SURVEY

၂၀၂၆ ဇန်နဝါရီ ရွေးကောက်ပွဲကာလ အလုပ်သမားကဏ္ဍ ချိုးဖောက်မှုများ

CoverLogo
72 Views

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလအတွင်း အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ တောင်းဆို ဆန္ဒပြတဲ့ စက်ရုံ အလုပ်ရုံ အများအပြားရှိ ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ လည်း ပြုလုပ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ အဲ့ဒီ ရွေးကောက်ပွဲမှာ မြို့နယ် ၁၇ မြို့နယ်ပါဝင်ပြီး စက်မှုဇုန်တွေရှိတဲ့ လှိုင်သာယာ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့  ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ကျင်းပခဲ့တာပါ။ တချို့ စက်ရုံတွေမှာ တောင်းဆိုမှုတွေက ရက်ရှည်ကြာအောင် ဖြစ်ပွားခဲ့တာပါ။

ဇန်နဝါရီလမှာ Myanmar Labour News က ဖော်ပြထားတဲ့ သတင်းတွေထဲမှာ  တောင်းဆိုမှု ဖြစ်ပွားတဲ့ စက်ရုံပေါင်း  ၉ ရုံ ရှိပါတယ်။ ဒီစက်ရုံတွေ အားလုံးက အထည်ချုပ်စက်ရုံတွေ ဖြစ်ပြီး ရက်ပေါင်း ၃၀ နီးပါး ကြာတောင်းဆိုမှု ပြုလုပ်တဲ့ စက်ရုံတွေ ပါဝင်တာကို Myanmar Labour Society  က သတိထားမိပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာဥပဒေ ပြဌာန်းချက် နဲ့ ပြည်တွင်း အလုပ်သမားဥပဒေတွေကို အခြေခံပြီး မြန်မာအလုပ်သမား ကဏ္ဍအတွင်းက ချိုးဖောက်မှုတွေကို Myanmar Labour Society က စောင့်ကြည့်ပြီး  အချက်အလက်တွေကို ကောက်ယူနေပါတယ်။ 

Myanmar Labour News website မှာဖော်ပြထားတဲ့ သတင်းတွေထဲ့ ချိုးဖောက်မှု အချက်အလက်တွေကို အဓိက စောင့်ကြည့်လေ့လာ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းတွေ ကာယကံရှင် အလုပ်သမား ကိုယ်တိုင် ပြောကြား တာ၊ အလုပ်သမား အဖွဲ့ချုပ် ၊ အလုပ်သမား သမဂ္ဂတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေကတဆင့် ရရှိတဲ့ ခိုင်မာတဲ့ အချက်အလက် ဖြစ်တယ်လို့ Myanmar Labour News  မီဒီယာ တာဝန်ခံက ပြောကြားထား ပါတယ်။

ဇန်နဝါရီလအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံ သတင်း ၃၈ ပုဒ် ကို  Myanmar Labour News မှာဖော်ပြထားပါတယ်။

အဲဒီသတင်းတွေထဲ စက်ရုံလုပ်ငန်း  ၂၉ ခုကိုတွေ့ရပြီး အဲ့ဒီထဲမှာ  စားသောက်ကုန် စက်ရုံ  ၁ ရုံ၊  ဖိနပ်စက်ရုံ ၁ ရုံ၊ လောင်စာဆီလုပ်ငန်း ၁  ခု၊ ဦးထုတ် စက်ရုံ ၁ ရုံနဲ့ အထည်ချုပ်စက်ရုံက ၂၅ ရုံ ပါဝင်ပါတယ်။ ဒီထဲက ဦးထုတ်၊ ဖိနပ်နဲ့ အထည်ချုပ်စက်ရုံတွေက  နိုင်ငံတကာ ကုန်အမှတ်တံဆိပ် ထုတ်လုပ်တဲ့ CMP လုပ်ငန်းတွေ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ Myanmar Labour News က ဖော်ပြထားတဲ့ သတင်းတွေထဲ လုပ်ငန်းခွင်ဆိုင်ရာ အဓမ္မခိုင်းစေတာ၊ ငွေကြေးနှင့် ခံစားခွင့်ဆိုင်ရာ ချိုးဖောက်တာ၊ အလုပ်အကိုင် လုံခြုံမှု ဆိုင်ရာ ချိုးဖောက်တာ၊ စုပေါင်းတောင်းဆိုမှုနှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ချိုးဖောက်တာတွေ ရှိတာကို Myanmar Labour Society သတိထားမိပါတယ်။

အလုပ်သမားတွေ အဓိက ချိုးဖောက်ခံရတာက လုပ်ခလစာ ဖြတ်တောက်တာ၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေ တာ၊ အချိန်ပို အတင်းအကျပ် ခိုင်းစေတာ၊ ဆဲဆို ခိုင်းစေတာ၊ ဆန္ဒပြတောင်းဆိုတာ၊ ဥပဒေပါ ခွင့်ရက်နှင့် ခွင့် ခံစားခွင့် မရတာ၊ အလုပ်ထုတ်တာနဲ့ အထည်စံချိန် အတင်းအကျပ်တောင်းဆိုတာတွေ အမျာဆုံး ဖြစ်ပွားတာကို တွေ့ရပါတယ်။ 

