SURVEY

အမျိုးသား အထည်ချုပ်လုပ်သားများအား ခွဲခြားဆက်ဆံခြင်းနှင့် လုံခြုံမှု အခြေအနေများ (သို့) ဒီဇင်ဘာလ လုပ်သားအခွင့်အရေး ချိုးဖောက်မှု

CoverLogo
26 Views

ဒီဇင်ဘာလအတွင်း  Myanmar Labour News မှာ ဖော်ပြထားတဲ့ အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက် တဲ့ စက်ရုံနဲ့ လုပ်ငန်း ၂၉ ရဲ့  သတင်း စုစုပေါင်း ၃၃ ပုဒ် ဖော်ပြထားပါတယ်။ 

သတင်းတွေမှာ ဖော်ပြထားတဲ့ ချိုးဖောက်မှုဖြစ်တဲ့  စက်ရုံလုပ်ငန်းတွေထဲမှာ အထည်ချုပ်စက်ရုံတွေ၊ ဖိနပ်ချုပ်၊ အရုပ်စက်ရုံ၊ အိတ်ချုပ် စတဲ့ ချုပ်လုပ်ရေး စက်ရုံတွေအပြင် စားသောက်ကုန်လုပ်ငန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။ 

ဒီသတင်းတွေထဲမှာ အထည်ချုပ် လုပ်ငန်းခွင်အတွင်းက အမျိုးသား လုပ်သားတွေ ခွဲခြားဆက်ဆံခံရတာနဲ့ စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီးတော့ လုပ်ငန်းခွင်အတွင်းက အမျိုးသား အမျိုးသမီး လုပ်သားတွေ မလုံမခြုံခံစားရတဲ့ အခြေအနေတွေက ဒီဇင်ဘာလအတွက် ထူးခြားချက်တွေ ဖြစ်ပါတယ်။ 

အထည်ချုပ်လုပ်ငန်းမှာ လုပ်သားအင်အား ငါးသိန်းနီးပါးရှိနေတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် အသင်း က ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ  အမျိုးသားလုပ်သားတွေ လူနည်းစုတွေဖြစ်ကြပြီး လုပ်သား အင်အားရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ မြန်မာအထည်ချုပ်နဲ့ ပတ်သတ်တဲ့ သုတေသန စာစောင်တွေမှာ ဖော်ပြထားပါတယ်။ 


အမျိုးသားလုပ်သားတွေ ဘယ်လို ခွဲခြားခံရသလဲ

အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသားလုပ်သားတွေအနည်းစုဆိုပေမဲ့ အဓိကနေရာတွေမှာ ပါဝင်နေ ကြပါ တယ်။ အမျိုးသားလုပ်သားတွေက အထည်ဖြတ်၊ စက်ချုပ် ၊ ထုတ်ပိုး စတဲ့ ကဏ္ဍတွေ အပြင် အုပ်ချုပ်ရေး ၊ စီမံရေးကဏ္ဍတွေမှာလည်း လုပ်ကိုင်နေကြပါတယ်။ 

အမျိုးသားတွေ ခွဲခြား ဆက်ဆံခံနေရတယ်ဆိုတဲ့ စက်ရုံတွေ ကတော့ FZ GARMENT CO.,Ltd https://www.myanmarlabournews.com/posts/ အမျိုးသား လုပ်သားများ ကို-အတည်ပြု ဝန်ထမ်း အဖြစ်-ခန့်အပ်မှုမရှိသလို-လူမှုဖူလုံရေးကြေးများ-ကောက်ခံသော်လည်း-ဆေးခွင့်ယူခွင့်မပြု ၊ SAFETY CLOTHING (Myanmar) Co.,Ltd https://www.myanmarlabournews.com/posts/safety-clothing-myanmar-co-ltd-တွင်-အလုပ် ခေါ်ယူ စဉ်က-ရရှိမည်ဟု-ပြောဆိုထားသည့်-လစာအတိုင်းမပေးဘဲ-တစ်ကဒ် ကြေးများ-လျှော့ချနေ ၊ Feng Teng Garment https://www.myanmarlabournews.com/posts/feng-teng-garment-ဥပဒေ သတ်မှတ်ခွင့်-မပေးဘဲ-ရပိုင်ခွင့်ဖြတ် တို့ ဖြစ်ကြပါတယ်။ 

သတင်းတွေထဲမှာ ဖော်ပြထားတဲ့ ခွဲခြားဆက်ဆံရတဲ့ အဓိက အကြောင်းအရာတွေကတော့ အတည်ပြု  ဝန်ထမ်း  အဖြစ် ခန့်အပ် မခံရတာ၊ ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်ခံရတာနဲ့ ပုံမှန်ထက် ပိုမိုခိုင်းစေလို့ လုပ်ကိုင်ပေးရတာတွေ ဖြစ်ပါတယ်။ 

အမျိုးသားလုပ်သား တွေကို ဦးတည်ပြီး ခွဲခြားဆက်ဆံမှုတွေက ဒီဇင်ဘာလသတင်းမှာပဲ ဖော်ပြခဲ့တာတော့ မဟုတ်ပါဘူး။  ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမျိုးသားလုပ်သားတွေကို Myanmar QI Yuan Garment (2) https://www.myanmar labournews. com/posts/myanmar-qi-yuan-garment-တွင်-အမျိုးသား လုပ်သား များ-ခွဲခြားဆက်ဆံခံရ စက်ရုံက ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံခဲ့တယ်လို့ ပြောဆိုတာလည်း  ရှိခဲ့ပါတယ်။ 

Myanmar QI Yuan Garment စက်ရုံက အမျိုးသားလုပ်သားတွေ ဆဲဆိုခိုင်းစေခံရပြီး အမြဲတမ်းခန့် လခစား လုပ်သားအဖြစ် ခန့်တာ မရှိဘူးလို့ ဖော်ပြပါတယ်။ စက်ရုံထဲက အမျိုးသားလုပ်သားတွေဟာ စက်ချုပ်လုပ်ငန်း အပြင် မတ်တပ်ရပ် လုပ်ကိုင်ရတဲ့ အလုပ်ဌာနတွေမှာ လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။

