ARTICLE

စစ်ကောင်စီကြောင့်အလှမ်းဝေးခဲ့တဲ့ပြည်တော်ပြန်အိပ်မက်

CoverLogo
1.9K Views

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့မြန်မာနိုင်ငံသားလုပ်သားတွေအများစုရှိနေတဲ့အိမ်နီးချင်းထိုင်းနိုင်ငံကမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာသူတို့ရဲ့အနာဂတ်ကိုရိုက်ချိုးခဲ့တဲ့စစ်အာဏာရှင်ကိုမရ ရတဲ့နည်းနဲ့ဖြုတ်ချဖို့နည်းလမ်းမျိုးစုံကပါဝင်လာကြပါတယ်။

ဒီအထဲမှာနယ်စပ်တိုင်းရင်သားလက်နက်ကိုင်တွေဆီမှာစစ်သင်တန်းတက်ပြီး စစ်အာဏာရှင်တသိုက်ကိုလက်နက်ကိုင်တိုက်ပွဲဝင်ဖို့ပြင်ဆင်ကြသလိုပြည်တွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနယ်စပ်ကစစ်တပ်ဒုက္ခပေးလို့ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေကိုကူညီပေးတာတွေစသဖြင့်ရရာနည်းလမ်းကပါဝင်ကြပါတယ်။

"လူငယ်တွေကတအားဒေါသထွက်ကြတယ်သူတို့ဒီမှာအလုပ်လုပ်ပြီးပြန်အခြေချမယ်လုပ်ကြမှဒီလိုတွေဖြစ်လာတာဆိုတော့"လို့ ထိုင်းရောက်မြန် မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေတဲ့ဦးအောင်ကျော်က MLN ကိုပြောပါတယ်။

ပြည်သူကတခဲနက်ရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူ့အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးကာလမှာပဲလူငယ်တွေရဲ့အနာဂတ်ဟာအနည်းနဲ့အများမျှော်လင့်ချက်တွေရွေးချယ်ခွင့်တွေအများအပြားနဲ့အတော့်ကိုအဆင်ပြေလာခဲ့တယ်ဆိုရမှာပါ။

"ဒါကိုသူတို့ရိုက်ချိုးပစ်လိုက်တာပဲပြည်တွင်းလဲလူတွေလိုက်သတ်နေသလိုပြည်ပကလူတွေအတွက်လဲအဆင်မပြေဘူးသူတို့ကအောက်ဆုံးအထိကျတော်တို့ကိုဆွဲချပစ်တာခုအာဆီယံမှာလဲအောက်ဆုံးကျနေပြီ"လို့ထိုင်းနိုင်ငံမှာဆယ်စုနှစ်တခုနီးပါးအလုပ်လုပ်ကိုင်နေတဲ့ကိုဝေက MLN ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု့တွေကုန်စျေးနှုန်းကြီးမြင့်မှု့တွေကြောင့်အိမ်နီးချင်းနိုင်ငံတွေကိုရွှေ့ပြောင်းလုပ်ကိုင်လိုတဲ့မြန်မာလုပ်သားသောင်းနဲ့ချီပြီးနယ်စပ်ကိုထွက်ခွာခဲ့ပါတယ်။

ဒါပေမယ့်စစ်တပ်ကပိတ်ဆို့တာကြောင့်ရော ကိုရိုနာကပ်ဘေးကြောင့်ရောထိုင်းဖက်ကပိတ်ဆို့တာကြောင့်ပါအလုပ်လုပ်ကိုင်လိုတဲ့မြန်မာလုပ်သားတွေဟာလုပ်ငန်းခွင်ထဲမရောက်ပဲထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းသာခံခဲ့ရပါတယ်။

"လာမယ်ဆိုလဲတရားဝင်လာတာတော့အကောင်းဆုံးပေါ့ဒါပေမယ့်ဒီလိုကာလမှာစစ်တပ်ကသတ်ဟယ်ဖြတ်ဟယ်ဆိုတော့လူငယ်တွေကသေမထူးနေမထူးထွက်လာကြရတာသူတို့အတွက်ကဒီမှာပိုလုံခြုံတယ်လေဗျာ"လို့ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူတဦးကဆိုပါတယ်။

ပြည်တွင်းကလုပ်သားတွေအနေနဲ့တနေ့လုပ်ခလစာ ၄၈၀၀ ဝန်းကျင်ရရှိဖို့တိုက်ပွဲဝင်နေရတဲ့အချိန်မှာထိုင်းနိုင်ငံမှာလုပ်သားတဦးရဲ့လုပ်ခလစာဟာတရက်ကို ၁၂၀၀၀ ဝန်းကျင်ရရှိနေတာဟာပြည်တွင်းလုပ်သားတွေအတွက်တော့တကယ့်ကိုမျက်စိကျစရာပါ။

ဒါပေမယ့်ပြည်ပထွက်ခွာရေးကိုစစ်တပ်ကပိတ်ဆို့ထားသလို တဖက်နိုင်ငံတွေကလဲကျန်းမာရေးအခြေအနေတွေကြောင့်နယ်စပ်တွေမှာပါတင်းကြပ်စွာကိုင်တွယ်နေလို့မိသားစုဆီပြန်လာချင်တဲ့သူလည်းအဆင်မပြေသလိုပြည်တွင်းကနေထွက်ခွာချင်တဲ့သူတွေအတွက်လဲအဆင်မပြေသေးဘူးလို့ဆိုရမှာပါ။