 

လုပ်ခလစာနှင့် အချိန်ပို ဆိုင်ရာ ချိုးဖောက်မှုများ

ဇန်နဝါရီလအတွင်း အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အများဆုံးက လုပ်ခလစာ ဖြတ်တောက်မှု ဖြစ်ပါတယ်။  သတင်းဖော်ပြခံရတဲ့  စက်ရုံပေါင်း ၂၉ ရုံထဲက ဒီချိုးဖောက်မှုမှာ ၁၅ ရုံ အထိပါဝင်တာကြောင့် ပါဝင်မှု ရာခိုင်နှုန်း ၅၃ ရာခိုင်းနှုန်း အထိ ရှိခဲ့တာပါ။

တွေ့ရှိရတဲ့ လုပ်ခလစာ ဖြတ်တောက်မှု အခြေအနေတွေကတော့ စက်ရုံအမည်ပြောင်းပြီး လုပ်သက်လစာ လျှော့တာ၊  အချိန်ပိုလုပ်ခ ၂ ဆမပေးတာ၊ လုပ်သက်ခွင့်အတွက် ခံစားခွင့်နဲ့ သတ်မှတ် ဒေးကြေးအတိုင်း မပေးတာ၊ ရက်မှန်ကြေး ဖြတ်တာ၊ ဆန္ဒပြရက် လစာဖြတ်တာ၊ လုပ်ခလစာ နောက်ကျပြီး ရှင်းတာ၊ လုပ်ခလစာ ခွဲခြားပေးတာ၊ ခွင့်ရက် ခံစားခွင့်မပေးတာ၊ လစာ လျှော့ချတာ၊ အချိန်ပို လုပ်ခမရတာ၊ အလုပ်ခန့်လစာအတိုင်း မပေးတာ၊ ယူနီဖောင်းအတွက် ငွေဖြတ်တာ၊ ညွှန်ကြားထားတဲ့ ထောက်ပံ့ကြေး တိုးမပေးတာတွေကို တွေ့ရပါတယ်။

ဒီ အဖြစ်အပျက်တွေကို Arao Garment ၊ Brothers Myanmar Clothing Co.Ltd ၊ Casico Garment Co.,Ltd ၊ Chi Mei International Co.,Ltd ၊ Costec Internaional Co.,Ltd  ၊ Denko Petrochemical Management၊ Innovation Food Co.,Ltd ၊ LZS  Apparel  Co.,Ltd ၊ Mei Jie Myanmar Clothing & Accessories Co.,ltd၊ Myanmar Guotai Huasheng Glory Fashion Co.,Ltd ၊ Myanmar Ju Chuan Sheng Tai (ST)၊ Shun Yu (Myanmar) Garment၊ SM Myanmar Garment နဲ့ ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံတွေမှာ တွေ့ရပါတယ်။

လက်ရှိ မြန်မာအလုပ်သမားဥပဒေတွေအရ အလုပ်ရှင်က အလုပ်သမားရဲ့ လုပ်ခလစာကို မိမိသဘော ဆန္ဒအလျောက် ဖြတ်တောက်ခွင့် မရှိပါဘူး။ လုပ်ခလစာ ဖြတ်တောက်နိုင်တဲ့ အခြေအနေတွေကို ၂၀၁၆ ခုနှစ်၊ လုပ်ခလစာပေးချေရေး ဥပဒေ မှာ ပြဌာန်းပေးထားပါတယ်။ 

 

အချိန်ပို ဆိုင်ရာ ချိုးဖောက်မှု

ဇန်နဝါရီလအတွင်း အချိန်ပို ဆိုင်ရာ ချိုးဖောက်တဲ့ စက်ရုံပေါင်း  ၁၂ ရုံ ရှိခဲ့ပါတယ်။ ချိုးဖောက်မှုတွေကတော့ ဥပဒေပြဌာန်းထားသလို အချိန်ပိုကြေး ၂ ဆ မပေးတာ၊ အချိန်ပို မဆင်းလို့ ဆူပူ ပြောဆိုတာ၊ ခွဲခြား လုပ်ကိုင် ခိုင်းတာ၊ အချိန်ပို မဆင်းလို့ အလုပ်ထုတ်တာ၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်းတာ၊ အချိန်ပိုဆင်းဖို့ အလုပ်သမားကို လက်မှတ်မထိုးရဘဲ ခေါင်းဆောင်တွေက လက်မှတ်ထိုး  ဆင်းခိုင်းတာ၊ တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်းတာ၊ ရက်ဆက် အချိန်ပိုဆင်းခိုင်းတာ၊ ခြိမ်းခြောက်တာ၊ အချိန်ပို ၆ နာရီဆင်းခိုင်း ပြီး လုပ်ခမရတာ၊ အချိန်ပို မဆင်းလို့ လုပ်ခလစာ ဖြတ်တာ တွေဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကို  Arao Garment ၊ Casico Garment Co.,Ltd ၊ Chi Mei International Co.,Ltd ၊ LZS  Apparel  Co.,Ltd ၊ Mei Jie Myanmar Clothing & Accessories Co.,ltd၊ Myanmar Ju Chuan ၊ Myanmar Ming Fan ၊ Shun Yu (Myanmar) Garment၊ Shwe Zarmani ၊ Sunrise Myanmar Fashion Garment၊ Wonderful April နဲ့ ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံတွေမှာ တွေ့ထားတာပါ။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ချိုးဖောက်မှုများ