“ အောစူပါကရော လိုင်းစူပါတွေကရော ယောက်ျားလေး ၊ မိန်းကလေး ခွဲမနေတော့ဘူး။ ေ-ာက်တွေနဲ့ နှိုင်း အော်ဟစ် ပြောဆိုနေတာ၊ ယောက်ျားလေးတွေဆိုတော့ မိန်းကလေးတွေရှေ့မှာ ပြောဆိုတာ  ခံရတော့ ။ ရှက်ကြတာပေါ့။ အဲဒါနဲ့ပဲ အလုပ်ကနေ ထွက်သွားကြတာ၊ တကယ်ဆို အထည်ချုပ် စက်ရုံမှာ ယောက်ျားလေး တွေရဲ့ အင်အားမပါဘဲလည်း အလုပ်တွေ မပြီးပါဘူး” လို့ Myanmar QI Yuan Garment စက်ရုံက အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

ဒေကြေးနဲ့ တခြားခံစားခွင့်တွေတူညီပေမဲ့  အမျိုးသားလုပ်သားတွေရဲ့ ဂရိတ်ကြေး သတ်မှတ်ချက်ကို အနိမ့်ဆုံး သတ်မှတ်ပြီး လစာရှင်းပေးတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမြဲတန်းခန့် လခစား အလုပ်သမား မဟုတ်လို့ ဆိုပြီး လုပ်သက်နှစ်ကြေးလည်း စက်ရုံဘက်က မပေးဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။ 

ဒါ့အပြင် စက်ရုံက အမျိုးသားလုပ်သားတွေကို လစား လုပ်သား အဖြစ်  စက်ရုံဘက်က ခန့်ထားတာ မရှိဘူးလို့ အမျိုးသမီးအလုပ်သမားတဦးက  ပြောပါတယ်။

ဒီဇင်ဘာလက ဖော်ပြထားတဲ့ သတင်းမှာတော့ အမျိုးသားအလုပ်သမားတွေ ခွဲခြားခံရတာနဲ့ ပတ်သက်ပြီး FZ GARMENT Co.,Ltd  စက်ရုံ အခြေအနေကို အလုပ်သမားတဦးက အခုလို ပြောဆိုပါတယ်။

“စက်ရုံမှာ အသက်မပြည့်သေးတဲ့ ၁၄ ၊၁၅ ၊၁၆ အရွယ်လေးတွေကိုလည်း ဆရာဝန်ထောက်ခံချက် မပါဘဲလည်း ခိုင်းနေပါတယ်။ အယောက် (၆၀) လောက် ရှိပါတယ်။ နောက်လူငယ်၊ လူရွယ် အလုပ်သမားတွေဆို လခစားလဲ မခန့်ပါဘူး။ ယောက်ျားလေးတွေဆို လုပ်သက်ဘယ်လောက်ဖြစ်ဖြစ် လခစား မခန့်ပါဘူး။ အလုပ်ပုံနေတဲ့အချိန် ခေါ်ခိုင်းပြီး အလုပ်ပါးတဲ့အချိန်ဆို အလုပ်က ထုတ်ပါတယ်။ အလုပ်အရေးကြီးရင်တော့ တစ်ခါပြန်ခေါ်ပြီး ခိုင်းပါ တယ်။” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

SAFETY CLOTHING (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံက အလုပ်သမားက “ယောက်ျားလေးတွေကိုလည်း စက်ချုပ်ခေါ်ပါတယ်။ ခေါ်ပြီးသား စက်ချုပ်ယောက်ျားလေးတွေကိုလည်း လူလျှော့တယ်ဆိုပြီး အလုပ်က ထုတ်ချင်သလို ထုတ်ပါတယ်။ အလုပ်ကထုတ်ရင် နို့တစ်ပေးတာ၊ နစ်နာကြေး ပေးတာတွေ မရှိပါဘူး။” လို့ ပြောပါတယ်။ 

Feng Teng Garment စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသားအလုပ်သမားတွေကို စက်ရုံကုန်ကြမ်း ပစ္စည်းတွေကို ကွန်တိန်နာကနေ ပြီးစီးတဲ့အထိ ချခိုင်းတယ်လို့ ပြောပါတယ်။ 

“တခြားစက်ရုံတွေက အပြင်က အလုပ်သမားတွေ ခေါ်ပြီး ကွန်တိန်နာက ကုန်ကြမ်းတွေ ချခိုင်းတယ်။ စက်ရုံက ကွန်တိန်နာ ဖြစ်ဖြစ်၊ ဘယ်နဲ့ပဲ လာလာ အမျိုးသားအလုပ်သမားတွေပဲ ချရတယ်။ ကွန်တိန်နာဝင်သမျှ နည်းနည်း ပဲ ဖြစ်ဖြစ်၊ များများ ဖြစ်ဖြစ်။ ပိတ်လိပ်ပဲ ဖြစ်ဖြစ်၊ ထုတ်ပိုးပစ္စည်းတွေပဲ ဖြစ်ဖြစ် အကုန် ယောကျ်ားလေးတွေပဲ ချရတယ်။ ပစ္စည်းချဖို့ လူငှားပေးတာ မရှိခဲ့ဘူး” လို့ အမျိုးသား အလုပ်သမားတဦးက ပြောပါတယ်။ 

Myanmar Labour News ရဲ့ သတင်းတွေကို စိစစ်ရာမှာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာ ၂၈ ခုခွဲခြားထားပါတယ်။ 

