NEWS

ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဝန်ထမ်းများ အခက်အခဲရှိလာ

CoverLogo
1.3K Views

ရန်ကုန်မြို့မှာ နေထိုင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အခြေခံလုပ်သားတွေမှာ နေထိုင်စားသောက် စာရိတ်တွေကြီးမြင့်မှုကြောင့် ရပ်တည်ရေး ခက်ခဲလာတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

“   အဆောင်ခ ၊ စားသောက်စရိတ်တွေက အရင်ကထက် နှစ်ဆ ကြီးလာတယ်။ ပဲပြုတ်လို စားစရာတောင် ၂၀၀ ၊ ဒါကလည်း လူတစ်ယောက်အတွက် စားမဖြစ်ဘူး၊ ကြာရင်မလွယ်ဘူး ” လို့ အတည်ချုပ်လုပ်သား တစ်ဦးဖြစ်တဲ့ မသီသီဟန်က ပြောပါတယ်။

လက်ရှိ ဆန်တပြည်ကို ကျပ် ၂၀၀၀ ကျော်၊ ဝက်သား တစ်ပိဿာကျပ် ၁၀၀၀၀ ၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကြား ဈေးရှိတယ်လို့  သိရပါတယ်။

အဲဒီဈေးနှုန်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း မြင့်မားလာတာလို့လည်း အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

နေထိုင်တဲ့ အခန်းခ တွေလည်း သုံးပုံနှစ်ပုံလောက် မြင့်တက်နေတယ်လို့လည်း အသီးအနှံလှည့်လည် ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

“ အရင် သုံးသောင်းခွဲလောက်ပဲ ရှိတဲ့ အခန်းက အခု ငါးသောင်းငါးထောင်၊ နေစရာမရှိတော့  ငှားရတာပဲ” လို့ ယင်းကပြောပါတယ်။

လက်ရှိ အဆောင်ခတွေမြင့်တက်ရတာဟာ မြို့နယ်အတွင်း ကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းတာတွေ ကြောင့် ဖြစ်တယ်လို့ အဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

အခန်း ငှားရမ်းတာတွေများပေမယ့် စစ်ကောင်စီက လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ စစ်ဆေးတာတွေကြောင့် လူရွေးငှားရမ်းရလို့ အခန်းခ ဈေးတက်လာတာလို့ သိရပါတယ်။

ကုမ္ပဏီအများအစု လုပ်ငန်းအပြည့်အဝ မလည်ပတ်နိုင်တာကြောင့် ဝန်ထမ်းအရေအတွက်၊ အလုပ်ချိန်နဲ့ လစာလျှော့ချတာတွေကြောင့် ဝန်ထမ်းတွေမှာ ဝင်ငွေနည်းလာတယ်လို့ ကုမ္ပဏီဝန်တမ်း တစ်ဦးကပြောပါတယ်။

“ လစာ တဝက်တောင်မရဘူး၊ ပြောမယ်ဆို အိမ်လခတောင်မရဘူး၊ အမျိုးသားကလည်း အလုပ် လက်မဲ့လိုဖြစ်နေတယ်။ အပြင်စာတွေမစားတာဆို နှစ်နဲ့ချီပြီ ၊ ချွေတာမယ်ဆိုရင် ဘယ်အပိုင်းကို ချွေတာရမလဲ ဆိုတာ တွေးလို့မရဘူး၊ နောက်ခြောက်လဆို နယ် (ဇာတိ) ပြန်ရမှ ရမယ်” ကုမ္ပဏီ ဝန်ထမ်းဖြစ်တဲ့ မစုမြတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ လှဲလယ်ဈေးတွေလည်း မြင့်မားနေတာကြောင့် ဒေါ်လာငွေနဲ့ ဆက်စပ်နေတဲ့ စက်သုံးဆီဈေးဟာလည်း ပြီးခဲ့တဲ့ နှစ်ကထက် နှစ်ဆမြင့်တက်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေသားစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့ ဘဏ်တွေ အပြည့်အဝ မလည်ပတ်နိုင်အောင် ဆောင်ရွက်တာ တွေကလည်း ကုန်ဈေးနှုန်းတွေ မြင့်မားလာစေတယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026