NEWS

စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ

CoverLogo
129 Views
 
စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ စက်မှုလုပ်ငန်းတွေအနေနဲ့ ၂၄နာရီ သီးခြားဓာတ်အားပေးစနစ်ကနေ မီးသုံးစွဲလိုပါက ၁ယူနစ် ၉၀၀ကျပ်နှုန်းနဲ့ သုံးစွဲဖို့ လျှောက်ထားနိုင်ကြောင်းအပါအဝင်လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်တာကို အမိန့်ကြေညာစာအမှတ် ၈၉/ ၂၀၂၆ နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေရဲ့ ပြင်ပမှာရှိတဲ့ စက်မှုစီးပွားရေးလုပ်ငန်းတွေအနေနဲ့၁ယူနစ်ကို ပုံသေ ဓာတ် အားခ ၉၀၀ ကျပ် ပေးဆောင်ပြီး ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရယူလိုကြောင်း ဌာနကိုတင်ပြလာရင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုလိုက်တာပါ။
သဘာဝဓာတ်ငွေ့ရည် LNG သုံးဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်တဲ့လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းနဲ့ ဓာတ်အားပေးနိုင်တဲ့ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်အတွင်းရှိ အိမ်သုံးမဟုတ်တဲ့နှုန်းထားနဲ့ ကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေထံ ဓာတ်အားလိုင်းတွေ ဓာတ်အားစနစ်ပြတ်တောက်မှုမှအပ ဓာတ်အားဖြတ် တောက်မှုမပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားပေးစနစ်ဖြစ်သွားမှာလို့သိရပါတယ်။
လက်ရှိဓာတ်အားပေးစက်ရုံတွေက ဓာတ်အားထုတ်လုပ်ပေးနိုင်မှုနဲ့ ဓာတ်အားလိုင်းတွေရဲ့ ဓာတ်အားသယ်ဆောင် နိုင်မှုအပေါ်မူတည်ပြီး ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေတဲ့ အများပြည်သူနဲ့ စက်မှုစီးပွားရေးလုပ်ငန်းတွေကို လက် ရှိ ကောက်ခံနေတဲ့ ဓာတ်အားခနှုန်းထား အိမ်သုံးအမျိုးအစားနဲ့ အိမ်သုံး မဟုတ်တဲ့ အမျိုးအစားနှစ်ရပ်အပေါ် အလွှာအလိုက် သတ်မှတ်နှုန်းထားအတိုင်း ပြင်ဆင်ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓာတ်အားသုံးစွဲသူအမျိုးအစားအလိုက် ကောက်ခံမယ့်ဓာတ်အားခနှုန်းထားသတ်မှတ်ချက်မှာ (က) အိမ်သုံးအမျိုး အစား (နေအိမ်သုံး ၊ အိမ်သုံးပါဝါ ၊တစ်လုံးတစ်ခဲတည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာသာသနာအ အဆောက်အအုံတွေအတွက် လက်ရှိကောက်ခံနေတဲ့ နှုန်းထားအတိုင်း ကောက်ခံမှာဖြစ်ပြီး ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။
(ခ) အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက်မှုလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်းတွေ၊ တစ်လုံးတစ်ခဲတည်း ယာယီသုံး ၊လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းတွေ၊နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ၊ မြစ်ရေတင် လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန /လုပ်ငန်းတွေ ၊အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ ၊နိုင်ငံခြားသံရုံးတွေ ၊နိုင်ငံတ ကာအဖွဲ့အစည်းတွေကိုလည်း လက်ရှိကောက်ခံနေတဲ့ နှုန်းထားအတိုင်းသာ ကောက်ခံမှာဖြစ်ပြီး ပြောင်းလဲမှုမရှိ ဘူးလို့ သိရပါတယ်။
ဓာတ်အားထုတ်လုပ်မှုနဲ့ ဓာတ်အားဖြန့်ဖြူးနိုင်မှု နိုင်နင်းမှုမရှိရင်တော့ ဓာတ်အားဖြတ်တောက်မှု ရှိနိုင်တယ်လို့လည်း ဖော်ပြထားပါ‌ သေးတယ်။
"ဒီမီတာခ ၁ယူနစ် ၉၀၀ကျပ်က စက်မှုဇုန်တွေအတွက် ဈေးအကြီးဆုံးလို့ထင်ရပေမယ့် လက်ရှိ အစိုးရမီး ၈နာရီလောက်ရချိန် ၁ယူနစ်၂၅၀ကျပ်ကနေ၅၀၀ကျပ်နှုန်းထားမှာက ဓာတ်အားပြတ်တောက်ချိန်အရမ်းများတဲ့အတွက် စက်မှုလုပ်ငန်းတွေမှာလိုအပ်တဲ့မီးကို မီးစက်မောင်းပြီးဖြေရှင်းရတဲ့အခါ ဓာတ်အားယူနစ်နှုန်းနဲ့တွက်ကြည့်မယ်ဆိုရင် ၁ယူနစ်ကိုပဲနော် ၁၅၀၀ကျပ် ကနေ ၂၂၀၀ကျပ်လောက် သွားပြီးကုန်ကျစရိတ်ရှိနေတော့ အမှန်တကယ်သီးခြားဓာတ်အားလိုင်းနဲ့ ၂၄နာရီမီးပေးစနစ်မှာမီးပုံမှန်ရနေမယ် ပျက်တာမရှိဘူးဆိုရင် ၁ယူနစ်ကို ၉၀၀ကျပ်က လုပ်ငန်းတွေအတွက် အဆင်ပြေ မှာပါလို့" ရွှေပြည်သာစက်မှုဇုန် မှ စီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။
အဲဒီအမိန့်ကြေညာစာဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ စတင်သက်ရောက်မှာဖြစ်တယ်လို့ ဖော်ပြပါရှိပါ တယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026