ဒီအကြောင်းအရာတွေက လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ အလုပ်သမား ဥပဒေတွေ၊ ILO ရဲ့ ပြဌာန်း  သတ်မှတ်ချက်တွေ၊ ကျား မရေးရာစံနှုန်းတွေ၊ လူ့အခွင့်အရေးတွေ စတဲ့ အချက်အလက်တွေအပေါ် အခြေခံထား ပါတယ်။

ဒီလို အခြေခံအကြောင်းအရာတွေနဲ့ ဒီဇင်ဘာလအတွင်းဖော်ပြထားတဲ့ သတင်းတွေကို စိစစ်လေ့လာခဲ့ပါတယ်။ တွေ့ရှိချက်တွေကတော့ ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ 

လုံခြုံမှုက အချိန်ပိုလုပ်ကိုင်ခိုင်းမှုနှင့် ဆက်စပ်နေ

၂၀၂၄  ခုနှစ် ဒီဇင်ဘာလအတွင်း Myanmar Labour News မှာ ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ ဥပဒေကို ချိုးဖောက် အချိန်ပိုခိုင်းစေမှုတွေက အများဆုံးပါဝင်ပြီး စက်ရုံ  ၁၆ ရုံက ချိုးဖောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေ အားလုံးနီးပါးက ချုပ်လုပ်ရေးစက်ရုံတွေဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်တဲ့ မုန့်စက်ရုံတရုံ ပါဝင် ပါတယ်။ 

သတင်းဖော်ပြထားတဲ့ စက်ရုံပေါင်း ၂၉ ရုံထဲက ၁၆ ရုံက အချိန်ပို ဥပဒေကို ချိုးဖောက်နေတာဖြစ်လို့  ဒီချိုးဖောက်မှု က  ရာခိုင်နှုန်း ၅၅ လောက် အထိ ရှိနေပါတယ်။ ဒီလို အချိန်ပို ခိုင်းစေမှုတွေအတွက် New Fubon အလုပ်သမား တဦးက သူ့ရဲ့ စိုးရိမ်မှုကို အခုလို ပြော ပါတယ်။ 

“အချိန်ပိုအိုတီတွေကို တစ်လလုံးလုံး ဆင်းခိုင်းနေပါတယ်။ ဒီလအစပိုင်းကတည်း အချိန်ပိုတွေကို မနားမနေ ဆင်းခိုင်းပြီး ဖယ်ရီကား မစီစဉ်ပေးပါဘူး။ ဖယ်ရီကားမစီစဉ်ပေးဘဲနဲ့ အချိန်ပိုတွေဆင်းခိုင်းတာကို တိုင်ထား ပေမယ့် ဘာမှ မထူးပါဘူး။ ဒီလဆို တစ်လလုံးကို ည ၉  နာရီထိရော၊ နောက် ၁၁ ခွဲထိရော ဆင်းရပါတယ်။ အချိန်ပိုတွေ ဆင်းပြီး အိမ်ပြန်ရင် ကင်းလှည့်တဲ့ကားနဲ့တွေ့ပြီး ပြဿနာအရှာခံရတာ၊ စစ်ဆေးမေးမြန်း ခံရတာ  တွေရှိပါတယ်။ တစ်ခုခုဆို အလုပ်ရှင်ဘက်က တာဝန်ယူပေးတာ ဘာမှမရှိပါဘူး။” လို့ ပြောပါတယ်။ 

New  Plus စက်ရုံ  အချိန်ပိုတွေ ခေါ်ယူနေပေမဲ့ စက်ရုံဘက်က  တာဝန်ယူမယ်ဆိုပြီး ထုတ်ပြောတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံဘက်လည်း အချိန်ပိုကို မဖြစ်မနေ လုပ်ခိုင်းပါတယ်။ ည ၈ နာရီမှ အလုပ်ပြီးတော့လည်း အိမ်ထဲရောက်မှ စိတ်ချနိုင်ပါတယ်။ အိမ်အပြန်လမ်း တလျှောက်လုံး လုံခြုံရေးအဖွဲ့အစည်းတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ အိမ်ပြန်တိုင်း မလုံခြုံတော့ဘူး။  အဲဒီ အဖွဲ့အစည်းတွေက မနက်ရော ညရော ရှိနေတာပါ။ အခုက ညမပြောနဲ့ နေ့ဘက်တောင် ပေါ်တာဆွဲချင် ဆွဲနေတာ ၊ ည ၈ နာရီ အထိကို စက်ရုံက အချိန်ပို လုပ်ခိုင်းနေတာကလည်း နိုဝင်ဘာလကတည်းက ဆိုတော့ နှစ်လတောင် ရှိနေပြီ ။ ခုထိလည်း အချိန်ပိုကို ဆက်လုပ်ခိုင်းတုန်းပါပဲ။ အလုပ်သမားတွေ ပေါ်တာပဲ ဖြစ်ဖြစ်၊ စစ်တပ်ထဲပဲ ခေါ်သွားသွား ၊ နောက်က မိသားစုကလည်း လွှတ်ပေးဖို့ သိန်းနဲ့ချီပြီး မပေး နိုင်ကြဘူး။ ကျွန်တော်တို့ လုပ်အားနဲ့ ရပ်တည်နေတဲ့ ဒီမိသားစုတွေပဲ စားဝတ်နေရေး ခက်ခဲသွားမှာ ။” 

“အချိန်ပိုတွေ ခေါ်ခိုင်းပြီး စက်ရုံဘက်က ထောက်ခံစာကို အလိုက်တသိနဲ့ ပေးထားစေချင်တာပါ။”
“ဝန်ထမ်းကတ်က တော့ အလုပ်သမားတိုင်းရှိပေမဲ့ ထောက်ခံစာလိုလေး လုပ်ပေးစေချင်တယ်။ အခုက အမျိုးသား အမျိုးသမီး ခွဲခြားနေမှာ  မဟုတ်ဘူး၊ အကုန် ဆွဲခေါ်နေတယ်လို့လည်း ကြားနေလို့ပါ။ အဲ့လို ဆွဲသွားခဲ့ရင်တောင် စက်ရုံ ဘက်က လိုက်ဖြေရှင်းပေးမှာ မဟုတ်တာတော့ သေချာပါတယ်။” လို့ ပြောပါတယ်။ 

