NEWS

စစ်ကောင်စီမှ ဆိုင်ကယ်စီးနင်းသူများကိုကန့်သတ်ချက်များထုတ်ပြန်နေပြီး မလိုက်နာရင်ပစ်ခတ်မည်ဟုပါခြိမ်းခြောက်နေ

CoverLogo
2.3K Views

စစ်ကောင်စီဖက်မှဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့်မြို့ကြီးများတွင်အမျိုးသားနှစ်ဦးမစီးရအပါအဝင်အခြားသောကန့်သတ်ချက်တွေထုတ်ပြန်ထားပြီးမလိုက်နာရင်ပစ်ခတ်မှု့တွေပါလုပ်ဆောင်သွားမယ်ဆိုပြီးဆိုင်ကယ်စီးနင်းသူတွေအပေါ် ခြိမ်းခြောက်နေတယ်လို့သိရပါတယ်။

အဲ့ဒီ့ကန့်သတ်ချက်ထဲမှာအမျိုးသမီးတဦးနောက်မှာအမျိုးသားတဦးလိုက်ပါစီးနင်းခွင့်မရှိသလိုအမျိုးသားနှစ်ဦးတပေါင်းထဲစီးနင်းခွင့်မရှိဘူးလို့ပါရှိပြီးယခုလ ၁၈ ရက်နေ့နောက်ပိုင်းမှာပစ်ခတ်မှု့တွေပြုလုပ်သွားမယ်လို့ဆိုင်ကယ်စီးနင်းသူတွေထံမှထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေအရသိရပါတယ်။

"ဟိုတနေ့ကပဲပြောသွားတယ်လမ်းမှာစစ်ရင်းမင်းတို့၂ယောက်စီးလို့ငါတို့ပစ်ရင်မပြောနဲ့ဆိုပြီးတော့ကျွန်တော်တို့ဖက်တွေကဆိုင်ကယ်ကိုအရင်ထဲကစီးခွင့်ပြုထားတာ ဒါကိုဟိုလိုမစီးရဒီလိုမစီးရဘူးသက်သက် ခြိမ်းခြောက်နေတာ"လို့ဆိုင်ကယ်စီးနင်းခွင်ပြုထားတဲ့မြို့နယ်တခုမှပြည်သူတဦးကပြောပါတယ်။

ယခုလနိုဝင်ဘာ ၁၄ ရက်နေ့မှာပဲတောင်ညိုရဲစခန်းရှေ့မှာဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာခဲ့တဲ့၆တန်းကျောင်းသားတဦးကိုစစ်ကောင်စီတပ်တွေပစ်ခတ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ မြို့​တွေမှာ အဆိုပါ ခြိမ်း ​ခြောက်မှု​တွေပြုလုပ်​နေတာဖြစ်သလို ရန်ကုန်မြို့စည်ပင်နယ်​မြေ​တွေဖြစ်တဲ့ လှိုင်သာယာ၊ မဂ်လာဒုံ တို့လို မြို့နယ်​တွေမှာ​တော့ စကစ တပ်​တွေက ဆိုင်ကယ်များသိမ်းယူ​နေတာ​ကြောင့် အ​ခြေခံ ပြည်သူ​တွေ အခက်​တွေ့​နေရတာပါ။


Related posts

Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
Oct 07, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို (ရုပ်သံသတင်း)
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ (ရုပ်သံသတင်း)
Oct 07, 2025
Cover
အမျိုးသမီး ၈ ဦးကို ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်သူများကို ထောင် ၁၀ နှစ်စီချ(ရုပ်သံ သတင်း)
Oct 06, 2025
Cover
မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို
Oct 04, 2025