SURVEY

အထည်ချုပ် လုပ်ငန်းခွင်အတွင်းက ဆဲဆိုမှု (သို့) နိုဝင်ဘာလ ချိုးဖောက်မှုတွေ

CoverLogo
95 Views

၂၀၂၄ ခုနှစ်အတွင်း အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက် ခံရတဲ့ သတင်းတွေကို  စိစစ်ပြီး တွေ့ရှိချက် တွေကို Myanmar Labour News မှာ လအလိုက်ဖော်ပြခဲ့ရာမှာ အခု နိုဝင်ဘာလဆိုရင် ၁၁ ကြိမ်အထိ ရှိလာပါပြီ။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး  “၁၆ ရက်တာ” လှုပ်ရှားမှု အနေနဲ့ Myanmar Labour News က လုပ်ငန်းခွင်အတွင်းက အမျိုးသမီးလုပ်သားတွေ တွေ့ကြုံရတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှု တခု ပြုလုပ်ခဲ့ပါတယ်။ 

လုပ်ငန်းခွင်အတွင်း ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ခံရမှု တွေထဲမှာ ဆဲဆိုခံရမှုုက ထိပ်တန်းအနေနဲ့ ပါဝင်နေတာကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့တဲ့ အမျိုးသမီး အထည်ချုပ် အလုပ်သမားက ဖြေကြားသွားပါတယ်။ 
Myanmar Labour News က အလုပ်သမား သတင်းတွေအပေါ် စိစစ်မှုတွေပြုလုပ်ရာမှာ အလုပ်သမားတွေ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရတာ၊ လုပ်ငန်းခွင် အကြမ်းဖက်တာ၊ ခွဲခြားဆက်ဆံတာ၊ ဖိအားပေး ခြိမ်းခြောက်တာ  တွေကို ကဏ္ဍတွေ သတ်မှတ်ပြီး မှတ်တမ်းပြုစုထားပါတယ်။ 

ဒီ စိစစ်မှုတွေထဲက တွေ့ရှိချက်ကို အခြေခံပြီး လုပ်ငန်းခွင်အတွင်း ဆဲဆိုခံရမှုကို အဓိကထား မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။ 
လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေမှုတွေအများဆုံးဖြစ်ပွားတဲ့ လုပ်ငန်းခွင်ကတော့ အထည်ချုပ် လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကြောင့်လည်း အလုပ်သမားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နစ်နာခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ 
ဒါပေမဲ့ ကာယကံရှင် အလုပ်သမားတွေက သဘောတူညီမှု မရတာကြောင့် သတင်းတွေရဲ့ မျက်နှာစာပေါ် ရောက်မလာတာ ဖြစ်ပါတယ်။ 

တွေ့ဆုံမေးမြန်းမှု ဖော်ပြခဲ့တဲ့  လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ အဲဒီမှတ်ချက်တွေမှာ လုပ်ငန်းခွင် ဆဲဆိုမှု အခြေအနေတွေနဲ့ အလုပ်သမားတွေ ထိခိုက်မှုတွေ ရှိတယ် ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။  ရေးသားတဲ့ စကားစု တချို့ကတာ့ ....  

“အဆိုးဆုံးကတော့ ‌ေ- နဲ့ဆဲတာပါဘဲ” ။  “ကျမ စက်ရုံဆို ဆဲသံတွေက  နားရည်ဝ နေပါပြီ” ။  ....
“ သူပြော ပြထားတာက လိုတောင်  လိုနေသေးတယ် ။ စိတ်ဓာတ်ပျော့တဲ့ လူတွေဆို၊ စိတ်ကျ  ရောဂါလိုမျိုး တောင် ဖြစ်သွားနိုင်တယ်။ မိသားစုဆီ ပြန်ရောက်တဲ့အခါ ကလေးတွေက တအားကို ပင်ပန်းနေကြပြီ။ ကြုံတွေ့ခဲ့တာတွေက ယုတ်မာ မိုက်ရိုင်းလွန်းတယ်။ စကားတွေ မဟုတ်ဘဲ၊ ဓါးတွေ သာဆို ၊ အဲ့လူက ဒီလို လုပ်ငန်းခွင်မှာ  တစ်ပတ် အတွင်း သေနိုင်တယ်။” ။ .....
ဒါကတော့ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေအပေါ် ပုဂ္ဂိုလ်သုံးဦးရဲ့ မှတ်ချက် စကားတွေ ဖြစ်ပါတယ်။
ဒီမှတ်ချက်စကားတွေက  မြန်မာအထည်ချုပ်လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေရဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။ 

၂၀၂၄ နိုဝင်ဘာလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတဲ့ စက်ရုံသတင်း  ၃၇ ပုဒ် ရှိပါတယ်။ 
ဒီသတင်းတွေမှာ ဆဲဆိုမှု ရှိတယ်ဆိုတဲ့ စက်ရုံ ၁၄  ရုံ  အထိ ရှိတာကို တွေ့ရ ပါတယ်။ ဒီအရေအတွက်က  သတင်းဖော်ပြထားတဲ့ စက်ရုံပေါင်း ၃၃  ရုံ ရဲ့ သုံးပုံတပုံအထိ ရှိနေတာ ဖြစ်ပါတယ်။
 
