NEWS

ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် အကျဥ်းသားမိသားစုဝင်တွေ ထောင်ဝင်စာပို့ရေး ပိုမိုခက်ခဲလာ

CoverLogo
444 Views
 
ကုန်ဈေးနှုန်းမြင့်တက်မှုဟာ နေ့စဉ်ဆိုသလိုပိုမိုဆိုးရွားလာပြီး ထောင်ဝင်စာပေးပို့နိုင်ဖို့အတွက်ပိုမိုခက်ခဲလာတယ်လို့အကျဉ်းသားရှိတဲ့ မိသားစုဝင်တွေကပြောပါတယ်။
 
စစ်ကောင်စီလက်ထက်မှာမတရားသဖြင့်ဖမ်းဆီးခံရတာတွေများပြားနေပြီးပြစ်ဒဏ်တွေကိုအဆမတန်ချမှတ်နေတာပဲဖြစ်ပါတယ်။
 
ဒီအခြေအနေမှာကုန်ဈေးနှုန်းမြင့်တက်လာတာမှုဟာဆိုးရွားလာတာကြောင့်ထောင်ဝင်စာပေးပို့နိုင်ဖို့ပိုမိုခက်ခဲလာတာပဲဖြစ်ပါတယ်။
 
"အာဏာသိမ်းပြီးကတည်းကဈေးတွေကတောက်လျှောက်တက်လာတာပါပဲ။အခုကတော့ပိုဆိုးလာတာပေါ့။ထောင်ဝင်စာတစ်ခါပို့ဖို့ တစ်သိန်းကျော်ဆိုတာဘာမှမပါဘူး။အပြင်မှာကျတော့လည်းငွေရှာရခက်နေတယ်။အထဲကလူတွေကလည်းကိုယ်တွေမပို့ရင်‌အနေအစားခက်တယ်။အခုတောင်ထောင်ဝင်စာပို့တာအရင်ထက်လူနည်းလာတယ်။ပစ္စည်းအရေအတွက်တွေနည်းလာတယ်"လို့ထောင်ဝင်စာလစဉ်ပေးပို့နေသူတစ်ဦးကပြောပါတယ်။
 
ထောင်ဝင်စာပေးပို့ရာမှာအများစုဟာဈေးသက်သာတဲ့စားသောက်ကုန်တွေကိုအဓိကထားပေးပို့နေတာဖြစ်ပေမယ့်လက်ရှိမှာတော့ဈေးသင့်တဲ့စားသောက်ကုန်တွေဟာလည်းပစ္စည်းပြတ်လပ်တာ၊ဝယ်လိုအားများတာ‌ တွေ‌ကြောင့်ဝယ်ယူဖို့ခက်ခဲလာတယ်လို့သိရပါတယ်။
 
"အခုကလူတိုင်းကဈေးသက်သာလေးရှာဝယ်နေကြတယ်။နောက်ကုန်တွေကလည်းပေါပေါများများမရှိတော့စိတ်ညစ်ရတယ်။အင်္ဂလိပ်ဆေးဈေးကြီးလို့မြန်မာဆေးဝယ်ဖို့လုပ်လည်း ဈေးကတက်တာပဲ။ကော်ဖီတွေဆိုလည်းဈေးတက်တယ်။အရင်ကမုန့်၆မျိုးလောက်ပါရင်အခုကတော့၄မျိုးလောက်ပဲပါနယ်။ငွေကတော့အရင်ကထက်ပိုကုန်တယ်။အထဲကလူလည်းအဆင်မပြေဘူး။အပြင်မှာရှာရတာလည်းပိုခက်လာတယ်"လို့ ရန်ကုန်မြို့ကအကျဉ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
 
စစ်ကောင်စီလက်ထက်မှာမတရားသဖြင့်ဖမ်းဆီးတာတွေလုပ်ဆောင်နေသလိုတရားစီရင်ရေးနဲ့အုပ်ချုပ်ရေးပိုင်းကလည်းနစ်နာသူ‌ေတွကိုခေါင်းစဉ်အမျိုးအမျိုးနဲ့အကြပ်ကိုင်ငွေညှစ်တာတွေလည်းလုပ်ဆောင်နေပါတယ်။
 
ဒါ့အပြင် ပြစ်မှုပြစ်ဒဏ်တွေကို အဆမတန်ချမှတ်နေတာကြောင့်လည်း အကျဉ်းသားတွေတင်မဟုတ်ဘဲ မိသားစုဝင်တွေပါ ပိုမိုခက်ခဲလာကြတာ ဖြစ်ပါတယ်။
 
အခြေခံလူတန်းစားတွေဟာ ထောင်ဝင်စာပေးပို့နိုင်ဖို့ အတိုး‌နဲ့ချေးငွေရယူတာတွေ၊ ဆံပင်ညှပ်ရောင်းချတာတွေနဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချတာတွေပါ လုပ်နေကြရတာပဲ ဖြစ်ပါတယ်။
Photo_ထောင်၀င်စာပို့ကြမယ် FB

Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026