SURVEY

“ အလုပ်သမား အခွင့်အရေး အလှမ်းဝေးနေဆဲလား” “၂၀၂၅ ဇန်နဝါရီလ ချိုးဖောက်မှုများ”

CoverLogo
82 Views

၂၀၂၅ ခုနှစ် နှစ်သစ်ရဲ့ ဇန်နဝါရီလအတွင်းမှာတော့ အလုပ်သမား  ဥပဒေ ချိုးဖောက်လို့ အလုပ်သမားတွေ အခွင့်အရေးဆုံးရမှုတွေက ဆက်ရှိနေပါတယ်။ ဒီလအတွင်း တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သလို အလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေကို သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွေက ဖြေရှင်း မပေးတာတွေလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ 

ဇန်နဝါရီလအတွင်း  Myanmar Labour News မှာ စက်ရုံလုပ်ငန်း သတင်း ၂၆ ပုဒ် ဖော်ပြထားပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်တဲ့ စက်ရုံလုပ်ငန်း ၂၅ ခု ပါဝင်တာကို တွေ့ရပါတယ်။ စက်ရုံလုပ်ငန်းတွေထဲမှာ အထည်ချုပ် စက်ရုံ ၂၂ ရုံ၊ ဝန်ဆောင်မှုလုပ်ငန်း တခု၊ ဖြန့်ချီရေးလုပ်ငန်း တခုနဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီ တခု တို့ပါဝင်တယ်။ 

အလုပ်သမားအတွက် ချိုးဖောက်ခံရမှု အများဆုံးက ငွေကြေးဖြတ်တောက်ခံရတာဖြစ်ပြီး အချိန်ပို ဥပဒေချိုးဖောက်ခံရတာနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေမှုတွေလည်း အများအပြား ဖြစ်ပွားခဲ့ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာအခွင်းအရေး တောင်းဆို ဆန္ဒပြ ခဲ့တယ်ဆိုတဲ့ စက်ရုံ ၃ ရုံပါဝင်သလို ဖိအားပေးခိုင်းစေမှုတွေ လျော့ပါးတာတော့ မရှိပါဘူး ။  

စက်ရုံဘက်က အချိန်ပိုလုပ်ခလစာ မပေးတာတွေ၊ လုပ်ခလစာနဲ့ ရပိုင်ခွင့် ဖြတ်တောက်တာတွေ ဆက်ရှိနေဆဲ ဖြစ်နေပါတယ်။ 
မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ဟန်စတီးပါဝါလမ်းက Wonderful Apparel Co.Ltd ( https://www. facebook.com/myanmarlabournews/posts/pfbid02husZ19G9r8j47E4ajj66EszK8GC5JDmkgbDenrmi3FXUpfhWmQq2atvJdn69mq94l ) အထည်စက်ရုံက  နေ့စားအလုပ်သမားတွေ လုပ်အားခ ဖြတ်တောက်ခံရပြီး အခွင့်အရေးချိုး ဖောက်ခံရတာကို သတင်းဖော်ပြထားတာ တွေ့ရပါတယ်။
 
ဒီစက်ရုံက လုပ်သားအင်အား၂၀၀ ကျော်နဲ့  MARK ၊ T.BUC စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ် နေတယ်လို့ ဆိုပါတယ်။ 

“စက်ရုံမှာ နေ့စားအလုပ်သမားတွေ ရှိပါတယ်။ သူတို့တွေကို လုပ်သက် (၃) လပြည့်ပြီး (၄) လကျော် လည်း အမြဲ တမ်းဝန်ထမ်း မခန့်ပါဘူး။ နေ့စားအလုပ်သမားတွေကို စနေနေ့တွေဆို အချိန်ပို အိုတီကြေး မပေးဘဲ (၆၈၀၀) ပဲ ပေးပြီး ခိုင်းပါတယ်။ နောက် အမြဲတမ်းဝန်ထမ်းတွေကို မချုပ်နိုင်တဲ့ အထည်စံချိန် တွေ တောင်းပါတယ်။ အထည် (၈၀) (၈၅) လောက်ပဲရတဲ့လိုင်းကို အထည် (၉၀) (၁၀၀) တောင်း ပါတယ်။ နောက်ပြီး စတိုင်လ် (၃၅) (၄၀)ပဲ ရတဲ့ အထည်တွေကို (၅၀) ထိတောင်း ပါတယ်။ တစ်ချို့အလုပ်သမားတွေက အလုပ်ရှင်တောင်းတဲ့ အထည်စံချိန်ကို မမီလို့ ရေမသောက်၊ အပေါ့မသွားဘဲ ချုပ်ရတာတွေလည်း ရှိပါတယ်။ ကိုယ်လုပ်တဲ့ section မှာ အလုပ်ပါး နေရင် တစ်ခြား section မှာ သွားပြီးအလုပ်လုပ်ပေးရပါတယ်။ လုပ်နေကျမဟုတ်လို့ စံချိန်မပြည့်ရင် အောစူပါ၊ စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ အလုပ်သမားတွေကို စက်ရုံအလုပ်မဟုတ်ဘဲ ထင်းကား ချခိုင်းတာတွေ၊ ဓာတ်ဆီပုံးတွေ ချခိုင်းတာတွေလည်း လုပ်ပါတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ သောက်ရေကလည်း သန့်ရှင်းမှုမရှိတာ၊ သန့်စင်ခန်းတွေမှာ ရေပုံး လုံလောက်အောင်မရှိတာနဲ့ တံခါးဂျက်တွေလည်း ပျက်စီးနေလို့ မလုံမခြုံ ဖြစ်နေတယ်လို့ MLN ကို ပြောဆိုထားပါတယ်။ 

