NEWS

စစ်တပ်က စုံစမ်းမေးမြန်းမှုတွေလုပ်လာတာကြောင့် ရွှေနှင့်ဒေါ်လာ စျေး အနည်းငယ်ကျလာ

CoverLogo
2.5K Views

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာစျေးကစားသူတွေနဲ့ ရွှေကုန်သည်တွေကို စောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်နေတာကြောင့် ရွှေနှင့်ဒေါ်လာ စျေး အနည်းငယ်ကျလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

"မနေ့က မြို့ထဲက ရွှေလုပ်ငန်းရှင်အသင်းကို နေပြည်တော်ကို ခေါ်တယ်ကြားတယ်။ နောက်ပြီး ဒေါ်လာကိစ္စကိုလည်း စသုံးလုံးကိုစောင့်ကြည့်ခိုင်းတာတွေလုပ်ထားတယ်ဆိုတော့ အရောင်းအဝယ်က မလုပ်ရဲကြဘူးထင်တယ်။ ဒါကြောင့်ကျသွားတာထင်တယ် ကျွန်တော်သိပ်တော့နားမလည်ဘူး''လို့ စကစနဲ့နီးစပ်သူက ဆိုပါတယ်။

အခုလိုစစ်ဆေးမှုတွေပြုလုပ်မယ်လို့လည်း ကြိုတင်ထုတ်ပြန်ထားပြီး  ဒေါ်လာစျေးကွက်ကစားသူများ ဝယ်ရောင်းများကို လိုက်လံ ဖမ်းဆီးနေခြင်း၊ ရွှေကုန်သည်များကို စုံစမ်းမေးမြန်းမှုများ ရှိနေခြင်းများကြောင့် ရွှေနှင့်ဒေါ်လာစျေးကွက်တွင် အရောင်းတန့်နေပြီး စျေးနှုန်း ပြန်ကျနေတာဖြစ်ပြီး ဒါဟာလတ်တလောအတွင်းသာငြိမ်နေခြင်းသာဖြစ်နိုင်ပြီး  ပြန်တက်လာနိုင်တယ်လို့ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ဆိုပါတယ်။

''ဒေါ်လာစျေးက ပြင်ပပေါက်စျေးကိုက ၂၈၀၀ ဝန်ကျင်လောက်ပြန်ကျသွားတယ်။ အရင်ရက်က သုံးထောင်အထက်ဖြစ်နေတာ။ ဒီနေ့၂၈၀၀ဝန်းကျင်နဲ့ပဲ အရောင်းအဝယ်ဖြစ်နေကြတယ်။ ထပ်ကျရင်တော့ကောင်းတာပေါ့။ စျေးကွက်ကစားသူတွေကြောင့်လို့ပဲထင်ပါတယ်။ သူတို့အပေါ်မူတည်ပါတယ်''လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၂၇၀၀ နှင့် ၂၈၀၀ ကျပ်အကြားဖြစ်ပြီး ပြင်ပမှောင်ခိုစျေးကွက်မှာလည်း ၂၈၀၀အမြင့်ဆုံးနဲ့သာအရောင်းဖြစ်နေတယ်လို့ ဒေါ်လာအရောင်းဝယ် group များမှသိရပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၆ သိန်း ၃ သောင်းဝန်းကျင်တွင်ရှိနေကြောင်း သိရှိရပါတယ်။

ဒေါ်လာရှားပါးလာပြီး ကုန်းစျေးနှုန်းနဲ့စက်သုံးဆီအဆမတန်မြင့်တက်လာရာ 
ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲဖို့  ကင်းလွတ်ခွင့်ရထားသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၏ ဝင်ငွေ ရာခိုင်နှုန်းပြည့်ကို ကိုယ်တိုင်သုံးစွဲခြင်းနဲ့ ဘဏ်နှင့် ဘဏ်မဟုတ်သူများရဲ့ ရောင်းချခြင်းတွေကို စစ်ကောင်စီထံ သီးခြားခွင့်ပြုချက် ရ ယူရန်မလိုအပ်တော့ဘဲ  ဝင်ငွေဒေါ်လာများကို တစ်လအတွင်း စိတ်ကြိုက်အရောင်းအဝယ်ပြုလုပ်နိုင်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က  သြဂုတ် ၁၅ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုဖြေလျှော့ ပေးမှုကိုလည်း  ရက်ပေါင်း ၃၀အတွင်းသာ ဆောင်ရွက်ရမယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်ကကန့်သတ်ထားပါသေးတယ်။

MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026