Myanmar Labour News website နဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ ဩဂုတ်လအတွင်း ဖော်ပြထားတဲ့ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းတွေကို Myanmar Labour Society က လေ့လာခဲ့ရာမှာ လုပ်ငန်းခွင်အတွင်း လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားသော ပြစ်မှုတွေ အများဆုံး ဖြစ်ပွားတာကို တွေ့ရှိ ခဲ့ရပါတယ်။
ဩဂုတ်လအတွင်း ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှု သတင်း ၄၃ ပုဒ် ဖော်ပြထားပြီး စက်ရုံပေါင်း ၃၇ ရုံက ပါဝင် ပတ်သက်နေပါတယ်။ တစ်ကြိမ်နဲ့ အထက် သတင်းဖော်ပြခံရတဲ့ စက်ရုံ ၄ ရုံ ပါဝင်ပါတယ်။
သတင်းမှာပါဝင်တဲ့ စက်ရုံတွေက အထည်ချုပ်၊ အိတ်ချုပ်၊ သိုးမွှေးချုပ်၊ ဦးထုပ်ချုပ်၊ ဖိနပ် ချုပ်၊ လျှော်ဖွတ် စက်ရုံတွေ ဖြစ်ပါတယ်။ ချိုးဖောက်မှုအများဆုံးဖြစ်ပွားတဲ့ စက်ရုံတွေက နိုင်ငံရဲ့ GDP မှာ အဓိက နေရာက ပါဝင်နေတဲ့ CMP အမျိုးအစား စက်ရုံတွေ ဖြစ်ပါတယ်။
Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေး အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းထောက်တွေနဲ့ အလုပ်သမားတွေကိုယ်တိုင် ပေးပို့ထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အချက်အလက်ပိုင်းခိုင်မာဖို့ ကာယကံရှင် မဟုတ်တဲ့ ပြောကြားမှု၊ အချက်အလက် အကြောင်းအရာ အတည်မပြုပေးတဲ့ ပေးပို့မှုတွေကို ဖော်ပြမထားဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေက ဒီထက် အရေအတွက် ပိုများနိုင်တာကိုလည်း သတိပြုမိထားပါတယ်။
Myanmar Labour Society အနေနဲ့ သတင်းတွေကို လေ့လာစီစစ်ရာမှာ မြန်မာ့အလုပ်သမားဥပဒေတွေ ၊ ILO ပြဋ္ဌာန်းချက်၊ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေကို ချိုးဖောက်မှုနဲ့ လူမှုစံနှုန်း ဖောက်ဖျက်မှုတွေကို ခွဲခြားလေ့လာထားပါတယ်။ ကဏ္ဍပေါင်း ၂၆ မျိုး ခွဲခြားလေ့လာခဲ့ပြီး ဩဂုတ်အတွင်းမှာ ကဏ္ဍ ၂၀ မှာ ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
ဇယား ၁
၂၀၂၅ ခုနှစ် ဇွန်လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ |
|||||
No |
စက်ရုံလုပ်ငန်း |
လုပ်ငန်းအမျိုးအစား |
ကုန်အမှတ်တံဆိပ် |
လုပ်ငန်းတည်နေရာ |
သတင်းဖော်ပြမှု |
1 |
Tianjin Fashion Milestone Co.,Ltd |
အထည်ချုပ် |
VERO MODA , Colin’s, LCWaikiki , LCW MODEST, Arnold Palmer |
ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း |
https://www.myanmarlabournews.com/posts/tianjin-fashion-milestone-လုပ်သားများအား-အထည်-ထမ်းတင်ခိုင်း_ |
2 |
Wan Xin Myanmar Co.,Ltd |
အထည်ချုပ် |
Sinsay, Beverly Hills Polo Club, Nautica |
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ အနော်ရထာလမ်း |
https://www.myanmarlabournews.com/posts/ပိတ်လိပ်ခိုးယူသည်ဟုစွပ်စွဲခံရသည့်-အလုပ်သမား-၂-ဦး-ဖမ်းဆီးခံရပြီး-ပျောက်ဆုံးနေ |
3 |
Shun Yu Myanmar Garment Co.,ltd |
အထည်ချုပ် |
Kaepa |
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ကနောင်မင်းသားကြီးလမ်း |
