NEWS

စစ်မှုထမ်းဟောင်းများ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း အဖြစ်လုပ်ကိုင်လိုပါက ခွင့်ပြုချက်တောင်းခံရမည်

CoverLogo
167 Views
 
ကာကွယ်ရေးဝန်ထမ်းဟောင်း တွေပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း အဖြစ် လုပ်ကိုင် လိုပါက ကာကွယ်ရေးဝန်ကြီးဌာန ထံ ခွင့်ပြုချက်တောင်းခံရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၈ ရက်မှာ ဥပဒေထုတ်လိုက်ပါတယ်။
 
"စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ’ လို့ နာမည်ပေးထားပြီး ကာကွယ်ရေးဝန်ထမ်း ဆိုတာက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူ၊ အဲဒီဥပဒေ မလိုက်နာရသူမဟုတ်စေကာမူ တပ်မတော်ရဲ့ အစိတ်အပိုင်းတခုခုမှာ အချိန်ပိုင်းဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
 
ကာကွယ်ရေးဝန်ထမ်းဟောင်း ဆိုသည်မှာ ကာကွယ်ရေးဝန်ထမ်း အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး လက်ရှိတာဝန် ထမ်းဆောင်ဆဲ မဟုတ်သူ ကိုဆိုလိုတယ် လို့ ဥပဒေမှာ ပါရှိပါတယ်။
 
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေဆိုတာကတော့ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာတွေ၊ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်ရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတို့နဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ နည်းစနစ်တွေ၊ ထုတ်လုပ်တပ်ဆင်မှု ပညာရပ်တွေနဲ့ သတင်းအချက်အလက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေ ဒါမှမဟုတ် နည်းစနစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ယခုပြဌာန်းလိုက်တဲ့ ဥပဒေ မှာ ကာကွယ်ရေးဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းဟောင်းတယောက်ဟာ နိုင်ငံခြားတိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့ မဟုတ်တဲ့ အဖွဲ့တခုခုမှာဖြစ်ဖြစ်၊ အဖွဲ့ရဲ့ကိုယ်စားလှယ်ဖြစ်ဖြစ် လုပ်မယ်ဆိုပါက ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ်ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
 
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် တရပ်ရပ်ကို သုံးပြီး နိုင်ငံထဲမှာဖြစ်ဖြစ်၊ နိုင်ငံအပြင်မှာဖြစ်ဖြစ်ရှိတဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်မယ်ဆိုရင်လည်း ထောင်ဒဏ်တသက် ဒါမှဟုတ် သေဒဏ် ချမှတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
 
အကယ်၍ ကာကွယ်ရေးဝန်ထမ်းဟောင်းမှာ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်း အဖြစ် ဆောင်ရွက်လိုပါက သတ်မှတ်ချက်တွေ နဲ့ အညီ ဝန်ကြီးဌာနကို ခွင့်ပြုချက်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
 
ယခုဥပဒေ မတည်မီက ကာကွယ်ရေးဝန်ထမ်းဟောင်းမှ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါက ဥပဒေတည်သည် နေ့မှ စ၍ ခြောက်လ အတွင်း ဥပဒေနဲ့ အညီ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ကို လျှောက်ထားရမယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါရှိပါတယ်။
 
၎င်း ဥပဒေအရ စွဲဆိုတဲ့ ပြစ်မှုတခုခုအတွက် တရားရုံးမှာ စစ်ဆေးနေတုန်း သက်သေခံချက် ဒါမှမဟုတ် ဖော်ပြတဲ့ အကြောင်းတခုခုကို အများကြားသိရင် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ်လို့ အကြောင်းပြပြီး အများပြည်သူအားလုံး ဒါမှမဟုတ် တချို့ကို ဖယ်ရှားပေးဖို့ တရားလိုဘက်က လျှောက်ထားရင် အဲဒီလျှောက်ထားချက်အတိုင်း တရားရုံးက အမိန့်ချနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါသေးတယ်။

Related posts

Cover
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ
Aug 18, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို
Aug 17, 2025
Cover
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ
Aug 14, 2025
Cover
လွတ်ရက်စေ့ပြီး ထောင်ဗူး၀တွင် ပြန်အဖမ်းခံရသည့် နိုင်ကျဉ်း ၇၄ ဦး အထိ ရှိလာ
Aug 11, 2025
Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ
Aug 11, 2025
Cover
တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ အလုပ်သမားခေါ်ဖို့အခက်တွေ့လာ
Aug 11, 2025
Cover
ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း
Aug 05, 2025