NEWS

ခုခံစစ်ရဲ့တိုက်စစ်အဖွင့်မှာဇာတ်ရှိန်မြင့်လာတဲ့ရန်ကုန်နဲ့တနေ့တာသတင်းအကျဥ်းချုပ်

CoverLogo
2.1K Views

ဒီကနေ့ကတော့ ရန်ကုန်ရဲ့မနက်ပိုင်းကခပ်ကြမ်းကြမ်းပဲစခဲ့တင်ခဲ့တယ်လို့ဆိုရမှာပါ။

တနေ့တာရန်ကုန်

ဒီကနေ့နိုဝင်ဘာ ၁၅ ရက်နေ့
မနက်လင်းအားကြီးတယ်ဆိုရင်ပဲ မြို့နယ်အချို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာဝန်းကျင်တွေမှာခပ်ပြင်းပြင်းပေါက်ကွဲမှု့တွေဖြစ်ပေါ်ခဲ့ပါတယ်။

ကြည့်မြင်တိုင်၊ ဗဟန်း၊ မရမ်းကုန်းနဲ့၊ သဃ်န်းကျွန်းအစရှိတဲ့မြို့နယ်တွေမှာမနက်လင်းအားကြီးပိုင်း၅နာရီနဲ့၆နာရီကြား မှာပေါက်ကွဲခဲ့တာပါ။

ကြည့်မြင်တိုင်မှာတော့အမှတ်(၅)အခြေခံပညာကျောင်းအနီးပေါက်ကွဲခဲ့ပြီးထုံးစံအတိုင်ပွဲပြီးတော့ရဲတွေရောက်လာပါတယ်။

နောက်ထပ်ပေါက်ကွဲမှု့တွေဖြစ်ခဲ့တဲ့မရမ်းကုန်း၆ရပ်ကွက်နဲ့သဃ်န်းကျွန်းတွေမှာရပ်ကွက်အနီးအနားမှာပဲပေါက်ကွဲမှု့တွေဖြစ်ခဲ့ပါတယ်။

တခုထူးတာကဗဟန်းကပေါက်ကွဲမှု့ကစစ်တပ်ထောက်ခံသူဗီဒီယိုမင်းသမီးတဦးဖြစ်တဲ့ယဥ်လတ်အိမ်အနီးကျိုက်ကဆံရပ်ကွက်ပတ္တမြား၂လမ်းမှာပေါက်တာပါ။

သူ့အိမ်ကရေတိုင်ကီပွင့်ထွက်သွားတယ်လို့တော့သိရပါတယ်။လူထိခိုက်မှု့ရှိလားမရှိလားဆိုတာတော့မသိရပါဘူး။

ဒီကိစ္စကိုတော့ဒေသအခြေစိုက်PDFအဖွဲ့တွေကယခုအချိန်အထိသတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ယဥ်လတ်အိမ်အနီးဗုံးမကွဲခင်မှာဘဲ ယဥ်လတ်အိမ်နားကစစ်ကောင်စီသတင်းပေးသူတဦးပစ်သတ်ခံလိုက်ရပါသေးတယ်။

မနက်ပိုင်းပေါက်ကွဲမှု့တွေအပြီးမှာစစ်ကောင်စီတပ်တွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေ့လည်ပိုင်းပစ်ခတ်မှု့တွေကိုစားမြုံ့ပြန်ကြရအောင်ပါ။

အကုန်လုံးကနေ့လည်၁၁နာရီနဲ့၁၂နာရီကြားဖြစ်တာပါ။

ထန်းတပင်တာဆုံရဲစခန်းကို PDF ကပစ်လို့ဒုရဲအုပ်တဦးနဲ့ရဲတပ်သား၂ဦးသေပါတယ်။ဒီကိစ္စကိုရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနချုပ်ကသတင်းထုတ်ပါတယ်။ပစ်ခတ်မှု့ရုပ်သံဖိုင်လဲတက်လာပါတယ်။အနီးကကလေးတဦးကျည်ဆန်ရှပ်ထိတယ်ဆိုပြီးသတင်းတွေတပ်လာပေမယ့်PDFဖက်ကတော့ကလေးရှိနေတဲ့အတွက်ပစ်အားလျော့ပြီးပစ်ခတ်ခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။