 “အလုပ်လုပ်နေရင်း နေမကောင်းလို့ ဂိတ်ပတ်စ်နဲ့ ပြန်ချင်ရင်လည်း၊ ဂိတ်ပတ်စ် ရဖို့ကို တော်တော် ပြောရ ပါတယ်။ နေမကောင်းဖြစ်တာကို ဂိတ်ပတ်စ် ကြည်ကြည်ဖြူဖြူမပေးပါဘူး။ HR မန်နေဂျာက ရုံးခန်းမှာ မရှိဘဲ ဆေးခန်းမှာပဲ အချိန်တော်တော်များများ ရှိနေပါတယ်။ ဆေးခန်းက ဆရာမကတော့ ဆေးခန်းမှာမနေရဘဲ၊ HR လုပ်ရမယ့် အလုပ်တွေကို လုပ်ပေးနေရပါတယ်။ တစ်ခုခုဆို ဆေးခန်းကဆရာမကို တော်တော်ရှာရတယ်။ စက်ရုံက ချိုးဖောက်မှုတွေကို မကြာခဏ အွန်လိုင်းမှာ တင်နေပေမယ့် ပြုပြင်ပြောင်းလဲတာတော့ မရှိဘူး” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောထားပါတယ်။ 

Myanmar Labour News မှာ ဇန်နဝါရီလအတွင်း ဖော်ပြထားတဲ့ အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်တဲ့ စက်ရုံလုပ်ငန်း သတင်းတွေထဲမှာ အလုပ်သမားတွေရဲ့ လစာငွေကြေး ဖြတ်တောက်တာ၊ လုပ်ငန်းခွင်ထဲမှာပဲ အရှက်ရတဲ့ အထိ ဆဲဆိုခံရတာ၊ ဥပဒေချိုးဖောက်ပြီး အချိန်ပို လုပ်ကိုင်ခိုင်းစေခံရတာ၊ ခြိမ်းခြောက် ဖိအားပေး ခိုင်းစေခံရတာ၊ ခွဲခြားဆက်ဆံ ခံရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လုံခြုံတဲ့လုပ်ငန်းခွင် ဖြစ်မနေတာတွေကို အများဆုံးတွေ့ထားပါတယ်။ 

လစာငွေကြေး ဖြတ်တောက်ခြင်း

လစာငွေကြေးဖြတ်တောက်ခံရမှုက ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ဒေကြေးနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက် ခံရတာ၊ အချိန်ပို လုပ်ကိုင်ခိုင်းပြီး အခကြေးငွေမပေးတာ၊ လုပ်သက်နှစ်ကြေးနဲ့ ထောက်ပံ့ကြေး မပေးတာ၊ ကျွမ်းကျင်ကြေးနဲ့ ဂရိတ်ချတာ၊ နေ့စားလုပ်သားတွေ အချိန်ပို လုပ်ခမရတာ၊ ရုံးပိုင်းလိုအပ်ချက်ကြောင့် လုပ်ခ ဖြတ်တောက်ခံရတာ၊ နစ်နာကြေးပေးရမဲ့ ရက် ရွှေ့တာ၊ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာ၊ သတ်မှတ် လုပ်ခလစာ မသိရဘဲ ခိုင်းစေခံရတာတွေ ဖြစ်ပါတယ်။ 

