NEWS

နှစ်စဥ်ကြေးသုံးနှစ်တိတိမရရှိဘဲ အလုပ်လုပ်​နေရ

CoverLogo
1.3K Views

စတင်အလုပ်လုပ်ကိုင်စဥ်ကချုပ်ဆိုခဲ့တဲ့စာချုပ်မှာ နှစ်စဥ်အလုပ်သမားတဦးအတွက်ခွင့်ရက် ၁၀ ရက်မယူပါက အဆိုပါကြေး ၁၀ ရက်စာ ၄၈၀၀၀ ပေးဖို့ပါပေမယ့် RainbowTex.Co.Ltd အထည်ချုပ်စက်ရုံဖက်ကသုံးနှစ်တိတိ မသိကျိုးကျွံပြုနေခဲ့တယ်လို့အဆိုပါစက်ရုံအလုပ်သမားတွေကဆိုပါတယ်။

Rainbow Tex Co.Ltd အထည်ချုပ်စက်ရုံဟာရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့ တရုတ်ပိုင်အထည်ချုပ်စက်ရုံတစ် ခုဖြစ်ပြီးမန်နေဂျာတွေဟာလဲ တရုတ်လူမျိုးတွေဖြစ်တယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"နှစ်ကြေးမရတာသုံးနှစ်ရှိပြီ၊ သွားပြောလဲသူတို့ကခေါင်းဆောင်တွေကိုငွေပေးပြီးစည်းရုံးလိုက်တော့ပြီးသွားရော စက်ရုံဖက်ကတအားနှိမ်တယ်၊ ဘာခံစားခွင့်မှမရဘူး"လို့အဆိုပါစက်ရုံအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

ယခင်ကတည်းကနှစ်စဥ်ကြေးမပေးခဲ့တဲ့အဆိုပါစက်ရုံရဲ့ယခုလက်ရှိလုပ်ငန်းခွင်အခြေအနေတွေဟာထင်ထားတာထက်ပိုမိုဆိုးဝါးနေတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။

အဲ့ဒီ့ထဲမှာအိုတီမဆင်းမနေရပုံစံပြောဆိုတာတွေ၊အောစူပါတွေရဲ့မနက်လင်းတာနဲ့အော်ငေါက်တာတွေ၊ အာဝါဒီးအထည်တွေတိုးတောင်းတာတွေ၊ မဖြစ်နိုင်တဲ့အပ်ထည်အရေအတွက်တွေတိုးတောင်းတာတွေအထိရှိနေတယ်လို့သိရပါတယ်။

"စက်ရုံထဲမှာကဘာမှမရှိတော့ဘူး၊ အလုပ်သမားအခွင့်အရေးကဘာခံစားခွင့်မှမရှိဘူး၊ မနက်မိုးလင်းအလုပ်ထဲက ဆယ်မိနစ်အလိုမှာ ဘဲလ်တီးပြီးထဲကစတာပဲ နေမကောင်းရင်တောင်ပြန်မလွှတ်ချင်ဘူး၊ ထွက်စာတင်မယ်ပြောမှဆူအောင့်ပြီးပေးပြန်တာ"လို့ Rainbow Tex Co.Ltd စက်ရုံလုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်ပြီးအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

အထက်ပါစက်ရုံဝန်ထမ်းတွေဟာနှစ်ကြေးကိစ္စကိုအလုပ်ရုံပိုင်ရှင်ဆီမကြာခဏဆိုသလိုသွားရောက်ပြောဆိုဖို့စီစဥ်ခဲ့ပေမယ့်ခေါင်းဆောင်ဆိုသူတွေကကြားထဲကအပြောမခံခဲ့ဘူးလို့ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်း နိုင်ငံတွင်းကအထည်ချုပ်စက်ရုံ၊ အလုပ်ရုံတွေဟာအလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ်တွေကိုပေါ်ပေါ်တင်တင်ပဲချိုးဖောက်နေပြီး အလုပ်သမားတွေဖက်ကလဲလုပ်သားအခွင့်အရေးချိုးဖောက်ခံရမှု့များစွာရှိနေပါတယ်။

 


Related posts

Cover
Chu Yang Myanmar စက်ရုံ လုပ်ငန်းရှင်အား တရားစွဲဆိုထားမှုစတင်စစ်ဆေး
Aug 23, 2024
Cover
စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးချေရန်ပြင်ဆင်
Aug 22, 2024
Cover
တနေ့အလုပ်ချိန် ၁၅ နာရီလုပ်ကိုင်နေရပြီး ပိတ်ရက်မပေး
Aug 22, 2024
Cover
SQI အထည်ချုပ် နားချိန်အပြည့်မပေးဘဲ ဖိအားပေး ခိုင်းစေ
Aug 21, 2024
Cover
Pro Cap ဦးထုတ်စက်ရုံ လစဉ် ရက် ၃၀ လုပ်ခ လက်ခံရန် ခြိမ်းခြောက် လက်မှတ်ထိုးခိုင်း
Aug 21, 2024
Cover
S.H.UNITED  အထည်ချုပ် လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေ
Aug 21, 2024
Cover
အဓမ္မခိုင်းစေခံရပါက တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ကြေညာ
Aug 21, 2024
Cover
Chu Yang (Myanmar) စက်ရုံက သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှု ညှိနှိုင်းပြီးလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ရ
Aug 21, 2024