NEWS

စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း

CoverLogo
346 Views
 
စုံရက် မရက် ခွဲပြီး ယာဉ်မောင်းခွင့်ပေးသည့် စနစ်ကို မလိုက်နာသည့် ယာဉ်မောင်းသူ တွေကို ၂၀၂၀ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူမှု စတင်ပြုလုပ်ပြီး ဒဏ်ကြေးငွေ သုံးသောင်းကျပ် ပေးဆောင်ခိုင်းထားတယ်လို့ ယာဉ်မောင်းသူအချို့ ထံမှ သိရပါတယ်။
 
စက်သုံးဆီချွေတာရေး အတွက် အိမ်စီးကားများ အပါအဝင် ယာဉ်အချို့ကို စုံရက် မရက် ခွဲခြား၍ တစ်ရက်စီ မောင်းနှင်ရမည့် စနစ် ကို မတ်လ ၇ရက်မှာ စတင် အသုံးပြုမယ်လို့ စစ်ကော်မရှင်က ကြေညာပြီး မတ်လ ၁၄ရက်မှာတော့ စည်းကမ်းချိုးဖောက်သူတွေကို ပြစ်ဒဏ်ပေးမှုစတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ပြစ်ဒဏ်ပေးမှု ကို ယခင်က ရာဇသတ်ကြီးပုဒ်မ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်၁လ ၊ငွေဒဏ် ကျပ်၂သောင်း ၊သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ၂၀၂၀ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ ဖြင့် သာ အရေးယူမှု ပြုလုပ်တယ်လို့ သိရပါတယ်။
 
"" ပညာပေးကာလ ပြီးကတည်းက လမ်းမကြီး တွေမှာ ယာဉ်ထိန်းရဲတွေ အဖွဲ့စုံ ဘဲ ဖမ်းတာ သတ်မှတ်ရက် အတိုင်းထွက်မထွက် စစ်ဆေးတာ များတယ် အရေးယူတာ တော့ ပုဒ်မ ၉၆ နဲ့ အရေးယူတာ ချလန် ဖြတ်ပြီး ယာဉ်ထိန်းရုံးကို သွား ပြီး ဒဏ်ငွေ ၃သောင်းကျပ် ဆောင်ခိုင်းတယ် ထောင်ဒဏ် တော့မပါဘူး ""လို့ရန်ကုန်မှ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
 
၂၀၂၀ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ ဆိုတာ မှာ မည်သူမဆို နည်းဥပဒေ၊စည်းမျဉ်းနှင့်စည်းကမ်းများ၊အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း(သို့မဟုတ်)လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ဒဏ်ငွေချမှတ်ရမည်ဟု ပြဌာန်းထားကြောင်း သိရပါတယ်။
 
Photo-CJ

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026