NEWS

ကုန်ဈေးနှုန်းမတည်ငြိမ်မှုကြောင့် လက်လီအရောင်းဆိုင်တွေ ဆက်လက်ရပ်တည်ရန်ခက်ခဲလာ

CoverLogo
579 Views

ပြည်တွင်းမှာစားသောက်ကုန်ကစပြီးလူသုံးကုန်ပစ္စည်းတွေအထိကုန်ဈေးနှုန်းဟာနေ့စဉ်‌မြင့်တက်နေတာကြောင့်လက်လီအရောင်းဆိုင်တွေဆက်လက်ရပ်တည်ဖို့ခက်ခဲလာတယ်လို့ အရောင်းဆိုင်တွေထံက သိရပါတယ်။

လက်ရှိမှာကုန်ဈေးနှုန်းဟာနေ့စဉ်ဆိုသလိုအပြောင်းအလဲရှိနေပါတယ်။ဒီအခြေအနေကြောင့်လည်းလက်လီအရောင်းဆိုင်တွေဟာ‌ငွေအရင်းအနှီးကြီးလာတာနဲ့အရောင်းအဝယ်ကျဆင်းလာတဲ့ပြဿနာကိုရင်ဆိုင်နေရပါတယ်။

"ကိုယ်က၅၅၀နဲ့ ရောင်းလိုက်တယ်။ ပြန်သွားဝယ်တော့ ၆၀၀ ကျော်ပေးရတယ်။ အာ့လိုဖြစ်နေတာက ခဏခဏပဲ။ အခုလေ ဈေးရောင်းရတာကို သောကတွေပွားနေရတယ်။ ရောင်းသာရောင်းလိုက်ရတယ်။ ငါပြန်ဝယ်ရင် ဒီဈေးရပါ့မလား။ ပစ္စည်းရှိပါ့မလားလည်း ပူရတယ်။ ကိုယ်ကအိမ်ဆိုင်လေးဆိုတော့ အများကြီးလည်း ဝယ်မရင်းထားနိုင်ဘူး။ အဲဒီတော့ တက်ရင်တက်ဈေးနဲ့ ထပ်ဝယ်။ ရောင်းဈေးကတက်ဖြစ်ကုန်ကော။ ဒီထက်ဆိုးလာရင်တော့ ဆိုင်ပိတ်တော့မယ်။ အခုကဈေးသာရောင်းနေတာအမြတ်မှမရှိတာ။တစ်ချို့လည်းပိတ်ကုန်ပြီ"လို့အိမ်ဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကုန်ဈေးနှုန်းမြင့်တက်တာဟာပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့သက်ြန်ကာလမှာတော့စံချိန်တင်မြင့်တက်ခဲ့ပြီးလက်ရှိမှာတော့ပစ္စည်းပြတ်တောက်တာတွေပါရှိနေပါတယ်။

"‌ကော်ဖီဆိုတစ်ထုပ်ချင်း ၃၅၀ ရောင်းရတယ်။ ကလေးတွေစားတဲ့မုန့်လေးတွေဆို အရင်က ၅၀လောက်ရောင်းတဲ့ဟာက တစ်ရာလောက် ရောင်းရတယ်။ တစ်ချို့ပစ္စည်းတွေကျ ဈေးမတက်ပေမယ့် တကိုက်စာတောင်မပါတော့ဘူး။ အရင်ကတစ်ခုနဲ့ဝတဲ့မုန့်က နှစ်ခုလောက် ဝယ်ရတယ်။ နောက်ပြဿနာတစ်ခုက အိမ်ဆိုင်တွေအရမ်းများလာတယ်။ လူတိုင်းက အပိုငွေလေးများထွက်မလားဆိုပြီး အိမ်ဆိုင်လေးတွေ ဖွင့်ကြတယ်။ ခက်တာက ကုန်ဈေးနှုန်းကတက်လာလို့အ‌ရောင်းကျတာနဲ့ အရင်ကတစ်လမ်းလုံးမှာ တစ်ဆိုင်တည်းဆို ရောင်းအားကောင်းပေမယ့် အခုသုံးလေးဆိုင်ဖြစ်လာတော့ အရင်လိုရောင်းအားတွေလည်းမရှိတော့ဘူးဖြစ်လာတာ"လို့ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူတစ်‌ဦးကပြောပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းလာတာ၊လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတာတွေကြောင့်ကုန်ဈေးနှုန်းဟာဆက်တိုက်ဆိုသလိုမြင့်တက်နေပါတယ်။

အခြေခံပြည်သုအများစု နေ့စဉ်ဝယ်ယူနေရတဲ့ ဆန်ကြမ်းဈေးဟာလည်း ကျပ်(၅၀၀၀)ဝန်းကျင်ထိ ရောက်လာသလို စားအုန်းဆီဈေးကလည်း တစ်နိုင်တစ်ပိုင်ဝယ်ယူမယ်ဆိုရင် (၉၀၀)ကျပ်ထိ ပေးရပါတယ်။ ကန်စွန်းရွက်တစ်စည်းကလည်း ကျပ်(၇၀၀)၊ ခရမ်းချဉ်သီး တစ်ဆယ်သား (၄၀၀)၊ ကြက်သွန်နီ တစ်ပိသာကို အနည်းဆုံး ကျပ်နှစ်ထောင်ကျော်နဲ့ ကြက်သွန်ဖြူတစ်ပိသာကတော့ ကျပ်ထောင့်ငါးရာဝန်းကျင် ပေးနေရပါတယ်။

ဓါတ်ပုံ- လှိုင်သာယာမြို့နယ်ရှိ ဈေးတခုအားတွေ့ရစဉ်။

 

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026