စက်ရုံ ၃၃ ရုံထဲမှာ  ချုပ်လုပ်ရေးလုပ်ငန်းက ၂၉ ရုံ၊ ယန္တယားငှားရမ်းရေး  ၁ ရုံ၊ စားသောက်ကုန် ၁ ရုံ၊ ပန်းပု လုပ်ငန်း ၁ ရုံ တို့ ပါဝင်ပါတယ်။ 
လုပ်သားပါဝင်မှုကတော့  အနည်းဆုံး လုပ်သား ၁၀၀ ကနေ အများဆုံး ၃၀၀၀ အထိ ပါဝင် တာကို လည်း တွေ့ရပါတယ်။ ဒီလထဲမှာ သတင်းနှစ်ကြိမ်စီ ဖော်ပြခံရတဲ့ စက်ရုံ ၄ ရုံ ပါဝင်တာကိုလည်း တွေ့ရှိရပါတယ်။ 

Myanmar Labour News က အလုပ်သမား ဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှု အကြောင်းအရာ အမျိုးအစား ၂၇  မျိုး ခွဲခြားလေ့လာခဲ့ပြီး နိုဝင်ဘာလအတွင်းမှာတော့ ၂၅ မျိုး ချိုးဖောက်ခံထားရတာကို တွေ့ရပါတယ်။ 

နိုဝင်ဘာလအတွင်း ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ထိပ်တန်းအကြောင်းအရာတွေထဲမှာ လုပ်ငန်းခွင်အတွင်း ဆဲဆိုခံရမှုတွေက နံပါတ်  ၅ နေရာမှာ ရှိတာကို တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လုပ်ငန်းခွင်အတွင်း ဆဲဆို အကြမ်းဖက်တယ်ဆိုတဲ့ စက်ရုံပေါင်းက ၁၁  ရုံအထိ ရှိခဲ့တာမို့ လျော့ကျတာ မရှိတဲ့ အပြင် တိုးများတာကိုလည်း တွေ့ရမှာပါ။  

• တွေ့ရှိချက်များ  

နိုဝင်ဘာလအတွင်း လုပ်ငန်းခွင် ဆဲဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံတွေကတော့ Tha Shu (Myanmar) Fashion Co.,Ltd (https://www.myanmarlabournews.com/posts/ အလုပ်သမားတွေကို-ကျန်းမာရေးထိခိုက်တဲ့အထိ-အချိန်ပိုအလွန်အကျွံခိုင်းစေ)၊ Great Summer Myanmar Garment Co.,Ltd (https://www. Myanmar labour news. com/ posts/great-summer-myanmar-garment-အချိန်ပိုဆင်းခိုင်းပြီး-ကြိုပို့ယာဉ်-ထပ်စောင့်ခိုင်း၊ Myanmar GiGi Leather Goods Manufactory (https://www.myanmarlabournews.com/ posts/myanmar -gigi-leather- စက်ရုံ-အလုပ်သမားများအား-ခွဲခြားဆက်ဆံ)၊ Mai Yi Bei (Yangon)Garment Manufacturing Co, Ltd (https://www. myanmarlabournews.com/posts/mai-yi-bei-yangongarment-manufacturing-co-ltd- တွင်-အချိန်ပိုနာရီတစ်ချို့ကို-အခကြေးငွေမပေးဘဲ-ခိုင်းစေသလို-အချိန်ပိုကြေးကို-ကျပ်-၁၄၀၀-နဲ့သာ-တွက်ချက်ပေးချေနေ၊ HANDA (YANGON) GARMENT CO.LTD (https://www.myanmarlabournews. com/posts/ အချိန်ပိုကြေး-တိုးမြှင့်ပေးဖို့-အလုပ်သမား-၃၀၀၀-နီးပါး-ဆန္ဒဖော်ထုတ်)၊ LITA MYANMAR Co.,Ltd (https://www.myanmarlabournews.com/posts/lita-myanmar-co-ltd-  တွင်-ဥပဒေပါ-ခွင့်ရက်များ-မပေး သည့်အပြင်-ဥပဒေမဲ့-အလုပ်ထုတ်လိုချိန်တွင်-ရဲခေါ်-အသုံးပြုနေ)၊ BOGART LINGERIE (Yangon)( https:// www.myanmarlabournews.com/posts/bogart-lingerie-yangon တွင် အထည်စံချိန်အလွန် အကျွံ တောင်းခံ နေပြီး-မပြည့်မီပါက-အလုပ်ချိန်မတိုင်ခင်ကြိုတင်ခိုင်းစေနေ) ၊   Smooth World International (Myanmar) Limited (https://www.myanmarlabournews.com/posts/smooth-world-  အထည်ချုပ်- မန်နေဂျာ  အပါအဝင်-ကြီးကြပ်ရေးမှူးများ-ဆဲဆို-ခိုင်းစေနေ)၊ Myanmar Jiale Fashion Co..Ltd (https://www.  myanmarlabournews.com/posts/ လုပ်ခလစာပေးချေရာမှာ-နှစ်ကြိမ်ခွဲပေးနေလို့-အလုပ်သမားတွေ အခက်ကြုံနေ)၊ Myanto Industrial CO.Ltd (https://www.myanmarlabournews.  com/posts/myanto-industrial-coltd- တွင်-အလုပ်သမားတစ်ဦးကို-ပွိုင့်လေးပွိုင့်-ချုပ်ခိုင်းသည့်အပြင်-အလုပ်မလာသူများ-အတွက်ပါ-လုပ်အားဖြည့်ခိုင်း)၊ Straightex Co.,Ltd (https://www.myanmarlabournews.com/posts/straightex-  အထည်ချုပ်-စနေ-အောနိုက်-တနင်္ဂနွေနေ့ပါ-အချိန်ပို-ခေါ်ခိုင်း)၊ Myanmar Huasheng Kefu Fashion Co., ltd (https://www.  Myanmar labournews. com /posts/  အချိန်ပိုမဆင်းပါက-အလုပ်ထုတ်ပယ်တဲ့ အထိ အရေးယူခံရ)၊ New Top Lotus Co.,Ltd (https://www. Myanmarlabournews.com/posts/ ကလေး လုပ်သားများခိုင်းစေနေပြီး-အလုပ်သမားအခွင့် အရေး  ချိုးဖောက်နေ) ၊ Great Glowing (https://www. myanmarlabournews.com/posts/great-glowing- စက်ရုံ-hr-ရုံးအဖွဲ့-အလုပ်သမားများအား-ရိုင်းစိုင်းစွာ-ခွဲခြားဆက်ဆံ)တို့ ဖြစ်ပါတယ်။ 

