NEWS

စားအုန်းဆီပြင်ပပေါက်ဈေးတစ်ပိဿာ ကျပ် (၁၅၀၀၀) အထိရောင်းချနေ

CoverLogo
504 Views
 
စားအုန်းဆီကိုသက်သာသောနှုန်းထားနဲ့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားအုန်းဆီတွေရောင်းချပေးနေပေမဲ့လည်း အခြေခံလူတန်းစားတွေကတော့ စားဆီတစ်ပိဿာကို ကျပ် ၁၅၀၀၀ ပေးဝယ်နေရတယ်လို့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။
"ဈေးထဲမှာတော့ တစ်ပိဿာကို ၁၃၀၀၀ ပေးရတယ်။ ကျွန်မတို့ကတော့မဝယ်နိုင်တော့ ရပ်ကွက်ထဲမှာ တဆယ်သားကို ၁၅၀၀။ ငါးကျပ်သားကို ၈၀၀ ပေး၀ယ်ရတယ်။ သူတို့ကတော့ကားနဲ့ပဲလာရောင်းရောင်း ဆိုင်မှာပဲတန်းစီရရ ပိဿာလိုက်မဝယ်နိုင်တော့ ကျွန်မတို့အတွက်တော့ကိုယ်တတ်နိုင်သလိုဝယ်ရတာပဲ။ အဲလိုရပ်ကွက်တွေမှာအထိ ၁၅၀၀၀ မဟုတ်တောင် ရှစ်ထောင်တစ်သောင်းလောက်ဆိုရင်ကိုမဆိုးပါဘူးလို့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၇၁ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးပြီး စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သားကိုကျပ်၂၅၀၀၀ ဝန်းကျင်ဖြင့် ဖုန်းဆက်မှာယူနိုင်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းကရောင်းချပေးလျှက်ရှိပေမဲ့ အခြေခံလူတန်းစားတွေအနေနဲ့ကတော့ အသင်းကရောင်းပေးနေနဲ့ ၂၅၀၀၀ ဖိုးအထိမှာယူမဝယ်နိုင်တာကြောင့် ရပ်ကွက်အတွင်းကပေါက်ဈေးအတိုင်းသာပေးဝယ်နေရတာဖြစ်သလို ယခင်က ၁၃၀၀၀ နှုန်းသာရှိပေမဲ့ယခုရက်ပိုင်းမှာတော့ ၁၅၀၀၀ အထိပေး၀ယ်နေရတာဖြစ်တယ်လို့သိရပါတယ်။
"သူတို့ဆီကမှာရတာလည်းခက်ပါတယ်။ ကြာလည်းကြာတယ်။ အပြင်မှာရပ်ကွက်ရုံး ကနေလုပ်ထားတဲ့စာအုပ်နဲ့ထုတ်ရတဲ့ဆီကလည်း တစ်ပိဿာတို့ဘာတို့ဆိုတစ်ကယ်မရှိတဲ့သူဆိုရင် တစ်ဆယ်သားချင်းနှစ်ဆယ်သားချင်းပဲဝယ်သုံးနိုင်တဲ့ တစ်နေ့လုပ်တစ်နေ့စားတွေအတွက်တော့ မလွယ်ပါဘူး။ ဈေးကြီးပေးစားနေကြရတာပါပဲ"လို့ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်း စားအုန်းဆီဟာ တစ်ပိဿာကို ၇၁၀၅ ကျပ်ထိ ရှိနေပြီး ယခင်အပတ်ကထက် စားအုန်းဆီရည်ညွှန်းစျေး ၃၈၀ ကျပ် မြင့်တက်ခဲ့ပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026