ချိုးဖောက်မှု အမျိုးအစား

စက်ရုံလုပ်ငန်း များ

သတင်းအရေအတွက်

လုပ်ခလစာ ဖြတ်တောက်ခြင်း

15

16

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း

13

13

အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

12

12

ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း

9

9

ဆဲဆို ခိုင်းစေခြင်း

9

9

ဆန္ဒပြတောင်းဆိုခြင်း

9

15

အလုပ်ထုတ်ခြင်း

8

8

အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း

7

7

ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း

6

6

ခွဲခြားဆက်ဆံခြင်း

5

5

လာရောက်စစ်ဆေးခြင်း

5

6

လူမှုဖူလုံရေးဥပဒေ ချိုးဖာက်ခံရခြင်း

4

4

EC စာချုပ် ချိုးဖောက်ခံရခြင်း

4

4

WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း

4

4

တခြားအလုပ်များအား ခိုင်စေခြင်း

4

4

အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းခြင်း

4

4

နိုင်ငံခြားသားများမှ တိုက်ခိုက်စေခြင်း

3

3

ကလေးလုပ်သားများအား ခိုင်းစေခြင်း

2

2

ကိုယ်ဝန်ဆောင်လုပ်သားများ ချိုးဖောက်ခံရခြင်း

2

2

အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းများအား ပိတ်ပင်ခြင်း၊ ဖြိုခွဲခြင်း

1

1

ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း

1

1

နေ့စားလုပ်သာများ ချိုးဖာက်ခြင်း

1

1

စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းခြင်း၊ တိမ်းရှောင်ခိုင်းခြင်း

1

1

ရက်အစား လုပ်ကိုင်ခိုင်းခြင်း

1

1

စက်ရုံပြောင်းရွှေ့ခြင်း/ ပိတ်သိမ်းခြင်း

1

1

အနားယူချိန် အပြည့်အဝမရခြင်း

1

1

လုပ်ငန်းခွင်ထိခိုက်မှုအား လျစ်လျူရှုခြင်း

0

0

လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်း

0

0

၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ

No

စက်ရုံလုပ်ငန်း

လုပ်ငန်းအမျိုးအစား

ကုန်အမှတ်တံဆိပ်

လုပ်ငန်းတည်နေရာ

သတင်းဖော်ပြမှု

1

Eternal Fashion

အထည်ချုပ်

 

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်

https://www.myanmarlabournews.com/posts/eternal-fashion-coltd-အထည်ချုပ်စက်ရုံ-ပိတ်သိမ်း

2

Mei Jie Myanmar Clothing & Accessories Co.,ltd

အထည်ချုပ်

Aunely, Coen

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှူဇုန်၊ ဦးဖိုးလှိုင်လမ်း

https://www.myanmarlabournews.com/posts/mei-jie-myanmar-အလုပ်နေရာ-အတင်းအကျပ်ပြောင်း-ဆန္ဒမပါဘဲ-အချိန်ပို-ဆင်းခိုင်း

3

Safety Clothing Myanmar Co.,ltd

အထည်ချုပ်

Roly Sport

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှူဇုန်၊ မြစံပယ်ဖြူလမ်း

https://www.myanmarlabournews.com/posts/safety-clothing-myanmar-အထည်ချုပ်-ec-စာချုပ်-ချိုးဖောက်ပြီး-သတ်မှတ်အလုပ်ချိန်ထက်-ပိုလုပ်ခိုင်း

4

Shun Yu (Myanmar) Garment

အထည်ချုပ်

Sinsay, Max, Amisu

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်း

https://www.myanmarlabournews.com/posts/shun-yu-myanmar-garment-တွင်-အချိန်ပို-မဆင်းသူများအား-အထည်ကြေး-ဆုကြေး-ဂရိတ်ကြေးဖြတ်မည်ဟု-ခြိမ်းခြောက်

5

Sheng Tai (ST)

အထည်ချုပ်

Karrimor

မဟာမင်းခေါင်လမ်း၊ ရွှေပြည်သာစက်မှုဇုန် (၃) ၊ ရွှေပြည်သာမြိုနယ်

https://www.myanmarlabournews.com/posts/sheng-tai-st-ဒေးကြေးလျှော့ပေးပြီး-wcc-ကို-ဥပဒေမဲ့-ဖွဲ့စည်း

6

Casico Garment Co.,Ltd

အထည်ချုပ်

Lutique, Radwear

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာ လမ်း

https://www.myanmarlabournews.com/posts/casico-garment-အထည်ချုပ်-နားချိန်-မပေးဘဲ-အချိန်ပို-အတင်းအကျပ်-လုပ်ကိုင်ခိုင်း

