NEWS

စစ်ကောင်စီက ဈေးပြိုင်တင်ဒါနဲ့ရောင်းချပေးတဲ့ ရွှေစင်တုံးနဲ့ရွှေစင်ခဲများ လေလံဆွဲ၊ ဝယ်ယူသူမရှိလို့လေလံပွဲပိတ်သိမ်းခဲ့ရ

CoverLogo
2.5K Views

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်ကောင်စီက ရွှေစင်တုံးနဲ့ရွှေစင်ခဲသုံးပိသာကို ဈေးပြိုင်တင်ဒါစနစ်နဲ့ စက်တင်ဘာ၂၉ရက် ယနေ့ နေ့လည်ပိုင်းက လေလံရောင်းချခဲ့ပေမဲ့  လေလံဆွဲဝယ်ယူသူလုံး၀မရှိခဲ့တာကြောင့် လေလံပွဲပိတ်သိမ်းခဲ့ရတယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှ သိရှိရပါတယ်။

"လေလံံပွဲက၀ယ်ယူသူလုံး၀မရှိပါဘူး။ တစ်ကယ်၀ယ်ယူချင်တဲ့သူလုပ်ငန်းရှင်တွေက  ငါးဆယ်သားလောက်အများဆုံးတစ်ပ်ိသာလောက်ပဲလိုချင်တာ။  နောက်ပြီးဈေးကလည်းအပြင်ကပေါက်ဈေးနဲ့မကွာဘူးဆိုတော့ ၀ယ်ယူသူလုံး၀မရှိလို့ လေလံပွဲပိတ်လိုက်ရတယ်"လို့  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းက မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ နေ့လယ် ၁ နာရီကစပြီး ရွှေစင်ရွှေတုံး၃ ပိဿာစီကို လေလံစနစ်နဲ့ရောင်းချပေးခဲ့ရာမှာ  လေလံကြမ်းခင်းဈေးအဖြစ် တစ်ကျပ်သားလျှင် ၂၅၆၀၀၀၀ကျပ်ဖြင့်  ရွှေသုံးပိသာအတွက်စုစုပေါင်း ၇၆၈,၀၀၀,၀၀၀ ကျပ်အဖြစ်  သတ်မှတ်ခဲ့ပြီး  လေလံ၀ယ်ယူလိုသူများအနေနဲ့ စရံငွေအဖြစ်၁၀သိန်းကျပ်စီ ပေးသွင်းရကာ  လေလံမအောင်မြင်ပါက ပြန်လည်ထုတ်ယူနိုင်တယ်လို့ လေလံပွဲတက်ရောက်သူတွေထံမှ သိရပါတယ်။

လေလံအောင်မြင်လို့ ၀ယ်ယူခွင့်ရရှိခဲ့မယ်ဆိုပါက  လေလံအောင်ခဲ့တဲ့ဈေးနှုန်းအတိုင်း ၆.၁၀.၂၀၂၂ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ  အမှတ်၂ သတ္တုတွင်း၀န်ကြီးဌာန နေပြည်တော်ရှိ  မြန်မာ့စီးပွားရေးဘဏ်ငွေစာရင်းအကောင့်ထဲသို့ ပေးသွင်းရမည်ဖြစ်ကာ ရွှေစင်ရွှေတုံး၃ပိသာကိုမူ အမှတ်၂ သတ္တုတွင်း၀န်ကြီးဌာနမှာ ထုတ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပြင်ပရွှေပေါက်ဈေးဟာ  ယနေ့စက်တင်ဘာ၂၉ရက် ညနေ ရန်ကုန် ရွှေဈေးကွက်မှာ ကျပ် ၂၅၄၅၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး စစ်ကောင်စီ ယနေ့ရောင်းချပေးတဲ့ ရွှေစင်တုံး၊ ရွှေစင်ခဲများရဲ့ ကြမ်းခင်းဈေးဟာ ကျပ် ၂၅ သိန်းခြောက်သောင်းနဲ့ဈေးဖွင့်ရောင်းချခဲ့တာကြောင့် ပြင်ပပေါက်ဈေးနဲ့မကွာတာကြောင့်  လေလံ၀ယ်ယူလိုသူမရှိတာဖြစ်သလို  ရွှေကိုသုံးပိသာအပြည့်သာရောင်းချခဲ့ခြင်းကြောင့်  လေလံဆွဲ၀ယ်ယူသူမရှိဘဲ  လေလံပွဲကိုပိတ်သိမ်းခဲ့ရတာပါ။  

အဆိုပါလေလံပွဲကိုယနေ့တစ်ရက်တည်းသာပြုလုပ်ခြင်းဖြစ်ပြီး ထပ်မံ၍ပြုလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ရွှေဈေးကွက် မတည်ငြိမ်တာကို ထိန်းချုပ်ဖို့ တစ်လအတွင်း ဒင်္ဂါးပြား ရွှေ ၄၅၅ ကျပ်သားကို ရောင်းချပေးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026