NEWS

ဆေးဝါးဈေးမြင့်တက်ပြီး ပြတ်လပ်မှုကြုံနေရ

CoverLogo
584 Views
 
အမျိုးသမီးတွေ အသုံးပြုရတဲ့ ကိုယ်ဝန်တားဆေး တကတ်ကို ၄၅၀၀ ကျပ်နှုန်း၊ အမျိုးသမီးလစဥ်သုံး ပစ္စည်း တစ်ထုတ်လျင် ၁၈၀၀ ကျပ်မှ ၂၅၀၀ အထိရှိနေပါတယ်။
 
ဆေးကတ်တကတ်ချင်းစီအလိုက် ဈေးနှုန်းမြင့်တက်မှုကြောင့် Paracap - ၁၅၀၀(၁ကတ်) Biogesic - ၃၀၀၀(၁ကတ်) ရှိနေပြီး တလုံးချင်း၀ယ်ယူပါက Mixagrip - ၁လုံး ၄၀၀၊ Decoglen - ၁လုံး ၅၀၀ ၊ Air-x - ၁လုံး ၃၀၀၊ Solmux - ၁လုံး ၅၀၀ အထိဖြစ်နေပါတယ်။
 
ဒါ့အပြင် ဆေးကုမ္ပဏီတွေက‌ ဆေးပစ္စည်းတွေ‌ရောင်းချရမှာ ဝယ်လိုအားနည်းတဲ့အမယ်တွေကိုပါပူးတွဲရောင်းချနေတာကြောင့် ဆေးအရောင်းဆိုင်တွေအခက်အခဲတွေရှိတယ်လို့ ရန်ကုန်မြို့ရှိ ဆေးဆိုင် ဖွင့်ထားသူတွေကပြောပါတယ်။
ဈေးကွက်တွင်း ဆေးဝါးပြတ်လပ်မှုတွေကြောင့်လူသုံးများတဲ့ဆေးဝါးတွေဝယ်ယူလိုပါကဝယ်လိုအားနည်းတဲ့ဆေးတွေ၊ သာမိုမီတာအစရှိတာတွေအပြင်ကုမ္ပဏီဘက်ကသတ်မှတ်ထားတဲ့ပမာဏပြည့်မီအောင်ဝယ်ယူမှသာရောင်းချတာတွေရှိနေတာပဲဖြစ်ပါတယ်။
 
"ဈေးတွေလည်းတက်ပါတယ်။အသုံးများတဲ့ပစ္စည်းငါးဗူးလိုချင်ရင်တစ်ခြားဆေးပေါ့နော်လိုတာထက်ပိုဝယ်မှရောင်းပေးတယ်။ဒါတောင်နောက်တစ်ခါထပ်ဝယ်လို့မရဘူး။ပြောမယ်ဆိုအဆင်မပြေဘူးပေါ့။ဈေးတွေလည်းမတန်တဆလေ။အရောင်းအဝယ်မဖြစ်ရင်အလကားဖြစ်ကုန်တယ်။အခုကဝယ်လိုအားကအရင်လောက်မရှိဘူး။‌ကျွန်မတို့ဆိုင်ဆို ဆေးကသက်တမ်းကုန်ဖို့နှစ်လ၊သုံးလလောက်ပဲကျန်တော့တယ်ဆိုတစ်ဝက်ဈေးလောက်နဲ့ရောင်းလိုက်တယ်။ဈေးဝယ်ကိုတော့‌ေသချာပြောပြတယ်။သူတို့ကအဆင်ပြေတယ်ဆိုရောင်းပေးတယ်"လို့ဆေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ အင်္ဂလိပ်ဆေးတွေတင်မကဘဲ တိုင်းရင်းဆေးတွေပါဈေးတက်လာတာဖြစ်ပြီးဆေးတစ်မျိုးကိုကျပ်နှစ်ရာခန့်မြင့်တက်တယ်လို့သိရပါတယ်။
 
"ဆေးပူတွေလည်းတက်တယ် အမယ်တစ်မျိုးကိုနှစ်ရာလောက်အရင်းတက်ပါတယ်။အစာကြေဆေးလေးတွေအရင်က(၈၀၀)၊ အခု(၁၀၀၀) ရောင်းနေတယ်။နောက်ရက်ဆို(၁၂၀၀)ရောင်းရတော့မယ်။ကျွန်မတို့လည်းရောင်းရတာစိတ်မချမ်းသာဘူး။တစ်ချို့ကဈေးမမေးဘူး။နောက်ငွေပေးမှဈေးတွေကွာတော့ပိုက်ဆံမလောက်လို့ပြန်လျော့တွေဖြစ်ကုန်တယ်။ဈေးအရင်ပြောပြတော့လည်း‌များတယ်ဆိုမဝယ်တော့ဘူး"လို့ဆေးပစ္စည်းရောင်းချသူတစ်ဦးကပြောပါတယ်။
ဆေးဝါးတွေပြတ်လပ်တာဟာတစ်နိုင်တစ်ပိုင်အရောင်းဆိုင်တွေတင်မကဘဲဈေးဝယ်စင်တာတွေ၊ဆေးဆိုင်ကြီးတွေမှာပါရှိနေတာပဲဖြစ်ပါတယ်။
 
"City mark မယ်တစ်ခါတလေဆို ဒီကိုဂျင်အတောင့်ကို(၄၀၀၀)နဲ့ရတယ်။ တကတ်ပဲ ရောင်းပေးတာပါ၊ မရတာကများပါတယ်။အပြင်မှာ(၆၀၀၀)ဝယ်ရတဲ့အချိန်မှာသူကသက်သာတယ်။ဒါပေမယ့်အမြဲလိုလိုမရတာချည်းပါပဲ။အခုကတော့ဈေးထက်ရရင်ဝယ်ထားရမလိုဖြစ်နေတယ်။ဈေးသက်သာတာလေးတွေတော့လိုက်ရှာရတာပေါ့"လို့ပြည်သူတစ်ဦးကပြောပါတယ်။
 
ပြည်တွင်းမှာဆေးဝါးတွေဈေးနှုန်းမြင့်တက်လာတာနဲ့ပစ္စည်းပြတ်လပ်လာတာကြောင့်အမှတ်တံဆိပ်ထက်အာနိသင်တူဆေးဝါးတွေ၊ အစားထိုးဆေးဝါးတွေကိုပိုမိုအသုံးပြုသူများလာပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026