NEWS

ကော်စေ့စက်ရုံမီးလောင်မှု ၈နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရ

CoverLogo
728 Views

ဒီဇင်ဘာ ၅ရက်နေ့ ည ၇ အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ ကော်စေ့စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၆ရက် နံနက် ၃နာရီ၄၁မိနစ်အထိ မီးလောင်မှုကို ၈ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

"၆.၁၂.၂၀၂၄ ရက်နေ့၊ ၀၃:၄၁ အချိန်တွင် မီးငြိမ်းပါသည်" လို့ နာကူရန်ကုန်သီးသန့်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါမီးလောင်မှုကို မီးစတင်လောင်ကျွမ်းချိန် ဒီဇင်ဘာ ၅ ရက်နေ့ ၆ :၅၇ အချိန်ခန့်က ဌာနချုပ်ရဲ့ညွှန်ကြားချက် Level (၁) ယာဉ်အုပ်စုများနှင့်အတူ အရံမီးသတ်တပ်ဖွဲ့ခွဲမီးသတ်ယာဉ်များ ပရဟိတအသင်းအဖွဲ့များဖြင့် ငြှိမ်းသတ်ခဲ့ပြီး ည ၉:၃၂ အချိန်တွင် ဌာနချုပ်ညွှန်ကြားမှု Level (၂) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နေ့နံနက် ၀၃:၄၁ အချိန်အထိ နာရီပေါင်း ၈ နာရီနဲ့မိနစ် ၄၀ကြာသည်အထိ မီးသတ်ခဲ့ရတာဖြစ်ပါတယ်။ 

မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ မီးလောင်ပျက်စီးသွားတဲ့ တန်ဖိုးတွေကိုတော့ မသိရသေးပါဘူး။

အဆိုပါစက်ရုံဟာ ပေ၂၀၀ ပေ ၆၀၀ အကျယ်အဝန်းရှိတဲ့စက်ရုံဖြစ်ကာ ကော်စေ့သိုလှောင်ရုံဂိုထောင်စက်ရုံဖြစ် ပြီး  တစ်ညလုံးနီးပါးမီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပရဟိတအသင်းအဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပြီး တစ်ဦးဟာအပြင်းအထန်ဒဏ်ရာရထားတယ်လို့လည်း သိရပါတယ်။ 

"တစ်ညလုံးမှာ မီးသတ်သမားက၃ယောက်။ ပရဟိတသမားက ၄ယောက် ဒဏ်ရာရတယ်။ အဲအထဲမှာမီးသတ်သမားတစ်ယောက်က တော်တော်များတယ်။ တစ်ကိုယ်လုံးလောင်ခံရတာ။ ကော်ပုံပေါ်တက်မီးငြှိမ်းတာ။ ကော်ပုံကအောက်ကနေလှိုက်ပြီးလောင်လာတော့ ကော်ပုံပြိုကျပြီးမီးနဲ့ကပ်သွားတာ။မနည်းဆွဲထုတ်ယူကြရတယ်။ သူကဒဏ်ရာများတယ်။ တစ်ကိုယ်လုံးနီးပါးပဲ"လို့ မြေပြင်ရောက်ရှိကူညီခဲ့တဲ့ ပရဟိတလူမှုကူညီရေးအသင်းတစ်ခုက ဆိုပါတယ်။

အဆိုပါစက်ရုံ ည ၆နာရီမိနစ်၅၀ခန့်ကစတင်လောင်ကျွမ်းခဲ့ပြီး  ယနေ့နံနက်၃နာရီခွဲကျော်သည်အထိ မီးငြိမ်းသတ်ရာနေရာမှာ  ရန်ကုန်တိုင်းအတွင်းကလူမှုကူညီရေးအသင်းများ မြေပြင်ဆင်းသက်ကူညီရသလို သောက်ရေသန့်အကူအညီနဲ့ ဓာတ်ဆီအကူညီလိုအပ်မှုတွေပါရှိခဲ့တယ်လို့ သိရပါတယ်။


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026