SURVEY

သီတင်းကျွတ်ကာလ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ (သို့) အောက်တိုဘာလ ချိုးဖောက်မှုများ

CoverLogo
121 Views

Myanmar Labour News မှာ အောက်တိုဘာလအတွင်း သတင်း ၁၀၈ ပုဒ် ဖော်ပြထားတဲ့ အထဲမှာ အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့သတင်း  စုစုပေါင်း ၄ဝ ပါဝင်ပါတယ်။ ဒီသတင်းတွေထဲမှာ စက်ရုံပေါင်း ၃၃  ရုံ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ 


သတင်း ၄ ကြိမ် ဖော်ပြထားတဲ့ စက်ရုံကတော့ Eternal Fashion Co, Ltd ဖြစ်ပြီး အောက်တိုဘာလ အတွင်း အများဆုံး ဖော်ပြခံရတဲ့ စက်ရုံဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ၂ ကြိမ်စီ ဖော်ပြခံရတဲ့ စက်ရုံတွေ ကတော့ BEST GARMENT (LAOS) CO, LTD ၊ Kingsrich Myanmar ၊ Myanmar Jiale Fashion Co, Ltd နဲ့  Prettex Myanmar စက်ရုံတွေ ဖြစ်ကြပါတယ်။ BEST GARMENT (LAOS) CO, LTD ကတော့ လာအိုနိုင်ငံမှာ အခြေစိုက်ပြီး ကျန်စက်ရုံတွေကတော့ မြန်မာနိုင်ငံက စက်ရုံတွေ ဖြစ်ပါတယ်။ 


Myanmar Labour News က တလအတွင်းဖော်ပြထားတဲ့  အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်မှု သတင်းကို စိစစ်လေ့လာရာမှာ အလုပ်သမားအခွင့်အရေး၊ ကျား-မတန်းတူညီမျှမှု၊ လက်ရှိပြဌာန်းထားတဲ့ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ရဲ့ စည်းမျဉ်းတွေနဲ့ တောင်းဆိုဆန္ဒပြမှုတွေကို အခြေခံ ထားပါတယ်။ 
ဒီစည်းမျဉ်းတွေကို အခြေအခံပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အမျိုးအစားပေါင်း ၂၇ မျိုးခွဲခြား စိစစ်ထားပြီး အောက်တိုဘာလအတွင်းမှာတော့ ချိုးဖောက်မှုအပေါင်း ၂၃ မျိုး အထိ ရှိနေတာကို ဖော်ပြထားတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ 


ချိုးဖောက်ခံရမှု အများဆုံးကတော့ လစာငွေကြေးဖြတ်တောက်တာနဲ့ အချိန်ပို ခေါ်ယူမှုတွေ ဖြစ်ပါတယ်။ ဒီ နှစ်မျိုးစလုံးကို တပြိုင်နက်တည်း ချိုးဖောက်မှုတွေရှိနေတဲ့ စက်ရုံကတော့ ETERNAL FASHION CO, LTD အထည်ချုပ်စက်ရုံမှာ ဖြစ်ပေါ်ခဲ့တာကို Myanmar Labour News မှာ ဖော်ပြထားပါတယ်။ 


ETERNAL FASHION CO, LTD က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပြီး လုပ်သား  ၁၀၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။   
၃ ထပ် အဆောက်အအုံ ဖြစ်ပြီး  လုပ်သား ၁၀၀၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ စက်ရုံကြီး ဖြစ်ပါတယ်။ balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini စတဲ့ တံဆိပ်တွေ ချုပ်တယ်လို့ ဆိုပါတယ်။


စက်ရုံကတော့ အလုပ်သမား လိုအပ်ချက်ကို လူမှုကွန်ရက်က တဆင့် ခေါ်ယူဖြည့်တင်းနေပြီး လစာ ကျပ် ၁၀ သိန်း ဝန်းကျင် ရတယ်ဆိုပြီး စွဲဆောင်စည်းရုံးနေတဲ့ စက်ရုံဖြစ်ပါတယ်။ လုပ်ခလစာကို ဒေးကြေး၊ ထောက်ပံ့ကြေး၊ ကျွမ်းကျင်ကြေး၊ တစ်ကဒ်ကြေး၊ ရက်မှန်ကြေး စတာတွေ ပေးထားတယ်လို့ သိရပါ တယ်။


စက်ရုံဘက်လည်း အချိန်ပို တလ ဘယ်လောက်အထိ လုပ်ကိုင်ရတယ်ဆိုတာကို အလုပ်သမား ခေါ်ယူမှုတွေမှာ ပြောဆိုတာ မရှိပါဘူး။ 
အောက်တိုဘာ ၂၁ ရက်မှာတော့ လှိုင်သာယာ ရိုးကြီးမှတ်တိုင်မှာ စက်ရုံကြိုပို့ကားနဲ့ တခြားယာဉ် တစီးတိုက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါ အလုပ်သမား ၄၅ ဦးထဲက လက်ကျိုး ၊  ပါးရိုး၊ မျက်နှာနဲ့ တခြားထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တဦးကတော့ ခွဲစိပ်မှု ပြုလုပ်ရတဲ့ အထိ ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာတော့ (မိုးအလင်း) အချိန်ပိုဆင်းအပြန် မနက် ၅ နာရီမှာ စက်ရုံ ကြိုပို့ယာဉ်က ဆင်းလာတဲ့  အလုပ်သမားတစ်ဦး ကားလမ်းဖြတ်အကူး အငှားယာဉ် တိုက်ခံရပြီး ဦးခေါင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ရ  ကုသနေရတယ်လို့ သိရပါတယ်။


