NEWS

ငွေပင်လယ်စက်မှုဇုန် ကျိုစိန့်သိုးမွေး စက်ရုံ မှ အလုပ်သမားများ၏ ရင်ဖွင့်စာ

CoverLogo
1.8K Views

အလုပ်သမားရင်ဖွင့်စာကဏ္ဍ

MyanmarLabourNews
နိုဝင်ဘာ ၁၀

အခုလက်ရှိ ညီမတို့မိသားစု စားဝတ်နေရေးအတွက် ( လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန် ကျိုစိန့်သိုးမွေး စက်ရုံ ) မှာ ညီမတို့အလုပ်ဆင်းနေပါတယ်။

ညီမတို့နဲ့ ဘာမှတိုင်ပင်ဆွေးနွေးခြင်းမရှိပဲ စက်ရုံပိတ်မယ်လုပ်ပြီး ညီမတို့ ကို အတင်းအကြပ် လက်မှတ်ထိုးခိုင်း ပါတယ်။

လက်မှတ်မထိုးပေးရင်အလုပ်ထုတ်မယ်ဆိုပြီးလဲပြောပါသေးတယ်။ အတင်းအကြပ်လက်မှတ်ကိုရအောင်ယူပါတယ်။ စူပါ နဲ့ အလုပ်သမား အဖွဲ့အစည်း ကိုလဲ လာတ်ထိုးထားပါတယ်။

သူတို့အရင်က ပြောစကား ရှိပါသေး အလုပ်သမားလေဘာရုံးလဲပိုက်ဆံနဲနဲ ပေးလိုက်ရင်ရပါတယ်ဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတဲ့စာရွက်အပေါ်မှာကြတော့စက်ရုံနာမည်တောင်မပါ ပါဘူး။

တစ်လ ကို ၅သောင်း ​၆ သောင်းထောက်ပံ့ပေးဖို့တောင်းဆိုတော့လဲ စူပါ တွေ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မရဘူးပဲငြင်းဆိုနေပါတယ်ရှင့်။

အခုလိုအကူညီတောင်းရတာအားနာပေမယ့် စက်ရုံထဲ ဝန်ထမ်း နှစ်ထောင်ကျော် အလုပ်လက်မဲ့ စားဝတ်နေရေးကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းဖြစ်မိလို့အကူညီတောင်းရခြင်းပါ။ အခုလို ရင်ဖွင့်စာကို လက်ခံပေးလို့ အထူးပင် ကျေးဇူးတင်ရှိပါတယ် ရှင့်။

ဝန်ထမ်းများ 


Related posts

Cover
Great Glowin (JW) နှင့် Glowin & Win (ADK)စက်ရုံလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ
Aug 20, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေ ဖြေရှင်းပေးဖို့လိုလားနေ
Aug 19, 2025
Cover
New Plus အထည်ချုပ်စက်ရုံ ခွဲခြားဆက်ဆံမှုများ တင်ပြခြင်း
Aug 19, 2025
Cover
အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို
Aug 18, 2025
Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025