• ဆဲဆိုမှုတွေထက် များတဲ့ ချိုးဖောက်မှု အကြောင်းအရာတွေ

နိုဝင်ဘာလအတွင်း ဖော်ပြထားတဲ့ သတင်းတွကို စိစစ်ရာမှာ လုပ်ငန်းခွင် ဆဲဆိုခံရမှု ထက်များတဲ့ အကြောင်း အရာတွေနဲ့ ချိုးဖောက်တဲ့ စက်ရုံတွေကတော့ လစာနဲ့ ရပိုင်ခွင့် ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံ က  ၂၂ ရုံ ၊ အချိန်ပို ဥပဒေသတ်မှတ်ချက်တွေကို ကျော်လွန် ခိုင်းစေတဲ့ စက်ရုံက ၂၁ ရုံ ၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေနေတဲ့ စက်ရုံ  ၁၆ ရုံ ၊ ဥပဒေမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင် အခြေအနေနဲ့ ညီညွတ်မှုမရှိဘူးဆိုတဲ့ စက်ရုံက ၁၅ ရုံ နဲ့ ဥပဒေပါ ခွင့် ခံစားခွင့်မပေးတဲ့ စက်ရုံ ၁၅ ရုံ စတာတွေ ဖြစ်ပါတယ်။ 