https://www.myanmarlabournews.com/posts/shun-yu-myanmar-garment-coltd-ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ |
4 |
Dishang Fashion (Myanmar) |
အထည်ချုပ် |
ONLY, BESTSELLER, PImKIe, FIRST DOWN |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/dishang-fashion-myanmar-အလုပ်သမားတွေတောင်းဆိုမှုပြုလုပ် |
5 |
Golden Tri-Light Myanmar Co.,ltd |
အိပ်ချုပ် |
White Mountain |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် ၊ ငွေပင်လယ် ၄ လမ် |
https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်ခံရမှုတွေ-ဖြေရှင်းပေးဖို့လိုလားနေ |
6 |
Anhui Top Myanmar Co.,Ltd |
အထည်ချုပ် |
balabala, SMARTECH |
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းနှင့် ဦးအောင်သူလမ်းထောင့် |
https://www.myanmarlabournews.com/posts/အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့-အလုပ်သမားတွေပြော |
7 |
Jian Yi Garment |
အထည်ချုပ် |
Hc, Burtle, Onward |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်းဧရာလမ်း |
https://www.myanmarlabournews.com/posts/jian-yi-garment-အထည်ချုပ်-စက်ရုံ-အသစ်ဆိုပြီး-ခွင့်ရက်မပေး |
8 |
Lita Myanmar Co.,ltd |
အထည်ချုပ် |
Sinsay, ERC |
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှူဇုန်(၄) စက်ဆရာဦးထွန်းလမ်း |
https://www.myanmarlabournews.com/posts/lita-myanmar-အထည်ချုပ်စက်ရုံ-အချိန်ပို-အတင်းအကျပ်-လုပ်ကိုင်ခိုင်း |
9 |
Myanmar Huasheng Kefu Fashion |
အထည်ချုပ် |
Nomad, Terranova,Lutique, Sinsay, Palemo Store |
ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/myanmar-huasheng-kefu-fashion-အထည်ချုပ်လုပ်သားများ-အကျဉ်းသားသဖွယ်-ဆက်ဆံရ-ဟုဆို |
10 |
Sky Fashion Myanmar Co.,ltd |
အထည်ချုပ် |
Roly |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစပယ် ၁ လမ်း |
https://www.myanmarlabournews.com/posts/sky-fashion-myanmar-လုပ်ခ-လျှော့ပေးသည့်အပြင်-လစာခွဲခြားပေး-အလုပ်ထုတ် |
11 |
Teng Hui Myanmar Knitting |
အထည်ချုပ် |
|
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ |
https://www.myanmarlabournews.com/posts/teng-hui-myanmar-knitting-သိုးမွှေးထည်စက်ရုံ-အလုပ်သမားများ-အလုပ်ပျက်ဆိုပြီး-အထုတ်ခံရ |
12 |
Myanto Industrial CO.Ltd |
အထည်ချုပ် (သိုးမွှေး) |
SpringGfield, Lc Walklkl |
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြခက်တာလမ်း၊ မြစိမ်းရောင်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/လုပ်အားခေါင်းပုံဖြတ်ပြီး-ဆဲဆိုခိုင်းစေခံနေရ |
13 |
Qianshi Industrial Limited |
အထည်ချုပ် |
|
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ကနောင်(၃)လမ်း |
https://www.myanmarlabournews.com/posts/qianshi-အထည်ချုပ်-စက်လိုင်းမန်နေဂျာ-အမျိုးသမီးအလုပ်သမားများအား-ဆဲဆို |
14 |
T.M.A Co.,Ltd |
အထည်ချုပ် |
|
