NEWS

စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီးနောက် စက်သုံးဆီဈေးဆက်လက်မြင့်တက်

CoverLogo
338 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  စက်သုံးဆီအရောင်းဆိုင်တွေကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်ပြီး စက်သုံးဆီဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။  

"ဆီဆိုင်မှာတော့ သူတို့ဈေးရပါတယ်။  ဒါပေမဲ့ကျွန်တော်တို့ကကျ ကယ်ရီဆွဲစားတဲ့သူတွေဆိုတော့ အပြင်ဆိုင်က၀ယ်တာများပါတယ်။ ကြုံသလိုပေါ့။ ဗူးနဲ့လည်းဆောင်ထားတယ်။ အပြင်ကတော့တစ်ဗူး ၃ထောင်။ တစ်ချို့ ၃၂၀၀ ပေးရတယ်"လို့  အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်သူကဆိုပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံးက ဇွန်၂၅ရက်နေ့ကနေဇွန်၂၇ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာရောင်းချခြင်းရှိမရှိကို Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပြီး မန္တလေးတွင်လည်း  သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါတယ်။  

အဲ့ဒီလိုစစ်ဆေးခဲ့ပြီးနောက်ဒီကနေ့ ဇွန် ၂၈ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း၉၂တစ်လီတာလျှင် ၂၆၅၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၆၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၉၅ကျပ်ဖြစ်ပြီးဈေးနည်းမြင့်တက်လာတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်ကနေ ဇွန်၂၇ရက်နေ့အထိ  ဈေးနှုန်းတွေကတော့  အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၈၀ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၅၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းနဲ့တစ်ပတ်တိတိဈေးတည်ငြိမ်လာခဲ့ပြီး ဇွန်၂၈ရက်နေ့မှသာ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025