NEWS

စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ

CoverLogo
184 Views
 
စက်သုံးဆီကို QR Code ဖြင့် ရောင်းချသောစနစ် ပြုလုပ်လိုက်တဲ့အတွက် ရန်ကုန်ရှိ ဆိုင်ကယ် နှင့်ဘေးတွဲဆိုင်ကယ် မောင်းနှင် လုပ်ကိုင်စားရသူတွေမှာ စက်သုံးဆီဝယ်ယူမရဘဲ အခက်ခဲ ဖြစ်နေတယ်လို့ ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေထံမှ သိရပါတယ်။
 
စက်သုံးဆီဝယ်ယူခွင့်ကို မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြုပြီး Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် QR Code ထုတ်ပေးပြီး ရောင်းချတာကြောင့်လိုင်စင် မရှိတဲ့ ဘေးတွဲဆိုင်ကယ် နဲ့ ဆိုင်ကယ် တွေ ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
 
"ရန်ကုန်မှာ ဆိုင်ကယ် တွေ ဘေးတွဲ တွေက လိုင်စင်မရှိတာ များတယ် နားလည်မှု နဲ့ မောင်းပြီး လုပ်စားနေရတာ အခု စက်သုံးဆီ ဝယ်ခွင့်ကို လိုင်စင်ရှိတဲ့ သူတွေ ဘဲ ဝယ်လို့ရမယ့် QRစနစ် နဲ့ လုပ်လိုက်တော့ ကျွန်တော်တို့လို့ ဆိုင်ကယ် ကယ်ရီ ဆွဲ တဲ့ သူတွေ ဆီဝယ်မရဘဲ အခက်ခဲ ဖြစ်ကုန်တာပေါ့ "လို့ မင်္ဂလာဒုံ မြို့နယ် က ဆိုင်ကယ် ကယ်ရီ မောင်းသူတစ်ဦးကပြောပါတယ်။
 
အခုလိုစက်သုံးဆီ ဆိုင်တွေက မရောင်းတဲ့ အတွက် ဆိုင်ကယ်နဲ့ဘေးတွဲမောင်းသူတွေဟာ ပြင်ပ ဈေးကွက်ကနေ စက်သုံးဆီ ဝယ်ယူရကာ လက်ရှိတွင် တစ်လီတာကို ၇၀၀၀ကျပ်အထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။
 
"ဆီမရှိဘဲ မောင်းလို့မရတော့ ပြင်ပဈေးနဲ့ဘဲဝယ်ရတာဒါတောင် ဝယ်ချင်တိုင်းဝယ်လို့မရဘူး ကိုယ့်အချိတ်ဆက်နဲ့ ကိုယ်ဝယ်ရတာ အရင်တပတ်ကမှ တစ်လီတာ ၅၀၀၀ကျပ်ကနေ ဒီနေ့ဆိုတစ်လီတာ ၇၀၀၀ ကျပ်ဖြစ်နေပြီ ဆီဈေးက အရင်ထက် နှစ်ဆ ကျော်လောက် ဈေးမြင့်သွားတော့ အရင် ၁၀၀၀ကျပ်ဘဲ ကယ်ရီခ ပေးရတဲ့လမ်း ကို ၂၀၀၀ကျပ် ရမှ လိုက်လို့ရမဲ့ အနေထား ဖြစ်သွားတာပေါ့ သူတို့ လုပ်တဲ့ စနစ်က နောက်ဆုံး အခြေခံ ပြည်သူတွေ ဘဲ ထိတာ"လို့ လှိုင်သာယာမြို့နယ်က ဘေးတွဲဆိုင်ကယ် မောင်းသူ တစ်ဦးကပြောပါတယ်။
 
လက်ရှိတွက် စက်သုံးဆီဝယ်ယူရ ခက်ခဲခြင်း ကြောင့် ဆိုင်ကယ်/ဘေးတွဲ ကယ်ရီ မောင်းသူတွေ အခက်ခဲ ဖြစ်ယုံသာမက ၎င်းယာဉ်အသုံးပြုပြီး ဈေးဝယ်နေရသူတွေ အလုပ်အသွား အပြန် စီးနင်းရသူတွေ ၊နေ့စားအလုပ်သမားတွေ မှာလည်း သွားလာရေး အခက်ခဲဖြစ်သလို ခရီးစရိတ်ပိုမိုကုန်ကျလာရတယ်လို့ ပြည်သူတွေထံမှ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026