NEWS

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၄၉၀ စျေးမြှင့်သတ်မှတ်  ပြင်ပပေါက်စျေးလည်းပြန်လည်မြင့်တက်လာ

CoverLogo
355 Views

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့  အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၄၉၀ အဖြစ်သတ်မှတ်လိုက်ရာ ပြပပေါက်စျေးလည်းပြန်လည်မြင့်တက်လာတယ်လို့သိရပါတယ်။ 

"စားဆီကသူတို့သတ်မှတ်တဲ့ဟာက ပြီးတဲ့တစ်ပတ်က ၆၃၇၅ ခုတစ်ပတ်က ၆၄၉၀ ဆိုတော့ ၈၅
ကျပ်  သူတို့ရဲ့လက်ကားရည်ညွှန်းစျေး ၅၀ လောက် တစ်ရာလောက်တက်လာရင်ပြင်ပပေါက်စျေးမှာက ၁၀၀၀ ၊ ၂၀၀၀ လောက်တက်လာတယ်။ ခုလည်းအပြင်စျေးပါတက်လာတယ်။ ပိုဆိုးတာက ဝယ်ရတာပါခက်တယ်"လို့ အကြော်ရောင်းချသူတစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီရဲ့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်ဩဂုတ် ၂၆ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ စားအုန်းဆီလက်ကားရည်ညွှန်းစျေး တစ်ပိဿာလျှင် ကျပ် ၆၃၇၅ ဖြစ်တယ်လို့ သတ်မှတ်ထားပြီးယခုတစ်ပတ် စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၄၉၀ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် ၈၅ ကျပ်တက်လာတာတွေ့ရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင်မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

အဲ့ဒီလိုစျေးမြင့်တက်သတ်မှတ်လာရာက စားဆီပြင်ပစျေးကွက်မှာလည်း ယမန်နေ့ပေါက်စျေးအရ တစ်ပိဿာကိုကျပ် ၁၄၀၀၀ အနိမ့်ဆုံးဖြစ်ရာက ယနေ့မွန်းလွဲပိုင်းမှာတော့ ပြင်ပပေါက်စျေး ၁၆၀၀၀ အထိပြန်လည်မြင့်တက်ခဲ့ပြီး ဝယ်ယူရခက်ခဲတာပါဖြစ်လာတယ်လို့သိရပါတယ်။ 

ဒါ့အပြင် ရန်ကုန်ပြင်ပအခြားသောနယ်မြို့တွေမှာဆိုရင်တော့ တစ်ပိဿာကို ၁၇၀၀၀ ကနေ ၁၈၀၀၀ ဖြစ်လာတယ်လို့လည်း သိရပါတယ်။ 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026