NEWS

ကမ္ဘာ့ငြိမ်းချမ်းမှုမရှိဆုံး နိုင်ငံတွေထဲ မြန်မာနိုင်ငံပါဝင်

CoverLogo
535 Views
 
ကမ္ဘာ့ငြိမ်းချမ်းမှု မရှိဆုံး နိုင်ငံ ထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုညွှန်းကိန်း (GPI)စစ်တမ်းတွေအရသိရပါတယ်။
 
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုညွှန်းကိန်း (GPI) ကို ဩစတြေးလျအခြေစိုက် NGO အဖွဲ့ဖြစ်တဲ့ Institute for Economics & Peace (IEP) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
၂၀၂၅ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို စစ်တမ်းကောက်ယူတဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုညွှန်းကိန်း (GPI) မှာ မြန်မာနိုင်ငံက ၁၅၃ နေရာမှာ ရှိနေတယ်လို့ လေ့လာချက်စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
 
ယခုနှစ်ထုတ်ပြန် တဲ့ စာရင်း မှာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံပါဝင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၁၅၃ နေရာမှာ ရှိတဲ့ အတွက် အာရှ-ပစိဖိတ်ဒေသ တွင်းက နိုင်ငံတွေနဲ့ နှိင်းယှဉ်ပါက ငြိမ်းချမ်းမှုမရှိဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံထက် ငြိမ်းချမ်းမှုမရှိဆုံးနိုင်ငံတွေမှာ မာလီ၊ အစ္စရေး၊ တောင်ဆူဒန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ဒီအာကွန်ဂို၊ ဆူဒါန်၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတိုက အစဉ်လိုက်ရပ်တည်နေပါတယ်။
 
တစ်နိုင်ငံချင်းစီအလိုက် အဆင့်သတ်မှတ်ရာ မှာ စစ်ပွဲဖြစ်ပွားမှု၊ သေဆုံးသူအရေအတွက်၊ နိုင်ငံရေးတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးများအပါအဝင် မတူကွဲပြားတဲ့ အညွှန်းကိန်း ၂၃ ခုအပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။
 
ယခုနှစ် အတွက် ငြိမ်းချမ်းမှုအရှိဆုံး ၁၀ နိုင်ငံမှာ တော့ အိုက်စလန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ ပေါ်တူဂီ၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားနှင့် ဖင်လန်နိုင်ငံတိုက အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026