NEWS

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ

CoverLogo
251 Views
 
လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေအရ အိမ်အရောက်ပို့စနစ် (Home Delivery) နဲ့ ဆန်ဖြန့်ဖြူးရောင်းချတဲ့ အစီအစဉ်ကို ယာယီရပ်နားလိုက်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မတ်လ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
 
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်းပြီး အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှု ပြုလုပ်ခဲ့ရာ မတ်လ ၁၆ ရက်နေ့အထိ အိမ်အရောက်ပို့စနစ်နဲ့ စားသုံးသူတွေထံ စုစုပေါင်း ဆန်အိတ် (၁၁၆၁) အိတ်ကို ပေးပို့ရောင်းချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
 
ယခု မှာတော့ စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် အချိန်နဲ့တစ်ပြေးညီ ပေးပို့ရန် အခက်အခဲရှိတာကြောင့် လက်ရှိငွေပေးသွင်းထားတဲ့ စားသုံးသူတွေနဲ့ အမှာစာ ပေးပို့ထားတဲ့ စားသုံးသူတွေဆီကိုပဲ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမှာဖြစ်ကာ မတ်လ၁၇ရက်ကစပြီး အိမ်အရောက်ပို့စနစ် ဖြင့်ဆန်ဖြန့်ဖြူးရောင်းချတာကို ယာယီ ရပ်နားမယ်လို့ အသိပေးထားပါတယ်။
 
၎င်းအစီစဉ် ပြန်လည်ဆောင်ရွက်ပါက စားသုံးသူတွေကို ထပ်မံကြေညာပေးမယ်လို့ သိရပါတယ်။ အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းအပါအဝင် ဆန်အမျိုးအစား ငါးမျိုးကို ရောင်းချပေးခြင်းဖြစ်ပြီး ယခုမတ်လအတွင်းတွင် ရွှေဘိုပေါ်ဆန်း ၂၄ပြည်ဝင်တစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (ကြားပျံ) ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း(နယ်စုံ) ၁၁၂၀၀၀ ကျပ်၊ ရက်(၉၀) ၇၅၀၀၀ ကျပ်၊ ဧည့်မထ (၁၅ မှတ်) ၅၆၀၀၀ ကျပ် စသည်ဖြင့် စျေးနှုန်းများ သတ်မှတ်၍ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026