SURVEY

Sinsay တံဆိပ်ချုပ် စက်ရုံများ နှင့် ဖေဖော်ဝါရီ ချိုးဖောက်မှုများ

CoverLogo
70 Views

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Myanmar Labour News Website မှာ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းပေါင်း ၃၈ ပုဒ် ဖော်ပြထားပြီး အဲဒီထဲမှာ စက်ရုံ အလုပ်ရုံ ၃၅ ရုံ ပါဝင်တာကို တွေ့ရ ပါတယ်။  

ဒီစက်ရုံ အရေအတွက်က ပြီးခဲ့တဲ့ ဇန်နဝါရီမှာဖေါ်ပြထားတဲ့ စက်ရုံလုပ်ငန်း ၂၅ ထက် ၁၀ ရုံ ပိုများလာပြီး ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်းနှုန်း တိုးလာတာ ဖြစ်ပါတယ်။ Myanmar Labour News ကို အလုပ်သမားတွေက ချိုးဖောက်ခံရမှုတွေ ပြောပြခဲ့ရာမှာ အချက်အလက် မပြည့်စုံလို့ သတင်းဖော်မပြနိုင်တဲ့ စက်ရုံအရေအတွက် ကလည်း ၁၀ ရုံထက်မနည်း ရှိခဲ့တာကြောင့် အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေက တလထက် တလ ပိုများနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ 

သတင်းတွေထဲမှာ တကြိမ်အထက် ဖော်ပြထားတဲ့ စက်ရုံလုပ်ငန်း ၃ ခုပါဝင်ပြီး He MeT Company Limited ၊ Honeys နဲ့ Safety Clothing Myanmar စက်ရုံတွေ ဖြစ်ကြပါတယ်။ ဒီစက်ရုံတွေက အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ကြပြီး လုပ်သား ၄၀၀ ကနေ ၁၀၀၀ အကြား လုပ်ကိုင်နေကြပါတယ်။ 

ဖေဖော်ဝါရီလအတွင်း အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်တဲ့ စက်ရုံလုပ်ငန်းတွေက CMP လုပ်ငန်း ဖြစ်တဲ့ အထည်ချုပ်စက်ရုံ ၃၂ ရုံ၊ အရုပ်စက်ရုံ ၁ ရုံ တို့အပြင် ဆက်သွယ်ရေးလုပ်ငန်းတခု၊  စိုက်ပျိုးရေးဆေး ကုမ္ပဏီ တခုတို့ ပါဝင်ပါတယ် ။
 Sinsay တံဆိပ်က ပိုလန်နိုင်ငံ အခြေစိုက် ဥရောပကုန်အမှတ်တံဆိပ်ဖြစ်ပါတယ်။  
စစ်တပ်က အာဏာသိမ်း ပြီးနောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ အမှာစာပေးပို့မှုတွေကို နိုင်ငံတကာကုန်အမှတ်တံဆိပ် တချို့ ရုပ်သိမ်း ထွက်ခွာခဲ့ တာပါ။ 

ကုန် အမှတ်တံဆိပ်တချို့ ထွက်ခွာပြီးနောက်မှာတော့ Sinsay အမှတ်တံဆိပ် ထုတ်လုပ်မှုက မြန်မာနိုင်ငံမှာ ပိုများလာသလို စက်ရုံ ၄၀၀ နီးပါးအတွက် တနှစ်စာထုတ်ဖို့ အမှာစာတွေ ရရှိထားတယ်ဆိုပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေကိုလည်း Myanmar Labour News က သတိပြုမိထားပါတယ်။ 

Myanmar Labour News ကပြီးခဲ့တဲ့ နှစ်တွေထဲမှာ ကုန်အမှတ်တံဆိပ်တွေရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ကို သမာသမတ်ကျသောကုန်သွယ်မှု ရှေ့ဆောင်အဖွဲ့ရဲ့ အခြေခံကျင့်ဝတ်စည်းကမ်းတွေနဲ့ အညီ စောင့်ကြည့် လေ့လာမှုတွေပြုလုပ်ခဲ့ပေမဲ့ ထုတ်ဖော်ပြောဆိုမှုတွေ မလုပ်ခဲ့ပါဘူး။ 

ဒီစီစစ်လေ့လာမှုမှာ ကုန်အမှတ်တံဆိပ်တခုကို ခေါင်းစဉ်ရေးသားရတာက မြန်မာနိုင်ငံမှာ ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်တွေ ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာနိုင်ဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေကို လျစ်လျူရှု့မှု မဖြစ်စေဖို့ ဖြစ်ပါတယ်။ 

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ စက်ရုံအလုပ်ရုံ သတင်းတွေမှာ Sinsay အမှတ်တံဆိပ် ချုပ်လုပ်တဲ့ စက်ရုံတရုံက အလုပ်သမားအခွင့်အရေး၊ ဥပဒေတွေနဲ့ ကျင့်ဝတ်စည်းကမ်း ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီစက်ရုံတွေက ချိုးဖောက်မှု အမျိုးအစား အများဆုံး စက်ရုံထဲမှာလည်း ပါဝင်နေပါတယ်။ 

Sinsay အမှတ်တံဆိပ် ချုပ်လုပ်နေပြီး အလုပ်သမား အခွင့်အရေးတွေချိုးဖောက်ခံရတယ်ဆိုတဲ့ စက်ရုံတွေ ကတော့ New Zhong Hui Co.,Ltd ၊ Myanmar Jiale Fashion နဲ့ San Yu အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။ 

