NEWS

စားအုန်းဆီ သတ်မှတ်ဈေးနဲ့ မြေပြင်ပေါက်ဈေး အဆမတန်ကွာဟနေ

CoverLogo
552 Views

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ယခုတစ်ပတ်အတွက် ရန်ကုန်အထိုင်စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၅၄၁၅)ကျပ်လို့  ရည်ညွှန်းသတ်မှတ်ထားပေမဲ့လည်း ပြင်ပပေါက်စျေးမှာတော့ ၁၃၀၀၀ အထိရှိနေတယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့က အကြော်ရောင်းတော့ဆီက နည်းနည်းမရဘူး။ သက်သာချင်လို့သူတို့ဟာစောင့်ဝယ်လည်းတစ်ပိဿာအပြင်ပိုမရဘူး။ တိုးတဲ့သူတွေဆီကပြန်ဝယ်လည်း ၁၂၀၀၀ ဈေးပဲပေးရတယ်။ အပြင်မှာဆယ်ပိဿပုံးဝါ၂ပုံးယူ ၁၂၀၀၀ စျေးကနေ ၁၃၀၀၀ အထိရှိနေတယ်။ မန္တလေးဆို ၁၄၀၀၀ အထိရှိတယ်။ စျေးကမကျဘူး" လို့ အကြော်ရောင်းချသူတစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီကလက်အောက်ခံ စားဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ဈေးနှုန်းမှာ ဇွန် (၁၅) ရက်မှ (၂၁) ရက် အထိ တစ်ပတ်တာ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးကိုသတ်မှတ်ကြေညာပေးပေမဲ့  ပြင်ပစျေးကွက်မှာတော့ ကြိုက်စျေးဖြင့်သာဆက်လက်ရောင်းချနေတာဖြစ်ပြီး အမြင့်စျေးအတိုင်းဆက်လက်တည်ရှိကာ စစ်ကောင်စီသတ်မှတ်စျေးကတော့ပြီးခဲ့တဲ့  တစ်ပတ်ကဈေးနှုန်းထက် တစ်ပိဿာလျင် (၂၅) ကျပ် ဈေးမြင့်လာခြင်း ဖြစ်ပါတယ်။ 

စစ်ကောင်စီက  အပတ်စဉ် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ ပြီးခဲ့တဲ့တစ်ပတ်တာဇူလိုင်၇ရက်မှ ဇူလိုင်၁၄ရက်အထိ သတ်မှတိစျေးနှုန်းဟာ ၅၃၉၀ ဖြစ်ပြီးပြင်ပလက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပိဿာ (၁၂၀၀၀)ကျပ်မှ (၁၃၀၀၀) ကျပ်ဝန်းကျင် ရောင်းဝယ်လျက်ရှိနေကာ အမြင့်စျေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026