"ကျွန်တော်ဆိုမြန်မာပြည်ပြန်ရောက်ရင်ကုန်ရောင်းကုန်ဝယ်လေးလုပ်ဖို့စိတ်ကူးထားတာခုတော့ဒီကောင်တွေအာဏာရူးတာနဲ့ပြီးပြီပေါ့ဗျာ"လို့ထိုင်းရောက်ပြန်မာရွှေ့ပြောင်းလုပ်သားတဦးကဆိုပါတယ်။

၂၀၁၅ခုနှစ်အရပ်သားအစိုရတက်လာပြီးကတည်းကကထိုင်းရောက်လုပ်သားတွေမြန်မာပြည်မှာအခြေချပြီး ပြန်လည်လုပ်ကိုင်စားသောက်ဖို့ အလုပ်သမားရေးဆောင်ရွက်သူတွေနဲ့ NLD အစိုးရအကြားဆွေးနွေးတာတွေရှိခဲ့သလိုလက်ရှိစစ်တပ်ကအဓမ္မဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့သွားရောက်တွေ့ဆုံခဲ့တာတွေရှိခဲ့ပါတယ်။

"အရင်သိန်းစိန်လက်ထက်ထဲကဆွေးနွေးတာပဲခုစစ်တပ်ကအာဏာသိမ်းတဲ့အချိန်အထိအဆင်မပြေခဲ့ဘူးဆိုရမှာပေါ့ခုဒီကောင်တွေအာဏာသိမ်းလိုက်တော့ဒီကအလုပ်သမားတွေရဲ့အိမ်မက်ကအလကားဖြစ်သွားပြီဒါကြောင့်လဲဒီကလုပ်သားတွေကပိုဒေါသထွက်ကြတာ"လို့ထိုင်းရောက်ရွှေ့ပြောင်းရေးလုပ်ကိုင်သူတဦးက MLN ကိုပြောပါတယ်။

စစ်ကောင်စီကနိုင်ငံပြင်ပမှာလုပ်ကိုင်နေတဲ့သူတွေကိုဒုက္ခရောက်နေတယ်ဆိုပြီးပြန်လည်ခေါ်နေတာတွေရှိပေမယ့်ဒါတွေကစစ်ကောင်စီရဲ့အဓမ္မအာဏာသိမ်းတာတွေပြည်သူတွေ၊ သတ်ဖြတ်နေတာတွေကိုဖုံးကွယ်ဖို့ဟန်ပြလုပ်ဆောင်နေတာတွေသာဖြစ်တယ်လို့ပြည်ပရောက်မြန်မာလုပ်သားတွေကသုံးသပ်ပါတယ်။

"ဒီမှာဆိုလုပ်ငန်းရှင်ကလဲတာဝန်ယူတယ်ကိုယ်ကလဲကိုယ့်အလုပ်မထိခိုက်အောင်တာ၀န်ယူရတယ်ကျွန်တော်တို့မြန်မာပြည်အတွက်အလှူခံထွက်ပြီဆိုကိုရိုနာရှိ၊ မရှိရပ်ကွက်ရုံးမှာအသွားရောအပြန်ရောစစ်ပေးတယ်သူတို့အစိုးရကလဲတာဝန်ယူပေးတယ်"လို့တောင်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကိုင်ရင်းမြန်မာ့အရေးဆောင်ရွက်နေသူတဦးကပြောပါတယ်။


မြန်မာနိုင်ံငံတွင်းကလုပ်သားတွေကတော့စစ်တပ်နဲ့အလုပ်ရှင်ပေါင်းပြီး ယခုထက်ထိသေသေကြေကြေသူတို့လုပ်ငန်းအမြတ်ရရေးနဲ့စစ်ကောင်စီအတွက်အခွန်အခရရှိရေးအတွက်လုပ်သားတွေကိုကျွန်သဘောက်သဖွယ်ခိုင်းနေဆဲပါ။

လုပ်သားအခွင့်အရေးချိုးဖောက်တာတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကထိထိရောက့ရောင်အရေးယူမယ်လို့ဆိုထားပေမယ့်ဒီကအလုပ်ရှင်တွေကတော့ခေတ်ပျက်မှာသူဌေးဖြစ်ချင်နေသလိုအလုပ်သမားအခွင့်အရေးဆိုတာကိုနဲနဲလေးမှမငဲ့ ကွက်တော့တဲ့အပြင်တိုင်စရာနေရာမရှိတော့တဲ့လုပ်သားတွေဘဝကို ပိုပြီးနစ်နာအောင်ဆောင်ရွက်ကြပါတယ်။

"ပြည်တွင်းလုပ်သားတွေလဲဒုက္ခရောက်တယ် ကျွန်တော်တို့လဲဒုက္ခရောက်ရတယ် ဒီကောင်တွေပြည်သူ့အစိုးရကိုအာဏာမြန်မြန်အပ်ဖို့ကျတော်တို့ကရတဲ့နည်းနဲ့လုပ်မှာပဲ"လို့မြန်မာထိုင်းနယ်စပ်မဲဆောက်မြို့ကလုပ်သားတဦးကပြောပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု့တွေကြောင့်အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင်တခြားနိုင်ငံတွေကိုဝင်ရောက်ရွှေ့ပြောင်းအလုပ်ရှာဖွေသူတွေအနက်ထောင်ဂဏန်းနီးပါးကိုထိုင်းနယ်ခြားစောင့်တပ်တွေကထိန်းသိမ်းထားပြီးစစ်တပ်ရဲ့အရပ်သားတွေအပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှု့တွေကြောင့်အိမ်နီးချင်းနိုင်ငံတွေထဲမှာစစ်ဘေးရှောင်ပြည်သူသောင်းဂဏန်းနီးပါးရှိနေပြီလို့သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026