New Zhong Hui Co.,Ltd (https://www.myanmarlabournews.com/posts/new-zhong-hui-အထည်ချုပ်-တစ်လလုံး-နားရက်မပေးဘဲ-လုပ်ကိုင်ခိုင်း )မှာ အမျိုးသမီးလုပ်သား အပါအဝင် စုစုပေါင်း ၆၀၀ ဝန်းကျင်လုပ်ကိုင် နေသလို San Yu အထည်ချုပ်စက်ရုံမှာ လုပ်သား ၁၅၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။  New Zhong Hui Co.,Ltd က Sinsay အထည်တွေချုပ်လုပ်နေပြီး San Yu စက်ရုံကတော့ Sinsay အပါအဝင် ENCUENTEO, TOG 24 ကို ချုပ်လုပ်နေ ပါတယ်။ Myanmar Jiale Fashion အထည်ချုပ်စက်ရုံကတော့ လုပ်သား ၇၀၀ ဝန်းကျင်ရှိပြီး Velilla၊ sinsay တံဆိပ်တွေ ချုပ်ပါတယ်။ 

“အလုပ်သမားတွေကို  လူတွေလို့ မမြင်ဘူး။ စက်ရုပ်တွေလို မြင်နေတယ်။ တစ်လလုံး နားရက် မရှိခဲ့ဘူး။ ရုံးပိတ်ရက်တွေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ   ရက်စားတွေ၊ အချိန်ပိုတွေ ဆင်းပေးရတယ်။ ဆင်းရတာများတော့၊ ကျန်းမာရေးတွေ ထိခိုက်လာတယ်။ အချိန်ပို မဆင်းချင်းလည်း အလုပ်ရှင်က ဖိအားပေး ဆင်းခိုင်းတယ်။ မဆင်းဘူး ဆိုလည်း နောက်နေ့ ဖိအား‌ပေးတယ်၊ အငြှိုးအတေးထားတယ်” လို့  New Zhong Hui Co.,Ltd က အလုပ်သမားတွေက ပြောပါတယ်။

အဲဒီ အလုပ်သမားတွေကပဲ “ အလုပ်ချိန်က မနက်၈နာရီ ကနေ နေ့လယ် ၁၁ခွဲတစ်ကြိမ်နဲ့  ၁၂ တစ်ကြိမ် နှစ်ကြိမ်ခွဲ ထမင်းစားနားတယ်။ အဲဒီ ၁၂ခွဲကနေ အချိန်ပို ပြီးတဲ့ ည ၇  ခွဲ ၈ခွဲအထိ  အနားမရဘဲ ဆက်တိုက်လုပ်ရတယ်။ စက်ရုံ မှာ HR မန်နေဂျာ မရှိဘူး။ production manager က အမျိုးသမီး။ သူပဲ အုပ်ချုပ်ပြီး ဖိနှိပ်နေတာပဲ။ ဘယ်တိုင်တိုင် ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ သူက    အလုပ်သမား‌တွေ ပြောဆိုတယ်၊ ဆက်ဆံတယ်။ အိမ်သာ သွားလဲ ပြော၊ ရေသောက်လဲပြော၊ စကားပြောလဲ ေ-ာက်နဲ့ နှိုင်းပြီးပြောတယ်။ စက်ရုံမှာ အိမ်သာဆိုလဲ နံစော် နေတာက ထမင်းစားဆောင်အထိ ။ ထမင်းချိန် အဲ့အနံ့တွေ နဲ့ဆို မစားနိုင်‌တော့တဲ့ အထိပဲ။” လို့ ပြောပါတယ်။

ဒါ့အပြင် နေ့စား အလုပ်သမားတွေ ခွဲခြားခံရတဲ့ အကြောင်းကို အခုလို ပြောဆိုပါတယ်။
“နေ့စားအလုပ်သမားတွေကို ဒေးကြေး၊ ကျွမ်းကျင်ကြေး ၆၈၀၀ ၊ အချိန်ပိုကြေး ၁၇၀၀  ပဲပေးတယ်။ အကူတွေ (Helper) တွေဆို ဒေးကြေး၊ ကျွမ်းကျင်ကြေး ၆၆၀၀ ၊ အချိန်ပိုအိုတီကြေး ၁၅၀၀ ပဲ ရတယ်။ စနေနေ့ဆို အလုပ် ချိန် ၈နာရီပြည့်မှ ၆၈၀၀ ရတယ်။ တနင်္ဂနွေနေ့တွေဆို အိုတီကြေး မပေးဘူး။ နေ့စား၊ လခစား ခွဲထား တယ်။ EC  စာချုပ်လည်း ချုပ်မပေးဘူး ။ အလုပ်ထုတ်လည်း နေ့စား၊ လစား ခွဲမနေဘူး။ နစ်နာကြေးမပေးဘဲ အလုပ်ထုတ် တာပဲ” လို့ ပြောပါတယ်။

San Yu  စက်ရုံလုပ်ငန်းခွင်မှာတော့ မတရားဖိနှိပ် အနိုင်ကျင့်တာ၊  ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းတာ၊ ခြိမ်းခြောက် တာတွေမှုတွေ ရှိနေတာကို အလုပ်သမားတွေ ပြောဆိုထားတာပါ ။ (https://www.myanmarlabournews. com/posts/san-yu-အထည်ချုပ်စက်ရုံ-အလုပ်သမားများအား-အချိန်ပို-ဆဲဆိုလုပ်ကိုင်ခိုင်း)

Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေကို လူ့အခွင့်အရေး၊ ဂျန်ဒါ(ကျား၊မ) စံနှုန်း  ခွဲခြားမှု၊ မြန်မာအလုပ်သမားဥပဒေ ချိုးဖောက်မှုတွေကို အခြေခံပြီး အမျိုးအစား  ၂၇ မျိုး ခွဲခြား လေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလအတွင်း အများဆုံး ချိုးဖောက်မှု အမျိုးအစားတွေကတော့ ငွေကြေးဖြတ်တောက်ခံရတာ၊ ဆဲဆိုခံရတာ၊ ဆန္ဒမပါဘဲ  အချိန်ပိုလုပ်ကိုင်ရတာ၊ မျှတမှုမရှိတဲ့ အထည်အရေအတွက်(စံချိန်)တောင်းခံရတာ၊ ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတာ၊ ဥပဒေပါ ခွင့်တွေ မရတာ၊ ဥပဒေမဲ့ အလုပ်ထုတ်ခံရတာ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် မဟုတ်တာ၊ အသက်မပြည့်တဲ့ လုပ်သားတွေကို ဥပဒေမဲ့ ခိုင်းစေတာတွေ ဖြစ်ပါတယ်။ 