“အချိန်ပိုမတရားခိုင်းစေတာတွေကြောင့် အလုပ်သမားတွေ အသက်ဆုံးရှုံးတဲ့အထိ ထိခိုက်နေတာ ခဏခဏ ပါပဲ ။ အလုပ်ရှင်ဘက်က ပထမကားတိုက်မှုမှာ ပါတဲ့အလုပ်သမားတွေနဲ့ ကားတိုက်ခံရတဲ့ အလုပ်သမားကို အင်းစိန်ဆေးရုံမှာ စောင့်ကြည့် ပေးပါတယ်။ ဒါပေမယ့် ကားတိုက်ခံရတုန်းက ထိခိုက် သွားတဲ့ အတွင်းလူနာ မဟုတ်တဲ့ အလုပ်သမား တွေရဲ့ ဆေးဖိုးကုန်ကျတာတွေ၊ ထိတ်လန့်ပြီး အလုပ် မလာနိုင်တဲ့လူတွေကို ခွင့်မဲ့ပေးမယ်၊ ခွင့်တော့ မပေး  နိုင်ဘူးလို့ ပြောတာပါ။  အဓိကပြောချင်တာကတော့ လုပ်ငန်းခွင်ထဲမှာ သတ်မှတ်ထားတဲ့ အထည်စံချိန်တွေကို ပြည့်မီအောင်ပေးရတဲ့အပြင် အချိန်ပိုတွေ အလွန်အကျွံခေါ် မနက်မှ ပြန်ရ၊ အိပ်ချိန်တောင်မရဘဲ အလုပ်မီအောင် ပြန်လာရ ၊ တနင်္ဂနွေ ပိတ်ရက် မနားရတော့ အလုပ်သမားတွေက ထိခိုက်မှုတွေ အရမ်းများလာတာပါ ။ အချိန်ပို တွေ အလွန်အကျွံ ဆင်းရလို့ သတင်းတွေတက်တော့လည်း သက်ဆိုင်ရာက သေချာ စစ်ဆေး အရေးယူတာ မရှိပါဘူး။  အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံဆင်းရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက မြင်တဲ့ အတိုင်း ပါပဲ”လို့ ETERNAL FASHION  အထည်ချုပ် အလုပ်သမားက  ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းကျွတ်ကာမှာလည်း စက်ရုံလူကြီးတွေကို ကန်တော့ဖို့ဆိုပြီး အလုပ်သမား တဦးကို ကျပ် ၂၅၀၀၀  ကောက်ခဲ့တာကို  Myanmar Labour News မှာ သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းကို  အလုပ်ရှင်ဘက်က သိရှိပြီးနောက် ကောက်ခံထားသည့် ငွေကြေးကို ပြန်ပေးခိုင်းပေမယ့် အလုပ်သမား တစ်ဦး ကျပ် ၁၅၀၀ စီသာ  ပြန်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


ဒါ့အပြင် သီတင်းကျွတ်ပိတ်ရက်မှာ အလုပ်ဆင်းပါက အချိန်ပိုကြေး ကျပ် ၁၅၀၀၀ ကျပ်နဲ့ မုန့်ဖိုး ကျပ် ၁၀၀၀၀ သီးသန့်ပေးမယ်လို့ စက်ရုံအစည်းအဝေးမှာ ပြောဆိုခဲ့ပေမဲ့ အချိန်ပိုလုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတွေမှာ အချိန်ပို ကြေး ကျပ် ၁၅၀၀၀ ပဲ ရပြီး မုန့်ဖိုး မပေးဘဲ ခေါင်းပုံဖြတ်ခံရတယ်လို့ ပြောဆိုပါတယ်။


“ ဒါတွေတင်မဟုတ်ဘူး အလုပ်သမားအသစ်တွေ ခန့်တယ်။ သူတို့ မကြိုက်တဲ့  အလုပ်သမား များတဲ့ လိုင်းတွေ ဆိုရင် ဖြုတ်တယ်။ အောစူပါကြိုက်တဲ့ သူတွေကို လိုင်းခွဲပေးမယ်။ မကြိုက်တဲ့ အလုပ်သမား တွေကို အခြားလိုင်း ထဲ ပို့တယ်။ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထွက်အောင် ဖိအားပေးတယ်။ လူသစ်တွေခေါ်နေပြီး လူဟောင်း တွေကိုတော့ အကြောင်းအမျိုးမျိုး ပြပြီး အလုပ်ထုတ်တယ်။” လို့  အလုပ်သမားတဦးက ပြောပါတယ်။


စက်ရုံ အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရတာကြောင့် လုပ်ငန်းခွင် ထိခိုက်မှုတွေရှိပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့  အလုပ်သမားတဦးက  ပြောပါတယ်။ 