“စက်ရုံက ကိုယ်ချုပ်မှ ကိုယ်ရမယ့် ပုံစံ၊ တစ်ကတ်ကြေးနဲ့ လစာပေးတဲ့ စက်ရုံဆိုပေမယ့် အထည်စံချိန်တွေ မတရား တောင်းတယ်။ အလုပ်ရှင်က တောင်းသလောက်ကို အထည်ပေးရပါတယ်။ နောက် တစ်ကတ် ကြေးကို လည်း ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်ပြောထားတာ မရှိပါဘူး။ လစာထုတ်တော့ ပေးသလောက်ပဲ ရတယ်”လို့  Mai Yi Bei Garment စက်ရုံအလုပ်သမား တစ်ဦးက ပြောထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ခငွေကြေး ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံလုပ်ငန်းပေါင်း ၁၆ ခု ရှိနေပြီး အဲဒီထဲက ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား စက်ယန္တယားငှားရမ်းတဲ့ Diamond Rental Myanmar Co.,Ltd (https://www.myanmarlabournews.com/posts/diamond-rental-myanmar-ကုမ္ပဏီ-နစ်နာကြေး မပေးဘဲ-လုပ်သားလျှော့ချ )နဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီဖြစ်တဲ့ Myanmar Arysta Life Science Co.,Ltd ( https://www. myanmarlabournews.com/posts/ec-စာချုပ်-ဖောက်ဖျက်မှုနဲ့-စိုက်ပျိုးရေး-ဆေးကုမ္ပဏီကို-အလုပ်သမားတွေ တရားစွဲဆိုသွားမည်ဟုဆို တို့ဖြစ်ပါတယ်။ ကျန်တဲ့  စက်ရုံ ၁၄ ရုံကတော့ အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။ 

အဲဒီ အထည်ချုပ် စက်ရုံတွေက Fitex (Myanmar) Garment  (https://www.myanmarlabournews.com/ posts/အချိန်ပိုအလွန်အကျွံဆင်းရန်ခိုင်းစေ-မဆင်းပါက-ခွဲခြားဆက်ဆံသည့်အပြင်-ဝမ်တိန်-ထိုးရမည်ဟု-ပြောဆို နေ) ၊ Gold Emperor 1 (https://www.myanmarlabournews.com/posts/gold-emperor-1-ဖိနပ်စက်ရုံ-အချိန်ပိုများ-အလွန်အကျွံ-ခေါ်ယူသည့်အပြင်-နှစ်သစ်ကူးရုံးပိတ်ရက်များပါ-နားခွင့်မပေးဘဲ-ခိုင်းစေနေ) ၊ Grand Forest International Apparel Co.,Ltd (https://www.myanmarlabournews.com/ posts/grand-forest-အထည်ချုပ်စက်ရုံ-ညနက်အချိန်ပို-ခိုင်းစေပြီး-ကြီးကြပ်သူ-အဆင့်ဆင့်က-ဆဲဆို) ၊ JOYFUL (Myanmar)Garment (https://www.myanmarlabour news. com/posts/ခွင့်ခံစားခွင့်-မပေးသည့်အပြင်-ခွင့်တိုင်ကြားမှုကိုပါ-လက်မခံဘဲ-ဥပဒေမဲ့-အလုပ်ထုတ်နေ) ၊ LIAN FA (Myanmar) (https://www.myanmar labournews.com/ posts/lian-fa-myanmar-အထည်ချုပ်စက်ရုံတွင်-အလုပ်သမားဥပဒေကို-ချိုးဖောက်မှုများ-လုပ်ဆောင်နေ-နေ့စားအလုပ်သမားများကိုလည်း-လုပ်အားခခေါင်းပုံဖြတ်နေ) ၊ LITA MYANMAR Co.,Ltd (https://www.  myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-တောင်းဆိုမှု-ပြုလုပ်တဲ့-အလုပ်သမားတွေကို-ဖိနှိပ်ဆက်ဆံမှု-ပိုမိုလုပ်ဆောင်လာ ) ၊ Mai Yi Bei Garment Manufacturing Co.Ltd (https://www. myanmarlabournews.com/posts/တစ်ကတ်ကြေးဖြင့်-လုပ်ခလစာပေးသည်ဆိုသော်လည်း-သတ်မှတ် နှုန်းထားမပြောဘဲ-လုပ်ငန်းရှင်စိတ်ကြိုက်သာ-လုပ်ခလစာပေးချေနေ) ၊ Myanmar Guotai Huasheng Glory Fashion Garment (https://www.myanmarlabournews.com/posts/အလုပ်သမား အရေအတွက် ထက်-အထည်စံချိန်-နှစ်ဆ-ကျော်တောင်းခံတဲ့အပြင်-ရိုင်းစိုင်းစွာ-ပြောဆိုမှုများနှင့်-ဖိနှိပ်မှုကြောင့်-အလုပ်သမား တွေအခက်တွေ့ ) ၊ Myanmar Jiale Fashion Co.,Ltd 1 (https://www.myanmarlabournews.com/posts/ နေ့စားအလုပ်သမားတွေ-အခကြေးငွေဖြတ်တောက်ပြီး-ခိုင်းစေခံနေရ )၊ Myanto Industrial Co.,Ltd (https://www.myanmar labournews.com/posts/myanto-အထည်ချုပ်-ec-စာချုပ်-မချုပ်ဘဲ-ခံဝန်ထိုးခိုင်း) ၊ SAFETY CLOTHING (Myanmar) Co.,Ltd (https://www.myanmarlabournews.com/posts/ ဥပဒေမဲ့ အလုပ်ထုတ်ပယ်နေလို့-အလုပ်သမားတွေအခက်တွေ့နေ)၊ SHIN SUNG Garment (https://www.myanmar labournews.com/ posts/အထည်စံချိန်ကို-ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံပြီး-ဖိအားပေးခိုင်းစေနေ)နဲ့ Xin Rui (https://www. myanmarlabournews.com/posts/xin-rui-အထည်ချုပ်စက်ရုံမှာ-အလုပ်သမား-ဥပဒေပါ-ရပိုင်ခွင့်တွေ-တောင်းဆိုပါက-ခွဲခြားဆက်ဆံခံနေရ)တို့ ဖြစ်ပါတယ်။ 