လုပ်လစာ ဖြတ်တောက်မှု

ငွေကြေးဖြတ်တောက်တယ်ဆိုတဲ့ အကြောင်းအရာတွေကတော့ စူပါနဲ့ အောစူပါတွေက ဆုကြေးဖြတ်ယူတာ၊ ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး လုပ်ခလစာဖြတ်တာ၊ သတ်မှတ်လုပ်ခကို လျှော့‌ပေးတာ၊ ဖြတ်ယူတာ၊ ပွင့်လင်းမြင်သာစွာ ချမပြတာ၊ ကျွမ်းကျင်ကြေး လျှော့ပေးတာ၊ ရက်အပိုင်းအခြားပဲ ပေးတာ၊ သတ်မှတ် ထောက်ပံ့ ကြေး မပေးတာ၊  လုပ်ငန်းခွင်ထိခိုက်မှုအတွက် လစာကို ရာခိုင်နှုန်းနဲ့ ပေးချေတာ၊ အချိန်ပို လုပ်ခ မပေးတာ၊ ရက်သတ္တပတ်ပိတ်ရက်အတွက် လုပ်ခမပေးတာ၊ သာရေးနာရေးကြေးဆိုပြီး အတင်းအကျပ် ကောက်ယူတာ၊ နေ့စားအလုပ်သမားတွေ လုပ်ခအပြည့်မရတာတွေ ဖြစ်ပါတယ်။ 