• လစာနဲ့ ရပိုင်ခွင့် ဖြတ်တောက်တဲ့ စက်ရုံတွေ   

လစာနဲ့ ရပိုင်ခွင့် ဖြတ်တောက်တဲ့စက်ရုံ  ၂၂ ရုံ ကတော့ BOGART LINGERIE (Yangon) ၊ CHARIS COMPANY LIMITED (https://www.myanmarlabournews.com/posts/ အမျိုးသမီးအလုပ်သမား-အပေါ်ကိုယ်ထိ လက်ရောက်ကျူးလွန်လို့-ဖြေရှင်းပေးရန်-တောင်းဆိုတဲ့-အလုပ်သမားတွေ-အလုပ်ထုတ်ခံရ) ၊ Diamond Rental Myanmar Co.,Ltd (https:// www.myanmarlabournews.com/posts/diamond-rental-myanmar-coltd- အလုပ်သမားတဦးမှ-ပေးစာ ၊  Great Summer Myanmar Garment Co.,Ltd၊ HANDA (YANGON)GARMENT CO.LTD၊  HERMITE (https://www. myanmarlabournews.com/posts/hermite- အရုပ်စက်ရုံ-ယနေ့-ပိတ်ရက်တွင်-အချိန်ပို-ခေါ်ခိုင်း-မဆင်းသည့်-အလုပ်သမားများအား-ရက်မှန်ကြေး-ဖြတ်တောက်) ၊ Jiashihao Myanmar Limited (https://www.  myanmarlabournews.com/posts/jiashihao-myanmar- အထည်ချုပ်-တနင်္ဂနွေပိတ်ရက်များအား-ရက်အစားနှင့်-အချိန်ပိုဆင်းခိုင်း) ၊ Lian Fa ( myanmar) Company (https://www.  myanmarlabournews.com/posts/ လျှံဖ-lianfa-အထည်ချုပ်စက်ရုံ-နေ့စဉ်-အချိန်ပိုလုပ်ကိုင်ပေးရသည့်အပြင်-အောလင်းဆင်းခိုင်း)၊ LITA MYANMAR Co, LTD၊ Mai Yi Bei (Yangon)Garment Manufacturing Co, Ltd၊ Myanmar Huasheng Kefu Fashion Co.,Ltd၊ Myanmar Jiale Fashion Co..Ltd၊ Myanto Industrial CO.Ltd၊ New Top Lotus Co.,Ltd၊ Real Star (https://www.myanmarlabournews.com/ posts/real-star- စက်ရုံမှာ-အခြေခံလစာကို-သတ်မှတ်နှုန်းအတိုင်းမပေးသည့်အပြင်-အချိန်ပိုနာရီများကိုပါ-လုပ်အားခခေါင်းပုံဖြတ်နေ) ၊ Ruby Lion Manufacturing (https://www.myanmarlabournews.com/posts/ruby-lion -စက်ရုံက အလုပ်သမားတွေ-လုပ်အားခခေါင်းပုံဖြတ်ခံရပြီး-စက်ရုံပိတ်နစ်နာကြေးပါမရဖြစ်နေ)၊ SHAN DOIVG HUAYI (MYANMAR) INDUSTRY CO.LTD(https://www.myanmarlabournews.com/posts/shan-doivg-huayi-myanmar-industry-coltd- တွင်-စကားပြန်က-ဥပဒေမဲ့-အုပ်ချုပ်သည့်အပြင်-အထည်စံချိန်များကိုလည်း-လုပ်နိုင်စွမ်းထက်-ပိုမိုတောင်းခံနေ)၊ Smooth World International (Myanmar) Limited၊ Sunrise Myanmar Fashion Garment (https://www.myanmarlabournews.com/posts/ လုပ်ငန်းခွင်အတွင်း-လုပ်သား အခွင့်အရေးချိုးဖောက်မှုရှိနေဟုဆို)၊ Tha Shu (Myanmar) Fashion Co.,Ltd၊ ZHIYUAN GARMENT (https:// www.myanmarlabournews.com/posts/zhi-yuan-garment- အထည်ချုပ်စက်ရုံ-အခွင့်အရေးချိုးဖောက်မှု တွေကျူးလွန်နေတယ်လို့-အလုပ်သမားတွေပြော) နဲ့ Zhong Xin Wang (https://www.  Myanmar labour news. com/posts/zhong-xin-wang -စက်ရုံတွင်-အလုပ်သမားတစ်ဦး-ဓာတ်လိုက်မှုဖြစ်ပွား-ပြင်းထန်ဒဏ်ရာ-ရထား)စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 

• အချိန်ပို ကျော်လွန် ခိုင်းစေ

အချိန်ပို ဥပဒေသတ်မှတ်ချက်တွေကို ကျော်လွန် ခိုင်းစေတဲ့စက်ရုံ ၂၁ ရုံကတော့ BOGART LINGERIE (Yangon)၊ BONTECH MANUFACTURING COMPANY.,LTD (https://www.myanmarlabournews.com/posts/bontech-

 အထည်ချုပ် စက်ရုံ-အချိန်ပိုအလွန်အကျွံခေါ်နေ) ၊ DIXINDA Garment Co.,Ltd (https://www.myanmar labournews.com/posts/ အထည်အရည်အတွက်ပြည့်မီရန်-ရေသောက်၊-အပေါ့သွားနိုင်ရေး-ခက်ခဲလာသည့်-အပြင်-wcc-ရဲ့-တစ်ဖက်သတ်-လုပ်ရပ်များကြောင့်-အလုပ်သမားများ-အခက်တွေ့နေ) ၊ Great Summer Myanmar Garment Co.,Ltd၊ He MeT Company Limited(https://www.myanmarlabournews. com/posts/he-met-company-limited-  တွင်-စက်ရုံအလုပ်သမား-၇၀-ရာခိုင်နှုန်းကို-နေ့စားအလုပ်သမား အဖြစ်သာ-ခိုင်းစေပြီး-ချိုးဖောက်မှုများ-လုပ်ဆောင်နေ) ၊ HERMITE၊ Lian Fa ( myanmar) Company၊ Mai Yi Bei (Yangon)Garment Manufacturing Co.,Ltd၊ Myanmar Huasheng Kefu Fashion Co.,Ltd၊ Myanmar Journay(https://www.myanmarlabournews.com/posts/ မြန်မာဂျော်နီ-အိတ်စက်ရုံ-အချိန်ပို-ခေါ်သည်ကို-တိုင်ကြားလို့-ဟုဆိုကာ-အလုပ်သမား-ဖုန်းများအား-သိမ်းဆည်း ၊ Myanto Industrial Co.,Ltd ၊ Prettex Myanmar (https://www.myanmarlabournews.com/posts/prettex-myanmar -စက်ရုံ-တွင်-ဥပဒေကို ဆန့်ကျင်ပြီး-ဖိအားပေး-အချိန်ပို-ဆက်ခိုင်း)၊ Real Star ၊ SHAN DOIVG HUAYI (MYANMAR INDUSTRY CO.LTD)၊ Smooth World International (Myanmar) Limited ၊ Straightex Co.,Ltd ၊ Sunrise Myanmar Fashion Garment၊ Tha Shu (Myanmar) Fashion Co.,Ltd၊ ZHIYUAN GARMENT တို့ဖြစ်ပါတယ်။ 