၂၀၂၅ ဇန်နဝါရီလအတွင်း သတင်းများတွင် ဖော်ပြထားသည့် စက်ရုံများ
အစဉ် စက်ရုံ လုပ်ငန်း လုပ်ငန်းအမျိုးအစား ထုတ်လုပ်သည့်ကုန်ပစ္စည်း တည်နေရာ
1 LITA MYANMAR Co.,ltd အထည်ချုပ် BURTLE, coolcore, FORK&SPOON,GLACIER,TSDESIGN, NIPPON STEEL, Samansa Mos2, Urban Research Doors ရွှေပြည်သာစက်မှုဇုန် ၄
2 Myanto Industrial Co.,Ltd အထည်ချုပ် October၊ AMISU မြစိမ်းရောင်စက်မှုဇုန်
3 SAFETY CLOTHING (Myanmar) Co, LTD အထည်ချုပ် Vis Team, ROLYWRE မြစိမ်းရောင်စက်မှုဇုန်
4 Wonderful Apparel Co.Ltd အထည်ချုပ် MARK၊ T.BUC မြောင်းတကာစက်မှုဇုန်
5 Mai Yi Bei Garment Manufacturing Co.Ltd အထည်ချုပ် Defacto, RESERVED, AEGULAR FIT ရွှေလင်ဗန်းစက်မှုဇုန်
6 Myanmar Guotai Huasheng Glory Fashion Garment အထည်ချုပ် LCWalKlKl,CLASSIC, Sinsay လှိုင်သာယာစက်မှုဇုန် ၂
7 Xin Rui အထည်ချုပ်   ရွှေလင်ဗန်းစက်မှုဇုန်
8 Fitex (Myanmar) Garment အထည်ချုပ် FSBN, SMOG,AMISU ရွှေလင်ဗန်းစက်မှုဇုန်
9 FZ GARMENT CO.ltd အထည်ချုပ် DUNLOP, ikka, Functionality makes your life comfortabl ရွှေလင်ဗန်းစက်မှုဇုန်
10 Grand Forest International App‌arel Co.,Ltd အထည်ချုပ်   ရွာသာကြီးစက်မှုဇုန်
11 JOYFUL(Myanmar)Garment အထည်ချုပ် atlasformen ရွှေလင်ဗန်းစက်မှုဇုန်
12 Myanmar Jiale Fashion Co..Ltd 1 အထည်ချုပ်   ရွှေသံလွင်စက်မှုဇုန်
13 W&F Group Co.,Ltd အထည်ချုပ် FSBN ဝါးတရာစက်မှုဇုန်
14 Gold Emperor 1 အထည်ချုပ်   ရွှေလင်ဗန်းစက်မှုဇုန်
15 LIAN FA (Myanmar) အထည်ချုပ်   ရွှေသံလွှင်စက်မှုဇုန်
16 Sheng Da Ming Apparel Co, Ltd အထည်ချုပ် RESERVED, POLAND ရွှေပြည်သာစက်မှုဇုန် ၂
17 SHIN SUNG Garment အထည်ချုပ်   ရွှေလင်ဗန်းစက်မှုဇုန်
18 DMA အထည်ချုပ်   ရွှေသံလွှင်စက်မှုဇုန်
19 GYSEN (Myanmar) Apparel Co.,Ltd အထည်ချုပ် Velilla ဝါးတရာစက်မှုဇုန်
20 Diamond Rental Myanmar Co.,Ltd ဝန်ဆောင်မှုလုပ်ငန်း   သီလဝါစက်မှုဇုန်
21 Myanmar Arysta Life Science Co.,Ltd စိုက်ပျိုးရေးဆေး   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ Cystal Tower၊ Junction Square
22 Asialink (myanmar) Fashion Company limted အထည်ချုပ် Ensored သာဓုကန်စက်မှုဇုန်
23 SHU ANGXI MYANMAR GARMENI CO.Ltd အထည်ချုပ် SPLENDID SATISFACTION , HanTen လှိုင်သာယာစက်မှုဇုန် ၂
24 Sunrise (Myanmar) Fashion အထည်ချုပ် GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL သာဓုကန်စက်မှုဇုန်
25 ရွှေထိပ်ထား ရွှေထည်ဖြန့်ချီရေး ရွှေထည်လုပ်ငန်း   ရန်ကုန်မြို့း စမ်းချောင်းမြို့နယ်၊ ကျောက်ကုန်းလမ်း
ချိုးဖောက်မှု အမျိုးအစား အများမှ အနည်းသို့ အစဉ်လိုက် စဉ်ထားထားပါသည်။