ရန်ကုန််တိုင်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ ၊ မြဝတီမင်းကြီးလမ်း |
https://www.myanmarlabournews.com/posts/အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု-ဖြေရှင်းပေးစေလိုဟုဆို |
15 |
XIN YUAN FU ZHUANG |
အထည်ချုပ် |
LCWAIKIKI CLASSIC , MS mode |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန် ၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း |
https://www.myanmarlabournews.com/posts/xin-yuan-fu-zhuang-အထည်ချုပ်စက်ရုံ-ခွင့်ခံစားခွင့်များ-မပေးဘဲ-ဖြတ်တောက် |
16 |
Chai Moon Sports (Myanmar) |
အထည်ချုပ် |
KARRIMOR , CAMPRI |
" |
https://www.myanmarlabournews.com/posts/အလုပ်ပိတ်ရက်အချိန်ပို-မဆင်းပါက-သတိပေးလက်မှတ်ထိုးရပြီး-အလုပ်သမားအချို့အလုပ်ထုတ်ခံနေရ |
17 |
Lesmart (Myanmar) Apparel |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် |
https://www.myanmarlabournews.com/posts/lesmart-myanmar-apparel-စက်ရုံမှ-အလုပ်သမားများ၏-အိတ်ဖွင့်ပေးစာ |
18 |
Casico Garment Limited |
အထည်ချုပ် |
musinsa standard, Spao, Head |
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်း |
https://www.myanmarlabournews.com/posts/အလုပ်နားရက်-မရတော့တဲ့-အခြေအနေဖြစ်နေလို့-အကူအညီတောင်းခံ |
19 |
New Plus |
အထည်ချုပ် |
|
ရန်ကုန်မြို ၊ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း |
https://www.myanmarlabournews.com/posts/newplus-စက်ရုံ-ည-၉နာရီအထိ-အချိန်ပိုခေါ်-စနေနေ့ပါ-ဆင်းခိုင်း-မဆင်းပါက-ဆဲဆို |
20 |
Victor House |
အထည်ချုပ် |
|
ရန်ကုန်မြို၊ လှိင်သာယာမြိုနယ်၊ အောက်ထိပ် |
https://www.myanmarlabournews.com/posts/victor-house-အထည်ချုပ်-စက်ရုံ-ခွင့်-ခံစားခွင့်မပေးဘဲ-လစာဖြတ်တောက် |
21 |
SDI Manufacturing |
အထည်ချုပ် |
Fieldcore |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်း |
https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနေတာနဲ့-အလုပ်သမားအခွင့်ရေးဆုံးရှုံးနေတဲ့အပေါ်-ဖြေရှင်းပေးဖို့တောင်းဆို |
22 |
Shwe Myinn Co.,Ltd Washing Fact |
လျှော်ဖွတ် |
|
ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်း |
https://www.myanmarlabournews.com/posts/shwe-myinn-ရေလျှော်စက်ရုံ-အချိန်ပို-ညလုံးပေါက်-လုပ်ကိုင်ခိုင်း |
23 |
Sudey |
အထည်ချုပ် |
|
ပဲခူးမြို့၊ ပဲခူးမြို့နယ်၊ တပ်ကလေးကျေးရွာ |
https://www.myanmarlabournews.com/posts/ပဲခူး-sudey-စက်ရုံ-လုပ်ငန်းခွင်-ထိခိုက်မှုများအား-တာဝန်ယူမှုမရှိဘဲ-လုပ်ခ-ဖြတ်ယူ |
24 |
Chi Mei Garment |
အထည်ချုပ် |
|
" |
https://www.myanmarlabournews.com/posts/chi-mei-garment-အထည်ချုပ်-စက်ရုံ-အချိန်ပို-အတင်းအကျပ်ဆင်းခိုင်း |
25 |
Lat War 3 Co.,Ltd |
အထည်ချုပ် |
|
အမှတ် ၇၀/၇၁ (A), မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဖန်ချက်ဝန်ဦးရွှေအိုးလမ်းထောင့်၊ စက်မှုဇုန် (၃)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။ |
