NEWS

မြန်မာစစ်တပ်ကို အရေးယူရန် ILO အား ပြည်တွင်းပြည်ပ အထည်ချုပ်အလုပ်သမားများ တောင်းဆို

CoverLogo
660 Views
 
မြန်မာစစ်တပ်ကို အရေးယူပေးဖို့ ILO ကို ပြည်တွင်းပြည်ပ အထည်ချုပ်အလုပ်သမားတွေက တောင်းဆို လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( CTUM Myanmar) က ဒီကနေ့ ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံက စက်မှုလုပ်ငန်းခွင်အတွင်း မြန်မာစစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက် ဖိနိုပ်ခံတာနဲ့ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက အခုနှစ် သြဂုတ်လအတွင်း အလုပ်သမားတွေရဲ့ သတင်းအချက်အလက်တွေကို ကောက်ခံတာတွေ ပြုလုပ်နေပြီး အဓမ္မ စစ်မှုထမ်းခိုင်းစေမှုအတွက် အလုပ်သမားတွေက စိုးရိမ်ချက်တွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
အခြေခံ အထည်ချုပ် အလုပ်သမားများအနေနဲ့ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ ဖိနိုပ်အုပ်ချုပ်နေတဲ့ အာဏာရှင် စစ်တပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ တောင်းဆိုတဲ့ ကမ်းပိန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်အာဏာရှင်အောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ စစ်အုပ်စုကို ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ဆွေးနွေးမှာ ဖြစ်ပြီး စစ်ကောင်စီ ဖြုတ်ချရေး ဆောင်ရွက် သွားမယ်လို့ လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကျင်းပ
Oct 07, 2025
Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
သတင်းလွတ်လပ်ခွင့် အဆင့် ၁၆၉ နဲ့ သတင်းသမားတွေအန္တရာယ်အများဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်
May 03, 2025
Cover
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ  လုပ်ငန်းခွင် ဆေးပေးခန်းမှာထည့်သွင်းပေးဖို့ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်
Mar 07, 2025
Cover
ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို   နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို
Mar 05, 2025