လုပ်ငန်းခွင်တွင် ဆဲဆိုခြင်း

လုပ်ငန်းခွင် အတွင်းဆဲဆိုခံရတာကြောင့် အလုပ်သမားအများစုက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတယ်လို့ ပြောကြားထား ပါတယ်။ 
“ပဲထည်ကျရင်ပြင်ရမယ်။ ဘာ‌ ေ-ာက်စကားမှ မပြောရဘူးလို့ အောစူပါတွေ၊ စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြော တယ်။ အာဏာသိမ်းပြီး အလုပ်ထုတ်ခံရသူတွေထဲက ပြန်ခန့်တဲ့သူတွေကို အပြစ်မရှိ အပြစ်ရှာ ပြောပါတယ်။ နောက် လိုင်း (၈)၊ လိုင်း (၁၅)၊ လိုင်း (၁၄) က စူပါတွေက အထည်တောင်းရင် ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ လိုင်း (၁၆)က စူပါတွေလဲ မနက်မိုးလင်းထဲက အထည်တောင်းရင် ဆဲဆို အော်ဟစ်ပြီး အထည်တောင်းပါတယ်။၊ စက်လိုင်းထဲမှာ အထည်စံချိန်မပြည့်လို့ ဆိုပြီး လူကြားထဲ အော်ဟစ်ဆဲဆို‌လို့ ၊ အလုပ်သမားက ရှက်လို့ ငိုယိုပြီး အလုပ်ထွက်သွားရတဲ့အထိ ဖြစ်တယ်”လို့ Myanmar Guotai Huasheng Glory Fashion Garment စက်ရုံ အလုပ်သမားတစ်ဦးက ပြောဆိုထားပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ ဆဲဆိုခံရတယ်ဆိုတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၃ ရုံပါ ရှိပြီး စက်ရုံတွေအားလုံးက အထည်ချုပ် စက်ရုံတွေ ဖြစ်ကြပါတယ်။ အဲဒီ  စက်ရုံတွေကတော့ DMA (https://www.myanmarlabournews. com/ posts/ လုပ်ငန်းခွင်အတွင်း-အပြုသဘောဆောင်တဲ့-လုပ်သားအခွင့်အရေး-ဆောင်ရွက်ပေးဖို့လိုလားနေ) ၊ FZ GARMENT Co.,Ltd (https://www.myanmarlabournews.com/posts/အချိန်ပိုအလွန်အကျွံခိုင်းစေလို့-အလုပ်သမားတွေ-အခက်အခဲဖြစ်နေ) ၊ Grand Forest International Apparel Co.,Ltd ၊ JOYFUL(Myanmar) Garment ၊ LITA MYANMAR Co.,Ltd၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Jiale Fashion Co..Ltd 1 ၊ Myanto Industrial Co.,Ltd ၊ Sheng Da Ming Apparel Co, Ltd (https://www.myanmar  labournews.com/posts/ အထည်ချုပ်စက်ရုံတွင်-ရက်စားခေါ်ယူမှုနဲ့-လုပ်ခလစာပေးချေမှုကို-တစ်ဖက်သတ် လုပ်ဆောင်  နေဟုဆို) ၊ SHIN SUNG Garment ၊ W&F Group Co.,Ltd (https://www.myanmarlabournews. com/ posts/wf-အထည်ချုပ်-အချိန်ပို-ညလုံးပေါက်ဆင်းခိုင်းပြီး-ဥပဒေမဲ့-အလုပ်ထုတ်)၊ Wonderful Apparel Co.Ltd နဲ့ Xin Rui တို့ ဖြစ်ကြပါတယ်။