အလုပ်သမားတွေရဲ့ လုပ်ခလစာ ငွေကြေးကို ဖြတ်တောက်မှုရှိတဲ့ စက်ရုံပေါင်း ၂၁ ရုံ ရှိတာကိုတွေ့ရှိရပြီး အဲဒီစက်ရုံတွေကတော့ Sunme (Myanmar) Industrial Limited https://www.myanmarlabournews .com/posts/ အထည်ဆုကြေးကို-လီတာ-စူပါနှင့်-အောစူပါများက-ခေါင်းပုံ-ဖြတ်နေ၊ Safety Clothing Myanmar https://www.myanmarlabournews.   com/posts/လုပ်ငန်းခွင်ဆိုင်ရာ-အခြေအနေ-ဆိုးရွားစွာ-ချိုးဖောက်ခံနေရဟုဆို၊ S.H United https:// www.myanmarlabournews. com/ posts/စက်ရုံအလုပ်သမားများ -ဆဲဆိုကြိမ်းမောင်းခံရမှုနဲ့-အတူ လုပ်အားခခေါင်းပုံဖြတ်ခံနေရ၊ YUHUA https://www.myanmarlabournews.com/posts/yuhua-အထည်ချုပ်စက်ရုံ-အပြောင်းအလဲမရှိဘဲ-အချိန်ပိုခေါ်ခိုင်းလို့-တလ-နှစ်ရက်သာ-အနားရ ၊ YUAN HONG GARMNENT https://www.myanmar labournews .com/posts/အလုပ်သမားများအခွင့်အရေးများ ချိုးဖောက်ခံနေရပြီး-နားရက်မရှိ-အချ်ိန်ပို ဆင်းပေးနေရ ၊ JinKai Manufacturing (Myanmar) Co.,Ltd https://www.myanmar labournews. com/posts/အချိန်ပိုအဓမ္မဆင်းခိုင်းပြီး-အခွင့်အရေးချိုးဖောက်နေဟုဆို ၊ HC Garment Co.,Ltd https://www. myanmarlabournews.com/posts/hc-အထည်ချုပ်စက်ရုံတွင်-လုပ်ခလစာအတွက်-တောင်းဆိုမှု-ပြုလုပ် ၊ Hang Kei Myanmar Garment Factory Co.,Ltd https://www.myanmarlabournews.com/ posts/အချိန်ပို နေ့စဉ်ခေါ်ယူပြီး-လုပ်ခလစာကို-မှန်ကန်စွာ-တွက်ချက်မပေးဟုဆို ၊ Dong Yu https://www. Myanmar labournews.com/posts/dong-yu-စက်ရုံ-တွင်-ည-၁၁နာရီ-အထိ-အချိန်ပိုများ-ဆက်တိုက်-ခေါ်ယူနေ ၊ Eslite Garment https://www.myanmarlabournews. com/posts/အလုပ်သမားတွေရဲ့-ကိုယ်ရေးအ-ချက်အလက်တွေကို-မျှဝေတာမလုပ်ဖို့-အလုပ်သမားတွေပြော ၊ Myanmar Jiale Fashion https://www. myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်မှုတွေ-ဖြေရှင်းပေးစေလိုဟုဆို ၊ Sheng Da Ming Apparel Co, Ltd https://www. Myanmar labournews.com/posts/အချိန်ပိုကြေး-မပေးဘဲ-ညည့်နက် ထိ ခိုင်းစေနေလို့-အလုပ်သမားတွေ အခက်အခဲဖြစ်နေ  ၊ KBL Garment https://www.myanmarlabournews. com/ posts/အလုပ်နှင့်သက်ဆိုင်မှု-မရှိသည့် တာဝန်များကို - ခိုင်းစေသည့်အပြင်-အလုပ်သမားများ-ရရှိသည့်ဘောနပ်ကြေးကို-အကြောင်းမဲ့-ဖြတ်တောက်နေ ၊ LUCKY FORTUNE GARMENT https://www. myanmarlabournews.com/posts/ လုပ်အားခခေါင်းပုံဖြတ်မှုကို-တိုင်ကြားသော်-လည်း-စက်ရုံဘက်က-တာဝန်ယူမှုမရှိ ၊ Charis Co.,Ltd https://www.myanmarlabournews. com/ posts/ခွင့်ယူပါက-တနင်္ဂနွေနေ့အတွက်ပါ-လစာဖြတ်တောက်၊ GTIG Guohua Glory Co,Ltd https://www.myanmar labournews. com/posts/လုပ်ငန်းခွင်ထိခိုက်မှုကို တာဝန်မယူလို့-အလုပ်သမားဆေးကုသရန်ခက်ခဲနေ ၊ He MeT Company Limited https://www.myanmar labournews. com/posts/လူမှုဖူလုံရေးကြေး-ပေးသွင်းသော်လည်း-ဆေးခွင့်မရ ၊ ကျင့်ဝေ အထည်ချုပ် https://www. myanmarlabournews.com/ posts/အလုပ်သမားတွေကို-နေ့စားအဖြစ်သာထားပြီး ခိုင်းစေလို့နစ်နာမှုရှိနေ ၊ San Yu https://www.myanmar labournews.com/posts/san-yu-အထည်ချုပ်စက်ရုံ-အလုပ်သမားများအား-အချိန်ပို-ဆဲဆိုလုပ်ကိုင်ခိုင်း ၊ Opal 1 https://www.myanmarlabournews.com/posts/ opal-1-စက်ရုံလုပ်သားများ အား-ပြည်ပဝန်ထမ်းက-ကြမ်းတမ်းစွာဆက်ဆံ-ခိုင်းစေ ၊ LUCKY FORTUNE GARMENT https://www.myanmarlabournews .com/posts/လုပ်အားခခေါင်းပုံဖြတ်မှုကို-တိုင်ကြားသော်-လည်း-စက်ရုံဘက်က-တာဝန်ယူမှုမရှိ  နဲ့ New Zhong Hui Co.,Ltd  https://www.myanmarlabournews.com/ posts/new-zhong-hui-အထည်ချုပ်-တစ်လလုံး-နားရက်မပေးဘဲ-လုပ်ကိုင်ခိုင်း  စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ Myanmar Labour News တွင် ဖော်ပြထားသည့် စက်ရုံလုပ်ငန်းများ
No Company / Factoris Brands Address
1 Safety Clothing Myanmar Vis Team, ROLYWRE ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်
2 New Zhong Hui co.,Ltd Sinsay ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ ဆိပ်ကမ်းသာလမ်း
3 YUAN HONG GARMNENT CLOSSHI, BLACK NUMBER ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညိုလမ်း
4 Charis Co.,Ltd Sculpture ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်း
5 Dishang kenny (Myanmar)Garment Co.Ltd PIAZZAITALIA , Defacto, Yamamay ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊
6 HC Garment Co.,Ltd   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ကျီစုစက်မှုဇုန်
7 JinKai Manufacturing (Myanmar) Co.,Ltd LC Walklkl ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မဟူရာလမ်း
8 Sunme (Myanmar) Industrial Limited TopTex, NEXT ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃) ၊ မင်းကြီးမဟာမင်းခေါင်လမ်း
9 He MeT Company Limited MAKE TODAY AMAZING, Pageone, JEAN PASCALE ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မီးတာရုံဘေး၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း
10 KBL Garment DAVIDS BRIDAL, DB Studio, Melissa Sweet, JULES CLEO ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ကျန်စစ်သားလမ်း
11 Lucky Fortune Garment CLOSSHI,RESTORATION ရန်ကုမြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄၊ ဆရာဦးထွန်းလမ်း
12 Saiform International Garment Myanmar   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း
13 Hang Kei Myanmar Garment Factory Co.,Ltd MYMEMORY, Elam, hunkemoller, womem’secret, la Vieen Rose ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း
14 Myanmar Jiale Fashion Velilla၊ sinsay ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်း
15 San Yu SinSay , ENCUENTEO, TOG 24 ရန်ကုန်မြို့ ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း
16 Str‌aightex Co.Ltd Everlast, Slazenger ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း
17 Tha Shu (MYANMAR) Fashion Co.,Ltd mont.bell ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း
18 Fitex (Myanmar) Garment Manufacturilg Co,Ltd FSBN, SMOG,AMISU, Macron, ikka ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့်
19 S.H United Garment ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း) မြိုန့ယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်း
20 Beaume International Garment Mfg Limited I’Z FRONTIER, NEO ENGINEER GEAR ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း
21 Dong Yu WindCore မြစိမ်းရောင်စက်မှုဇုန်
22 ကျင့်ဝေ Garment ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ ၊ ဦးအောင်သူလမ်း
23 Eslite Garment ALPINESTARS ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်း
24 Opal 1 OIOI , OK , DISCOVERY ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၂
25 Sheng Da Ming Apparel Co, Ltd RESERVED, POLAND, CALLIOPE, TERRONOVE ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးတရုတ်ကြီးလမ်း၊
26 YUHUA Garment ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် ၃ ၊ နဝဒေးလမ်
27 Golden Colour Fashion (Myanmar) Garment ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)
28 Chimei Garment Garment ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၊ ၁၄ လမ်းဆုံ
29 Myanmar QI Yuan Garment (ရုံ ၂) Garment ရန်ကုန်မြို့ ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန် ၁ သံချက်ဝန်ဦးညွန့်လမ်း
30 New Plus Garment သာဓုကန်စက်မှုဇုန်
31 GTIG Guohua Glory Co,Ltd Bestseller , UNITED COLORS OF BENETTON , VERO MODA ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်း
32 Honeys အထည်ချုပ် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်
33 Mirae or New Way Ziben ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဦးတရုတ်ကြီးလမ်း
34 Myanmar Arysta LifeScience စိုက်ပျိုးရေးဆေးကုမ္ပဏီ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်
35 Ooredoo Myanmar Limited Ooredoo ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်း
ချိုးဖောက်မှုအမျိုးအစား အများမှ အနည်း အစဉ်လိုက် ဖော်ပြထားသည်။

လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေ

လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေမှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံပေါင်း ၂၀ ပါဝင်ပြီး အဲဒီစက်ရုံတွေကတော့  Beaume International Garment Mfg Limited https://www.myanmarlabournews.com/posts/ တနင်္ဂနွေ  ပိတ်ရက်ပါ မနားရဘဲ-အချိန်ပိုလုပ်ကိုင်နေရ ၊ CHIMEI Garment https://www.myanmarlabournews.com /posts/ chimei-အောစူပါ-ရိုင်းဆိုင်းစွာ-ဆဲဆိုပြီး-အချိန်ပို-ဆင်းခိုင်း ၊ Dishang kenny (Myanmar)Garment Co.Ltd https://www.myanmarlabournews.com/posts/dishang-kenny-garment-နိုင်ငံခြားသားများ-တိုက်ရိုက်အုပ်ချုပ်ပြီး-လိင်ပိုင်းဆိုင်ရာ-စော်ကားမှုများရှိနေ ၊ Fitex (Myanmar) Garment Manufacturilg Co,Ltd https://www.myanmarlabournews.com/posts/အချိန်ပို-ဖိအားပေးခေါ်ယူတာ-အပြင်-မိသားစုထံ-ဆက်သွယ်အသိပေးခွင့်-မပြုလို့-အခက်အခဲဖြစ် ၊ Hang Kei Myanmar Garment Factory Co.,Ltd ၊ LUCKY FORTUNE GARMENT ၊ Myanmar Jiale Fashion ၊ New Zhong Hui co.,Ltd ၊ Opal 1၊ S.H United၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar https://www.myanmarlabournews  .com/ posts/ လစဉ်ငွေကြေးဖြတ်တောက်နေမှုကြောင့်အလုပ်သမား-တွေ-အခက်တွေ့နေ  ၊ San Yu ၊ Sheng Da Ming Apparel Co, Ltd ၊ Straightex Co.Ltd https://www. myanmarlabournews.com/posts/straightex-coltd-စက်ရုံ-တနင်္ဂနွေနေ့-ရက်အစား-ခြိမ်းခြောက်-ဆင်းခိုင်း ၊ Sunme (Myanmar) Industrial Limited ၊ THA SHU (MYANMAR) Fashion CO, LTD https://www. myanmarlabournews.com/posts/ အလုပ်သမား အခွင့်အရေး-ချိုးဖောက်မှုများ-လုပ်ဆောင်ကာ-ခြိမ်းခြောက် ပြောဆိုမှုပြုလုပ် ၊ YUAN HONG GARMNENT ၊ YUHUA ၊ ကျင့်ဝေ အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။ 

ဆဲဆိုမှုတွေက လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပွားပြီး အဓိက ကျူးလွန်သူတွေက လုပ်ငန်းရှင်တွေပါဝင်တာတွေ့ရတဲ့ အပြင် လုပ်ငန်းခွင် ကြီးကြပ်သူတွေဖြစ်တဲ့ မန်နေဂျာ၊ အောစူပါ၊ စူပါနဲ့ ခေါင်းဆောင်အချို့ ပါဝင်တာကိုတွေ့ ရပါတယ်။ အထည့်စံချိန်မပြည့်လို့ ဆဲဆိုတာ၊ အထည်စံချိန်ရရှိဖို့ ဖိအားပေးဆဲဆိုတာ၊ ရုပ်ပိုင်းဆိုင်ရာ ကြမ်းတမ်းစွာ ပြုမူတာတွေ ဖြစ်ပါတယ်။ 

အတင်းအကျပ် အချိန်ပို လုပ်ကိုင်ခိုင်း

ဆန္ဒမပါဘဲ အတင်းကျပ် အချိန်ပို လုပ်ကိုင်ခိုင်းတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၉ ရုံပါဝင်တာကိုတွေ့ရပါတယ်။  
အဲဒီစက်ရုံတွေ ကတော့ Beaume International Garment Mfg Limited ၊ Charis Co.,Ltd ၊ CHIMEI Garment ၊ Dishang kenny (Myanmar)Garment Co.Ltd ၊ Dong Yu ၊ Fitex (Myanmar) Garment Manufacturilg Co,Ltd ၊ JinKai Manufacturing (Myanmar) Co.,Ltd၊ KBL Garment ၊ Myanmar Jiale Fashion ၊ Myanmar QI Yuan Garment (ရုံ ၂) https://www.myanmarlabournews.com/ posts/myanmar-qi-yuan-garment-အချိန်ပို-အတင်းအကျပ်-ခိုင်းစေနေ ၊ New Zhong Hui Co.,Ltd ၊ S.H United ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ Sheng Da Ming Apparel Co, Ltd ၊ Straightex Co.Ltd ၊ Sunme (Myanmar) Industrial Limited ၊ YUAN HONG GARMNENT နဲ့ YUHUA အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။ 

မမျှတသည့် အထည်အရေအတွက် (စံချိန်) ချုပ်လုပ်ခိုင်း

ဖေဖော်ဝါရီလအတွင်း မမျှတတဲ့ အထည်အရေအတွက် (စံချိန်) တွေကို ဖိအားပေး ချုပ်လုပ်ခိုင်းတဲ့ စက်ရုံပေါင်း ၁၈ ရုံရှိပြီး အဲဒီစက်ရုံတွေကတော့ Beaume International Garment Mfg Limited ၊ Charis Co.,Ltd ၊ Fitex (Myanmar) Garment Manufacturilg Co,Ltd ၊ Hang Kei Myanmar Garment Factory Co.,Ltd ၊ HC Garment Co.,Ltd ၊ He MeT Company Limited ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ LUCKY FORTUNE GARMENT ၊ New Plus https://www.myanmarlabournews.com/posts/new-plus-စက်ရုံ-တွင် အနားမရ ဘဲ-ချုပ်လုပ်နေရ ၊ Opal 1 ၊ S.H United ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ Straightex Co.Ltd ၊ Sunme (Myanmar) Industrial Limited ၊ THA SHU (MYANMAR) Fashion CO, LTD ၊ YUAN HONG GARMNENT ၊ ကျင့်ဝေ စက်ရုံ စတာတွေ ဖြစ်ပါတယ်။