https://www.myanmarlabournews.com/posts/lat-war-3-အထည်ချုပ်-အချိန်ပို-အလွန်အကျွံခေါ်-စစ်ဆေးရေးအဖွဲ့-ရုံးခန်းဝင်ပြီး-ပြန် |
26 |
Myanmar S.Flamingo Garment |
အထည်ချုပ် |
|
ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အရှေ့ဒဂုံ စက်မှုဇုန်၊ ဦးရွှေဘင်လမ်း |
https://www.myanmarlabournews.com/posts/myanmar-sflamingo-garment-ကြီးကြပ်ရေးမှူးများ-ငွေကြေးတောင်းယူနေ |
27 |
New Jin Lin Garment Co,Ltd |
အထည်ချုပ် |
BURTLE |
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း |
https://www.myanmarlabournews.com/posts/လုပ်ခလစာမပေးဘဲ-အလုပ်ကနေထုတ်ပယ်လို့-အလုပ်သမားတွေအခက်တွေ့နေရ |
28 |
Sunrise Garment |
အထည်ချုပ် |
|
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မက္ခရာမင်းသားကြီး |
https://www.myanmarlabournews.com/posts/sunrise-အထည်ချုပ်စက်ရုံ-နေ့စဉ်-အချိန်ပိုတွေအပြင်-နားရက်မရှိ-လုပ်ကိုင်နေရ |
29 |
J&F Myanmar LNY Caps |
ဦးထုတ်ချုပ် |
|
ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် ၂၊ ဗိုလ်ချုပ်မှတ်တိုင်အနီး၊ အိုးရှင်းနောက်ကျော |
https://www.myanmarlabournews.com/posts/jf-myanmar-lny-caps-စက်ရုံ-အလုပ်သမားများအား-hr-မန်နေဂျာ-ခွဲခြားဆက်ဆံနေ |
30 |
Mila Garden Company |
ဖိနပ်စက်ရုံ |
|
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ |
https://www.myanmarlabournews.com/posts/မီလားဂါးဒင်းဖိနပ်စက်ရုံမှာ-လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ် |
31 |
PK Myanmar |
အိပ်ချုပ် |
Coach , LLB |
ပဲခူး |
https://www.myanmarlabournews.com/posts/pk-myanmar-စက်ရုံတွင်-တောင်းဆိုမှု-ဖြစ်ပွားနေ |
32 |
Sioen Myanmar |
အထည်ချုပ် |
|
လှိုင်သာယာစက်မှုဇုန် ၂ |
https://www.myanmarlabournews.com/posts/sioen-myanmar-စက်ရုံပိုင်ရှင်ထံသို့-အိတ်ဖွင့်ပေးစာ |
33 |
Tech-wear (BonTech) |
အထည်ချုပ် |
|
သာဓုကန်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/tech-wear-bontech-အချိန်ပိုကြေး-အပြည့်မပေး |
34 |
Yangon Oscar |
အထည်ချုပ် |
P@vv |
ရန်ကုန်မြို့ ၊ အရှေ့ဒဂုံမြိုနယ် ၊ အရှေ့ဒဂုံစက်မှုဇုန်၊ပန်တည်းဝန် ဦးရွေအိုးလမ်း |
https://www.myanmarlabournews.com/posts/yangon-oscar-စက်ရုံလုပ်သားများ-လူမှုဖူလုံရေးခံစားခွင့်များ-ဆုံးရှုံးနေ |
35 |
Aqaba Factory Garment Co.,Ltd |
အထည်ချုပ် |
Pull&Bear |
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)စက်မှုဇုန်၊ ဦးရွှေအိုးလမ်းသွယ်(၂) လမ်း |
https://www.myanmarlabournews.com/posts/လစာတိုးပေးရေးတောင်းဆိုတဲ့အပေါ်-စက်ရုံစစ်ဆေးရေးအဖွဲ့က-အလုပ်ရှင်ဘက်ကရပ်တည်ဖြေရှင်းလို့-အလုပ်သမားတွေနစ်နာ |
36 |
Hope One |
အထည်ချုပ် |
noa-ge |
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မောင်ကျန်သီးလမ်း |
https://www.myanmarlabournews.com/posts/hope-one-မှာ-ဖယ်ရီအဆင်မပြေ |
37 |