နောက်ထပ်တခုကသန်လျင်တံတားအဆင်းမှာအထိုင်ချနေတဲ့စကစတပ်သားတွေကိုထုံးစံအတိုင်းကားပေါ်ကပဲသမတာပါ။၁၀ယောက်လောက်ပြုံနေတာမို့လို့အကုန်နီးပါးကျည်ထိပြီး၃ဦးကတော့ပွဲချင်းပြီးနိုင်တယ်လို့PDFဖက်ကထုတ်ပြန်ပါတယ်။အဲ့ဒီကအပြန်လမ်းကြုံအနေနဲ့ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဘဲဥသုံးလုံးကိုဝင်ခွဲပါတယ်။၃ယောက်ထိပြီး၂ဦးပွဲချင်းပြီးနိုင်တယ်ဆို့ဆိုပါတယ်။ဒါကရန်ကုန်ရဲ့ဒီနေ့အခြေအနေပါ။

  • အနယ်နယ်အရပ်ရပ်ပစ်ခတ်တိုက်ခိုက်မှု့နဲ့ပြည်သူများဖမ်းဆီးခံရမှု့အခြေအနေ

ဒီကနေ့မနက်၂နာရီလောက်မှာပဲကချင်ပြည်နယ်မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ ကချင့်လွတ်မြောက်ရေးတပ်မတော်KIAရဲ့သရက်မှော်စခန်းကိုစစ်ကောင်စီဖက်ကတိုက်လေယာဥ်၂စင်းနဲ့ဗုံးလာကြဲသွားတယ်လို့သိရပါတယ်။

စစ်ကိုင်းမှာတော့အင်းတော်ကမော်တိပ်ရဲစခန်းကိုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်တွေကဝင်ပြီးမီးတင်ရှို့ပါတယ်။ရဲကင်း၂ခုပြာကျသွားတယ်လို့သိရပါတယ်။

ပုခုက္ကူမှာတော့တိုင်းလွှတ်တော်အမတ်ဒေါ်ဇင်နီနီဝင်းအိမ်ရယ်၊ ပြည်ထောင်စုလွှတ်တော်အမတ်ဦးပိုက်ကိုဦးသက်ကြူတို့ရဲ့နေအိမ်တွေကိုစစ်ကောင်စီကချိတ်ဝင်ပိတ်ပါတယ်။

ဖမ်းဆီးခံရမှု့အနေနဲ့ကတော့ဒီကနေ့မနက်ပိုင်းမှာပဲရန်ကုန်ဆူးလေဂုံးတံတားပေါ်ကလူငယ်၂ဦးကိုရဲ၂ယောက်ကကျောက်တံတားရဲစခန်းကိုဖမ်းခေါ်သွားတာတွေ့လိုက်တယ်လို့မျက်မြင်တွေကဆိုပါတယ်။ဘာကိစ္စကြောင့်ဖမ်းဆီးခံရတာဆိုကတော့အတည်မပြုနိုင်သေးပါဘူး။

  • နိုင်ငံတကာလှုပ်ရှားမှု့

UNတို့ဘာတို့ကတော့ခပ်အေးအေးပါ။အမေရိကန်သံအမတ်ဟောင်းကတော့စစ်ခေါင်းဆောင်နဲ့ညှိနှိုင်းမှု့အပြီးအကြမ်းဖက်ပုဒ်မတွေနဲ့ပါတရားစွဲပြီးထောင် ၁၁ နှစ်ချမှတ်ခံထားရတဲ့အမေရိကန်နိုင်ငံသားသတင်းသမား Danny Fenster ကိုအင်းစိန်ထောင်ကနေခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။

နောက်တခုကတော့
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းမှာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ကောင်စီအဖွဲ့နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ သက္ကေပြင် မွတ်ဆလင် ဒုက္ခသည်စခန်းမှာနေထိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့သလို ရခိုင်စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ ဥသလင်းဘုန်းတော်ကြီးကျောင်း တို့ကို သွားရောက်ပြီး ရခိုင်စစ်ရှောင်ပြည်သူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီးတော့ ဒုက္ခသည်တွေကမိမိတို့မူရင်းနေရပ်ကိုပြန်ချင်တယ်လို့တောင်းဆိုထားတယ်လို့ပြည်နယ်အခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။

ရခိုင့်တပ်တော်AAရဲ့ကျောထောက်နောက်ခံလို့လူသိများတဲ့မစ္စတာဆာဆာဂါဝါကရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်အောက်ခြေကအစ မတိုက်ခိုက်ကြဖို့ AA ဖက်ကိုပြောဆိုထားတယ်လို့သတင်းဌာနတွေနဲ့တွေ့ဆုံစဥ်မှာပြောသွားပါတယ်။

ဒါကတော့ဒီနေ့တနေ့တာအတွက်အထွေထွေသတင်းအကျဥ်းချုပ်ပါ။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026