ETERNAL FASHION  အထည်ချုပ်စက်ရုံနဲ့ ပတ်သက်ပြီး အလုပ်သမားတွေပြောဆိုတဲ့ အကြိမ်ပေါင်း ၅ ကြိမ် ရှိပြီး အဲဒီထဲက ၄ ကြိမ်ကို သတင်းဖော်ပြခဲ့တာလို့လည်း သိရပါတယ်။ 


သတင်း အပြည်အစုံ ဖတ်ရန်>>> https://www.myanmarlabournews.com/posts/eternal-fashion-အထည်ချုပ်-အလုပ်သမားအခွင့်အရေးများချိုးဖောက်ပြီး-တာဝန်ယူမှုမရှိဘဲ-လုပ်ကိုင်နေ ဒီသတင်းထဲမှာဆို လုပ်ငန်းခွင်အတွင်း အာဏာရှိသူတွေရဲ့ ဖိအားပေးတာ၊ အချိန်ပိုတွေ အလွန်အကျွံ လုပ်ကိုင် ရတာ၊ လစာငွေကြေး ဖြတ်တောက်တာ၊ ရာထူးမြင့်သူတွေက ငွေကြေးဖြတ်တောက်တာ၊ အလွဲသုံးစားလုပ်တာနဲ့ ခွဲခြားဆက်ဆံတာတွေကို တွေ့ရပါတယ်။

အစဉ် စက်ရုံအလုပ်ရုံ ထုတ်လုပ်သည့် ကုန်ပစ္စည်း တည်နေရာ 
LITA MYANMAR Co, LTD BURTLE ၊ PUNT RPMA၊ HEARTGREEN၊ Golden Bear၊ A DAY IN THE LIFE SENSE OF PLACE ရန်ကုန်မြို့၊  ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄
ETERNAL FASHION CO.,LTD balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini  ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် 
Myanmar QI Yuan Garment (2) အထည်ချုပ် ရန်ကုန်မြို့ ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊  စက်မှုဇုန်    သံချက်ဝန်ဦးညွန့်လမ်း
Myanmar Zhi Xin Garment Co.ltd Jackfield  Original, CUTTER&BUCK, ODV, JACK FIELD ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပန်းပဲခေါင်းမောင်ခက်လမ်း
Mai Yi Bei Garment ORIGINAL MARINES ၊ ALCOTT ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်
MENGYUE GARMENT Co.,ltd PALLTEX   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း 
Straightex Co.ltd   ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း (ကွက်သစ်မှတ်တိုင်အနီး ) 
J-Land Myanmar  GUESS  ရန်ကုန်မြို့၊ ဝါးတရာစက်မှုဇုန် 
Myanmar Jiale Fashion Co.,Ltd DUB, SHISKY, AMISU   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊  ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်း
၁၀ Star Sandar Garment   အင်းစိန်မြို့နယ်၊စဉ့်ငူရပ်ကွက်၊ ရွှေကြာလမ်း
၁၁ BEST GARMENT (LAOS) CO.,LTD  TCHIBO CERTIFIED MERCHANDISE  လာအိုနိုင်ငံ၊ ဗီရန်ဂျင်း၊  ၃ ကန်နယ်မြေ
၁၂ LUCKY FORTUNE GARMENT LCW VISION၊ ENCUENTRO ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄၊ ဆရာဦးထွန်းလမ်း 
၁၃ Myanmar Journey Solo  ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်၊ ၂ လမ်း
၁၄ Tainjin Fashion Milestone Co.,Ltd. Sinsay , VERO MODA  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းနှင့် ကမ်းနားလမ်းထောင့်
၁၅ ဖူးချန် SPYDER ACTIVE တရုတ်နိုင်ငံ၊ ရင်ကျန်းစက်မှုဇုန်
၁၆ General Textile   မှော်ဘီမြိုနယ်၊ အင်းလျက်ရွာ
၁၇ Jing Ying International Building Material Development Co.,Ltd.   ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်း
၁၈ KBL Garment DAVIDS BRIDAL, Studio, Melissa Sweet, JULES CLEO  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ စက်မှုဇုန် ၄
၁၉ Myanmar York   ရန်ကုန်မြို့၊ လှိုင်သာယာစက်မူဇုန် ၄
၂၀ Prettex Myanmar Have a wonderful day , Chinese National Geography ရန်ကုန်မြို ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်
၂၁ Sunrise Myanmar Fashion  Recycle, CLOSSHI Biz ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း
၂၂ AQUA SHOE AQUA SHOE  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်
၂၃ Golden Colour Fashion (Myanmar) KAPPA , MEDICINE, KoToN ရန်ကုန်တိုင်းမြို့၊ အင်းစိန်မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)
၂၄ Kingsrich Myanmar အထည်ချုပ်  
၂၅ Textile Palace 2 Sinsay, GEMO , Suivez Nous , Trollkids ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ၊ မြောင်းတကာစက်မှုဇုန်၊ စက်မှုလမ်း
၂၆ Vince Myanmar ဖိနပ်ချုပ် ရန်ကုန်မြို့၊ တောင်ဒဂုံ
၂၇ AOHE အထည်ချုပ် တရုတ်နိုင်ငံ၊ ရွှေလီမြို့
၂၈ GTIG Guohua Glory UNITED COLORS OF BENETTON၊ ONLY ၊ Bestseller  ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်
၂၉ He Me T garment sinsay, OUTDOOR  ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ တွင်းအသင်းတိုက်ဝန် ဦးထွန်းညိုလမ်း
၃၀ Jun Coporation Co.,Ltd အထည်ချုပ် ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် ၊ ဇရပ်ကွင်း
၃၁ Forever Group MRTV 4  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း
၃၂ TV Apparel 2 အထည်ချုပ် ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ သံလမ်း၊ ရွှေဗဟိုပတ်လမ်း 
၃၃ LOTTE MGS Beverage (Myanmar) Co., Ltd Pepsi ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အများအနည်းကို အစဉ်လိုက် ရေးဆွဲထားပါတယ်။ 