7

Myanmar Guotai Huasheng Glory Fashion Co.,Ltd

အထည်ချုပ်

Xside, Lc Walkl l

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန် ၂ ၊ ဦးထွန်းညိုလမ်း

https://www.myanmarlabournews.com/posts/ကိုယ်ဝန်ဆောင်-အလုပ်သမားအား-guotai-huasheng-glory-fashion-လိုင်းစူပါက-ကိုယ်ဝန်ဖျက်ချ-ခိုင်း

8

Brothers Myanmar Clothing Co.Ltd

အထည်ချုပ်

Find-Out , Workman Colors

ရန်ကုန်မြို့၊ လှိင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ် (၂) လမ်း

https://www.myanmarlabournews.com/posts/brothers-myanmar-clothing-coltd-စက်ရုံ-နားချိန်မပေးဘဲ-ခိုင်းစေသည့်အပြင်-ရိုင်းစိုင်းစွာ-ဆဲဆို

9

Sunrise Myanmar Fashion Garment

အထည်ချုပ်

ZEROSTAGE, WORKWEAR

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း

https://www.myanmarlabournews.com/posts/sunrise-myanmar-fashion-အထည်ချုပ်-စက်ရုံ-ညနက်-အချိန်ပို-အပြင်-တနင်္ဂနွေပိတ်ရက်-အလုပ်ဆင်းခိုင်း

10

ရှိရှောင်ကွေ့ အထည်ချုပ်

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၂၊ ဦးမှိုလမ်း

https://www.myanmarlabournews.com/posts/ရှိရှောင်ကွေ့-အထည်ချုပ်-အချိန်ပိုမဆင်းသည့်-အလုပ်သမားများအား-အလုပ်ထုတ်

11

Costec Internaional Co.,Ltd

အထည်ချုပ်

Wakiki - X Shetter ၊ Zero Staage

ရန်ကုန်မြို့ ၊အင်းစိန်မြိုနယ်၊ ရွှေပြည်သာ စက်မှုဇုန် ၃ ၊ မြတောင်ဝန်ကြီးလမ်

https://www.myanmarlabournews.com/posts/costec-အထည်ချုပ်စက်ရုံ-ဒေးကြေး-ကျပ်-ငါးရာ-တိုးပေးပြီးနောက်-အလုပ်သမားခေါင်းဆောင်အား-အလုပ်ဖြုတ်

12

Myanmar Ju Chuan

ဖိနပ်ချုပ်

 

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန် ၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/myanmar-ju-chuan-စက်ရုံ-လုပ်သက်ခွင့်ကို-ချိုးဖောက်

13

Yangon Oscar

အထည်ချုပ်

LCW ၊ P@VV

အရှေ့ဒဂုံမြို့နယ် ၊ အရှေ့ဒဂုံ စက်မှုဇုန် ၊ ဖန်ချက်ဝန်ဦးရွေအိုးလမ်း

https://www.myanmarlabournews.com/posts/yangon-oscar-စက်ရုံ-ec-ချုပ်မပေး-အလုပ်သမားများ-နစ်နာနေ

14

LZS Apparel Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်၊ သံလွင်လမ်း

https://www.myanmarlabournews.com/posts/lzs-apparel-အထည်ချုပ်-အချိန်ပို-၆-နာရီကျော်-လုပ်ကိုင်ခိုင်းပြီး-လုပ်ခ-မပေး

15

Tai Hong

အထည်ချုပ်

 

ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/tai-hong-အထည်ချုပ်-ec-စာချုပ်-ဖောက်ဖျက်ပြီး-သတိပေးလက်မှတ်ထိုးခိုင်း

16

Arao Garment

အထည်ချုပ်

POLHAM,JAJU,TISSAIA

ဒဂုံဆိပ်ကမ်းမြိုနယ်၊ ဒဂုံ ဆိပ်ကမ်း စက်မှုဥယျာဥ် (ကျီစု) ၊ ကနောင်မင်းသားကြီးလမ်း

https://www.myanmarlabournews.com/posts/arao-အထည်ချုပ်စက်ရုံ-ဌာနခေါင်းဆောင်များအား-ရာထူးချ

17

Chi Mei International Co.,Ltd

အထည်ချုပ်

Rafinat, knox village

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်း

https://www.myanmarlabournews.com/posts/chi-mei-အထည်ချုပ်-qr-မန်နေဂျာ-မှာ-အတင်းအကျပ်-အချိန်ပိုဆင်းခိုင်း

18

Innovation Food Co.,Ltd

စားသောက်ကုန်

Sunday Coffee၊ Rich Creamy

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန် ၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/innovation-food-coltd-ကုန်ကြမ်းမရှိသည့်-ပိတ်ရက်အတွက်-အစားထိုး-အလုပ်ဆင်းခိုင်း

19

SM Myanmar Garment

အထည်ချုပ်

Sinsay , AMISU

ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/အလုပ်သမားဦးစီးဌာနမှ-စစ်ကောင်စီနှင့်-ဖမ်းဆီးခိုင်းဟု-sm-myanmar-garment-ပိုင်ရှင်-ပြောဆို

