NEWS

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာအတွက် ရိက္ခာအထောက်အပံ့တွေ လျှော့ချမယ်

CoverLogo
624 Views
 
မြန်မာကအခက်ခဲနဲ့ရင်ဆိုင်နေရတဲ့ လူတစ်သန်းကျော်အတွက်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်( WFP )ကရိက္ခာအထောက်အပံ့တွေကိုလာမယ့် ဧပြီလကစပြီး လျော့ချ ကာရပ်ဆိုင်းသွားမှာဖြစ်ကြောင်း မတ်လ ၁၄ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။
ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်မှု မြင့်တက်နေတဲ့ အာရက္ခဒေသက စစ်ဘေးရှောင်တသိန်းအပါအဝင်လူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီပေးမှုတွေ ကိုရပ်ဆိုင်းမှာဖြစ်ရာ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားလာတာကြောင့် ရပ်တန့်ရတာဖြစ်တယ်လို့ WFP ကဖော်ပြပါတယ်။
WFP အနေနဲ့ ရန်ပုံငွေအသစ် မရရှိတော့ဘူးဆိုရင် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း စတဲ့ ထိခိုက်လွယ်အုပ်စုတွေက လူဦးရေ သုံးသောင်းခွဲခန့်ကိုပဲ ဆက်လက်ကူညီနိုင်တော့မယ်လို့ ဆိုထားပါတယ်။
“အခုဖြစ်လာမဲ့ အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။
မြန်မာလူထုကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ဆက်လက်ပေးအပ်နိုင်ဖို့ရာအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ် အရေးတကြီး လိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်( WFP )က သိရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိမှာ မြန်မာနိုင်ငံက လူဦးရေ ၁၅.၂ သန်းခန့်ဟာ တစ်နေ့တာ စားနပ်ရိက္ခာလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်တဲ့အရေးနဲ့ ကြုံနေရကာငတ်မွတ်မှု‌‌ တွေရှိနေတယ်လို့လည်း WFP က ဖော်ပြထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026