Great Glowin (JW) ၊ Glowin & Win (ADK) |
အထည်ချုပ် |
|
ရန်ကုန်တိုင်းဒေသကြီး၊ ဇေကမ္ဘာဝင်းရှိ အမှတ် ၂၇၂/၂၇၃၊ ဇေကမ္ဘာ ၆ လမ်းနှင့် ၇ လမ်း |
https://www.myanmarlabournews.com/posts/great-glowin-jw-နှင့်-glowin-win-adkစက်ရုံလုပ်သားများ-အခွင့်အရေး-ချိုးဖောက်ခံနေရခြင်းနှင့်-လုပ်ငန်းခွင်-ဖိနှိပ်မှုများ |
ဆဲဆို ခိုင်းစေခြင်း
ဖော်ပြထားတဲ့ အတိုင်း အများဆုံး ချိုးဖောက်မှုက လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေမှုတွေ ဖြစ်ပါတယ်။
ဆဲဆိုမှုတွေ အများဆုံးဖြစ်ပွားတာက ချုပ်လုပ်ရတဲ့ အထည်စံချိန်တောင်းဆိုမှုတွေမှာ ဖြစ်ပြီး ဆဲဆိုသူတွေ က စက်ရုံမှာ တာဝန်ရှိသူ စက်ရုံမှူး၊ ထုတ်လုပ်ရေး မန်နေဂျာ၊ အောစူပါ ၊ စူပါနဲ့ လီတာ စတဲ့ ကြီးကြပ်ရေး ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း ရိုင်းပျစွာ ဆဲဆိုခိုင်းစေမှု တွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ပြဌာန်းချက်တွေ ၊ လူအခွင့်အရေးစံနှုန်း တွေနဲ့ မြန်မာအလုပ်သမား ဥပဒေ ပြဌာန်းချက်တွေကို ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေက အလုပ်သမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဖိနှိပ်ခံရမှုနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်း ထိခိုက်မှုတွေ ဖြစ်ရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့ လုပ်ငန်းတွေက ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ကြပြီး အထည်ချုပ်နဲ့ သိုးမွှေးစက်ရုံတွေမှာ ဖြစ်ပွား တာကို တွေ့ရပါတယ်။ T.M.A Co.,Ltd အထည်ချုပ် စက်ရုံမှာဆို အမျိုးသား ကြီးကြပ်ရေး အောစူပါက အမျိုးသမီး အလုပ်သမားတွေကို ဆဲဆိုခဲ့တာကိုတွေ့ရပြီး Dishang Fashion (Myanmar) မှာ ရုပ်ပိုင်းဆိုင်ရာ ရိုင်းပြမှုတွေ အထိ ပြုလုပ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဆဲဆိုမှု ပြုလုပ်တဲ့ စက်ရုံ ၂၁ ရုံပါဝင်တာဖြစ်လို့ ဩဂုတ်လအတွင်း ချိုးဖောက်မှု ရှိတဲ့ စက်ရုံ ၃၇ ရုံနဲ့ နှိုင်းယှဉ်ရင် ရာခိုင်းနှုန်း ၅၀ ကျော် အထိ ပါဝင်နေတာပါ။
အဲဒီ စက်ရုံတွေကတော့ Anhui Top Myanmar Co.,Ltd ၊ Casico Garment Limited၊ Chai Moon Sports (Myanmar)၊ Dishang Fashion (Myanmar) ၊ Golden Tri-Light Myanmar Co.,ltd ၊ J&F Myanmar LNY Caps ၊ Lesmart (Myanmar) Apparel ၊ Lita Myanmar Co.,ltd ၊ Myanmar Huasheng Kefu Fashion၊ Myanto Industrial CO.Ltd ၊ New Plus၊ Qianshi Industrial Limited၊ SDI Manufacturing ၊ Shun Yu Myanmar Garment Co.,ltd၊ Sky Fashion Myanmar Co.,ltd ၊ T.M.A Co.,Ltd ၊ Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Victor House ၊ Wan Xin Myanmar Co.,Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ဇယား ၂
အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း နှင့် လုပ်ခလစာ ဖြတ်တောက်ခြင်း
ဒီအချက်ဟာ ဩဂုတ်လ တွေ့ရှိချက်မှာ အကျယ်ပြန့်ဆုံးပါဝင်နေတာကို တွေ့ရပါတယ်။ ချိုးဖောက်မှု အများဆုံး အကြောင်းအရာတွေလည်းဖြစ်ပါတယ်။
