NEWS

ကိုဗစ်ကာကွယ်ရေး စက်မှုဇုန်တွေမှာ ဆောင်ရွက်မှုရှိထားတယ်လို့ စက်မှုဇုန်ကော်မတီတာဝန်ရှိသူပြော

CoverLogo
1.2K Views

ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ဆောင်မှုတွေစက်မှုဇုန်တွေမှာ အရင်ကတည်းကဆောင်ရွက်ထားတာရှိနေကြောင်း ရွှေသံလွင်စက်မှုဇုန်ကော်မတီရဲ့တာဝန်ရှိသူကပြောပါတယ်။

" ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အပိုင်းတွေကတော့ လက်ရှိမှာ စက်မှုဇုန်ကော်မတီအနေနဲ့ မသိနိုင်တော့ဘူး။ အရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဆေးထိုးတုန်းကတော့ စက်မှုဇုန်ကော်မတီအနေနဲ့ပါဝင်တယ်။အခု booster ထပ်ဆောင်းကာကွယ်ဆေးကတော့ မြို့နယ်ကျန်းမာရေးဌာနနဲ့စက်ရုံပိုင်းတာဝန်ရှိသူတွေအချင်းချင်းပဲလုပ်တော့တယ်။ အခြားကာကွယ်ရေးအပိုင်း ကိုဗစ်ရောဂါအသိပညာပေးပိုစတာကပ်တာ maskတပ်ဖို့ အစရှိတာတွေညွှန်ကြားထားတာကရှိတယ်။ အရင်ကတည်းကလည်းသူ့ဟာသူရှိထားတယ်လို့" ရွှေသံလွင်စက်မှုဇုန်ကောမတီရဲ့တာဝန်ရှိသူကပြောပါတယ်။

တစ်ကျော့ပြန်ကိုဗစ်ကူးစက်မှုတွေဟာ ပြည်တွင်းကူးစက်မှုတွေများပြားလာနေပြီး လူအများနဲ့လုပ်ဆောင်ရတဲ့စက်ရုံအလုပ်ရုံတွေမှာလည်း ရောဂါမကူးစက်ရန် ကာကွယ်မှုတွေရှိနေဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကိုဗစ်ကြောင့် နေ့စဉ် လူ၁ဦးနှုန်းဆက်တိုက်သေဆုံးမှုတွေရှိခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်ကြာကာလအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ၃၀၀ကျော်အထိရှိနေပါတယ်။

စက်တင်ဘာလ၂ရက်နေ့ည ၈နာရီအထိကိုဗစ်ရောဂါအကြောင်းနေ့စဉ်သတင်းဖော်ပြထားချက်အရ  ဓာတ်ခွဲနမူနာပေါင်း ၈၉၅၁ခုကိုစစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာအသစ် ၈၄ ယောက်တွေ့ရှိခဲ့ရပြီးအဲ့ဒီထဲမှာ ပြည်ပကပြန်လာသူ၅ဦးနဲ့ပြည်တွင်းမှာရောဂါပိုးကူးစက်ခံရသူ ၇၉ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။
MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026