20

Wonderful April

အထည်ချုပ်

 

ရန်ကုန်တိုင်း၊ မော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်

https://www.myanmarlabournews.com/posts/wonderful-apparel-စက်ရုံ-အလုပ်သမားအခွင့်အရေး-ချိုးဖောက်နေ

21

Denko Petrochemical Management

လောင်စာဆီ

 

ရွှေလင်ဗန်းစက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့

https://www.myanmarlabournews.com/posts/denko-petrochemical-management-ကုမ္ပဏီ-ခွင့်မပေးဘဲ-ဥပဒေ-ချိုးဖောက်

22

Golden Five Myanmar Co.,Ltd

အထည်ချုပ်

First Down , Workman Colors

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြကျွန်းသာလမ်း

https://www.myanmarlabournews.com/posts/golden-five-myanmar-အထည်ချုပ်-လုပ်သားများ-တောင်းဆိုမှု-ပြီးဆုံး

23

Grand Forest International Apparel

အထည်ချုပ်

 

ရန်ကုန်မြို၊ ဒဂုံဆိပ်ကမ်းမြိုနယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်းနဲ့ ဆင်ဖြူလမ်းထောင့်

https://www.myanmarlabournews.com/posts/grand-forest-အထည်ချုပ်-လုပ်သားများ-တောင်းဆိုမှု-၆၀-ရာခိုင်နှုန်းဝန်းကျင်သာ-ပြည့်ဝ-ဟုဆို

24

Myanmar LNY (1) CAPS CO,LTD

ဦးထုတ်

 

ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန် ၊ မလိခလမ်း

https://www.myanmarlabournews.com/posts/မတရားသဖြင့်-အလုပ်ထုတ်ခံရမှုအပေါ်-မူလရာထူးဖြင့်-အလုပ်ပြန်လည်ရရှိရေး-ရင်ဖွင့်တိုင်ကြားစာ

25

Myanmar Ming Fan

အထည်ချုပ်

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၁

https://www.myanmarlabournews.com/posts/myanmar-ming-fan-အထည်ချုပ်-အတင်းအကျပ်-အချိန်ပိုခိုင်း၊-ကြိုပို့မပေးဘဲ-ညနက်-၉-နာရီ-ပြန်ခိုင်း

26

Shwe Zarmani

အထည်ချုပ်

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြိုနယ်၊ သာဒုကန်စက်မှုဇု

https://www.myanmarlabournews.com/posts/shwe-zarmani-အထည်ချုပ်-အချိန်ပိုအတွက်-သဘောဆန္ဒမမေးဘဲ-လုပ်ကိုင်ခိုင်း

27

Myanmar Belle International Co.Ltd

အထည်ချုပ်

Sinsay

ရန်ကုန်တိုင်းဒေသကြီး၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-belle-အထည်ချုပ်တွင်-အလုပ်သမားများတောင်းဆိုမှုပြုလုပ်

28

Tianjin fashion Milestone

အထည်ချုပ်

Sinsay

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းစက်မူဇုန် ၊ဆိပ်ကမ်းသာလမ်း

https://www.myanmarlabournews.com/posts/tianjin-fashion-milestone-အထည်ချုပ်-အလုပ်သမားတောင်းဆိုမှု-၁၈-ရက်ကြာမြင့်ပေမဲ့-ပြေလည်မှုမရ

29

Sen yu

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း

https://www.myanmarlabournews.com/posts/sen-yu-အထည်ချုပ်-လုပ်ခတိုးမြှင့်ရေး-တောင်းဆိုမှု-ညှိနှိုင်း-အဆင်မပြေ

ချိုးဖောက်မှု အများမှ အနည်းသို့ စီထားပါသည်။

         

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း

လုပ်ငန်းခွင်မှာ ဖိအားပေးတာ၊ ခြိမ်းခြောက်တာနဲ့ အဓမ္မခိုင်းစေတာတွေဟာ အလုပ်သမားအခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်မှု ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ သဘောတူညီချက်မှာလည်း မြန်မာနိုင်ငံက  လက်မှတ်ရေးထိုးထားပါတယ်။

အလုပ်သမားရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ ခိုင်းစေတာ၊ အလုပ်က ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ခိုင်းစေတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေတာတွေက အလုပ်သမားဥပဒေ ဒါမှမဟုတ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၄ အရ  ပြစ်မှုမြောက်ပါတယ်။