 

အောက်တိုဘာလထဲမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာဖြတ်တောက်တဲ့ စက်ရုံ လုပ်ငန်းပေါင်း  ၂၀ အထိ ရှိပါ တယ်။ အဲ့ဒီ စက်ရုံတွေ ကတော့ AOHE https://www.myanmarlabournews. com/posts/ ရွှေလီ-အောကယ်-aohe-အထည်ချုပ်စက်ရုံ-မြန်မာလုပ်သားတချို့အား-လစာမပေးဘဲ-ရဲလက်အပ် BEST GARMENT (LAOS) Co, Ltd https://www .myanmar labournews.com /posts/ အချိန်ပိုအခမဲ့ ခိုင်းစေတာကို-ဖော်ထုတ်ရန် ကြိုးပမ်းလို့-အလုပ်ထုတ်ခံရ ETERNAL FASHION Co, Ltd https://www.myanmar labournews.com/posts/ eternal-fashion-coltd-အထည်ချုပ်-သီတင်းကျွတ်-ပိတ်ရက်-အတွက်-ညနက်-၁၂-နာရီအထိ-အချိန်ပို-လုပ်ခိုင်း-ကန်တော့ဖို့-ဆိုပြီး-အလုပ်သမားတဦး-ကျပ်-နှစ်သောင်းအထိ-ဖြတ်ယူ General Textile https://www.myanmar labournews.com/ posts/general-textile-အထည်ချုပ်-သီတင်းကျွတ် ရက်စားအတွက်-တနင်္ဂနွေ-ညနက်တွေပါ - အတင်းကျပ်-လုပ်ကိုင်ခိုင်း Golden Colour Fashion (Myanmar) https://www.myanmarlabournews. com/posts/golden-colour-fashion-စက်ရုံ အလုပ်သမားများ-လုပ်အားခ တိုးပေးမည်ဆိုကာ-လိမ်လည် ခိုင်းစေခံရ J-Land Myanmar https://www.myanma rlabournews.com/posts/j-land-myanmar-စက်ရုံ-မန်နေဂျာ-အချိန်ပိုမဆင်းသည့်-အလုပ်သမားများအား-ဆဲဆို Kingsrich Myanmar https://www. myanmarlabournews.com/posts/kingsrich-myanmar-အိပ်ချုပ်စက်ရုံတွင်--ရက်မြောက်-တောင်းဆိုမှု-ပြုလုပ်နေ LITA MYANMAR Co, Ltd https://www.myanmarlabournews.com/posts/ သီတင်းကျွတ် ကန်တော့ရန်ဆိုကာ-စက်ရုံအလုပ်သမားတဦးလျှင်-အနည်းဆုံးကျပ်-တသောင်းကောက်ခံ Mai Yi Bei Garment https://www.myanmarlabournews.com/posts/mai-yi-bei-garment-ပိတ်ရက်အပြန်နောက်ကျသည်ဆိုကာ-ဒေကြေးမပေးဟု-ပြောဆို MENGYUE GARMENT Co, Ltd https://www. Myanmar labour news.com/posts/ အထည်စံချိန်အလွန်အကျွံ တောင်းခံပြီး-အချိန်ပိုအခမဲ့ဆင်းခိုင်း MRTV 4 (Forever Group) https://www.myanmar labournews.com/posts/mrtv-4-forever-group-မှ-အလုပ်သမား-ရာနဲ့ချီ-အလုပ်ထုတ်-ဥပဒေပါ-နစ်နာကြေးအား-တလချင်း-ပေးချေပြီး-စေတနာကြေးဟု-ပြောဆို Myanmar Jiale Fashion Co, Ltd https://www.myanmarlabournews.com/posts/myanmar-jiale-fashion-အလုပ်ရှင်မှ-အထည်ကြေးများ-ဖြတ်တောက်ရယူထား Myanmar QI Yuan Garment (2) https://www. Myanmar labournews.com/posts/myanmar-qi-yuan-garment-တွင်-အမျိုးသားလုပ်သားများ-ခွဲခြားဆက်ဆံခံရ Myanmar Zhi Xin Garment Co, Ltd https://www.myanmarlabournews.com/posts/ ထောက်ပံ့ကြေး တိုးပေး၍-အခြားခံစားခွင့်ကိုလျော့ချ-ဥပဒေမဲ့-လုပ်ရပ်များ-လုပ်ဆောင်နေသော်လည်း-တိုင်ကြားသူများကို-စက်ရုံဘက်က-တရားစွဲဆိုမည်ဟု-ခြိမ်းခြောက်ပြောဆို Star Sandar Garment https://www.myanmar labournews. com/posts/ star-sandar-garment-စက်ရုံ-လုပ်ငန်းခွင်အတွင်း-ခွင့်ခံစားခွင့်တွေ-မပေးသလို-နေ့စားဝန်ထမ်းများကို-ခွဲခြား-ဆက်ဆံနေဟုဆို Straightex Co, Ltd https://www.myanmarlabournews. com/posts/straightex-coltd-စက်ရုံ-ကန်တော့ရန်အတွက်-အတင်းကျပ်-ငွေကောက်ခံ Sunrise Myanmar Fashion https://www.myanma rlabournews.com/posts/sunrise-myanmar-fashion-အထည်ချုပ် စက်ရုံက-လုပ်သက်--လပြည့်-နေ့စား လုပ်သား များကို-ဥပဒေနဲ့အညီ-လုပ်ဆောင်ပေးရန်-လိုလားနေ Textile Palace 2 https://www.myanmarlabournews. com/posts/textile-palace-2-စက်ရုံ-လုပ်သက် နှစ်ကြေး-သုံးနှစ်ပြည့်မှ-ပေး Vince Myanmar https://www. myanmarlabournews.com/posts/vince-myanmar-ဖိနပ်စက်ရုံတွင်-တောင်းဆိုမှု-ပြုလုပ်-ညှိနှိုင်းပြီး-အဆင်ပြေ နဲ့ ဖူးချန် https://www.myanmar labournews. com/posts /အထည်စံချိန်အလွန်အကျွံသတ်မှတ်-တောင်းဆိုလို့-အလုပ်သမားတွေအခက်အခဲဖြစ်နေ စတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။