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေ

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေမှုတွေက အလုပ်သမားတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်တာကို   New Zhong Hui Co.,Ltd က အလုပ်သမားတွေရဲ့ ပြောဆိုမှုမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ခိုင်းစေမှုတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံ ပေါင်း ၁၈ ရုံ ရှိပါတယ်။ 
စက်ရုံတွေရဲ့ ဖိအားပေး ခြိမ်းခြောက်ခိုင်းစေမှုတွေကတော့ သတိပေးလက်မှတ်ထိုးခိုင်းတာ၊ အလုပ်ထုတ်တာ၊ အချိန်ပို အတင်းအကျပ်ဆင်းခိုင်းတာ၊ အချိန်ပိုမဆင်းပါက ခွဲခြားဆက်ဆံတာ၊ အငြှိုးထား ဆက်ဆံတာ၊ ချုပ်နှောင် ခိုင်းမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာ၊ ဥပဒေကျော်လွန်ပြီး ဒဏ်ကြေးဖြတ်တာတွေကို တွေ့ရှိရပါတယ်။ 

လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ဖိအားပေးမှုတွေကို တွေ့ရတဲ့ စက်ရုံကတော့ CHIMEI Garment ၊ Dishang kenny (Myanmar)Garment Co.Ltd ၊ Dong Yu ၊ Eslite Garment ၊ Fitex (Myanmar) Garment Manufacturilg Co,Ltd ၊ HC Garment Co.,Ltd ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ KBL Garment ၊ Myanmar QI Yuan Garment (ရုံ ၂)၊ New Plus ၊ New Zhong Hui co.,Ltd ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ San Yu ၊ Sheng Da Ming Apparel Co, Ltd ၊ THA SHU (MYANMAR) Fashion CO, LTD ၊ YUAN HONG GARMNENT နဲ့ YUHUA  တို့ ဖြစ်ပါတယ်။ 

ဥပဒေပါခွင့်များ မရခြင်း 

မြန်မာနိုင်ငံရဲ့ ခွင့်ရက်နှင့်  အလုပ်ပိတ်ရက် အက်ဥပဒေကို ၁၉၅၁ ခုနှစ်က  ပြဌာန်းထားပြီး အလုပ်သမားတွေ အတွက် ခွင့်အမျိုးအစားတွေကို သတ်မှတ် ပြဌာန်းထားပါတယ်။ လက်ရှိ အဲ့ဒီ ဥပဒေကို စက်ရုံတွေက လိုက်နာမှုမရှိတာကြောင့် အလုပ်သမားတွေမှာ ကျန်းမာရေးနဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဥပဒေပါခွင့်တွေ မပေးဘူးဆိုပြီး သတင်းဖော်ပြထားတဲ့ စက်ရုံတွေကတော့
CHIMEI Garment ၊ Dong Yu ၊ Eslite Garment ၊ GTIG Guohua Glory Co,Ltd ၊  Hang Kei Myanmar Garment Factory Co.,Ltd ၊ He MeT Company Limited ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ KBL Garment ၊ LUCKY FORTUNE GARMENT ၊ Myanmar Jiale Fashion ၊ New Zhong Hui co.,Ltd ၊ Opal 1 ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ Sunme (Myanmar) Industrial Limited ၊ THA SHU (MYANMAR) Fashion CO, LTD ၊ YUAN HONG GARMNENT  တို့ ဖြစ်ပါတယ်။ 

ဥပဒေမဲ့ အလုပ်ထုတ် ခြင်း

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတဦးကို (အလုပ်ရပ်စဲ) အလုပ်ထုတ်လိုပါက တလကြိုတင် အကြောင်းကြားဖို့  လိုအပ်တယ်လို့  မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေမှာ ဖော်ပြထားသလို သတ်မှတ်စည်းကမ်းကျူးလွန်သူမဟုတ်ပါက အလုပ်ထုတ်ခွင့် မရှိတာကို ဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါ့ အပြင် အစမ်းခန့်ကာလ သုံးလသတ်မှတ်ထားပြီး အဲဒီ ကာလကျော်လွန်ပါက အတည်ပြုခန့်ထားဖို့လည်း ပြဌာန်းထားပါတယ်။

ဖေဖော်ဝါရီလအတွင်း သတင်းဖော်ပြထားတဲ့ စက်ရုံတချို့မှာတော့ နေ့စားလုပ်သားတွေကို ဥပဒေပါ သတ်မှတ် ကာလ ကျော်လွန်ပေမဲ့ အထည်ပြုခန့်ထားတာမရှိဘဲ အလုပ်ထုတ်တာ၊ ဖိအားပေးခိုင်းစေပြီး သတိပေးလက်မှတ် ထိုးခိုင်းပြီး အလုပ်ထုတ်တာ၊ အသက်မပြည့်တဲ့ အလုပ်သမားတွေ အပါအဝင် နေ့စားလုပ်သားတွေကို အလုပ် ထုတ်တာ၊ အချိန်ပို မဆင်းလို့ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ခွင့်မပေးဘဲ ရက်ပျက်တယ်ဆိုပြီး အလုပ် ထုတ်တာ၊ ခွဲခြားဆက်ဆံပြီး အလုပ်ထွက်စေတာ၊ တောင်းဆိုမှုပြုလုပ်သည့် အလုပ်သမားများအား အလုပ် ထုတ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားကို အလုပ်ထုတ်တာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး အလုပ် ထုတ်တာတွေ တွေ့ရပါတယ်။