အချိန်ပို အတင်းအကျပ် ခိုင်းစေတဲ့ စက်ရုံ ပေါင်း ၂၀ အထိ ရှိပြီး ချုပ်လုပ်ရေး စက်ရုံတွေ အများဆုံးပါဝင်ပါတယ်။
အတင်းအကျပ် အချိန်ပိုစေခိုင်းမှုတွေက အချိန်ပိုမဆင်းရင် လစာဖြတ်မယ်၊ ဂရိတ်ချမယ်၊ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ ပိတ်ရက်တွေမှာပါ အတင်းအကျပ် လက်မှတ်ထိုးပြီး အချိန်ပို ဆင်းခိုင်းတာ၊ အချိန်ပိုအတွက် လုပ်ခအပြည့်အဝ မပေးတာတွေ ဖြစ်ပြီး ဒါတွေက လုပ်ငန်းခွင်ဆိုင်ရာ အဓမ္မစေခိုင်းမှု ဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ရှားသူတွေက ထောက်ပြပြောဆိုထားပါတယ်။
အဲ့ဒီ စက်ရုံတွေကတော့ Anhui Top Myanmar Co.,Ltd ၊ Casico Garment Limited၊ Chai Moon Sports (Myanmar)၊ Chi Mei Garment၊ Dishang Fashion (Myanmar) ၊ Golden Tri-Light Myanmar Co.,ltd ၊ Lat War 3 Co.,Ltd ၊ Lita Myanmar Co.,ltd ၊ Myanmar Huasheng Kefu Fashion၊ Myanmar S.Flamingo Garment၊ New Plus၊ Qianshi Industrial Limited၊ Shun Yu Myanmar Garment Co.,ltd၊ Shwe Myinn Co.,Ltd Washing Fact၊ Sunrise Garment၊ T.M.A Co.,Ltd ၊ Tech-wear (BonTech) ၊Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Wan Xin Myanmar Co.,Ltd စက်ရုံတွေ ဖြစ်ပါတယ်။
ဖော်ပြထားတဲ့ စက်ရုံ အားလုံးနီးပါးက ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ပြီး လျှော်ဖွပ်စက်ရုံ တစ်ရုံပါတာကိုလည်း တွေရပါတယ်။
လုပ်ခလစာ ဖြတ်တောက်တယ် ဆိုတဲ့ စက်ရုံက ၂၁ ရုံ အထိ ရှိတာကို တွေ့ရပါတယ်။ ဒါက ဩဂုတ်လအတွင်း သတင်းဖော်ပြခံရတဲ့ စက်ရုံရဲ့ ၅၀ ရာခိုင်းနှုန်ကျော် ဖြစ်ပါတယ်။
Anhui Top Myanmar Co.,Ltd ၊ Casico Garment Limited၊ Chi Mei Garment၊ Golden Tri-Light Myanmar Co.,ltd ၊ Jian Yi Garment ၊ Lat War 3 Co.,Ltd ၊Myanmar Huasheng Kefu Fashion၊ Myanmar S.Flamingo Garment၊ Myanto Industrial CO.Ltd ၊ New Jin Lin Garment Co,Ltd ၊ New Plus၊ SDI Manufacturing ၊ Sioen Myanmar ၊ Sky Fashion Myanmar Co.,ltd ၊ Sudey၊ Tech-wear (BonTech) Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Victor House ၊ Wan Xin Myanmar Co.,Ltd၊ XIN YUAN FU ZHUANG စတဲ့ စက်ရုံတွေမှာ လုပ်ခလစာ ဖြတ်တောက်ခံနေရတာ ဖြစ်ပါတယ်။
လစာဖြတ်တောက်တဲ့ စက်ရုံတွေမှာ ခွင့်ယူတာ၊ အလုပ်ချိန် နောက်ကျတာ၊ ရက်ပျက်တာ၊ အထည် စံချိန်မပြည့် လို့ စတဲ့ အကြောင်းအရာတွေနဲ့ လုပ်ခလစာ ဖြတ်တောက်ကြတယ်ဆိုတာတွေ့ရပါတယ်။ လုပ်ခလစာ နည်းပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်နေတာတွေကြား လုပ်ခလစာ ဖြတ်တောက်မှုက အလုပ်သမားတွေ ရှင်သန်ရပ်တည်ဖို့ ပိုမို ခက်ခဲစေပြီး ရွှေ့ပြောင်းသွားလာမှုတွေကို ပိုပြီး ဖြစ်စေတာပါ။
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတဲ့ သတင်း ၂၁ ကြိမ်ဖော်ပြထားပြီး စက်ရုံအလုပ်ရုံ ၂၀ ပါဝင်တာကိုတွေ့ရပါတယ်။
ဒီလို ခြိမ်းခြောက် ဖိအားပေး ခိုင်းစေတာကို အဓမ္မလုပ်အားခိုင်းစေမှု (Forced Labour) အဖြစ် အလုပ်သမား အရေး ကျွမ်းကျင်သူတွေက သတ်မှတ်ပါတယ်။
