NEWS

စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ

CoverLogo
204 Views
 
၂၀၂၆ခုနှစ် ဖေဖေါ်၀ါရီ ၁ရက် စစ်တပ်အာဏာသိမ်း(၅)နှစ်ပြည့်တဲ့ နေ့မှာ ကလေးမြို့ မော်လိုက်အကျဉ်းထောင် အတွင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အကျဉ်းသူတွေ တိုက်ပိတ် ပြစ်ဒဏ်ပေးခံရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
 
စစ်တပ်အာဏာသိမ်း(၅)နှစ်ပြည့်တဲ့ နေ့မှာ ကလေးမြို့ မော်လိုက်အကျဥ်းထောင် က နိုင်ငံရေးအကျဉ်းသူတွေ အပါအဝင် အကျဥ်းသူ ၁၀၀ကျော်ဟာ သွေးသစ္စာ သီချင်းကို သံပြိုင်သီဆို ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
 
အကျဉ်းသူတွေဟာ သွေးသစ္စာ သီချင်း သီဆိုပြီး နောက် အမူကြီးကိုးမှုအပေါ် ပြစ်ဒဏ်လျော့ပေါ့မှုပေးရန်၊အကျဉ်းထောင် အတွင်း အရေးပါတဲ့ တန်းစီးကဲ့သို့ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာ တွင် အကျဉ်းသား၊အကျဉ်းသူ တွေကို တန်းတူအချိုးကျပေးရန် တို့ကိုပါ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
 
၎င်း သွေးသစ္စာသီချင်း သီဆိုခဲ့ကြတဲ့ နိုင်ငံ‌ရေးအကျဥ်းသူတွေ အပါအဝင်အကျဉ်းသူ တွေ ထဲမှ အနည်းဆုံး (၁၅)ဦး တိုက်ပိတ်ခံထားရတယ်လို့ PPNM မှကနဦးအရေးပေါ် အသိပေးထုတ်ပြန် ထားပါတယ်။
 
ယခု ဖြစ်ပွားလျက်ရှိတဲ့ မော်လိုက်အကျဥ်းထောင်ရှိ တိုက်ပိတ်ခံထားရ တဲ့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ အခြားအကျဉ်းသူတွေရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်နေရမှုအပေါ်ပြည်သူများ၊ လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေဖြင့် အလေးထား၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးကြပါဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026