ချိုးဖောက်မှုအမျိုးအစား အများဆုံး စက်ရုံ 

ဒီဇင်ဘာလအတွင်း ဖော်ပြထားတဲ့ အလုပ်သမားသတင်းတွေကို  စိစစ်ခဲ့ရာ ချိုးဖောက်မှု အမျိုးအစားအများဆုံး စက်ရုံလုပ်ငန်း တွေကတော့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ကြပြီး FZ GARMENT Co.,Ltd ၊ Feng Teng Garment နဲ့ New Fubon Co.,Ltd စက်ရုံတွေ ဖြစ်ကြပါတယ်။ 

အစဉ် စက်ရုံလုပ်ငန်းများ ထုတ်ကုန်ပစ္စည်းများ တည်နေရာ
FZ GARMENT CO.,Ltd SEA BARRIER,YES-ZEE, KOTON  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်
Feng Teng Garment ERC  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ စပယ်လမ်း
New Fubon Co.,Ltd Boutique Plus ရန်ကုန််မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်း
Mai Yi Bei (Yangon)Garment Manufacturing Co, Ltd ORIGINAL MARINES , ALCOTT ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်
ETERNAL FASHION CO.LTD   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်
Wounderful Apparel Co.,Ltd TRSLLKIDS  မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ဟန်စတီးပါဝါလမ်း
DONG LONG (Pathein) Muji , Mayorl, Golf ,SEM/R ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ ရပ်ကွက်
Myanmar Huasheng Kefu Fashion Sinsay  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်း
Myanmar Blue Moon    ရန်ကုန်တိုင်းမြို့၊ လှိုင်သာယာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း
၁၀ Myanmar GiGi Leather Goods Manufactory Michel Kors  ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန် 
၁၁ Sunrise Myanmar Fashion Garment Recycle, Closshi Biz  ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း
၁၂ Delo Myanmar   ရန်ကုန်မြို့၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း
၁၃ HERMITE   ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၃၀ ၊ ကျောက်စိမ်းလမ်း
၁၄ SAFETY CLOTHING (Myanmar) Co, LTD Vis Team, ROLYWRE ရန်ကုန်မြို့၊ မြစိမ်းရောင် စက်မှုဇုန်၊ မြစံပယ်လမ်း
၁၅ San Yu Sinsay, ENCUENTRO  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဗန်းမော်အတွင်းဝန်လမ်း 
၁၆ Dishang Fashion (Myanmar)Co.,L.td ONLY, RESERVED, Takashimaya  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း
၁၇ Myanmar RUIXIN shoes S.Oliver, Jana, Scarebella မြစံပယ်လမ်း မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်
၁၈ Myanmar Xiang Rui Fashion Co.,Ltd OVS, Reserved, LOYALTI, XSIDE ရန်ကုန်မြို့၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်း
၁၉ Nice Food Myanmar   ရန်ကုန်မြို့၊ အရှေ့ဒဂုံစက်မှုဇုန်၊ သံချပ်ဝန်ဦးညွှန့်လမ်းနဲ့ ပြင်စည်မင်းသားကြီး
၂၀ SHUANGXI MYANMAR GARMENI CO .Ltd SPLENDID SATISFACTION ,HanTen ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ မက္ခရာမင်းသားကြီး မောင်ပျိုလမ်း
၂၁ Golden Colour Fashion (Myanmar) Sinsay  ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၃ ၊ မြတောင်ဝန်ကြီးဦးမှိုလမ်း
၂၂ GYSEN Myanmar Apparel   ရွှေပြည်သာမြို့နယ်၊ ဝါးတရာလမ်း၊ ဝါးတရာစက်မှုဇုန် 
၂၃ Myanmar York LINEN BLEND , JDY , Bestseller   ရန်ကုန်မြို့ ၊လှိုင်သာယာမြိုနယ်၊စက်မူဇုန်(၄)၊ ကျန်စစ်သားလမ်း
၂၄ New Plus LKM ရန်ကုန်မြို့၊သာဓုကန်စက်မှုဇုန် ၄ ၊ကျောက်စိမ်းလမ်း၊ နွားခြံမှတ်တိုင် 
၂၅ Ooredoo Myanmar Limited Ooredoo ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်း
၂၆ Diamond Rental Myanmar စက်ယန္တယားငှားရမ်းလုပ်ငန်း ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်၊ သီလဝါလမ်းမကြီး
၂၇ Great Summer Myanmar Garment Co.,Ltd  FieldCore ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ၊အနော်ရထာစက်မှုဇုန်
၂၈ LITA MYANMAR Co.,Ltd   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊‌ ရွှေပြည်သာစက်မှုဇုန်(၄)
၂၉ Rong Da Garment   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်


သတင်း နှစ်ကြိမ်စီ ဖော်ပြထားတဲ့ စက်ရုံတွေကတော့ FZ GARMENT Co.,Ltd ၊  Golden Colour Fashion (Myanmar) ၊ Mai Yi Bei (Yangon)Garment Manufacturing Co.,Ltd နဲ့ New Fubon Co.,Ltd  တို့ ဖြစ်ကြ ပါတယ်။ စက်ရုံတွေက အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကိုတော့ ဂရတ်မှာ ဖော်ပြထားပါတယ်။ 

