးထားပေမယ့် အစိုးရညွှန်ကြားချက်အရဆိုပြီး ပြန်လည်လျှော့ချပိုင်းခြားသတ်မှတ်ပေးလို့ အလုပ်သမားတွေ စိုးရိမ်နေကြရပါတယ်။

ဇူလိုင်လ(၇)ရက်

ရန်ကုန်တွင် ဖက်စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဇူလိုင်လ (၆)ရက်က “စစ်အာဏာရှင်အခက် ပြည်သူလူထုအချက်” စာတမ်းကိုင်စွဲပြီး ပြောက်ကျား လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
Mayfair Myanmar အထည်ချုပ်စက်ရုံတွင် ဇွန်လတွင်း  ည(၁)နာရီအထိ အချိန်ပိုခိုင်းစေနေပြီး တနင်္ဂနွေပိတ်ရက်တွေပါ နားရက်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က ရန်ကုန်မှာ 7 july  လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။ 
Kai Xin enterprise  နေ့စားလုပ်သားများအား ထောက်ပံကြေး မပေးဘဲ၊ ဒေးကြေး ခွဲခြားတိုးမြှင့်ပေးလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခုဖော်ပြခဲ့တာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ တပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအနှစ်ချုပ်ဖြစ်ပါတယ်။ စုစည်းပေးသူကတော့ မမဖြစ်ပါတယ်။


Related posts

Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 11, 2024
Cover
ဩဂုတ်လ ဒုတိယတပတ်တာ ရွှေဈေး ငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Aug 11, 2024
Cover
ဩဂုတ်လ ပထမပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 04, 2024