ဒီထဲက AOHE  နဲ့ ဖူးချန် အထည်ချုပ်စက်ရုံတွေက တရုတ်နိုင်ငံမှာ ရှိပြီး BEST GARMENT (LAOS) Co, Ltd အထည်ချုပ် စက်ရုံကတော့ လာအိုနိုင်ငံမှာ  ရှိပါတယ်။ MRTV -4  က ရုပ်သံကုမ္ပဏီ ဖြစ်ပြီး ကျန်စက်ရုံတွေ ကတော့ ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။

နောက်ထပ် အများဆုံး ချိုးဖာက်မှုကတော့ အချိန်ပို ဥပဒေနဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားလွှာ ထုတ်ပြန် ထားပြီး လိုက်နာဖို့နဲ့ လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူမဲ့ အကြောင်းပါရှိ ပါတယ်။

အောက်တိုဘာလအတွင်း Myanmar Labour News ရဲ့ သတင်းတွေထဲမှာ အချိန်ပိုနဲ့ ပတ်သက်ပြီး ဥပဒေကို ချိုးဖောက်နေတဲ့ စက်ရုံ အလုပ်ရုံ  ၁၅ ရုံ ရှိတာကိုတွေ့ရပါတယ်။

အဲဒီစက်ရုံတွေက AQUA SHOE https://www.myanmarlabournews.com/posts/aqua-shoe-စက်ရုံ-သတ်မှတ်အချိန်ပိုထက်-ပိုမို-ခိုင်းစေ BEST GARMENT (LAOS) CO, LTD ETERNAL FASHION CO, LTD General Textile J-Land Myanmar Jun Coporation Co, Ltd https://www.myanmarlabournews. com/posts/ လှည်းကူး-jun-coporation-အထည်ချုပ်-စနေနေ့တိုင်း-အချိန်ပို-အောလင်း-ခိုင်းစေ KBL Garment https://www.  myanmarlabournews.com/posts/kbl-garment--၁၁-နာရီအထိ-အချိန်ပိုအတင်းအကျပ် ဆင်းခိုင်း LITA MYANMAR Co, LTD Myanmar Journey https:// www.myanmarlabournews.com/ posts/မြန်မာဂျော်နီ-အိတ်စက်ရုံ-အချိန်ပို-နာရီ-၂၀-ထက်-ကျော်လွန်-လုပ်ကိုင်ခိုင်း Myanmar QI Yuan Garment (2) Myanmar Zhi Xin Garment Co, Ltd Prettex Myanmar Straightex Co, Ltd https://www. myanmarlabournews.com/posts/prettex-myanmar-စက်ရုံ-တွင်-သီတင်းကျွတ်-ပိတ်ရက်အား-အချိန်ပို-အတင်းအကျပ်ခေါ် Sunrise Myanmar Fashion ဖူးချန် စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

 

 