အဲဒီစက်ရုံတွေကတော့ Charis Co.,Ltd ၊ Dishang kenny (Myanmar)Garment Co.Ltd ၊ Golden Colour Fashion (Myanmar) https://www.myanmarlabournews.com/posts/အလုပ်သမားအား-ကိုယ်ထိ လက်ရောက်-ကျူးလွန်ပြီး-အလုပ်ထုတ်မှု-အရေးယူဖို့ပျက်ကွက်နေ  ၊ Hang Kei Myanmar Garment Factory Co.,Ltd ၊ HC Garment Co.,Ltd ၊ He MeT Company Limited ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ KBL Garment ၊ Myanmar Jiale Fashion ၊ New Zhong Hui co.,Ltd ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ San Yu ၊ Sunme (Myanmar) Industrial Limited ၊ THA SHU (MYANMAR) Fashion CO, LTD၊ YUAN HONG GARMNENT တွေ ဖြစ်ပါတယ်။ 

ကောင်းမွန်သည့် လုပ်ငန်းခွင် မဖြစ်ခြင်း

၁၉၅၁  ခုနှစ် အလုပ်ရုံများအက်ဥပဒေမှာတော့ အလုပ်ရုံစက်ရုံတွေမှာ အလုပ်သမားတွေကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ အလင်းရောင်ရရှိမှု၊ လေထု စိုထိုင်းမှု အခြေအနေ၊ လေဝင်လေထွက်အခြေအနေ၊ သောက်ရေ၊ သန့်စင်ခန်း သန့်ရှင်းမှုနဲ့၊ အမှိုက်ပုံးတွေနဲ့ ဘေးအန္တရာယ်ကင်းရေး အစီအစဉ်တွေ ရှိရမယ် လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ 

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ဆေးနဲ့ ဆေးခန်း၊ သူနာပြု နဲ့ ကြိုပို့ယာဉ် စီစဉ်မှု တွေကိုလည်း ဥပဒေမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလအတွင်း Myanmar Labour News က ဖော်ပြထားတဲ့ စက်ရုံ ၁၆ ရုံမှာ အလုပ်သမားတွေ ကောင်းမွန် စွာ အလုပ် လုပ်နိုင်တဲ့ အခြေအနေတွေ ရှိမနေတာကို တွေ့ရပါတယ်။ အဲဒီစက်ရုံတွေကတော့ Beaume International Garment Mfg Limited ၊ Charis Co.,Ltd ၊ Dong Yu ၊ Eslite Garment ၊ Hang Kei Myanmar Garment Factory Co.,Ltd၊ HC Garment Co.,Ltd ၊ LUCKY FORTUNE GARMENT ၊ New Zhong Hui Co.,Ltd ၊ Safety Clothing Myanmar ၊ Saiform International Garment Myanmar ၊ San Yu ၊ Sheng Da Ming Apparel Co, Ltd ၊ Straightex Co.Ltd ၊ Sunme (Myanmar) Industrial Limited ၊ THA SHU (MYANMAR) Fashion Co., Ltd ၊ ကျင့်ဝေ အထည်ချုပ်စက်ရုံတို့ ဖြစ်ပါတယ်။ 

အသက်မပြည့်သည့် လုပ်သားများ ခိုင်းစေခြင်း

၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေအရ ၁၄ နှစ်နဲ့ ၁၆ နှစ်ကြား အသက်အရွယ်ကို ကလေး လုပ်သားလို့ သတ်မှတ်ပြီး၊ ၁၆ နှစ်ကနေ ၁၈ နှစ်အရွယ်တွေကို လူရွယ်လုပ်သားလို့ သတ်မှတ်ထားလို့ မြန်မာနိုင်ငံသား တဦးအနေနဲ့ အသက် ၁၄ နှစ်အရွယ် မှာ အလုပ် စတင်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးနဲ့ လူရွယ် လုပ်သားတွေကို အလုပ်ခန့်ထားရာမှာ သတ်မှတ် ဆရာဝန်တွေရဲ့ အလုပ်လုပ်ကိုင်နိုင်ကြောင်း ဆေး ထောက်ခံချက်တွေ လိုအပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃  ခုနှစ်အကုန်မှာ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီးနောက် စက်ရုံအလုပ်ရုံတွေမှာ လုပ်သား အင်အား အကြီးအကျယ် လိုအပ်မှု ဖြစ်ပေါ်တာကြောင့် ကလေးနဲ့ လူရွယ် လုပ်သားအများအပြားကို ဥပဒေ ချိုးဖောက် ခန့်ထား လုပ်ကိုင်ခိုင်းတာတွေက လက်ရှိ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလအတွင်း ဥပဒေချိုးဖောက်ပြီး ကလေးနဲ့ လူရွယ်လုပ်သားတွေ ခန့်ထားတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၀ ရုံကိုတွေ့ရပါတယ်။ အဲဒီ စက်ရုံတွေကတော့ Beaume International Garment Mfg Limited ၊ Hang Kei Myanmar Garment Factory Co.,Ltd၊ He MeT Company Limited၊ JinKai Manufacturing (Myanmar) Co.,Ltd ၊  LUCKY FORTUNE GARMENT ၊ New Zhong Hui Co.,Ltd ၊ S.H United ၊ Safety Clothing Myanmar ၊ Sunme (Myanmar) Industrial Limited ၊ ကျင့်ဝေ စက်ရုံတွေ ဖြစ်ပါတယ်။ 