ချိုးဖောက်မှု အများဆုံးအမျိုးအစား

ဒီဇင်ဘာလအတွင်း ချိုးဖောက်မှု အများဆုံး အမျိုးအစားနှစ်မျိုးကတော့ အချိန်ပို ဥပဒေကို ချိုးဖောက်တာနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ရပိုင်ခွင့်ကို ဖြတ်တောက်မှုတွေ ဖြစ်ပါတယ်။ ဒီအမျိုးအစားနှစ်မျိုးက စက်ရုံ ၁၆ ရုံစီ ချိုးဖောက်ခဲ့တာကို သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဥပဒေကို ချိုးဖောက် အချိန်ပို လုပ်ကိုင်ခိုင်းခဲ့တယ်ဆိုတဲ့ စက်ရုံတွေကတော့ Delo Myanmar https://www. myanmarlabournews.com/posts/တလလျှင်-တနင်္ဂနွေပိတ်ရက်-၂-ရက်သာ-ပိတ်ပေးပြီး-အလုပ်ဆင်း ခိုင်းသော်လည်း-အချိန်ပိုလုပ်ခလစာများကို-အပြည့်အဝ-မရှင်းဘဲ-အကြွေးချန်နေလို့-အခက်အခဲဖြစ် ၊ DONG LONG (Pathein) https://www.myanmarlabournews.com/posts/ပုသိမ်-dong-long-အထည်ချုပ်စက်ရုံ-လုပ်ငန်းခွင်အတွင်း-ချိုးဖောက်မှုတွေကျူးလွန်နေလို့-ဖြေရှင်းပေးရန်-အလုပ်သမားတွေ-လိုလားနေ ၊ ETERNAL FASHION CO.Ltd https://www.myanmarlabournews.com/posts/eternal-fashion-co-ltd-တွင်-တဖက်သတ်-တောင်းခံသည့်-အထည်စံချိန်မပြည့်ပါက-အချိန်ပိုနာရီများကို-အခမဲ့-ခိုင်းစေနေ ၊ Feng Teng Garment ၊ FZ GARMENT CO.,Ltd ၊ HERMITE https://www.myanmarlabournews.com/posts/her-mite-အရုပ်စက်ရုံက-အလုပ်သမားတွေရဲ့လုပ်ခလစာငွေ-ထုတ်ပေးဖို့ငြင်းဆို ၊ Mai Yi Bei (Yangon)Garment Manufacturing Co, Ltd https://www.myanmarlabournews.com/ posts/ပိတ်ရက်အစားထိုး အလုပ်ခေါ် ယူမှု-အလုပ်ရှင်သတ်မှတ်သည့် ရက်ကို မလုပ်နိုင်ပါက-လစာမပေးနိုင်ကြောင်း ခြိမ်းခြောက် ၊ Myanmar Blue Moon https://www.myanmarlabournews.com/ posts/ အချိန်ပိုအလွန်အကျွံ ခေါ်ယူမှု ကြောင့်-အလုပ်သမားများ-ကျန်းမာ-ရေး-ထိခိုက်လာ ၊ Myanmar GiGi Leather Goods Manufactory https://www. myanmarlabournews.com/posts/myanmar-gigi-leather-အိပ်ချုပ်စက်ရုံ-အလုပ်သမားများ-ဆန္ဒမပါဘဲ-စက်ရုံ-အပြောင်းအရွှေ့လုပ် ၊ Myanmar RUIXIN shoes https://www.myanmar  labournews. com/posts/ တနင်္ဂနွေ-အလုပ်ပိတ်ရက်ပေးစေလို။ ၊ Myanmar York https://www.myanmar labournews .com/posts/ myanmar-york-စက်ရုံ-လိုင်းစူပါ-အိုတီ-ကြေးမပေးဘဲ-ခေါင်းပုံဖြတ် ၊ New Fubon Co.,Ltd https://www. myanmarlabournews.com/posts/ည-၉-နာရီထိ-အချိန်ပိုတွေ-နေ့စဉ်ခေါ်ယူနေပြီး-သွားလာရေး-မစီစဉ် ပေးသည့်အတွက်-အလုပ်သမားများ-အခက်-တွေ့နေ ၊ New Plus https://www. myanmarlabournews.com/ posts/new-plus-အထည်ချုပ်စက်ရုံ-လချီ-အချိန်ပိုခေါ်ယူမှု-အလုပ်သမားများ-လုံခြုံရေး-စိုးရိမ်လာ ၊ Nice Food Myanmar https://www.myanmarlabournews.com/ posts/nice-food-myanmar-မုန့်စက်ရုံတွင်-တရက်-၁၂-နာရီ-လုပ်ကိုင်ရ  ၊ San Yu https://www. Myanmar labournews.com/ posts/ကလေးလုပ်သားများကို-အချိန်ပိုကြေးမပေးဘဲ-အဓမ္မအလုပ်ခိုင်းစေ ၊ Sunrise Myanmar Fashion Garment  https://www.myanmarlabournews.com/posts/ အလုပ်သမားဒုဝန်ကြီး-လာရောက်-စစ်ဆေးခဲ့တဲ့-sunrise-myanmar-fashion-garment-စက်ရုံ-အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ-ဆက်ကျူးလွန်နေ  စတာတွေ ဖြစ်ပါတယ်။ 