ကျား၊မ အခြေခံ ခွဲခြားဆက်ဆံ၊ အတင်းအကျပ် ဖိအားပေး ၊ အနိုင်ကျင့်မှုများ


လုပ်ငန်းခွင် အတွင်း ဒီအခြေအနေတွေက အမျိုးသားနဲ့ အမျိုးသမီးတို့ အပေါ် အပြောင်းအလဲများတဲ့ သဘော တရားတွေနဲ့ ခံယူချက်များကြောင့် ဖြစ်ပါ်လာပြီး လှုမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ဆိုကြပါတယ်။ 
အောက်တိုဘာလအတွင်း လုပ်ငန်းခွင်အတွင်း ရာထူးမြင့်မားသူတွေရဲ့ ဆဲဆို ခိုင်းစေမှုတွေ ခံစားနေရဆဲ ဖြစ်တယ် လို့လည်း Myanmar Labour News ရဲ့ သတင်းဖော်ပြမှုမှာ တွေ့ရပါတယ် ။ အဲဒီလအတွင်း ဆဲဆို ခိုင်းစေတယ်ဆိုတဲ့ စက်ရုံပေါင်း ၁၁ ရုံ ပါဝင်တယ်ဆိုတာလည်း တွေ့ရပါတယ်။ 


ETERNAL FASHION CO, LTD ၊ J-Land Myanmar ၊ LUCKY FORTUNE GARMENT https://www.myanmar labournews.com/posts/အလုပ်သမားသဘောဆန္ဒမပါဘဲ-သီတင်းကျွတ်ကန်တော့ရန်-ငွေကြေးဖြတ်တောက် တာတွေ-မလုပ်ဖို့တောင်းဆို ၊ Mai Yi Bei Garment၊ MENGYUE GARMENT Co, Ltd ၊ Myanmar Jiale Fashion Co, Ltd၊ Myanmar Journey https://www.myanmarlabournews.com/posts/မြန်မာဂျော်နီ-အိတ်စက်ရုံ-အချိန်ပို-နာရီ-၂၀-ထက်-ကျော်လွန်-လုပ်ကိုင်ခိုင်း ၊ Myanmar Zhi Xin Garment Co, ltd ၊ Star Sandar Garment ၊ Straightex Co, ltd ၊ ဖူးချန် စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 


ခြိမ်းခြောက် ဖိအားပေး ခိုင်းစေတဲ့ စက်ရုံပေါင်းကတော့ ၁၀ ရုံအထိ ရှိနေပါတယ်။ အဲ့ဒီစက်ရုံတွေကတော့ ETERNAL FASHION CO, LTD ၊ Golden Colour Fashion (Myanmar)၊ He Me T garment၊ KBL Garment၊ LITA MYANMAR Co, LTD၊ Mai Yi Bei Garment ၊ Myanmar Journey၊ Myanmar Zhi Xin Garment Co, ltd၊ Prettex Myanmar ၊  Straightex Co, ltd နဲ့  TV Apparel 2 https://www.myanmarlabournews.com/posts/စက်ရုံအတွင်း-ရေဝင်ပြီး-လုပ်ကိုင်မရ-ဖြစ်ပေမဲ့-နေအိမ်-ပြန်ခွင့်မပေး   စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။ 


လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေကတော့ လစာငွေကြေး၊ ဂရိတ်ကြေး၊ လုပ်သက်နှစ်ကြေး၊ ခွင့်မရှိတာ၊ တန်းတူ အခွင့်မရတာတွေ ဖြစ်ပါတယ်။ အဲဒီလို ခွဲခြားမှုရှိတဲ့ စက်ရုံပေါင်း ၁၀ ရုံပါဝင်နေပါတယ်။


အဲဒီစက်ရုံတွေကတော့ ETERNAL FASHION CO, LTD ၊ Jing Ying International Building Material Development Co, Ltd. https://www.myanmarlabournews.com/posts/jing-ying-အုတ်ပြားစက်ရုံတွင်-ec-စာချုပ်မချုပ်ဘဲ-အလုပ်နှင့်-မသက်ဆိုင်သည့်-လုပ်ငန်းများ-ခိုင်းစေ ၊ LITA MYANMAR Co, LTD၊ MENGYUE GARMENT Co, ltd  ၊ Myanmar Jiale Fashion Co, Ltd ၊ Myanmar Journey ၊ Myanmar QI Yuan Garment (2) ၊ Myanmar York https://www.myanmarlabournews.com/posts/myanmar-york-လုပ်သားများ-ရက်မှန်ကြေး-တိုးပေးရန်-တောင်းဆို-လုပ်ငန်းခွင်-ခွဲခြားဆက်ဆံခံနေရ ၊  Star Sandar Garment ၊ Tainjin Fashion Milestone Co, Ltd. https://www.myanmarlabournews.com/posts/tainjin-fashion-milestone-စက်ရုံတွင်-ဖူလုံရေးကြေး-လစဉ်ထည့်သွင်းရပေမဲ့-အကျိုးခံစားခွင့်များ-ဆုံးရှုံးနေရ   စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

 
Jing Ying International Building Material Development Co, Ltd ကတော့ ဆောက်လုပ်ရေးပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။


လုပ်ငန်းခွင်အတွင်း သီတင်းကျွတ်ကာလကို အကြောင်းပြပြီး ရာထူးမြင့်မားသူတွေက နည်းလမ်းမျိုးစုံနဲ့ ငွေကြေး ကောက်ခံ ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံ  ၃ ရုံ ရှိခဲ့ပြီး အဲဒီ စက်ရုံတွေကတော့   ETERNAL FASHION CO, LTD ၊LITA MYANMAR Co, LTD နဲ့ LUCKY FORTUNE GARMENT စက်ရုံတွေ ဖြစ်ကြပါတယ်။ 