Myanmar Labour News က စိစစ်ထားတဲ့ ကဏ္ဍတွေထဲမှာ  လုပ်ငန်းခွင်အတွင်း  ခွဲခြားဆက်ဆံတဲ့ စက်ရုံနဲ့   နေ့စားလုပ်သားတွေကို ချိုးဖောက်မှု ရှိနေတဲ့ စက်ရုံတွေက ၉ ရုံစီ၊  ကြီးကြပ်သူတွေရဲ့ လုပ်ခလစာ ဖြတ်ယူတယ် တဲ့ စက်ရုံ ၆ ရုံ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC ချိုးဖောက်တဲ့ စက်ရုံ ၅ ရုံ ၊ WCC ဥပဒေ ချိုးဖောက် မှု ရှိတဲ့ စက်ရုံ ၄ ရုံ၊ နားချိန်အပြည့်အဝင်မရတဲ့ စက်ရုံက ၄ ရုံ၊  ၅ နာရီကျော် တဆက်တည်းလုပ်ကိုင်နေရတဲ့ စက်ရုံက ၄ ရုံ၊ စက်ရုံစစ်ဆေးရေးအဖွဲ့တွေကို လိမ်လည်ဖြေကြားခိုင်းတဲ့ စက်ရုံ ၃ ရုံ၊ တခြားအလုပ် လုပ်ကိုင်ခိုင်း တဲ့ စက်ရုံက  ၃ ရုံ၊ နိုင်ငံခြားသားက တိုက်ရိုက်ခိုင်းစေတယ်ဆိုတဲ့ စက်ရုံက ၃ ရုံ၊  ရက်အစားလုပ်ကိုင်ခိုင်းတဲ့ စက်ရုံက ၂ ရုံ၊ ကိုယ်ဝန်ဆောင် တွေ ချိုးဖောက်ခံရတဲ့ စက်ရုံက  ၂ ရုံ၊ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့စက်ရုံက ၁ ရုံနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရှိတဲ့ စက်ရုံ ၁ ရုံကို တွေ့ရပါတယ်။ 

ဒီဖေဖော်ဝါရီလထဲမှာ လုပ်ခလစာနဲ့ နစ်နာကြေး တောင်းဆိုမှုတွေပြုလုပ်ခဲ့တဲ့ စက်ရုံလုပ်ငန်းတွေကတော့ Charis Co.,Ltd ၊  HC Garment Co.,Ltd ၊ Honeys https://www.myanmarlabournews.com/posts/honeys-အထည်ချုပ်စက်ရုံကို-နစ်နာကြေး-ကျပ်သိန်းပေါင်း-၈-သောင်းကျော်-ပြန်လည်တောင်းဆို ၊ Mirae or New Way  https://www.myanmarlabournews.com/ posts/mirae-or-new-way-အထည်ချုပ်လုပ်သားတွေ-ဒေးကြေး တိုးပေးရန်-တောင်းဆိုချက်-ပြေလည်မှုမရ ၊ Myanmar Arysta LifeScience https://www.myanmarlabournews.com/posts/myanmar-arysta-lifescience-စိုက်ပျိုးရေး-ဆေးကုမ္ပ-ဏီထံမှ-ကျပ်သိန်းပေါင်း-၂၆၇၀-ကျော်-အလုပ်သမားများပြန်လည်ရရှိဟုဆို တို့ ဖြစ်ပါတယ်။ 
ဒါ့အပြင် အလုပ်သမားတွေက တရားစွဲထားတဲ့ Ooredoo Myanmar Limited https://www.myanmar labournews.com/posts/ဥပဒေမဲ့အလုပ်ထုတ်ခံရလို့-ooredoo-myanmar-ကိုတရားစွဲဆိုထားတဲ့အမှု-ဖေဖော်ဝါရီ-၂၅-ရက်သို့-ပြန်လည်ချိန်းဆို ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ အပြင် အလုပ်က ထုတ်ပယ်ခံရတာကို အလုပ်သမားရုံးက အရေးမှုမရှိခဲ့တဲ့ Golden Colour Fashion (Myanmar) စက်ရုံသတင်း https://www.myanmar labournews.  com/posts/ အလုပ်သမားအား-ကိုယ်ထိလက်ရောက်-ကျူးလွန်ပြီး-အလုပ်ထုတ်မှု-အရေးယူဖို့ပျက်ကွက်နေ၊  စစ်မှုထမ်းအတွက် အလုပ်သမားတွေရဲ့ အချက်အလက်တွေ ပေးခဲ့တဲ့ Eslite Garment https://www.myanmarlabournews.com/posts/အလုပ်သမားတွေရဲ့-ကိုယ်ရေးအ-ချက် အလက်တွေကို-မျှဝေတာမလုပ်ဖို့-အလုပ်သမားတွေပြော၊ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုကို စက်ရုံ ပိတ်ပစ်မယ်ဆိုပြီး မြို့နယ်အလုပ်သမားရုံးတာဝန်ရှိသူရဲ့ ခြိမ်းခြောက်မှု Charis Co.,Ltd စက်ရုံသတင်းတွေက ထူးခြားမှုတွေ ဖြစ်ပါတယ်။ 

Myanmar Labour News ရဲ့ သတင်းဖော်ပြမှုတွေကို လစဉ် လေ့လာစိစစ်မှုတွေက လုပ်ငန်းခွင်က အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဆုံးရှုံးရမှုနဲ့ နစ်နာမှုတွေကို ပေါ်လွင်စေဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ အများဆုံး နစ်နာနေတဲ့ ကဏ္ဍတွေကို သိရှိပြီး ကုစားမှုတွေနဲ့ ပြုပြင်မှုတွေ ဆောင်ရွက်နိုင်ဖို့ဖြစ်လို့ အလုပ်သမား ကဏ္ဍက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေကိုလည်း အထူးရည်ရွယ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ရေးသားသူ    - မင်းနီကျော်
တည်းဖြတ်    - ဆုလာဘ်ဖြူ
ဒီဇိုင်း        -     ကျော်ကြီး

သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- မမ
- ယွန်းဆက်
 
 
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society 
Research Team
 
Contact 
Email - myanmarlabournews@gmail.com ,
            myanmarlaboursociety@gmail.com
Website - www.myanmarlabournews.com
Facebook - https://facebook.com/myanmarlabournews
Twitter(X) - https://twitter.com/mm_labournews