အလုပ်သမားများ၏ လုပ်ခလစာအား ဖြတ်တောက်ခြင်း 

စက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက ဥပဒေသတ်မှတ်ချက်အတိုင်းရရှိတဲ့ ခွင့်အမျိုးအစားတွေကို ခွင့်ပြု မပေးဘဲ ရက်ပျက် သတ်မှတ်ပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေကို ဖြတ်တာ၊ ပိတ်ရက်မှာ လုပ်ခလစာ မပေးဘဲ လုပ်ကိုင် ခိုင်းတာ၊ လုပ်ခလစာကို အကြွေးနဲ့ ခုနှိမ်တာ၊ အချိန်ပို ခိုင်းစေပြီး လုပ်ခမပေးတာ၊ အချိန်ပို လုပ်ပေးရပြီး ကိုက်ညီတဲ့ လုပ်ခလစာ မရတာ၊ အလုပ်ထုတ် နစ်နာကြေးမပေးတာ၊ လုပ်ခလစာ အပြည့်အဝ မရတာ၊ အလုပ်ထွက် အလုပ်သမားအား သတ်မှတ်လုပ်ခနဲ့ ရပိုင်ခွင့်တွေ မပေးတာ၊ လုပ်သက်လျှော့တာ စတဲ့ လုပ်ခလစာ ဖြတ်တောက်မှုတွေ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွင်း ဒီလို လုပ်ဆောင်တဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၆ ရုံ ရှိတာကို သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီ စက်ရုံတွေကတော့ Rong Da Garment https://www.myanmarlabournews.com/posts/ရုန်းလ်သာစက်ရုံ-အလုပ်သမားတဦး-ပေးစာ ၊ SAFETY CLOTHING (Myanmar) Co, LTD https://www.myanmarlabournews.com/ posts/ safety-clothing-myanmar-co-ltd-တွင်-အလုပ်ခေါ်ယူစဉ်က-ရရှိမည်ဟု-ပြောဆိုထားသည့်-လစာ အတိုင်း မပေးဘဲ-တစ်ကဒ်ကြေးများ-လျှော့ချနေ ၊ SHUANGXI MYANMAR GARMENI CO .Ltd https:// www. myanmar labour news. com/posts/စက်လိုင်းတွင်း-အလုပ်သမားအင်အား-ထက်ဝက် လျော့နည်း သွား သော်လည်း-အထည်စံချိန်ကို-ယခင်ကထက်-ပိုမိုတောင်းခံပြီး-ဖိအားပေးမှုများလုပ်နေ ၊ Wounderful Apparel Co.,Ltd https://www.myanmar labournews. com/posts/wonderful-apparel-co-ltd-တွင်-သတ်မှတ် ထားသည့်-တစ်ရက်တာလုပ်အားခကို-အပြည့်မပေးသည့်အပြင်-အချိန်ပိုမဆင်းပါက-အလုပ်ထုတ် ၊ ETERNAL FASHION Co.,Ltd၊ Feng Teng Garment ၊ HERMITE ၊ DONG LONG (Pathein) ၊ Mai Yi Bei (Yangon) Garment Manufacturing Co, Ltd ၊ Myanmar Blue Moon ၊ Myanmar York ၊ New Fubon Co.,Ltd ၊ San Yu ၊ FZ GARMENT Co.,Ltd နဲ့ Delo Myanmar စတဲ့ အထည်ချုပ်စက်ရုံတွေနဲ့  Nice Food Myanmar  မုန့်စက်ရုံ တို့ ဖြစ်ကြပါတယ်။  

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတာတွေ     

ဒီဇင်ဘာအတွင်း ဖော်ပြထားတဲ့ အလုပ်သမားသတင်းတွေထဲမှာ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခံရတာတွေက ၁၄ ကြိမ် ရှိခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်တွေကတော့ အတင်းအကျပ် အချိန်ပိုလုပ်ကိုင်ခိုင်းပြီး ငြင်းဆန်ပါက အလုပ် ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ငွေကြေးဖြတ်တာ၊ အထည်စံချိန် အလွန် အကျွံတောင်းတာ၊ အချိန်ပို ငြင်းဆန်လို့ ဆိုပြီး ခွဲခြားဆက်ဆံခံရတာ ၊ လုပ်ခလစာ မပေးဘူးဆိုပြီး ခြိမ်းခြောက် ခံရတာ၊ အလုပ်တက် မှတ်တမ်းမဝင်လို့ ဆိုပြီး ငွေကြေး ဖြတ်တောက်ခံရတာ၊ သတိပေး ဝမ်တိမ်ထိုးခိုင်းတာနဲ့ ဆဲဆို ခံရတာ စတဲ့ ခြိမ်းခြောက် ဖိအားပေးမှုတွေ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်အတွင်း ဒီလို ခြိမ်းခြောက်မှု ရှိတဲ့ စက်ရုံပေါင်း ၁၅ ရုံပါဝင်ပါတယ်။ 

အဲဒီစက်ရုံတွေ ကတော့ Delo Myanmar ၊ Dishang Fashion (Myanmar)Co.,Ltd  https://www .myanmar labournews.com/posts /dishang-fashion-myanmarco-ltd-တွင်-wcc-ကော်မတီက-အလုပ်သမားများ-သဘောဆန္ဒကို-မျက်ကွယ်ပြု-ကာ-အလုပ်ရှင်နှင့်ပူးပေါင်းပြီး-ဖိနှပ်မှုများ-လုပ်ဆောင်၊ DONG LONG (Pathein) ၊ Feng Teng Garment ၊ FZ GARMENT CO.,Ltd ၊ HERMITE  ၊ Mai Yi Bei (Yangon)Garment Manufacturing Co, Ltd ၊ Myanmar Blue Moon၊ Myanmar GiGi Leather Goods Manufactory၊ Myanmar Huasheng Kefu Fashion https://www. myanmarlabournews.com/posts/myanmar-huasheng-kefu-fashion-စက်ရုံမှာ-အချိန်ပိုမဆင်းလို့ အလုပ်ထုတ် ၊ Myanmar RUIXIN shoes ၊ New Fubon Co.,Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd နဲ့ San Yu  စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 

စံချိန်တောင်းဆိုမှုတွေနှင့် လုပ်ငန်းခွင်အတွင်း ဆဲဆိုမှု 

ဖိအားပေး ခြိမ်းခြောက်မှုတွေနဲ့ တဆက်တည်း  အခွင့်အရေးချိုးဖောက်ခံရတာတွေကတော့ ဖိအားပေးပြီး အထည်စံချိန် တိုးမြှင့်တောင်းဆိုမှုတွေ ဖြစ်ပါတယ်။ 

