NEWS

ရေနံနှင့်သဘာဝဓါတ်ငွေ့မှ စစ်အုပ်စုရရှိနေတဲ့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု့အတွက် Total Company ကိုဖိအားပေးမှု့ အရှိန်မြှင့်မယ်

CoverLogo
1.8K Views

ပြည်တွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု့မှ စစ်အုပ်စုရရှိနေတဲ့ အခွန်ဝင်ငွေတွေ ဖြတ်တောက်နိုင်ရေး Blood Money Campaign လှုပ်ရှားမှု့ကို အရှိန်အဟုန်မြှင့်မယ်လို့ ကမ်ပိန်းဦးဆောင်သူတွေက ပြောပါတယ်။

ဒီလှုပ်ရှားမှု့မှာ ၁၉၉၀ ကတည်းက မြန်မာပြည်ရဲ့ကမ်းလွန်နဲ့ ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပြင်သစ်အခြေစိုက် Total Energies အပါအဝင်တောင်ကိုရီးယား POSCO၊ ထိုင်းအခြေစိုက် PTT တို့ကိုစစ်ကောင်စီရရှိနေတဲ့ ရှယ်ယာတွေမပေးဘဲထိန်းချုပ်ပေးဖို့တောင်းဆိုတာတွေလဲပါဝင်ပါတယ်။

မနေ့က ဒီဇင်ဘာ ၁ ရက်​​နေ့မှာပဲ ပြင်သစ်နိုင်ကံပဲရစ်မြို့မှာ Blood Money Campaign နဲ့ပတ်သက်တဲ့သတင်းစာရှင်းပွဲတခုကို ကမ်ပိန်းဦးဆောင်သူတွေနဲ့တက်ကြွလှုပ်ရှားသူတွေကပြုလုပ်ခဲ့ပါတယ်။

"ခုစစ်ကောင်စီက ပြည်သူတွေကိုခုလို ရက်ရက်စက်စက် သတ်ဖြတ်နေနိုင်တာ မုဒိန်းမှု့တွေကျူးလွန်နေတာ ရွာတွေကိုမီးရှို့နေတာတွေဟာ ဒီကရတဲ့ဒေါ်လာတွေအခွန်ငွေတွေကြောင့်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒီအခွန်ငွေတွေပေးချေနေတာတွေကို အားလုံးရပ်တန့်ဖြစ်ဖို့ Total Energies ကိုပြောလိုပါတယ်"လို့ Blood Money Campaign ရဲ့ Natural Resource Activists တဦးဖြစ်တဲ့ကိုရဲမင်းကပြောပါတယ်။

MOGE လို့ခေါ်တဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှာ ၁၉၈၈ ခုနှစ်တည်းက အကြမ်းဖက်မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီးယခုအချိန်မှာ စစ်အုပ်စုပြုလုပ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု့တွေနဲ့ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ဆင်ရေးကိစ္စရပ်တွေအတွက် အကြီးမားဆုံး ၀င်ငွေထောက်တိုင်ကြီးဖြစ်နေတာပါ။

Total Company ကနေ စစ်အုပ်စုပိုင် ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းMOGE ကို Payment တွေကို suspended လုပ်ပေးမယ်လို့ကြေကြာချက်ထုတ်ခဲ့ပေမယ့် အမြတ်ငွေရဲ့ 10 % ပဲ ရပ်တန့်ခဲ့တာ ဖြစ်ပြီးတော့ ကျန်ငွေ 90% ဟာ စစ်အုပ်စုထံ စီးဆင်းလျက်ရှိနေဆဲ ဖြစ်တယ်လို့သတင်းစာရှင်းပွဲကရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။

"ကျမတို့အနေနဲ့ဒီ Total Company ရဲ့နိုင်ငံခြားကဓါတ်ဆီအရောင်းဆိုင်တွေ ဓါတ်ငွေ့အရောင်းဆိုင်တွေကိုအားမပေးကြဖို့ လှုံ့ဆော်နေပါတယ်။ဒီကမ်ပိန်းကအောင်မြင်တယ် လို့လဲပြောရမှာပါ၊ နိုင်ငံတကာကသမဂ္ဂတွေ တက်ကြွလှုပ်ရှားသူတွေအကုန်ပူးပေါင်းဆောင်ရွက်လာပါပြီ။ ကျမတို့ပြည်တွင်းကပြည်သူတွေရဲ့အသံကိုပြည်ပနိုင်ငံက လူတွေအားလုံးကြားခဲ့ရပါပြီ ဒီ့ထက်ပိုပြီးဆောင်ရွက်သွားဖို့လဲရှိပါတယ်"လို့ Global Myanmar Spring Revolution ကမမွန်ဇင်က ပြောပါတယ်။

နောက်ထပ်ပစ်မှတ်တွေအနေနဲ့ လက်ရှိကန့်ကွက်နေတဲ့ကြားကပဲ တူးဖော်ရေးတွေဆက်လုပ်နေတဲ့ POSCO ကုမ္ပဏီ အပါအဝင်စစ်အုပ်စုကို နိုင်ငံခြားငွေရရှိအောင်လုပ်ပေးနေတဲ့စီးပွားရေးလုပ်ငန်းတွေပါဝင်သွားမယ်လို့လဲသိရပါတယ်။

Total Company အနေနဲ့ထိုင်းကို ပို့တဲ့ ပိုက်လိုင်းကုမ္ပဏီ ရဲ့ အမြတ်ကို မခွဲဝေတော့ ဘူးလို့ ပြောဆိုထားပေမယ့် Offshore production ရဲ့ Gas Royalties ( 12.5 % ရှိတယ် ထုတ်လုပ်မှုတန်ဖိုး၊ commercial tax 5%၊ ထုတ် လုပ်မှု ဝေစု ၃၅%) တွေက lion share of revenue ရှိနဆဲလို့သိရပါတယ်။

Total အနေနဲ့ ဒီ ပိုက်လိုင်းကုမ္ပဏီ အမြတ်ဝေစုခွဲတာ ကို ရပ်လိုက်တာ ကို ထောက်ခံပေမယ့် ပိုပြီး ပမာဏ များတဲ့ offshore production ကို လူတွေ အာရုံမစိုက်မိအောင် လုပ်ဆောင် တာမျိုး မဖြစ်သွားအောင် offshore production revenue stream ကိုလည်း စစ်ကောင်စီ လက်ထဲ မရောက် အောင် ဝိုင်းဝန်းကြိုးစားမှု အရှိန် လျှော့လို့ မရပါဘူးလို့လဲတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်စေသော အာဏာရှင်နှင့်အပေါင်းအပါတို့၏ စီးပွားရေးလုပ်ငန်းများအနက် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း - Myanmar Oil and Gas Enterprise (MOGE) မှ ရရှိသောဝင်ငွေမှာ မြန်မာနိုင်ငံသို့ စီးဝင်နေသော နိုင်ငံခြားငွေစုစုပေါင်း၏ ထက်ဝက်ကျော်ခန့်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (1) billion ကျော်ရရှိနေပါတယ်။ 


Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကျင်းပ
Oct 07, 2025
Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
သတင်းလွတ်လပ်ခွင့် အဆင့် ၁၆၉ နဲ့ သတင်းသမားတွေအန္တရာယ်အများဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်
May 03, 2025
Cover
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ  လုပ်ငန်းခွင် ဆေးပေးခန်းမှာထည့်သွင်းပေးဖို့ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်
Mar 07, 2025
Cover
ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို   နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို
Mar 05, 2025