အလုပ်ခန့်ထားစဉ်က ချုပ်ဆိုထားတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (Employment Contract) ပါ စည်းကမ်းချက်တွေထက် ကျော်လွန်ပြီး အလုပ်သမားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေ၊ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် ပိုခိုင်းတာနဲ့ ခြိမ်းခြောက်ပြီး အချိန်ပို ဆင်းခိုင်းတာတွေကလည်း  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (EC) ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်း လုပ်ငန်းခွင် ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတဲ့ ပုံစံတွေကတော့ အချိန်ပို မဆင်းလို့ ဆူပူ ပြောဆိုတာ၊ အခွင့်အရေးတွေ ဖြတ်တောက်မယ်ဆိုပြီး ပြောတာ၊ ရုံးတိုင်ပါက အလုပ်ထုတ်မယ်လို့ ပြောဆိုတာ၊  အလုပ်သမားလျှော့မယ်ဆိုပြီး အမြဲပြောဆိုတာ၊  အထည်စံချိန်မပြည့်လို့ နိုင်ငံခြားသား ဝန်ထမ်း၊ အောစူပါ၊ စူပါလို့ အုပ်ချုပ်ရေးဝန်ထမ်းတွေက ဆဲဆိုတာ၊ ဆန္ဒပြကာလကို လုပ်ခမပေးဘူးဆိုပြီး ပြောဆိုတာ၊ ခွင့်ယူလို့ ကိုယ်ဝန် ဖျက်ချခိုင်းတာ၊ HR ဝန်ထမ်းက ဝိမ်တိန်ထိုးခိုင်းပြီး အလုပ်ထုတ်မယ်ပြောတာ၊ လုပ်ငန်းခွင်အတွင့် စောင့်ကြည့် ခံရတာ၊ အချိန်ပိုမဆင်းတာ ဘာလို့လဲ ဆိုပြီး မေးမြန်းတာ၊ ရာထူးအမြင့်အနိမ့် အပေါ် ခွဲခြားခံရတာ၊ အချိန်ပို နေ့ည ဆင်းခိုင်းပြီး အလုပ်နောက်ကျလို့ သတိပေးလက်မှတ်ထိုးခိုင်းတာ၊  လုပ်ငန်းဌာန ပြောင်းခိုင်းပြီး မပြောင်းပါက အလုပ်ထုတ်မယ် ပြောတာ၊ အတင်းအကျပ် အချိန်ပို လုပ်ကိုင်ပေးရတာ၊ လုပ်ခပေးချေမှု ပုံစံပြောင်းလဲမှုကို လက်မခံပါက အလုပ်ထွက်ဖို့ ပြောတာ၊ ရက်ပျက်ပါက ပိတ်ရက်အတွက် လုပ်ခ ဖြတ်တောက်မယ်လို့ ပြောဆိုတာ စတာတွေ ဖြစ်ပါတယ်။

ဒီလို ဖိအားပေးခိုင်းစေမှုတွေကို  ဇန်နဝါရီလအတွင်း စက်ရုံ  ၁၃ ရုံမှာ တွေ့ရှိပါတယ်။

အဲ့ဒီ စက်ရုံတွေကတော့  Brothers Myanmar Clothing Co.Ltd ၊ Costec Internaional Co.,Ltd  ၊ Eternal Fashion၊ LZS  Apparel  Co.,Ltd ၊ Myanmar Guotai Huasheng Glory Fashion Co.,Ltd ၊ Myanmar Ju Chuan ၊ Myanmar Ming Fan ၊ Safety Clothing Myanmar Co.,ltd ၊ Shun Yu (Myanmar) Garment၊ Shwe Zarmani Sunrise Myanmar Fashion Garment၊ Tai Hong ၊ Yangon Oscar စတဲ့ စက်ရုံတွေမှာ တွေ့ရ ပါတယ်။

 

လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေခြင်း

လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေကို အဓိက ကျူးလွန်သူတွေကတော့ လုပ်ငန်းခွင်အတွင်းက မန်နေဂျာ၊ နိုင်ငံခြားသားဝန်ထမ်း၊ အောစူပါနဲ့ စူပါတွေ ဖြစ်ကြပါတယ်။ ဆဲဆိုတဲ့ ပုံစံတွေကတော့ အထည်စံချိန် မရလို့ဆိုပြီး ဆဲတာ၊ စံချိန်ပြည့်ဖို့ ဆဲတာ၊ လိုင်းခေါင်းဆောင်က ကိုယ်ထိလက်ရောက် ပြုမူတာတွေ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေတဲ့ စက်ရုံပေါင်း ၉ ရုံရှိပြီး အဲ့ဒီ စက်ရုံတွေကတော့  Brothers Myanmar Clothing Co.Ltd ၊ Casico Garment Co.,Ltd ၊ Eternal Fashion၊ Mei Jie Myanmar Clothing & Accessories Co.,ltd၊ Myanmar Guotai Huasheng Glory Fashion Co.,Ltd ၊ Safety Clothing Myanmar Co.,ltd ၊ Sheng Tai (ST)၊ Shun Yu (Myanmar) Garment နဲ့ ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း

အလုပ်သမားတဦး အတွက် ရှောင်တခင်ခွင့် တစ်နှစ် ၆ ရက်၊ လုပ်သက် ၁ နှစ် ပြည့်ပါက  လုပ်သက်ခွင့် ၁၀  ရက်၊ လုပ်သက် ၆ လ ပြည့်ပါက ဆေးခွင့်  တစ်နှစ် ရက် ၃၀  ၊ လူမှုဖူလုံရေးဝင်ထားတဲ့ အမျိုးသမီး အလုပ်သမားတွေ အတွက် မီးဖွားခွင့် ရက်သတ္တပတ် ၁၄  ပတ် ဆိုပြီး ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေမှာ ပြဌာန်း ပေးထားပါတယ်။