သတင်းကျွတ် ပိတ်ရက်ရှည်အတွက် ရက်စားအထိုး ခေါ်ယူ တယ်ဆိုတဲ့ စက်ရုံ ၂ ရုံရှိပြီး အဲဒီ စက်ရုံတွေကတော့  General Textile စက်ရုံနဲ့ Myanmar QI Yuan Garment (2) စက်ရုံတွေ ဖြစ်ပါတယ်။ 


အောက်တိုဘာလအတွင်း Myanmar Labour News ရဲ့ ဝက်ဆိုဒ် မှာ ဖော်ပြထားတဲ့ သတင်းတွေထဲမှာ ခွင့်မပေး တဲ့ စက်ရုံ ၄ ရုံ၊ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ စက်ရုံ ၄ ရုံ၊ ကလေး လုပ်သားတွေ ခိုင်စေတဲ့ စက်ရုံ ၄ ရုံ၊ နေ့စား လုပ်သားတွေအပေါ် ချိုးဖောက်မှုရှိတဲ့ စက်ရုံက ၆ ရုံ၊ စစ်ဆေးအဖွဲ့တွေ လာရောက် စစ်ဆေး တယ်လို့ လိမ်လည် ဖြေကြားခိုင်းတဲ့ စက်ရုံက ၄ ရုံ ၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအပေါ် ချိုးဖောက်တဲ့ စက်ရုံ က ၂ ရုံ၊ လူမှုဖူလုံရေးအတွက်‌ ဆောင်ရွက်မပေးတဲ့ စက်ရုံ  ၃ ရုံ၊ EC စာချုပ် ဖောက်ဖျက်တဲ့ စက်ရုံ ၄ ရုံ ၊ သဘောဆန္ဒ မပါဘဲ အလုပ်နေရာ ပြောင်းရွှေ့တယ်ဆိုတဲ့ စက်ရုံက ၁ ရုံ၊ နားချိန်မပေးဘဲ အချိန်ပို ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ က ၅ ရုံ ၊ နိုင်ငံခြားသားတွေ တိုက်ရိုက်ခိုင်းစေနေတဲ့ စက်ရုံက ၅ ရုံ၊ တောင်းဆို ဆန္ဒပြတဲ့  စက်ရုံက ၃ ရုံနဲ့ ထုတ်လုပ် နိုင်စွမ်းထက် ပိုမိုတောင်းခံနေတဲ့ စက်ရုံ ၆ ရုံ ပါဝင်တာကို တွေ့ရပါ တယ်။  


အောက်တိုဘာလအတွင်း အလုပ်ရပ်တောင်းဆိုတဲ့ စက်ရုံနှစ်ရုံကတော့ Vince Myanmar ဖိနပ်ချုပ်စက်ရုံ https://www.myanmarlabournews.com/posts/vince-myanmar-ဖိနပ်စက်ရုံတွင်-တောင်းဆိုမှု-ပြုလုပ်-ညှိနှိုင်းပြီး-အဆင်ပြေ နဲ့ Kingsrich Myanmar https://www.myanmarlabournews.com/posts/kingsrich-myanmar-အိပ်ချုပ်စက်ရုံတွင်-၃-ရက်မြောက်-တောင်းဆိုမှု-ပြုလုပ်နေ အထည်ချုပ် စက်ရုံတို့ ဖြစ်ပါတယ်။ လုပ်ခလစာ တိုးမြှင့်ပေးရေးနဲ့ ကြိုဖို့ယာဉ်ခ ဖြတ်တောက်မှု မပြုလုပ်ဖို့ တောင်းဆိုခဲ့ကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ 


LOTTE MGS Beverage (Myanmar) Co, Ltd ကို ဝန်ထမ်းဟောင်းတဦးက တရားစွဲထားမှုမှာ ပြီးပြတ်မှု မရှိသေးဘဲ He MeT garment https://www.myanmarlabournews.com/posts/he-met-company-limitedတွင်-စစ်တပ်က-အမျိုးသား အလုပ်သမား စာရင်းလာရောက်ကောက်ယူ စက်ရုံအတွင်း အမျိုးသား အလုပ်သမားအရေအတွက် ကောက်ခံတဲ့ ဖြစ်စဉ်နဲ့ မြို့နယ် အလုပ်သမားရုံး ညွှန်ကြားချက်ကို  Myanmar Jiale Fashion Co, Ltd အထည်ချုပ်စက်ရုံ https://www.myanmarlabournews.com/posts/myanmar-jiale-fashion-စက်ရုံအလုပ်သမားများ-အဖြတ်ခံရသည့်ငွေများ-ပြန်ပေးရန်ဝန်ကြီးဌာနညွှန်ကြားပေမယ့်-ရရှိမှုမရှိသေးက မလိုက်နာခဲ့ဘူး ဆိုတဲ့ ဖြစ်စဉ်တွေက အောက်တိုဘာလအတွင်း ထူးခြားဖြစ်စဉ် အနေနဲ့ လည်းတွေ့ရပါတယ်။ 


