NEWS

တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို

CoverLogo
966 Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ Myanmar Xiang Rui Fashion အထည်ချုပ် စက်ရုံရှိ အလုပ်သမားတွေဟာ အစိုးရရုံးပိတ်ရက်တွေနဲ့တနင်္ဂနွေပိတ်ရက်ကိုပါ အချိန်ပိုမဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ကာဖိအားပေးစေခိုင်းနေလို့ ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အချိန်ပိုက တနင်္ဂနွေနေ့ပါဆင်းပေးနေရတာနှစ်ပတ်ရှိပါပြီ။ ခုလာမဲ့တနင်္ဂနွေလည်းဆင်းရမယ်လို့ပြောနေတယ်။ သေချာတော့မသိသေးဘူး။ အချိန်ပိုကြေးကတစ်နာရီကို ၁၄၀၀ ရပါတယ်။ ဒါပေမဲ့တစ်ရက်လုံးကို အမှန်တကယ်ရရမဲ့နှုန်းထက် တစ်ထောင်ကျော်နှစ်ထောင်လောက်ကွာပါတယ်။ အတိအကျတော့မဟုတ်ဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေကို ည (၈း၄၀) အထိ အချိန်ပိုခေါ်နေတာတွေ ရှိတဲ့အပြင် တနင်္ဂနွပိတ်ရက်တွေကိုလဲ အလုပ်သမားတွေ ရဲ့ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဖိအားပေးပြောဆိုကာ အချိန်ပိုဆင်းခိုင်းတာတွေပြုလုပ်သလို  တနင်္ဂနွေ ရက်တွေ အချိန်ပိုမဆင်းပါက  ပါးရိုက်မယ်ဆိုတဲ့စကားအထိ စက်ရုံမန်နေဂျာက မိုက်နဲ့ပါကြော်ငြာတာမျိုးတွေ ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ မဆင်းချင်လဲ ဆင်းနေရတယ်လို့သိရပါတယ်။ 

အဲ့ဒီလို အချိန်ပိုခေါ်ယူတာနဲ့ပတ်သက်ပြီး အပြင်းအဖွဲ့အစည်းတွေကို အကူအညီတောင်းခဲ့ရင်လဲ ဆက်သွယ်ချိက်ဆက်တဲ့သူတွေကို ဆက်သွယ်ရေး ပုဒ်မနဲ့ အရေးယူမယ်လို့လဲ မန်နေဂျာက မိုက်နဲ့ ကြော်ငြာထားတယ်လို့ သိရပါတယ်။ 

"အလုပ်သမားတွေကို တနင်္ဂနွေပိတ်ရက်တွေမှာအချိန်ပိုခေါ်မယ်ဆိုရင် ကြို အသိပေးတာအလုပ်သမားဆန္ဒမေး တာတွေမရှိဘူး။  အချိန်ပိုမဆင်းရင်ပါးရိုက်မယ်လို့တောင် စက်ရုံမန်နေဂျာကမိုက်နဲ့ပြောထားတာ။  အခြားအပြင်ကအဖွဲ့အစည်းတွေကိုတိုင်ရင်လည်း ဆက်သွယ်ရေးပုဒ်မနဲ့အရေးယူမယ်လို့ပြောတော့ အလုပ်သမားတွေလည်းမဆင်းချင်လည်းဆင်းပေးနေရတယ်"လို့ အလုပ်သမားတွေက Safe Migration & Labor Rights ထံသို့ အလုပ်သမားတွေကပြောထားပါတယ်။

စက်ရုံထဲ၀င်ချိန်နဲ့ထွက်ချိန်တွေမှာဆိုရင် အသက် (၆၀) အရွယ်အမျိုး သမီးတစ်ဦးက အလုပ်သမားတွေရဲ့ အတွင်းခံတွေအထိပါ ခန္ဓာကိုယ်အနှံ့ကိုင်တွယ် စစ်ဆေးခြင်းတွေ ရှိနေပြီး အမျိုးသား အလုပ်သမားနှင့် အမျိုးသမီး အလုပ်သမားတွေကိုပါ  အိမ်သာတွေထဲအထိ လိုက်ဝင်ကာ စစ်ဆေးခြင်းတွေ ပြုလုပ်နေတာကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်၀င်ချိန်ထွက်ချိန်တွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ Safe Migration & Labor Rightsရဲ့ ဖော်ပြချက်အရ သိရပါတယ်။  