• ဖိအားပေး၊ ခြိမ်းခြောက် 

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ  ၁၆ ရုံ ကတော့ BOGART LINGERIE (Yangon)၊ BONTECH MANUFACTURING COMPANY.,LTD၊ CHARIS COMPANY LIMITED ၊ Great Summer Myanmar Garment Co.,Ltd  ၊ HERMITE ၊ Jiashihao Myanmar Limited ၊ LITA MYANMAR Co.,Ltd၊ Mai Yi Bei (Yangon) Garment Manufacturing Co.,Ltd၊ Myanmar GiGi Leather Goods Manufactory၊ Myanmar Huasheng Kefu Fashion Co.,Ltd၊ Myanmar Journay ၊ Myanto Industrial Co.,Ltd ၊ New Top Lotus Co.,Ltd ၊ Prettex Myanmar ၊ SHAN DOIVG HUAYI (MYANMAR) INDUSTRY CO.,LTD၊ Straightex Co.,Ltd  တို့ ဖြစ်ပါတယ်။

• နားခွင့် (ခွင့်) မပေးတဲ့ စက်ရုံတွေ

ဥပဒေပါ ခွင့် ခံစားခွင့်မပေးတဲ့ စက်ရုံ ၁၅ ရုံကတော့ BOGART LINGERIE (Yangon) ၊ Diamond Rental Myanmar Co.,Ltd၊ Great Summer Myanmar Garment Co.,Ltd၊ HANDA (YANGON)GARMENT Co.,Ltd၊ He MeT Company Limited၊ Jiashihao Myanmar Limited၊ LITA MYANMAR Co.,Ltd၊ Myanmar Huasheng Kefu Fashion Co.,Ltd၊ Myanmar Jiale Fashion Co..Ltd၊ Myanto Industrial Co.,Ltd၊ New Top Lotus Co.,Ltd၊ Real Star၊ Ruby Lion Manufacturing ၊ Tha Shu (Myanmar) Fashion Co.,Ltd၊ Zhong Xin Wang အထည်ချုပ် စက်ရုံတို့ ဖြစ်ပါတယ်။ 

• မပြည့်စုံတဲ့ လုပ်ငန်းခွင် အခြေအနေတွေ 

ဥပဒေမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင် အခြေအနေတွေထဲမှာ ထမင်းစားဆောင်၊ သောက်သုံးရေ၊ သန့်စင်ခန်း၊ ဆေးခန်းနဲ့ လုပ်ငန်းခွင်မှာ လေဝင်လေထွက် ကောင်းမွန်ဖို့ ကို သီးခြားဖော်ပြထားပါတယ်။ ဒါ့အပြင် EC စာချုပ်မှာလည်း ကြို၊ ပို့ယာဉ်တွေ ပြည့်စုံဖို့လည်း ပါဝင်ပါတယ်။  