အထည်စံချိန်ဆိုတာ တနာရီအတွင်း ချုပ်လုပ်နိုင်တဲ့ အရေအတွက် ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့  ဒီအထည် စံချိန်ကိုတော့ အထည်ကို နမူနာချုပ်ပြီး စံချိန် သတ်မှတ်တာဖြစ်ပါတယ်။ ဒါပေမဲ့  အထည်ပုံစံ အမျိုးမျိုး လုပ်နေရ တဲ့ မြန်မာနိုင်ငံက စက်ရုံတွေ ဒီလို လုပ်ငန်းစဉ်မျိုး  ရှိမရှိဆိုကတော့ မသေချာပါဘူး။ 

Myanmar Labour News က သိရှိထားတဲ့ စံချိန်သတ်မှတ်မှုကတော့ အထည်ချုပ်ခ၊ အလုပ်ချိန်၊ လုပ်သားအင်အားပါဝင်မှုကို တွက်ချက်ပြီး အထည်စံချိန် သတ်မှတ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အထည်စံချိန်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို မသိကြဘူးလို့ မြန်မာအထည်ချုပ်သားတွေက ပြောဆိုပါတယ်။ 

အထည်စံချိန်ကိုတောင်းဆိုရာမှာ ခြိမ်းခြောက်တာ၊ ဖိအားပေးတာတွေ အပြင် ဆဲဆိုမှုတွေပါ တဆက်တည်း ဖြစ်ပွားတာလည်း တွေ့ရပါတယ်။  စက်ရုံဘက်က တဖက်သတ် သတ်မှတ်တဲ့ အထည်စံချိန် တောင်းခံတာ၊  စံချိန်မပြည့်လို့ လုပ်ခလစာမပေးဘူးဆိုပြီး ခြိမ်းခြောက်တာ၊ စံချိန်ပြည့်ဖို့ အချိန်ပို အတင်းအကျပ် လုပ်ကိုင် ခိုင်းတာ၊ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတာတွေကို အလုပ်သမား အများစု ခံစားရတာကိုတွေ့ရပါတယ်။ 

ဒါ့အပြင် စံချိန်မပြည့်လို့ အလုပ်ချိန်အတွင်း ဆဲဆိုခံရတာတွေအပြင် ကိုယ်ထိလက်ရောက် ပြုမှုခံရတာတွေပါ ရှိတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

ဒီဇင်ဘာလအတွင်း သတင်းဖော်ပြထားတဲ့ တဖက်သတ် အထည်စံချိန်တောင်းတဲ့ စက်ရုံနဲ့ ဆဲဆိုခိုင်းစေတဲ့ စက်ရုံ ပေါင်းက ၁၁ ရုံစီရှိပြီး သတင်းဖော်ပြမှုပေါင်း ၁၃ ကြိမ်စီရှိခဲ့ပါတယ်။ အဲ့ဒီစက်ရုံတွေကတော့ Delo Myanmar ၊ DONG LONG (Pathein) ၊ ETERNAL FASHION Co.,Ltd ၊ FZ GARMENT Co.,Ltd ၊ Mai Yi Bei (Yangon) Garment Manufacturing Co.,Ltd ၊  Myanmar Blue Moon၊ Myanmar GiGi Leather Goods Manufactory၊ New Fubon Co.,Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd ၊ SHUANGXI MYANMAR GARMENI Co.,Ltd၊ Wounderful Apparel Co.,Ltd ၊ Golden Colour Fashion (Myanmar) ၊ HERMITE၊ Myanmar Huasheng Kefu Fashion စတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။

ဥပဒေမဲ့ အလုပ်ထုတ် 

ဥပဒေကို ကျော်လွန် အလုပ်ထုတ်ပယ်ဆိုတဲ့ သတင်းဖော်ပြမှုပေါင်း ၁၂ ကြိမ်ရှိပြီး စက်ရုံ ၁၁ ရုံမှာ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ နေ့စားလုပ်သားအဖြစ် ခိုင်းစေပြီး လုပ်သက် ၃ လ မပြည့်မီ အလုပ်ထုတ်တာ ၊ လုပ်သက် ၃ လပြည့်ပေမဲ့ အလုပ်မခန့်ဘဲ ထုတ်ပယ်တာ၊ အချိန်ပို လုပ်ကိုင်ဖို့ ငြင်းဆန်တဲ့ အလုပ်သမားကို အလုပ်ထုတ်တာ၊ ခွဲခြားဆက်ဆံ အလုပ်ထုတ်တာ၊ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်တာ၊ အလုပ်ထုတ်ပြီး သတ်မှတ်နစ်နာကြေးနဲ့ လုပ်အားခကို မပေးတာတွေကို ဖော်ပြထားပါတယ်။

ဒီဇင်ဘာလအတွင်း အလုပ်သမားတွေကို အလုပ်ထုတ်တယ်ဆိုပြီး သတင်းဖော်ပြထားတဲ့ စက်ရုံတွေကတော့ Dishang Fashion (Myanmar)Co.,L.td ၊ Feng Teng Garment၊ FZ GARMENT Co.,Ltd၊ HERMITE ၊ Myanmar Huasheng Kefu Fashion၊ Myanmar Xiang Rui Fashion Co.,Ltd https://www.myanmarlabournews. com/ posts/myanmar-xing-rui-စက်ရုံ-အချိန်ပို-မဆင်းနိုင်သည့်-အလုပ်သမားတဦးအား-ခွဲခြားဆက်ဆံ ၊ New Fubon Co.,Ltd ၊ SAFETY CLOTHING (Myanmar) Co.,Ltd၊ Sunrise Myanmar Fashion Garment ၊ Wounderful Apparel Co.,Ltd တို့ ဖြစ်ပါတယ်။ 

