NEWS

စစ်မှုထမ်း အပတ်စဉ် ၅ အတွက်ဟုဆိုကာအမျိုးသမီးတွေကို စာရင်းကောက်

CoverLogo
746 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် စစ်မှုထမ်း အပါတ်စဉ် ၅ အတွက်ဟုဆိုကာ အမျိုးသမီးတွေကို စစ်မှု ထမ်းဖို့အတွက် စာရင်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။

ထိုသို့ စာရင်းကောက်ယူရာတွင် လူလွတ် အမျိုးသမီးတွေသာမက အိမ်ထောင်ရှိ အမျိုးသမီး တွေ နဲ့ ကလေးအမေ များ ပါ ပါရှိတယ်လို့ဆိုပါတယ်။

"ကျွန်မတို လမ်းထဲ မှာ လူလွတ်တွေကော   ကလေး အမေ တွေကော ပါတယ် စာရင်းကောက်တာတောင် မဟုတ်ဘူး မဲနှိုက်ရမယ့် စာရင်းထဲပါတယ်ဆိုပြီး ရာအိမ်မှူး က လိုက်ပြောတာ ကလေးအသက် ၁၀ နှစ်နဲ့ အထက်ရှိတဲ့ ကလေးအမေ တွေပါတယ်။အခု စာရင်းထဲပါတယ်ဆိုတဲ့ အမျိုးသမီးတွေက အသက်၂၀ ဝန်းကျင်တွေ
စစ်မှုထမ်းရမယ့်အထဲပါတယ်ဆိုတော့ လန့်နေကြတာပေါ့ အမျိုးသားတွေတောင်အဆင်မပြေတာ အမျိုးသမီး တွေ ဆိုတော့ ပိုပြီး စိုးရိမ်ကျတာပေါ့ " လို့ လှိုင်သာယာမြို့က  ပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ အမျိူးသားများကို အသက်၁၈နှစ်မှ ၃၅နှစ်အထိလည်းကောင်း၊ အမျိုးသမီးများကို အသက်၁၈နှစ်မှ ၂၇နှစ် အထိ လည်းကောင်း စစ်မှုထမ်းရန် သတ်မှတ်ထားပြီး အမျိူသမီးများ ကို စစ်မှုထမ်း အပါတ်စဉ် ၅ တွင် စတင်ခေါ်ယူမယ်လိုပြောဆိုထားကာ လက်ရှိတွင် မြေပြင် မှာတော့ အမျိုးသမီး တွေကို  စစ်မှုထမ်း ရန် စာရင်းကောက်ယူတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026