ဒီဥပဒေမှာ ပြစ်မှုပြစ်ဒဏ်ပါဝင်ပြီး ကျူးလွန်ပါက  ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေက မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံတွေ အများဆုံး ဖေါက်ဖျက်ကျူးလွန်နေတာပါ ။

ဇန်နဝါရီလအတွင်းမှာ ခွင့်ရက်နဲ့ ခံစားခွင့်တွေ မပေးတဲ့ စက်ရုံပေါင်း ၉ ရုံမှာ တွေ့ရပြိး အဲဒီစက်ရုံတွေကတော့ Casico Garment Co.,Ltd ၊ Denko Petrochemical Management၊ Eternal Fashion၊ Mei Jie Myanmar Clothing & Accessories Co.,ltd၊ Myanmar Guotai Huasheng Glory Fashion Co.,Ltd ၊ Myanmar Ju Chuan ၊ Safety Clothing Myanmar Co.,ltd ၊ Shun Yu (Myanmar) Garment နဲ့ ရှိရှောင်ကွေ့ စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

 

အလုပ်ထုတ်ခြင်း

မြန်မာနိုင်ငံ အလုပ်သမားဥပဒေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရ အလုပ်ရှင် တစ်ဦးက အလုပ်သမားတစ်ဦးကို အလုပ်ထုတ်ပယ်ဖို့ ခိုင်လုံသောအကြောင်းပြချက်ရှိဖို့  လိုအပ်သလို၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။

ဇန်နဝါရီလ အတွင်း စက်ရုံဘက်က  အလုပ်ထုတ်ခဲ့တဲ့  အခြေအနေကတော့ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်တာ၊ အလုပ်နေရာပြောင်းပြီး စံချိန်မရလို့ EC စာချုပ်ဖောက်ဖျက်တယ်ဆိုပြီး အလုပ်ထုတ်တာ၊ စံချိန်မရလို့ဆိုပြီး အလုပ်ထုတ်တာ၊ သတိပေးမှု တကြိမ်တည်းပြုလုပ်ပြီး အလုပ်ထုတ်တာ၊ ခွင့်ယူလို့ ဆိုပြီး အလုပ်ထုတ် စတာတွေ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကို စက်ရုံ ၈ ရုံမှာတွေ့ရပါတယ်။ အဲဒီစက်ရုံက  Eternal Fashion၊ Mei Jie Myanmar Clothing & Accessories Co.,ltd ,Myanmar LNY (1) CAPS CO,LTD ၊ Safety Clothing Myanmar Co.,ltd ၊ Sheng Tai (ST)၊ Shun Yu (Myanmar) Garment၊ Yangon Oscar နဲ့ ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံတွေမှာ တွေ့ထားပါတယ်။

 

ဆန္ဒပြတောင်းဆိုခြင်း

ဇန်နဝါရီ လအတွင််း Myanmar Labour News မှာ သတင်းဖော်ပြထားထဲ ဆန္ဒပြတောင်းဆိုမှုပြုလုပ်တဲ့ စက်ရုံပေါင်း ၉ ရုံ ရှိပါတယ်။

တောင်းဆိုမှုတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းတွေမှာ ၄ လဝန်းကျင် အချိန်ပို မလုပ်ကိုင်ရတာ၊ ထောက်ပံ့ကြေး ၃ ကြိမ်တိုးပေးဖို့ ညွှန်ကြားထားပေမဲ့ အလုပ်သမားတွေ ခံစားခွင့်မရတာ၊ နေထိုင်စားသောက် စရိတ်တွေ မြင့်တက် တွေကြောင့် ဖြစ်ပေါ်လာရတာလို့ အလုပ်သမားတချို့က ပြောပါတယ်။

ဒါကြောင့် ဒေးကြေး ၁၂၀၀၀ ကျပ် အထိ တိုးပေးဖို့၊ ဒေးကြေးနဲ့ အတူ အိုတီကြေးပါ တိုးမြှင့်ပေးဖို့၊ အခွင့်အရေး အနေနဲ့ ရက်မှန်ကြေးတိုးမြှင့်ပေးဖို့တွေကို အဓိကထား တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုဆန္ဒပြခဲ့တဲ့ စက်ရုံတွေကတော့ Casico Garment Co.,Ltd ၊ Costec Internaional Co.,Ltd  ၊ Eternal Fashion၊ Golden Five Myanmar Co.,Ltd ၊ Grand Forest International Apparel၊ Myanmar Belle International Co.Ltd၊ Sen yu ၊ SM Myanmar Garment ၊ Tianjin Fashion Milestone စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

ထူးခြားမှုကတော့ တစ်လအတွင်း နှစ်ကြိမ် ဆန္ဒပြတဲ့ စက်ရုံ တစ်ရုံ ရှိခဲ့သလို့ ၊ ရက်ရှည် ဆန္ဒပြခဲ့ကြတဲ့ စက်ရုံက နှစ်ရုံ ရှိခဲ့ပါတယ်။ နှစ်ကြိမ်တိုင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်တဲ့ စက်ရုံကတော့ Grand Forest International Apparel ဖြစ်ပြီး ရက်သတ္တပတ် ၃ ကျော်ကြာ အလုပ်သမား တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ စက်ရုံတွေကတော့ Sen yu နဲ့  Tianjin fashion Milestone စက်ရုံတွေဖြစ်ပါတယ်။