ဥပဒေချိုးဖောက် အချိန်ပို လုပ်ကိုင်ခိုင်းခြင်း
အချိန်ပို လုပ်ကိုင်ဖို့အတွက် ဥပဒေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ အထည်ချုပ်စက်ရုံအများစုက လိုက်နာမှု မရှိတာပါ။ ချိုးဖောက်မှု ပုံစံတွေကတော့ အချိန်ပိုလုပ်ကိုင်ဖို့ ကြိုတင်အသိမပေးတာ၊ အတင်းအကျပ် လက်မှတ် ထိုး လုပ်ကိုင်ခိုင်းတာ၊ ဆန္ဒမပါဘဲ လုပ်ကိုင်ပေးရတာ၊ ဆဲဆို ခံရတာ၊ ရက်အစား လုပ်ကိုင်ပေးရလို့ အချိန်ပိုခ နစ်နာရတာ၊ အချိန်ပိုအတွက် လုပ်ခလစာ မပေးတာ၊ အချိန်ပိုအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမရှိတာတွေ ဖြစ်ပါတယ်။ 

“အချိန်ပိုမဆင်းရင် မန်နေဂျာအမျိုးသမီးက ဆဲဆိုကြိမ်းမောင်းပါတယ်။ နောက်ပြီး တရုတ်သူဌေးရဲ့ ညီမတွေ၊ တူမတွကလည်း စက်ရုံမှာနေရာကြီးကြီးတွေယူပြီး အလုပ်သမားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ ကျွန်မတို့ ကို -သည်မ၊ အောက်တန်း-မတွေ၊  ေ-ာက်ကောင်မတွေလို့ အမြဲတမ်း ဆဲဆိုနေပါတယ်။ ဆဲခံရတာကို မကျေ နပ်ရင် ကြိုက်တဲ့ရုံးကိုသွားတိုင် သူဌေးကပိုက်ဆံပေးလိုက်ရင် ပါးစပ်ပေါက်တွေ အကုန်ပိတ်တယ်လို့ ပြောပါ တယ်” လို့ Sheng Da Ming Apparel Co, Ltd အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလအတွင်း အချိန်ပို ဥပဒေချိုးဖောက်ပြီး ခိုင်းစေခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၃ ရုံ ရှိတာကို တွေ့ရပါတယ်။ အဲဒီစက်ရုံတွေ အားလုံးကလည်း အထည်ချုပ် စက်ရုံတွေ ဖြစ်တာကို တွေ့ရပါတယ်။ စက်ရုံတွေကတော့ Asialink (Myanmar) Fashion Company limted (https://www.myanmarlabournews.  com/posts/ရုံးပိတ်ရက်-သတ်မှတ်ပေမဲ့-စက်ရုံအများစု-အချိန်ပို-အတင်းအကျပ်-ခိုင်းစေ) ၊ Fitex (Myanmar) Garment (https://www.myanmarlabournews.com/posts/  အချိန်ပိုအလွန်အကျွံ ဆင်းရန် ခိုင်းစေ-မဆင်းပါက-ခွဲခြားဆက်ဆံသည့်အပြင်-ဝမ်တိန်-ထိုးရမည်ဟု-ပြောဆိုနေ)၊ FZ GARMENT Co.,Ltd ၊ Gold Emperor 1 ၊ Grand Forest International Apparel Co.,Ltd ၊ LIAN FA (Myanmar) ၊ LITA MYANMAR Co.,Ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Guotai Huasheng Glory Fashion Garment ၊ SAFETY CLOTHING (Myanmar) Co.,Ltd ၊ Sheng Da Ming Apparel Co.,Ltd ၊ W&F Group Co.,Ltd နဲ့ Wonderful Apparel Co.Ltd တို့ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တွင်  ခြိမ်းခြောက်ဖိအားပေး ခိုင်းစေခြင်း

လုပ်ငန်းခွင်ထဲက ခြိမ်းခြောက် ဖိအားပေးမှုတွေက  “အလုပ်ထုတ်မယ် စက်ရုံပိတ်မယ်”ဆိုပြီး  ခြိမ်းခြောက်တာ၊ သတိပေးလက်မှတ် ထိုးခိုင်းတာ၊ အချိန်ပိုကို ဖိအားပေးဆင်းခိုင်းတာ၊ ခြိမ်းခြောက်တာ၊ မတော်မတရား တရားစွဲ တာ၊ EC စာချုပ်စည်းကမ်းမဟုတ်ဘဲ ခံဝန်ထိုးခိုင်းတာ၊ လူအင်အားမပြည့်ဘဲ စံချိန်အပြည့်တောင်းတာ၊ စံချိန် မပြည့်လို့ ဆဲဆိုခံရတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အမြဲစောင့်ကြည့်တာတွေ  ဖြစ်ပါတယ်။ 