ဒါပေမဲ့ အဲ့လို အခြေအနေတွေနဲ့ မပြည့်စုံဘူးဆိုတဲ့ စက်ရုံ ၁၅ ရုံကတော့ BOGART LINGERIE (Yangon) ၊ Diamond Rental Myanmar Co.,Ltd  ၊ Great Summer Myanmar Garment Co.,Ltd ၊ HANDA (YANGON)GARMENT Co.,Ltd  ၊He MeT Company Limited ၊ Jiashihao Myanmar Limited ၊ LITA MYANMAR Co.,Ltd ၊ Myanmar Huasheng Kefu Fashion Co.,Ltd၊ Myanmar Jiale Fashion Co.,Ltd ၊ Myanto Industrial Co.,Ltd၊ New Top Lotus Co.,Ltd ၊ Real Star ၊ Ruby Lion Manufacturing ၊ Tha Shu (Myanmar) Fashion Co.,Ltd  ၊ Zhong Xin Wang တို့ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်း သတင်းဖော်ပြထားသည့် စက်ရုံလုပ်ငန်းများ 
စဉ် စက်ရုံလုပ်ငန်းများ ကုန်အမှတ်တံဆိပ် လိပ်စာ အကြောင်းအရာအမျိုးအစား
BOGART LINGERIE (Yangon) femina bare လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း ၁၀
He MeT Company Limited OUTDOOR, MAKE TODAY AMAZING, Pageone, JEAN PASCALE  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန် ၁၀
Mai Yi Bei (Yangon)Garment Manufacturing Co, Ltd  mister lady , clevercare.info , ALCOTT , ORIGINAL MARINES   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း
Myanmar Huasheng Kefu Fashion Co., ltd Sinsay   လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခတ္တာလမ်း
Zhong Xin Wang Only ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ ဝါးတရာလမ်း
HERMITE အရုပ်ချုပ် ရန်ကုန်တိုင်း၊ သာဓုကန်စက်မှုဇုန်အပိုင်း ၄၊  ကျောက်စိမ်းလမ်း၊အမှတ်  ၃၀
Myanto Industrial CO.Ltd October၊ AMISU၊ aero guard လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခက်တာလမ်း
Real Star BOUTIQUE ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၂)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်
Jiashihao Myanmar Limited အထည်ချုပ် ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ ခရေလမ်း
၁၀ New Top Lotus Co.,Ltd COLIN’S ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ မင်းသားကြီးမောင်ပျိုလမ်း
၁၁ SHAN DOIVG HUAYI (MYANMAR INDUSTRY CO.LTD) အထည်ချုပ် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်
၁၂ ZHIYUAN GARMENT အထည်ချုပ် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်းဗန်းစက်မှုဇုန် မူကြိုလမ်းဆုံ၊ ဆေးရုံ ၁ လမ်း
၁၃ LITA MYANMAR Co, LTD BURTLE,CONVERSE, Golden Bear,  CYCLE ECO, DUNLOP REFINED ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် (၄) 
၁၄ Myanmar GiGi Leather Goods Manufactory Michel Kors  ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်
၁၅ Tha Shu (Myanmar) Fashion Co.,Ltd mont.bell  ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ် ရွှေသန်လွင်စက်မှုဇုန်  ၊ မင်းဧရာလမ်း
၁၆ CHARIS COMPANY LIMITED ပန်းပု ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်း
၁၇ DIXINDA Garment Co.,ltd DEO, Slazenger ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်
၁၈ Great Summer Myanmar Garment Co.,Ltd  FieldCore ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်
၁၉ HANDA (YANGON)GARMENT CO.LTD အထည်ချုပ် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးရွှေဘင်
၂၀ Ruby Lion Manufacturing Ruby Lion Oil ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၃) 
၂၁ Smooth World International (Myanmar) Limited အထည်ချုပ် ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ၊ သာယာကုန်း၊ တောင်သုံးလုံးလမ်း
၂၂ Sunrise Myanmar Fashion Garment Recycle, CLOSSHI Biz ,Naflat  ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ ၊ ကျောက်စိမ်းလမ်း
၂၃ BONTECH MANUFACTURING COMPANY LTD အထည်ချုပ် ရန်ကုန်တိုင်း၊ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြား လမ်း
၂၄ Diamond Rental Myanmar Co.,Ltd စက်ယန္တယားငှားရမ်း  ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်၊ သီလဝါလမ်း
၂၅ Myanmar Jiale Fashion Co..Ltd AMISU ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်း
၂၆ Prettex Myanmar Have a wonderful day , Chinese National Geography , reserved ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်
၂၇ Straightex Co.,Ltd အထည်ချုပ် ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း (ကွက်သစ်မှတ်တိုင်အနီး )
၂၈ Xin Rui Co, Ltd OVS လှိုင်သာယာမြို့နယ်၊ ဆရာရှမ်းလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်
၂၉ Great Glowing အထည်ချုပ် ရန်ကုန်မြို့၊ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာ ၇ လမ်း ၊ ဇေကမ္ဘာဝင်း၊မင်္ဂလာဒုံမြို့နယ်
၃၀ Lian Fa ( myanmar) Company SINSAY , FSBN  ရန်ကုန်မြို့ ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ၊ မင်းဧရာလမ်း ၊ ရွှေသံလွင်စက်မှုဇုန်
၃၁ Myanmar Journay Solo ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်၊ ၂ လမ်း
၃၂ Yangon Nadia-Pacific Clothing Company Limited အထည်ချုပ် ရန်ကုန်မြို့ ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ ၊ ပြင်စည်မင်းသားကြီးလမ်း
၃၃ GTIG Guohua Glory Garment UNITED COLORS OF BENETTON၊ ONLY ၊ Bestseller  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်း
Diamond Rental Myanmar Co.,Ltd ၊ HERMITE  ၊ Prettex Myanmar နဲ့ Real Star တို့က သတင်းနှစ်ကြိမ်စီ ဖော်ပြခံရပါတယ်။ 

• ဆဲဆိုမှုတွေနဲ့ ဆက်စပ်  

ဆဲဆို ခိုင်းစေမှုတွေနဲ့ ဆက်စပ်နေတဲ့ အလုပ်သမားတွေ အပေါ် ခွဲခြားဆက်ဆံမှု ရှိတယ်ဆိုတဲ့  စက်ရုံ  ၆ ရုံ ရှိပြီး အဲဒီ အရေအတွက်အတိုင်း ဖောက်ဖျက်ခံရတဲ့ အမျိုးအစားတွေကတော့ အသက်မပြည့်တဲ့လူရွယ် လူငယ်တွေကို ဥပဒေ သတ်မှတ်အတိုင်း ခိုင်းစေမှုမရှိတာ၊ နေ့စား အလုပ်သမားတွေအပေါ် ဖေါက်ဖျက်တာတွေ ဖြစ်ပါတယ်။ 

