NEWS

ဆန်နဲ့ ဆေးဈေးနှုန်းတွေ တည်ငြိမ်ရေး တိုင်းနဲ့ပြည်နယ်အလိုက် ကွင်းဆေးစစ်ဆေးနေဟုဆိုပြန်

CoverLogo
514 Views

ပြည်တွင်းမှာ ဆန်ဈေးနဲ့ ဆေးဈေးတွေ တည်ငြိမ်ဖို့ နေပြည်တော်နယ်မြေ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆန်သိုလှောင်ရုံနဲ့ ဆန်ဆိုင်တွေ၊ ဆေးသိုလှောင်ရုံနဲ့ ဆေးဆိုင်တွေကို ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဇွန်လ(၂၀) ရက်မှာ နိုင်ငံ့ပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြလာပါတယ်။ 

သတင်း ဖော်ပြရာမှာတော့ ဆန်နဲ့ဆေးဝါးတွေကို ဈေးနှုန်းမြင့်တင်ရောင်းချတာနဲ့ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေမရှိစေဖို့ ပူးပေါင်းအဖွဲ့တွေက အပတ်စဉ်ကွင်းဆင်းစစ်ဆေးနေတယ်လို့ ပါရှိပါတယ်။

“သူတို့ကွင်းဆင်းတယ်ဆိုလည်း ကြောက်ရတယ်။ ဈေးကမကျတဲ့အပြင် အလွယ်ဝယ်မရတော့မှာတောင် ပူရတယ်။ ဆီဆိုလည်းအခု ဆိုင်တိုင်းအလွယ်ဝယ်လို့မရဘူး။ ရပ်ကွက်ထဲကဆိုင်မှာ တဆယ်သား(၁၃၀၀) ဈေးပေးရတယ်။ ဆီကတ်ကလည်း မရတော့။ သူတို့ပြောတဲ့ဈေးအတိုင်းဝယ်ရတယ်။ အခုဆန်တွေ၊ ဆေးတွေ ဈေးငြိမ်အောင် လုပ်မယ်ဆိုတော့ ငါတို့ဆန်တောင် အလွယ်ဝယ်လို့ရပါ့မလား စိတ်ပူမိတယ်”လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ အစည်းအဝေးတွေ မကြာခဏ လုပ်ဆောင်တာ၊ သတင်းထုတ်ပြန်တာတွေ လုပ်ဆောင်နေပေမယ့် ပြည်သူတွေ ကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿာနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“အရင်ကလေ အသားမပါလည်းနေ အသီးအရွက်ကြော်လေး၊ ကြက်ဥလေး အားပြုလို့ ရသေးတယ်။ အခုဆို အသီးအရွက်ဈေးကလည်း ဝဝလင်လင် မစားနိုင်တော့ဘူး။ ကြက်ဥဈေးကတော့ တစ်ထောင်ဖိုး သုံးလုံးပေးနေရ တယ်။ ဆန်ဈေး၊ ဆီဈေးကလည်း ကျဖို့မရှိဘူးတဲ့။ ဈေးကတော့ အခုဆိုတော်ရုံဝယ်မသောက်ဖြစ်တော့ပါဘူး”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ဈေးနှုန်းဟာ ဆန်တစ်ပြည်ကို ကျပ်ခြောက်ထောင်ဝန်းကျင်လောက် အနည်းဆုံးပေးပြီး ဝယ်ယူနေ ရပါတယ်။ ဆေးဝါးတွေကတော့ ပြည်သူတွေကြား သုံးစွဲမှုများတဲ့ အကိုက်အခဲပျောက်ဆေး၊ နှာစေးချောင်းဆိုး ပျောက်ဆေးတွေဟာလည်း ကျပ်ထောင်ချီဈေးနှုန်း မြင့်တက်လာသလို မြန်မာဆေးတွေကလည်း အရင်ဈေးထက် ကျပ်ငါးရာကနေ ထောင်ဂဏန်းထိ မြင့်တက်လာတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026