သုံးသပ်ခြင်း


ပိတ်ရက်ရှည်တဲ့ သီတင်းကျွတ်ကာလအတွင်း အကြိမ်အများဆုံး ချိုးဖောက်ခံရမှုတွေကို ဖော်ပြထား ပြီး ဖြစ်ပါတယ်။ 
အဆိုးဆုံး ချိုးဖောက်မှုတွေထဲမှာ အချိန်ပိုလုပ်ကိုင်ခိုင်းပြီး ရက်အစားဆိုပြီး သတ်မှတ်ခဲ့တာတွေပါ ။ ဒါ့အပြင် သဘောန္ဒမပါဘဲ လစာထဲက ငွေကြေး အမြောက်အများကို ရာထူးကြီး တာဝန်ရှိသူတွေက  ဖြတ်တောက်ခဲ့  ပါ တယ်။ အလုပ်သမားတွေမှာ လက်ရှိ အချိန်အထိ ပြန်လည် ရရှိတာ မရှိပါဘူး။


အောက်တိုဘာလအတွင်း အသက်မပြည့်သေးတဲ့ လုပ်သား နဲ့ နေ့စားလုပ်သားတွေအပေါ် ချိုးဖောက်မှုတွေများလာသလို၊ WCC အဖွဲ့ကိုလည်း လေးစားမှု မရှိတဲ့ အဖြစ်အပျက်တွေ များလာပါတယ်။ 


နားချိန်မပေးဘဲ အချိန်ပိုခိုင်းတာ ၊ လာရောက်စစ်ဆေးမှုတွေကို လိမ်လည် ထွက်ဆိုခိုင်းတာတွေလည်း ကျဆင်းမှုမရှိပါဘူး။  
လူမှုဖူလုံရေး လစဉ် ပေးသွင်းပေမဲ့ ကတ်ပြားမရှိလို့ အကျိုးခံစားခွင့်မရတဲ့ အဖြစ်အပျက်တွေ အပြင် စက်ရုံအလုပ်ရုံ တွေရဲ့ ခေါင်းပုံဖြတ်မှုတွေ များပြားနေတာကို တွေ့ရှိရပါတယ်။ 


ဒါ့အပြင် စက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေ ကို တာဝန်ယူမှုမရှိတာ၊ အချိန်ပို အလွန်အကျွံခေါ်ယူမှုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ  ရှိနေတာနဲ့ လုပ်ငန်းခွင်အတွင်း  အပူဒဏ် ခံစားနေရတာ၊ လုံခြုံမှုမရှိတာနဲ့ ကြိုပို့ယာဉ် လုံလောက်အောင်စီစဉ်မပေးတာတွေလည်း ဆက်ဖြစ်နေပါတယ်။ 


ဒီတွေ့ရှိချက်တွေက အလုပ်သမားတွေ ကြုံတွေနေရတဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေထဲက တစိတ်တဒေသဖြစ်ပြီး  မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု အားလုံးကို ခြုံငုံနိုင်မှု မရှိပါဘူး။ Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေကိုပဲ စိစစ်လေ့လာ ထားပဲ ဖြစ်ပါတယ်။ 


အသိပေးခြင်း


Myanmar Labour News က ဖော်ပြနေတဲ့ လစဉ် သတင်းတွေက အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေ၊ မြေပြင် အလုပ်သမားအရေး လှုပ်ရှားနေသူတွေ နဲ့ အလုပ်သမားတွေကိုယ်တိုင်  တိုက်ရိုက် ပြောပြထားတွေ ဖြစ်ပါတယ်။
စိစစ်မှုတွေရလာဒ်တွေကနေ ဖြေရှင်းရေးဗျူဟာတွေ၊ ကူညီနိုင်ဖို့နည်းလမ်းတွေ၊ ထောက်ပြ ပြောဆိုနိုင်မဲ့ အချက်အလက်တွေနဲ့ ထိခိုက်ခံစားနေရတဲ့ အလုပ်သမားတွေကို အကူအညီဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
ဒါ့အပြင် He MeT garment နဲ့  Myanmar Jiale Fashion Co, Ltd အထည်ချုပ်စက်ရုံတွေရဲ့ ဖြစ်စဉ်တွေက လည်း အလုပ်သမားတွေအတွက် စိန်ခေါ်မှု အဖြစ် ရှိနေတာကို သတိပြုပေးဖို့လည်း တိုက်တွန်းလိုပါတယ်။ 
အလုပ်သမားတွေ၊ အလုပ်သမားရေး ဆောင်ရွက်နေသူတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်ရှင်တွေနဲ့ အလုပ်သမား ရေးရာ ကဏ္ဍက အာဏာပိုင်တွေအနေနဲ့  ဒီတွေ့ရှိချက်တွေကတဆင့် ကောင်းမွန်ပြီး နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အဖြေကို ရှာဖွေနိုင်ဖို့လည်း မျှော်လင့်ထားကြောင်း တင်ပြလိုပါတယ်။ 

PDF Download

မင်းနီကျော်

Myanmar Labour Society
Research Team