စက်ရုံကို လာရောက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကို လိမ်လည်ဖြေကြားခိုင်းတာ၊ သင်ကြားပေးတာနဲ့ တိမ်းရှောင်ခိုင်းတာတဲ့ စက်ရုံပေါင်း ၄ ရုံ၊ ရက်စားဆင်းခိုင်းတဲ့ စက်ရုံ ၄ ရုံ၊ EC စာချုပ်ဖောက်ဖျက်တဲ့ စက်ရုံ ၄ ရုံ နဲ့ နားချိန်မပေးဘဲ ဆက်တိုက် အချိန်ပို လုပ်ကိုင်ခိုင်းခဲ့တဲ့ စက်ရုံပေါင်းကလည်း ၄ ရုံ ရှိတာကို တွေ့ရပါတယ်။
အလုပ်ထုတ် ၊ လုပ်ခတိုးမြှင့်ရေးတောင်းဆို

ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်တယ်ဆိုတဲ့ စက်ရုံက ၇ ရုံ ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် လုပ်ခတိုးမြှင့်တောင်းဆိုတဲ့ စက်ရုံအလုပ်ရှိတွေလည်း ရှိ ဒီနိုဝင်ဘာလမှာ ၄ ရုံအထိ ရှိခဲ့ပါတယ်။

လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံ ၄ ရုံ  ရှိခဲ့ပြီး အဲ့ဒီစက်ရုံတွေကတော့ CHARIS COMPANY LIMITED (၊ HANDA (YANGON)GARMENT CO.LTD၊ Xin Rui Co, Ltd (https://www.myanmarlabournews.  com/posts/xin-rui- စက်ရုံမှာ-အလုပ်သမား၅ဦးအား-ဥပဒေမဲ့-အလုပ်ထုတ်နဲ့ Yangon Nadia-Pacific Clothing Company Limited (https://www.myanmarlabournews.com/posts/yangon-nadia-pacific- အထည်ချုပ်-လုပ်ခတိုးမြှင့်ရေးတောင်းဆိုနေသည့်-လုပ်သား-၈၀၀-ဝန်းကျင်အား-အလုပ်ထုတ်)တို့ ဖြစ်ပါတယ်။ 

အလုပ်သမားတွေ လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတယ်ဆိုတဲ့ စက်ရုံလည်း ၃ ရုံစီရှိနေပြီး ဥပဒေနဲ့ မညီတဲ့ WCC အဖွဲ့တွေ က စက်ရုံ ၃ ခုမှာ ရှိနေတယ်လို့ တွေ့ရှိရပါတယ်။ 

• အကြိမ်အရေအတွက်  နည်းပေမဲ့ 

နိုဝင်ဘာလထဲမှာ ချိုးဖောက်မှု အကြိမ်အရေအတွက် နည်းပေမဲ့ ဂရုပြုရမဲ့ အကြောင်းအရာတွေလည်း ရှိနေ ပါ  တယ်။ 
ဒီထဲမှာ စက်ရုံအလုပ်ရုံထဲမှာ ရားထူးမြင့်မားသူတွေရဲ့ လုပ်ခလစာ ဖြတ်တောက်မှုတွေ ဖြစ်ပါတယ်။ ဒီလို စက်ရုံ ၂ ရုံ ရှိပါတယ်။ နားချိန် အပြည့်အဝမပေးဘူးဆိုတဲ့ စက်ရုံကလည်း ၂ ရုံ၊ နိုင်ငံခြားသားတိုက်ရိုက် ခိုင်းစေနေ တယ်ဆိုတဲ့ စက်ရုံလည်း ၂ ရုံ  စီရှိပါတယ်။ 

လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရမှု ရှိတယ်ဆိုတဲ့ စက်ရုံ ၃ ရုံရှိခဲ့ပြီး ဒီနိုဝင်ဘာလမှာ အသက်သေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ တချို့ ထိခိုက်မှု သေဆုံးမှုတွေက ကူညီရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုနဲ့ ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရရှိခဲ့ပေမဲ့ တချို့ စက်ရုံ လုပ်ငန်းရှင်တွေကတော့ တာဝန်ရှိမှုကို ရှောင်နေတာတွေ လည်း သတင်းမှာတွေ့ရပါတယ်။ 

• သုံးသပ်ခြင်း

ဆဲဆိုမှုတွေရဲ့ အရင်းအမြစ်က လုပ်ငန်းခွင်အတွင်းမှာပဲ ရှိနေပြီး အများစုကတော့ အထည်စံချိန်တိုးတောင်းမှုတွေ၊ စံချိန် မပြည့်ဘူးဆိုပြီး အော်ဟစ်ဆဲဆိုတာတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အချိန်ပို ငြင်းဆန်လို့ ဆိုပြီး ဆဲဆိုခံရတာကို တွေ့ရှိရပါတယ်။ 

