NEWS

စက်သုံးဆီ ပြတ်လပ်ပြီး ဆီဆိုင်အချို့အရောင်းပိတ်ထားရ

CoverLogo
456 Views

ရန်ကုန်မြို့တွင် စက်သုံးဆီများပြတ်လပ်ပြီး ဆီဆိုင်များတွင် ဆီဝယ်ယူရရှိနိုင်ရန်အတွက် တန်းစီသူများပြားလွန်းတာကြောင့် ဆီဆိုင်အချို့ပိတ်ထားရတဲ့အထိရှိနေတယ်လို့ ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းများနှင့်ကိုယ်ပိုင်ကားပိုင်ရှင်များက Myanmar Labour News ကို ပြောပါတယ်။

"ဆီဆိုင်တွေတော်တော်များများမှာ တန်းစီတာအများကြီး မနေ့ကညကတည်းကပဲ။ တစ်ချို့ဆီဆိုင်တွေက အများဆုံးရောင်းပေးရင် ကားတစ်စီးကို ငါးသောင်းဖိုးပဲရောင်းပေးကြတယ်။ အရှေ့ဒဂုံဘက်က yp ဆီဆိုင်ကလည်းညနေဘက်ရှိသေး ဆိုင်တောင်ပိတ်လိုက်တယ်တဲ့။ ခုမနက်လည်းမြောက်ဥက္ကလာက ဆီဆိုင်ဆိုညနေ ၂နာရီအထိဆိုင်ပိတ်ထားတယ် ဆီရဖို့တကယ်ကိုခက်ခဲနေ ကြတယ်"လို့ ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတာဟာ ရန်ကုန်မြို့သာမက မန္တလေးနဲ့မုံရွာမြို့အထိ ဆီပြတ်လပ်မှုတွေအရ တန်းစီ၀ယ်ယူရတာဖြစ်နေပြီး တန်းဆီ၀ယ်ယူရာမှာအများဆုံးကြာ တစ်နာရီခွဲကြာပြီးအနည်းဆုံးနာရီ၀က်ကြာတန်းစီ၀ယ်ယူရကာ ဆီရရှိမှုရှားပါးတယ်လို့ သိရပါတယ်။

"ဆီကမနက်ပိုင်းကတော့ ဘယ်မှရှာမရခဲ့ဘူး။ ခုနေ့လည်မှာတော့စမ်းချောင်းဘက်တွေမှာ ရခဲ့တယ်။ ဒါပေမဲ့တန်းစီရတာတော့အတန်းတော်တော်ရှည်တယ်။ မကြာဘူးဆိုရင် တစ်နာရီနီးပါး အထိစီရတယ်။ အများဆုံးကတော့ ဒေါ်လာမချပေးလို့ဒေါ်လာပြဿနာတက်နေလို့လို့သုံးသပ်နေကြတယ်။ ခုကတော့ဆီကငါးသောင်းဖိုး ရလို့ ထည့်လာတယ်"လို့ စမ်းချောင်းအထိုင် အငှားယာဉ်မောင်းတစ်ဦးကဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း စက်သုံးဆီဝယ်ယူရ ခက်ခဲလာရခြင်းမှာ စစ်ကောင်စီရဲ့ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာထုတ်ရောင်းပေးနိုင်မှုမရှိသလို ပြင်ပဒေါ်လာဈေးနှုန်းမှာလည်း ကျပ်၅၀၀၀ အထက်အထိအဆမတန်မြင့်တက်လာတာကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေအနေနဲ့ ဒေါ်လာရရှိနိုင်မှုခက်ခဲလာတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအစိုးရရဲ့ စက်သုံးဆီဈေးနှုန်း ရည်ညွှန်းသတ်မှတ်ဈေးအပေါ် လုပ်ငန်းရှင်များအနေနဲ့ပြင်ပဒေါ်လာပေါက်ဈေးနဲ့၀ယ်ယူတင်သွင်းပါက စစ်ကောင်စီရဲ့ သတ်မှတ်ဆီဈေး နည်းပါးလွန်းတဲ့အတွက် လုပ်ငန်းရှင်များအနေနဲ့ စက်သုံးဆီထုတ်ယူရောင်းချရန်ခက်ခဲလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ရဲ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းသတ်မှတ်ဈေးမှာ 92 တစ်လီတာလျှင် ၂၆၃၀ ကျပ်၊ 95 တစ်လီတာ လျှင် ၂၇၅၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ ကျပ်တို့ဖြစ်ပြီး၊ မုံရွာမြို့မှာ 92 တစ်လီတာလျှင် ၂၇၃၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၈၅၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၇၀ကျပ်တို့ဖြစ်ကာ မန္တလေးမြို့မှာတော့ 92 တစ်လီတာ လျှင် ၂၆၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၈၀၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်တို့ဖြစ်တယ်လို့ သတ်မှတ်ထားတာဖြစ်ပေမဲ့ မန္တလေးနဲ့မုံရွာမှာတော့ ပြင်ပပေါက်ဈေးမှာတော့ ကျပ် ၄၀၀၀ ကျော်အထိ ပေး၀ယ်နေရပြီလို့သိရပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026