“စက်ရုံက ဖွင့်ထားတာ (၂) နှစ်ပြည့်တော့မယ်။ အခုထိ EC စာချုပ် မရှိပါဘူး။ အလုပ်ရှင်ဖက်က တစ်ဖက်သတ် စည်းကမ်းတွေ သတ်မှတ်တယ်။ မလိုက်နာနိုင်တဲ့ အလုပ်သမားတွေဆို ခံဝန်ထိုးခိုင်းတယ်။ လစာကဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး ၈၈၀၀ ၊ ရက်မှန်ကြေး ၂၀၀၀၀ ၊ ကျွမ်းကျင်ကြေး အမြင်ဆုံး ၆၀၀၀၀ အနည်းဆုံးက ၂၀၀၀၀ အစားစား ပေးထားတယ်။ ဒါပေမယ့် လစာထုတ်ရင် အထည်စံချိန်မပြည့်လိုဆိုပြီး ပိုက်ဆံဖြတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ဖိနှိပ်ဆက်ဆံတာတွေ လုပ်ပါတယ်”လို့ Myanto Industrial Co.,Ltd စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ဖိအားပေး ခိုင်းစေတာတွေထဲမှာ အထည်ချုပ် စက်ရုံ ၁၀ ရုံနဲ့ ရွှေထည်ဖြန်ချီရေး လုပ်ငန်း တခု ပါဝင်ပါတယ်။ 
အဲဒီ လုပ်ငန်းကတော့  ရွှေထိပ်ထား ရွှေထည်ဖြန့်ချီရေးလုပ်ငန်း ဖြစ်ပြီး အထည်ချုပ်စက်ရုံတွေကတော့ Fitex (Myanmar) Garment  ၊  FZ GARMENT Co.,Ltd ၊ Gold Emperor 1 ၊ GYSEN (Myanmar) Apparel Co.,Ltd ၊ LITA MYANMAR Co.,Ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Jiale Fashion Co..Ltd 1၊ Myanto Industrial Co.,Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd တို့ ဖြစ်ကြပါတယ်။  

ခွဲခြားဆက်ဆံခြင်း
ခွဲခြားဆက်ဆံမှုတွေကတော့ လုပ်ခလစာ ခွဲခြားပေးတာ၊ အချိန်ပို မဆင်းလို့ ခွဲခြားဆက်ဆံတာ၊ ရပိုင်ခွင့် တောင်းဆိုလို့ ခွဲခြားဆက်ဆံတာ၊ စံချိန်မပြည့်လို့ ခွဲခြားဆက်ဆံတာ၊ နေ့စားလုပ်သားတွေအပေါ် ခွဲခြားတာ၊ သမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားဆက်ဆံတာတွေ ဖြစ်ပါတယ်။ 
“စက်ရုံမှာ ဒီဇင်ဘာ (၂၃) ရက်က တောင်းဆိုချက် (၇) ချက်နဲ့ ကျွန်မတို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒါကို မန်နေဂျာနဲ့ စက်ရုံမှူးတွေက အငြိုးအတေးထားပြီး အရင်ကထက်စံချိန်တွေကို မတရားဖိအားပေးပြီး တောင်း ပါတယ်။ “ေ-ာက်ဆံကျတော့ အလကားရမလားဆိုပြီး တိုးတောင်းတယ်။ အလုပ်ကြတော့ မလုပ်ချင်ကြဘူး” ဆိုပြီး နေ့တိုင်း ဆဲဆိုပါတယ်။ နောက်ပြီး အဓမ္မခိုင်းစေတာတွေလည်း လုပ်ပါတယ်။ ကိုယ့်ဌာနကနေ တခြား ကိုသွားပြီး အလုပ်လုပ်ခိုင်းပါတယ်။ တခြားဌာနမှာ အလုပ်က မကျွမ်းကျင်တော့ သူတို့တောင်းသလောက်စံချိန် လည်း မပေးနိုင်ပါဘူး။ အဲဒါကို အဆင်မပြေတာပြောတော့လည်း ဆဲပါတယ်” လို့ LITA MYANMAR Co.,Ltd စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စက်ရုံအလုပ်ရုံ ၁၀ ရုံရှိတာကိုတွေ့ရပြီး အားလုံးက အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။  Fitex (Myanmar) Garment၊  FZ GARMENT Co.,Ltd ၊ GYSEN (Myanmar) Apparel Co.,Ltd ၊ LITA MYANMAR Co.,Ltd ၊ Myanmar Jiale Fashion Co..Ltd 1 ၊ Myanto Industrial Co.,Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd ၊ W&F Group Co.,Ltd ၊ Wonderful Apparel Co.,Ltd နဲ့  Xin Rui  စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။ 