နိုင်ငံခြားသားများလုပ်ငန်းခွင်အတွင်း တိုက်ရိုက်ခိုင်းစေမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အလုပ်သမားတွေမှာ ဖိအားပေး ခိုင်းစေခံရပြီး အလုပ်အကိုင်နဲ့ ရပိုင်ခွင့်တွေ ခြိမ်းခြောက် ခိုင်းစေခံရတာတွေပါ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ 
အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အချိန်တွေကို ရယူပြီး လုပ်ငန်းအတွက် အသုံးပြုနေတာတွေ တွေ့ရှိရပြီး နားချိန်အပြည့်အဝမရတာတွေလည်း တွေ့ရပါတယ်။ 

ဒီနောက် ဥပဒေမှာ သတ်မှတ်ထားတဲ့ ခွင့်တွေမပေးတာ၊ ရက်ပျက်တဲ့ အလုပ်သမားကို လုပ်ခလစာနဲ့ ရပိုင်ခွင့် ဖြတ်တောက် တာကိုလည်း  တွေ့ရပါတယ်။ ဥပဒေမှာတော့ ခွင့်နဲ့ ရက်ပျက်သူအတွက် လုပ်ခလစာ ဖြတ်တောက် တာတွေ မလုပ်ရဘူးလို့ ဥပဒေမှာ သတ်မှတ်ထားပေမဲ့ ဒီအခွင့်အရေးကို မြန်မာ အလုပ်သမားတွေ မခံစား  ရတာကို အများအပြားတွေ့ရပါတယ်။  
နိုင်ငံအတွင်း လုပ်သားရှားပါးမှုတွေ့ကြုံနေရတာကြောင့် အသက်မပြည့်တဲ့ လူရွယ်တွေ လုပ်ငန်းခွင် ရောက်ရှိ လာပြီး ဥပဒေမဲ့ ခိုင်းစေတာ ခံရတာကိုလည်း တွေ့ရပါတယ်။ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး အချိန်ပို လုပ်ကိုင်ရပေမဲ့ တရက် သတ်မှတ် လုပ်ခအတိုင်းပဲ ရရှိတာ၊ နေ့စားအလုပ်သမားတွေကို အမြဲတမ်း အလုပ်မခန့်ဘဲ ခိုင်း စေတာတွေကလည်း လူရွယ်အလုပ်သမားအတွက် နစ်နာနေတာကိုတွေ့ရပါတယ်။  

လုပ်ငန်းခွင့်နဲ့ နေအိမ်အပြန်မှာ မလုံခြုံမှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေ  ဆက်ရှိနေပြီး လုပ်ငန်းခွင် အကြမ်းဖက်မှုနဲ့ အနိုင်ကျင့််မှုတွေကို လုပ်ငန်းရှင်တွေက တားဆီးနိုင်တာလည်း မတွေ့ရသလို တားဆီးမှုလည်း မရှိပါဘူး ။ 
နိုင်ငံအတွင်းက သတ်မှတ်လုပ်ခလစာဟာ  လက်ရှိ ကုန်ဈေးနှုန်းတွေအရ ဘယ်လိုမှ လုံလောက် မှုမရှိတာ လုပ်ငန်းရှင်တွေလက်ခံနိုင်တဲ့ အခြေအနေရှိနေပေမဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ကတော့ ဖြစ်မလာသေးပါဘူး ။

ဒီလို အခြေအနေတွေကနေ စက်ရုံတချို့မှာ အလုပ်ရပ်တောင်းဆိုမှုတွေ ဖြစ်ပွားတာကိုတွေ့ရပါတယ်။ Myanmar Labour News ရဲ့ မှတ်တမ်းတွေအရဆိုရင်  အလုပ်ရပ်တောင်းဆိုမှုတွေက ၃ လ ဆက်တိုက်  ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

• အလုပ်သမားကဏ္ဍအတွက်ဖြစ်

Myanmar Labour News က လုပ်ဆောင်တဲ့ အလုပ်သမားတွေ ချိုးဖောက်ခံရမှုသတင်းတွေကို စိစစ်တဲ့ အဓိက ဦးတည်ချက်က အလုပ်သမားကဏ္ဍအတွက်ဖြစ်ပါတယ်။ စိစစ်မှုတွေကနေ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ အတွေးအမြင်တွေ၊ လိုအပ်ချက်တွေ ပြုပြင်ရေးနဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေး တင်းပြည့် ကျပ်ပြည့်  ရရှိရေးကို ရည်ရွယ်ထားပါတယ်။ 
အလုပ်သမားကဏ္ဍအတွက် လုပ်ဆောင်နေကြတဲ့ အလုပ်သမား အဖွဲ့ချုပ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ကူညီရေး အဖွဲ့ဝင်တွေ၊ အလုပ်သမားတွေနဲ့အတူ ပြုပြင်ပြောင်းလဲနိုင်တဲ့ အဖွဲ့အစည်းတွေအတွက်လည်း အတွေးအမြင် အသစ်တွေ ရမယ်လို့  Myanmar Labour News ကမျှော်လင့်ထားပါကြောင်း တင်ပြအပ်ပါတယ်။ 

PDF Download

မင်းနီကျော်

Myanmar Labour Society
Research Team