"အတွင်းခံဘောင်းဘီတွေထဲအထိနှိုက်စစ်တာက ကွမ်းယာယူမယူစစ်တာပါ။ အိမ်သာတွေထဲမှာ နှိုက်စစ်တာပါ" လို့ အလုပ်သမားတစ်ဦးထံကသိရပါတယ်။  
     
ဒါ့အပြင်အလုပ်သမားတွေက ကျန်းမာရေး မကောင်းလို့ ခွင့်တိုင်တဲ့ အခါမှာလည်း  ခွင့်ပေးတယ်ဆိုပေမဲ့  ဥပဒေပါခွင့်နှင့် ပတ်သက်ပြီး  ခွင့်ယူခြင်းအတွက် ဒေးကြေး ခံစားခွင့်မပေးဘဲ လစာမဲ့ ခွင့်သာပေးတယ်လို့လည်း သိရပါတယ်။ 

လုပ်ငန်းခွင် ညှိနှိုင်းရေး ကော်မတီ WCC အဖွဲ့ကို ဖွဲ့စည်းထားပေမဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေ ဖြေရှင်းပေးတာမျိုးမရှိဘဲ အလုပ်ရှင်ဘက်က ခေါ်ပြီး အသိပေးတာကိုသာ လက်ခံပေးသူတွေဖြစ်တာကြောင့် အလုပ်သမားတွေက အလုပ်သမားတွေအတွက် အကူအညီဖြစ်စေနိုင်သော လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့ပေးစေလိုတယ်လို့လဲဆိုပါတယ်။  

"စက်ရုံကို Buyer တွေ လာစစ်ရင် သမဂ္ဂရှိတယ်ဆိုပြီး အယောင်ပြ သမဂ္ဂအဖွဲ့နဲ့  ၂၀၁၉ ခုနှစ်က အဖွဲ့အစည်းရှိတယ်တော့ပြောတယ်သေချာမသိဘူး။  WCC ဖွဲ့ထားတယ်တော့ပြောတယ်။ သူတို့က အလုပ်သမားတွေတစ်ခုခုဆို  လိုက်ညှိပေးတာမရှိဘူး။ သူတို့အလုပ်ရှင်ပြောတဲ့အတိုင်းပဲ လုပ်ကြတာ။ အလုပ်သမားဘက်ရပ်တည်ပေးတာမရှိဘူး "လို့  အလုပ်သမားတွေက ပြောပါတယ်။ 

 ပြီးခဲ့တဲ့၂၉.၇.၂၀၂၄ ရက်နေ့မှာ စက်ပြင်ဖို့ သွားခေါ်တဲ့ အလုပ်သမားကို စက်ပြင်မှ ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တာကြောင့် အလုပ်ထုတ်ခံရခြင်းရှိပြီး စက်ရုံဘက်ကလည်း ရိုင်းစိုင်းစွာပြော ဆိုဆက်ဆံနေတာတွကို ထိထိရောက်ရောက်အရေးယူပေးတာ မရှိဘူးလို့လည်း  Safe Migration & Labor Rights ဖော်ပြချက်အရ သိရပါတယ်။ 

အထက်ပါ ကိစ္စ ရပ်များနှင့် ပတ်သက်ပြီး အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် စက်ရုံတွင် အော်ဒါအပ်ထားသော Buyer တွေအနေနဲ့   စက်ရုံရှိ အလုပ်သမားများရင်ဆိုင်နေရတဲ့  အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေစေလိုတာကြောင့်အသိပေးလိုခြင်း ဖြစ်ကာ Myanmar Xiang Rui Fashion စက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့လည်း  အကူအညီတောင်းခံထားခြင်းဖြစ်တယ်လို့ Safe Migration & Labor Rights ဖော်ပြချက်အရသိရပါတယ်။

စက်ရုံဟာ  အလုပ်သမားလူဦးရေ (၈၀၀) ခန့်ရှိပြီး  OVS/ BESERVED/LCW VISION/IONSDALE/XSIDE တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026