NEWS

စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂၀၀၀ ကျော်လာပြီး ဝယ်ယူရခက်ခဲလာ

CoverLogo
603 Views
 
စားအုန်းဆီအခြေခံရည်ညွှန်းဈေးကို တစ်ပိဿာလျင်ကျပ် ၅၃၇ဝ ဖြစ်တယ်လို့သတ်မှတ်ထားပေမဲ့ စားအုန်းဆီဈေးနှုန်း ပြင်ပပေါက်ဈေး တွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်ကျော်သို့ ရောက်ရှိနေ ပြီဖြစ်တယ်လို့ စားအုန်းဆီသုံးစွဲနေတဲ့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။
 
ဆီက ၁၂၀၀၀ ဈေးဖြစ်သွားပြီ။ ရပ်ကွက်တွေထဲမှာလှည့်ရောင်းတယ်ဆိုတာကလည်း အရင်လိုမများတော့ဘူး။ ၀ယ်ရတာလည်းခက်လာပြီ။ ၀ယ်ရင်လည်းတန်းစီရတယ် အချိန်ပေးရတယ်။ ရရင်လည်းတစ်ပိဿာမပြောနဲ့ ငါးဆယ်သားတောင်မရပါဘူး။ လူတစ်ယောက်ကိုနှစ်ဆယ်သားလောက်ပဲပေးတယ်ဆိုတော့ အဆင်မပြေတော့ ဘူးလေ။ အချိန်ကုန်ခံပြီးတန်းစီမနေတော့ပါဘူး။ သူတို့သတ်မှတ်တဲ့ဈေးနဲ့က ဟန်ပြပဲရောင်းပေးတာပါ။ တစ်ယောက်ကို တစ်ပိဿာမဟုတ်ရင်တောင် ငါးဆယ်သားဆိုရင်တောင်တော်သေးတာပေါ့။ ခုတော့အပြင်မှာပဲ ဈေးကြီးပေး၀ယ်လိုက်ပါတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
 
ယခုလဇွန်၂၃ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေးကို တစ်ပိဿာလျှင်ကျပ် ၅၃၇ဝ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတာဖြစ်ပေမဲ့ ရည်ညွှန်းဈေးသတ်မှတ်ပြီး တင်သွင်းရောင်းချတဲ့ကုမ္ပဏီတွေက တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေး လျက်ရှိတယ်ဆိုကာ ရပ်ကွက်ထဲလိုက်လံရောင်းချပေးနေတာဟာ လူတစ်ဦးလျှင်နှစ်ဆယ်ကျပ်သား သာရောင်းချပေးနေတဲ့အထိပြုလုပ်လာတာကြောင့် သတ်မှတ်ဈေးအတိုင်း ဟန်ပြအရောင်းသာရှိပြီး တစ်ကယ့်ပြင်ပမှာသာတစ်ပိဿာလျှင် ကျပ်၁၂၀၀ဝ ဖြင့်ရောင်းချနေတာဖြစ်တယ်လို့ အများပြည်သူများက ပြောဆိုနေတာပဲဖြစ်ပါတယ်။
 
ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေတဲ့ လုပ်ငန်းရှင်များဟာ ရပ်ကွက်များအတွင်းရည်ညွှန်းဈေးအတိုင်း လိုက်လံရောင်းချရာမှာ အနည်းငယ်သာရောင်းချပေးနေကြတာဖြစ်ပြီး တစ်ဦးလျှင် နှစ်ဆယ်ကျပ်သားကနေ ငါးဆယ်ကျပ်သားအထိသာရောင်းချပေးနေတာဖြစ်တာကြောင့် ပြင်ပေပေါက်ဈေးအတိုင်းသာ ၀ယ်ယူသုံးစွဲ နေကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။
စားအုန်းဆီပြင်ပပေါက်ဈေးဟာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နဲ့ ၉၀၀၀ ကျပ်ပတ်ချာလည်ဈေးတန်းမှာရှိနေခဲ့ရာကနေ ယခုဇွန်လလယ်ပိုင်းမှ စတင်ပြီး စားအုန်းဆီ ဈေးနှုန်း ဟာ ကျပ်၉၀၀၀ အထက်သို့ရောက်ရှိလာပြီး ယခုရက်ပိုင်းမှာ ၁၂၀၀၀ ဈေးအထိမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ပြင်ပပေါက်ဈေးများအတိုင်း၀ယ်ယူရာမှာ လက်လီဈေးသာမကလက်ကားဈေးနှုန်းများ မြင့်တက်နေတာဖြစ်ပြီး လက်ရှိတွင် အချို့နေရာများတွင် စားအုန်းဆီဝယ်မရကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် နေထိုင်သူများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ စစ်ကောာင်စီရဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီရဲ့ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အနေဖြင့် ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုထားပါသေးတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026