NEWS

စက်သုံးဆီပြင်ပပေါက်စျေး တစ်လီတာ ၄၀၀၀ နဲ့အထက်၀ယ်ယူ​နေရ

CoverLogo
462 Views

စက်တင်ဘာ ၆ ရက်နေ့ရဲ့  စက်သုံးဆီ ရည်ညွှန်းဈေးမှာ ယခင်ကထက် ထပ်မံမြင့်တက်လာရာ  တစ်လီတာလျှင် ကျပ် ၁၀၀ ​ကျော်စီ ထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ သတ်မှတ်ထုတ်ပြန်ချက်အရ သိရပါတယ်။ 


သတ်မှတ်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တွင် ယနေ့ စက်သုံးဆီစျေးနှုန်းဟာ  အောက်တိန်း 92 တစ်လီတာလျှင် ၃၂၁၅ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၃၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၇၁၀ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၃၉၅ ကျပ် ဖြစ်လာပြီး ယခင်ကထက် ကျပ်တစ်ရာကျော်စီမြင်တက်လာတာဖြစ်ပါတယ်။  


" 92 တစ်လီတာကို ၃၇၅၀ ကနေ ၄၀၀၀ အထိရှိတယ်။ မန္တလေးမှာတော့ ၄၂၀၀ ရှိတယ်တဲ့ 95 ဆို ၄၅၀၀ တဲ့။ အဓိကက ဆီဆိုင်ကြီးတွေမှာက တန်းစီရတယ်။ ၅သောင်းဖိုးပဲရတယ်ဆိုတာတွေကြောင့် အပြင်ကပေါက်စျေးကမြင့်နေတာ။ ကယ်ရီသမားတွေဆိုမလွယ်ဘူး" လို့ အငှားယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။


စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဝယ်ယူရရှိမှုဟာ  ယနေ့အထိတန်းစီဝယ်ယူရတာရှိနေသလို ကျပ်ငါးသောင်းဖိုသာရောင်းချပေးတဲ့  အကန့်အသတ်​တွေရှိနေသေးတာကြောင့် ပြင်ပစက်သုံးဆီပေါက်စျေးဟာ တစ်လီတာ ၄၀၀၀နဲ့အထက်သို့ ရောက်နေတာလို့ သိရပြီးဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေအနေနဲ့လည်း ကယ်ရီခတွေ တိုးမြှင့်ထားရတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် စက်သုံးဆီဆိုင်များတွင် ယခင်က တရက်တာလျှင် အောက်တိန်း 92 နှင့် 95 ဆီဘောက်ဆာခေါ် ဆီသယ်ယာဉ်များ နေ့စဉ်ဝင်ရောက်သော်လည်း လက်ရှိတွင် စက်သုံးဆီဆိုင်အများစု၌ဆီဘောက်ဆာကားနေ့စဥ်ဝင်ရောက်နိုင်ခြင်းမရှိသလို  အောက်တိန်း 92 သီးသန့်ကိုသာ အကန့်အသတ်ဖြင့် ရောင်းချရခြင်းနဲ့ 95 သီးသန့်ရောင်းချရမှုတွေကို ပြုလုပ်လာကြရတယ်လို့ သိရပါတယ်။


ဒါ့အပြင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရေး စီမံချက်ကို လည်း အကောင်အထည်ဖော်နေကြောင်း သိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026