ဇန်နဝါရီအတွင်း  အထည်စံချိန် အတင်းအကျပ်တောင်းတဲ့ စက်ရုံ ၇ ရုံ၊ ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိဘူးဆိုတဲ့ စက်ရုံ ၆ ၊ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ၅ ရုံ၊ လာရောက်စစ်ဆေးမှု တွေရှိ ပေမဲ့ ပြုပြင်ပြောင်းလဲမှု မရှိခဲ့ဘူးဆိုတဲ့ စက်ရုံ ၅ ရုံ၊ လူမှုဖူလုံရေးဥပဒေ ချိုးဖောက်တဲ့ စက်ရုံ၄ရုံ၊ EC စာချုပ် ချိုးဖောက်ခံတဲ့ စက်ရုံက ၄ ရုံ၊ WCC ဥပဒေများ အား မလိုက်နာဘဲ ဖေါက်ဖျက်တဲ့ စက်ရုံ ၄ ရုံ၊  တခြား အလုပ်အား ခိုင်စေတဲ့ စက်ရုံက ၄ ရုံ ၊ အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းတဲ့ စက်ရုံက ၅ ရုံ၊  နိုင်ငံခြားသား တိုက်ရိုက် ခိုင်းစေတဲ့ စက်ရုံ ၃ ရုံ၊ ကလေးလုပ်သား ခိုင်းစေတဲ့ စက်ရုံ  ၂ရုံ၊  ကိုယ်ဝန်ဆောင်လုပ်သား ချိုးဖောက်ခံရတဲ့ စက်ရုံ ၂ ရုံ ၊ အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းများအား ပိတ်ပင် ဖြိုခွဲတဲ့ စက်ရုံက ၁ ရုံ၊ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက် တဲ့ စက်ရုံ ၁ ရုံ ၊ နေ့စားလုပ်သားတွေ ချိုးဖောက်ခံရတဲ့ စက်ရုံက ၁ ရုံ၊ စစ်ဆေးမှုကို လိမ်လည်ဖြေကြားခိုင်းတဲ့ စက်ရုံက ၁ ရုံ၊ ရက်အစား လုပ်ကိုင်ခိုင်းတဲ့ စက်ရုံက ၁ ရုံ၊  စက်ရုံ ပိတ်သိမ်းတဲ့ စက်ရုံက  ၁ ရုံ၊ အနားယူချိန် အပြည့်အဝမပေးတဲ့ စက်ရုံ ၁ ရုံ ကိုတွေ့ရှိရပါတယ်။ ဒီလက လုပ်ငန်းခွင်ထိခိုက်မှုအား လျစ်လျူရှုတာနဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားတာတွေကိုတော မတွေ့ရပါဘူး။ 

Myanmar Labour Socitery က ချိုးဖောက်မှု အမျိုးအစားပေါင်း ၂၈ ခုကို ခွဲခြားလေ့လာခဲ့တာပါ။ ဒီအထဲမှာ ဆန္ဒပြတောင်းဆိုမှုကို ထည့်သွင်းထားရတာက  အလုပ်သမားတွေရဲ့  “အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ဆန္ဒပြတာ  ဖြစ်လို့ ထည့်သွင်းတာဖြစ်ပြီး စက်ရုံပိတ်သိမ်းမှုကတော့ ဥပဒေနဲ့ အညီဖြေရှင်းပေး မပေးနဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေး မပေး ဆိုတာတွေကို သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဇန်နဝါရီလမှာ ဖော်ပြထားတဲ့ အလုပ်သမားကဏ္ဍသတင်းတွေထဲက ချိုးဖောက်မှု တွေ့ရှိချက်တွေကို အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားသမဂ္ဂ တွေနဲ့  အလုပ်သမားအရေး ဆောင်ရွက်သူတွေ အတွက် အထောက်အကူ ပြု နိုင်မယ်လို့ Myanmar Labour Society က မျှော်လင့်ထားပါတယ်။

လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲသူတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ယခုတွေ့ချက်တွေကို အသုံးချပြီး ခေတ်နဲ့ အညီ လုပ်ခလစာ ရရှိဖို့၊ ဥပဒေ အားနည်းချက်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ပြုပြင်နိုင်ဖို့နဲ့ အလုပ်သမားတွေရဲ့ လူနေမှုဘဝ မြင့်မားဖို့ အတွက် ဆောင်ရွက်နိုင်မယ်လို့  Myanmar Labour Society က မျှော်မှန်းပြီး လချုပ် အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။

Myanmar Labour News Background

MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက်  မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။

Myanmar Labour Society

MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

PDF Download

 

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team

ရေးသားသူ - မင်းနီကျော်
တည်းဖြတ် - ဆုလာဘ်ဖြူ
ဒီဇိုင်း - ကျော်ကြီး


သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- သားကြီး
- မျိုးသိန်း