၁၀ ကြိမ်အောက် ဖော်ပြထားသည့် အလုပ်သမားဥပဒေနှင့်  အခွင့်အရေးချိုးဖောက်မှု သတင်းတွေ  

လုပ်ငန်းခွင်အတွင်း ကြိုပို့ယာဉ်၊ သန့်စင်ခန်း၊ သောက်ရေ၊ ဆေးခန်းနဲ့ ဆေးပစ္စည်း မပြည့်စုံတဲ့ စက်ရုံ၉ ရုံရဲ့ သတင်း ၁၂ ပုဒ်၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံ ၇ ရုံနဲ့ သတင်း ၇ ပုဒ်၊ အလုပ်လုပ်ကိုင်ဖို့ အသက်မပြည့်တဲ့ လူရွယ်လုပ်သားတွေကို ခိုင်းစေတဲ့ စက်ရုံ ၆ ရုံရဲ့ သတင်း ၇ ပုဒ်၊ လာရောက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေကို လိမ်လည်ဖြေကြားခိုင်းပြီး ပုန်းရှောင်ခိုင်းတဲ့ စက်ရုံ အလုပ်ရုံ ၅ ရုံ ကိုလည်း တွေ့ရှိရပါတယ်။

ဒါ့အပြင် နေ့စား အလုပ်သမားတွေ အပေါ် အခွင့်အရေးချိုးဖောက်တာ၊  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်က ထုတ်ပယ်တာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာ၊ အတင်းအကျပ် ရက်အစား လုပ်ကိုင်ခိုင်းတာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမား  အခွင့်အရေးကို ချိုးဖောက်တာ၊ လုပ်သက်လျှော့ချခံရတာ၊ WCC အဖွဲ့အပေါ် ချိုးဖောက်တာ၊ နားချိန်အပြည့်အဝမရတာ၊ တခြားအလုပ်တွေ ခိုင်းစေတာ၊ နားချိန်မပေးဘဲ တဆက်တည်း အချိန်ပို ခိုင်းစေတာ၊ လုပ်ငန်းခွင်မှာ နိုင်ငံခြားသားက တိုက်ရိုက်ခိုင်းစေတာ၊ လုပ်ငန်းခွင် တောင်းဆို ဆန္ဒပြတာတွေလည်း ဒီဇင်ဘာလ သတင်းတွေမှာ ဖော်ပြထားပါတယ်။  

လုပ်သား လုံခြုံရေးက အရေးအကြီးဆုံးအရာ

လက်ခစားလုပ်ငန်းနဲ့ နိုင်ငံခြားငွေ ရှာဖွေပေးနေတဲ့ အထည်ချုပ်လုပ်ငန်းမှာ လုပ်သားအင်အားက အရေးကြီးဆုံး ကဏ္ဍ တခု ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အလုပ်သမားထုအတွက် လုံခြုံရေး အာမခံချက် မပေးနိုင် ကြပါဘူး ။ လုပ်ငန်းခွင် အသွားအပြန်အတွက် အလုပ်သမားတွေမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပေမဲ့ စက်ရုံတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တာဝန်ယူလုပ်ဆောင်ပေးတာမရှိပါဘူး။ ဒီလို တာဝန်ယူတာ မရှိပေမဲ့ အချိန်ပို  လုပ်ကိုင်ခိုင်းတဲ့ စက်ရုံအရေအတွက် ပိုများလာတာကိုလည်း သတင်းတွေမှာ တွေ့ရပါတယ်။  

နှစ်ချုပ်မှာ မပြောင်းလဲ

နှစ်တနှစ်အတွက် နောက်ဆုံးလ ဖြစ်ပေမဲ့ မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ပြဌာန်းထားတဲ့ ဥပဒေရဲ့ အကျိုးခံစားခွင့်က မရသေးဘူးဆိုတာ  လုပ်ခလစာတွေ ဖြတ်တောက်ခံရတာတွေက သက်သေတွေ ဖြစ်ပါတယ်။

လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေနဲ့ ဆဲဆိုမှုတွေက ဆက်ရှိနေတာကိုလည်းတွေ့ရပြီး ကူညီ နှစ်သိမ့် ဖြေရှင်းပေးမဲ့ သူ ဝေးကွာတာကြောင့် သာမန် ဖြစ်ရပ်လို ဖြစ်နေပါတယ်။ လုပ်ငန်းခွင်အတွင်း ဆဲဆိုတာ ကိုယ်ထိလက်ရောက် ပြုမှုတွေတာတွေ အမြောက်အများရှိနေပြီး မြို့နယ်အလုပ်သမားရုံးက တာဝန်ရှိသူတွေ ဖြေရှင်းမပေးနိုင်တဲ့ သက်သေတွေလည်း ရှိနေပါတယ်။ 

အပြောင်းအလဲများတဲ့ ပိတ်ရက်တွေကြောင့် အလုပ်ရှင်တွေမှာ ထိခိုက်မှု ရှိသလို၊ အလုပ်သမားတွေမှာလည်း အတင်းအကျပ် ရက်အစားထိုး လုပ်ကိုင်ပေးရတာတွေက မကွယ်မပျောက်ဘဲ ဆက်ရှိနေပါတယ်။ စက်ရုံတရုံမှာ အလုပ်သမားအဖွဲ့အစည်းကို ဟန်ပြ ဖွဲ့စည်းထားရုံနဲ့ အလုပ်သမားပြဿနာ မပြေလည်နိုင်ဘူးဆိုတာ သိနေကြပေမဲ့ အပြောင်းအလဲတွေ မပြုလုပ်နိုင်ကြသေးပါဘူး ။ 

ဒါကြောင့် အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ ကူညီရေးအဖွဲ့အစည်းတွေ၊ အလုပ်သမား အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ပြဿနာ ဖြေရှင်းဖို့လုပ်ဆောင်ကြသလို အလုပ်သမား အကျိုး  ရေရှည်တည်မြဲမဲ့ သတ်မှတ်ပြဌာန်းချက်တွေ ၊ လုပ်ငန်းစဉ်တွေ စဉ်းစားပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

Download PDF

မင်းနီကျော်

Myanmar Labour Society
Research Team