လိုအပ်ချက်တွေ ရှိနေတဲ့ လုပ်ငန်းခွင်တွေ
အလုပ်သမားသမားတွေ စိတ်အေးချမ်းသာစွာနဲ့ ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်ဖို့က ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အဓိကလိုအပ်ချက်ဖြစ်တာကြောင့် မြန်မာအလုပ်သမားဥပဒေမှာ လုပ်ငန်းတွေမှာ ရှိသင့်တဲ့ အခြေအနေတချို့ကို ထည့်သွင်း ပြဌာန်းထား ပါတယ်။ ဇန်နဝါရီလအတွင်း ဥပဒေ ချိုးဖောက်မှု ရှိနေတဲ့  စက်ရုံလုပ်ငန်းခွင် ကိုးခု ရှိပြီး အားလုံးက အထည်ချုပ် စက်ရုံတွေ ဖြစ်တာကို တွေ့ရပါတယ်။ 
လုပ်ငန်းခွင်လိုအပ်ချက်တွေကတော့ လေအဝင်အထွက် မကောင်းတာ၊ အပူဒဏ်ခံစားရတာ၊ သန့်စင်ခန်း မလုံခြုံတာ၊ အသုံးအဆောင် မပြည့်စုံတာ၊ မသန့်ရှင်းတာ၊ ဆေးနဲ့ သူနာပြုမရှိတာ၊ သူနာပြုကို တခြားအလုပ် ခိုင်းတာ၊ သောက်ရေ မသန့်ရှင်းတာ၊ ကြိုပို့ယာဉ် မလုံလောက်တာ၊ စီစဉ်မပေးတာ၊ ထမင်းစားဆောင် ကျဉ်းမြောင်းတာတွေ ဖြစ်ပါတယ်။ 
သတင်းတွေမှာတွေ့ရတဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေ မပြည့်စုံတဲ့ စက်ရုံအလုပ်ရုံတွေကတော့ Fitex (Myanmar) Garment ၊ Grand Forest International Apparel Co.,Ltd  ၊ JOYFUL(Myanmar)Garment ၊ LITA MYANMAR Co.,Ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd ၊ W&F Group Co.,Ltd၊ Wonderful Apparel Co.Ltd နဲ့ Xin Rui တို့ ဖြစ်ကြပါတယ်။

အရေအတွက်နည်းပေမဲ့ ဂရုပြုရမဲ့ အချက်အလက်တွေ

ဇန်နဝါရီလအတွင်းဖော်ပြထားတဲ့ Myanmar Labour News ရဲ့ သတင်းတွေထဲမှာ  ဥပဒေပါ ခွင့်တွေမပေးတဲ့ စက်ရုံ ၈ ရုံ၊ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ စက်ရုံ  ၇ ရုံ၊ မျှတမှုမရှိတဲ့ အထည်စံချိန်တောင်းတယ်ဆိုတဲ့ စက်ရုံ ၇ ရုံ ၊ နေ့စားအလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံ ၅ ရုံ၊  EC စာချုပ် ချိုးဖောက်တဲ့ စက်ရုံလုပ်ငန်း ၃ ခု၊ တခြားအလုပ်နဲ့ နေရာပြောင်းရွှေ့ လုပ်ကိုင်ခိုင်းတဲ့ စက်ရုံ ၊ အလုပ်ချိန် ၅ နာရီကျော် ဆက်တိုက်ခိုင်းစေတဲ့ စက်ရုံ  ၃ ရုံ၊ လုပ်ငန်းခွင်တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တဲ့ စက်ရုံ ၃ ရုံ၊ နားချိန်အပြည့်မပေးတဲ့ စက်ရုံ ၂ ရုံ၊ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားက တိုက်ရိုက် ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ ၂ ရုံ၊ အသက်မပြည့်တဲ့ လူရွယ်လုပ်သားတွေကို ဥပဒေ ချိုးဖောက် ခိုင်းစေနေတဲ့ စက်ရုံ  ၂ ရုံ၊ ဥပဒေ ပြဌာန်းချက်နဲ့ မညီဘဲ WCC အဖွဲ့ကို ဖွဲ့စည်းထားတယ်ဆိုတဲ့ စက်ရုံ ၁ ရုံနဲ့ စစ်ဆေးမှုတွေကို လိမ်လည်ဖြေကြားခိုင်းတယ်ဆိုတဲ့ စက်ရုံ ၁ ရုံ ရှိတာကို တွေ့ထားပါတယ်။ 

ဒီချိုးဖောက်မှုတွေက အရေအတွက်နည်းတယ်ဆိုပေမဲ့ ဥပဒေ ပြဌာန်းချက်တွေကို ကြီးကြီးမားမား ချိုးဖောက်တာ  ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေရဲ့ လစာငွေကြေး ဖြတ်တောက်ခံရတာ၊ လုပ်ငန်းခွင်အတွင်း ဆဲဆို ခံရတာ၊ ဥပဒေချိုးဖောက် အချိန်ပို လုပ်ကိုင်ခိုင်းတာ၊ လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ဖိအား ပေးခိုင်းစေခံရတာ၊ ခွဲခြား ဆက်ဆံခံရတာနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင် မဖြစ်တာတွေနဲ့ ဆက်စပ်နေတာကို တွေ့ရကြောင်း တင်ပြလိုက်ရပါတယ်။ 

PDF Download