ဩဂုတ်လအတွင်းကာယကံရှင် အလုပ်သမား သဘောမတူဘဲ အတင်းအကျပ်လက်မှတ်ထိုးစေပြီး အချိန်ပိုဆင်းခိုင်းတာ၊ အလုပ်ပိတ်ရက်တွေမှာ နားခွင့်မပေးတာ၊ အလုပ်သမားတွေကို ဂုဏ်သိက္ခာရှိတဲ့ လူသားလို မသတ်မှတ်ဘဲ ဆက်ဆံတာ၊ ခြိမ်းခြောက်ပြောဆိုတာ၊ (အနားပေးမှု၊ ပျော်ရွှင်မှုနဲ့ ကျန်းမာမှုတွေအတွက် ထည့်မတွက်ဘဲ ကုန်ထုတ်လုပ်မှု အကျိုးစီးပွား တိုးတက်မြင့်မာရေးအတွက် ဖိအားပေး လက်မှတ်ထိုးခိုင်းစေတာ ) နဲ့ ရဲ သို့မဟုတ် လူမိုက်ခေါ်ပြီး ခြိမ်းခြောက်တာတွေ၊ အလွန်အကျွံ စောင့်ကြည့်တာ၊ ၊ မုန့်စားချိန်ကို ကန့်သတ်တာတွေ ပါဝင်တာကို တွေ့ရပါတယ်။
ဖော်ပြပါ ဖြစ်စဉ်တွေကို Anhui Top Myanmar Co.,Ltd ၊ Casico Garment Limited၊ Chai Moon Sports (Myanmar)၊ Chi Mei Garment၊ Dishang Fashion (Myanmar) ၊Golden Tri-Light Myanmar Co.,ltd ၊ Great Glowin (JW) ၊ Glowin & Win (ADK)၊ Jian Yi Garment ၊ Lita Myanmar Co.,ltd ၊ Myanmar Huasheng Kefu Fashion၊ Myanto Industrial CO.Ltd ၊ Shun Yu Myanmar Garment Co.,ltd၊ Shwe Myinn Co.,Ltd Washing Fact၊ Sioen Myanmar ၊Sky Fashion Myanmar Co.,ltd ၊ T.M.A Co.,Ltd ၊ Teng Hui Myanmar Knitting၊ Victor House ၊ Wan Xin Myanmar Co.,Ltd၊ XIN YUAN FU ZHUANG စက်ရုံမှာ ဖြစ်ရပ်အလိုက် တွေ့ရှိရပါတယ်။
ဥပဒေပါ ခွင့်ခံစားခွင့် မရခြင်း နှင့် အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း
ခွင့် နဲ့ ခွင့်ခံစားခွင့်တွေကို မြန်မာ အလုပ်သမား ဥပဒေမှာ အတိအကျ ပြဌာန်းထားပေမဲ့ စက်ရုံအားလုံးနီးပါး လိုက်နာမှု မရှိတဲ့ ဥပဒေ တခုဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးမှာလည်း ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေကို ဥပဒေအနေနဲ့ ခိုင်ခိုင်မာမာ ပြဌာန်းထားပြီး အထူးလိုက်နာကြပါတယ်။
ခွင့်ရက်နဲ့ အကျိုးခံစားခွင့်တွေ ချိုးဖောက်မှုတွေ အနေနဲ့ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ မီးဖွားခွင့်၊ ဆေးခွင့် တွေ မပေးတာ သို့မဟုတ် အလွယ်တကူမပေးတာ ဒါမှမဟုတ် ကြီးကြပ်သူတွေရဲ့ ဆွေမျိုးနီးစပ်သူကိုသာ ခွဲခြားပေးတာ တွေကို တွေ့ရှိရပြီး ခွင့်ယူလို့ လစာဒေးကြေး ဖြတ်တာ၊ ရက်မှန်ကြေး ဖြတ်တာတွေ စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် လုပ်သားကို မီးဖွားခွင့် မပေးဘဲ အလုပ်ထုတ်တဲ့ အထိ ချိုးဖောက်ခံခဲ့ရတာတွေဖြစ်ပါတယ်။
မြန်မာလုပ်သားတွေက လူမှုဖူလုံရေးအတွက် လစဉ် သတ်မှတ်ငွေကို ပေးသွင်းပေမဲ့ ဆေးခွင့် နဲ့ ကိုယ်ဝန်ဆောင် မီးဖွားခွင့်တွေ မခံစားကြတာကြောင့် နစ်နာဆုံးရှုံးနေရတာပါ။
ခွင့် နဲ့ ပတ်သက်ပြီး ချိုးဖောက်တဲ့သတင်း ၁၈ ပုဒ်တွေ့ရပြီး စက်ရုံ ၁၇ ရုံပါဝင်ပါတယ်။ အဲ့ဒီ စက်ရုံတွေကတော့ Anhui Top Myanmar Co.,Ltd ၊ Golden Tri-Light Myanmar Co.,ltd ၊ Jian Yi Garment ၊ Lat War 3 Co.,Ltd Lesmart (Myanmar) Apparel ၊ Lita Myanmar Co.,ltd ၊ Myanmar Huasheng Kefu Fashion၊ Myanto Industrial CO.Ltd ၊ New Jin Lin Garment Co,Ltd ၊ Qianshi Industrial Limited၊ Shun Yu Myanmar Garment Co.,ltd၊ Sky Fashion Myanmar Co.,ltd ၊ T.M.A Co.,Ltd ၊ Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Wan Xin Myanmar Co.,Ltd၊ Yangon Oscar တို့ ဖြစ်ပါတယ်။
အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း
အထည်စံချိန် အတင်းအကျပ်တောင်းဆိုတာက အဓမ္မခိုင်းစေမှုအမျိုးအစား (forced labor)မှာပါဝင်ပြီး ဒီလိုလုပ်ကိုင်ခိုင်းတာကြောင့် အလုပ်သမားတွေမှာ အထည်စံချိန်ပြည့်မီဖို့အတွက် အလုပ်သမားတွေက အချိန်ပိုမလုပ်ချင်လည်း အတင်းအကျပ်လုပ်ရတာမျိုး၊ စံချိန်မမီလို့ လစာဖြတ်တောက်ခံရမှာကို စိုးရိမ်ပြီး ပိုလုပ်ရတာမျိုးတွေကြုံတွေ့ရတာပါ။
အဓိကအားဖြင် ဆဲဆို ခြိမ်းခြောက်မှုတွေကို မြန်မာအလုပ်သမားတွေ အများဆုံး ကြုံရပြီး အချိန်ပို လုပ်ခမရဘဲ လုပ်ကိုင်ပေးရတာမျိုးတွေအထိ ဖြစ်ပေါ်နေတာပါ။
ဩဂုတ်လအတွင်း အထည်စံချိန် အတင်းကျပ်တောင်းတဲ့ သတင်း ၁၈ ပုဒ် တွေ့ရပြီး စက်ရုံ ၁၇ ရုံ ပါဝင်ပါတယ်။ အဲ့ဒီ စက်ရုံတွေကတော့ Anhui Top Myanmar Co.,Ltd ၊ Chai Moon Sports (Myanmar)၊ Dishang Fashion (Myanmar) ၊ Golden Tri-Light Myanmar Co.,ltd ၊ Jian Yi Garment ၊ Lesmart (Myanmar) Apparel ၊ Lita Myanmar Co.,ltd ၊Myanmar Huasheng Kefu Fashion၊ Myanto Industrial CO.Ltd Qianshi Industrial Limited၊ Sky Fashion Myanmar Co.,ltd ၊ T.M.A Co.,Ltd ၊ Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Victor House ၊ Wan Xin Myanmar Co.,Ltd၊ XIN YUAN FU ZHUANG တို့ ဖြစ်ပါတယ်။
ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံမှု မရှိတဲ့ လုပ်ငန်းခွင်ဖြစ်နေတယ်ဆိုတဲ့ သတင်း ၁၈ ပုဒ် ဖော်ပြထားပြီး စက် ရုံ ၁၇ ရုံပါပါတယ်။
သတင်းတွေထဲမှာ လုပ်ငန်းခွင်အတွင်း ဖော့ကလစ်မကောင်းတာ၊ စက်ရုံ လေဝင်လေထွက် မကောင်းတာ၊ အပူဒဏ်ခံစားရတာ၊ ပန်ကာမဖွင့်တာ၊ မီးအန္တရာယ်ရှိတာ၊ ဆေးခန်းနဲ့ သူနာပြုမရှိတာ၊ ဆေးမရှိတာ၊ သောက်ရေ မသန့်ရှင်းတာ မလုံလောက်တာ၊ အိမ်သာ မသန့်ရှင်းတာ မလုံလောက်တာနဲ့ ကြိုပို့ယာဉ် ကျပ်တည်းတာ၊ မလုံလောက်တာနဲ့ ပို့ဆောင်ပေးခြင်းမရှိတာ တွေကို တွေ့ရပါတယ်။
အဲဒီ စက်ရုံတွေကတာ့ Golden Tri-Light Myanmar Co.,ltd ၊ Great Glowin (JW) ၊ Glowin & Win (ADK)၊ Hope One၊ Jian Yi Garment ၊ Lesmart (Myanmar) Apparel ၊ Lita Myanmar Co.,ltd ၊ Mila Garden Company၊ Qianshi Industrial Limited၊ SDI Manufacturing ၊ Shun Yu Myanmar Garment Co.,ltd၊ Shwe Myinn Co.,Ltd Washing Fact၊ Sudey၊ Sunrise Garment၊ Tianjin Fashion Milestone Co.,Ltd၊ Wan Xin Myanmar Co.,Ltd၊ XIN YUAN FU ZHUANG တို့ ဖြစ်ပါတယ်။
ခွဲခြားဆက်ဆံခြင်း
ဩဂုတ်လအတွင်း သတင်းတွေမှာ ဖော်ပြထားတဲ့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံတဲ့ အကြောင်းအရာတွေကတော့ လုပ်ခ၊ ရာထူးတိုးမြှင့်မှု၊ ဆုကြေးပေးရာမှာ တန်းတူညီမျှမှုမရှိဘဲ ခွဲခြားပေးတာ၊ အလုပ်သမားတွေကို ဆဲဆိုတာ၊ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက် စစ်ဆေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ လုပ်ငန်းခွင် လိုအပ်ချက် တောင်းဆိုမှုတွေကို လျစ်လျူရှုတာ၊ WCC အဖွဲ့ဝင်တွေကို ဖိအားပေးတာ၊ တောင်းဆိုမှု ပြုလုပ်သူတွေကို ဖိအားပေးတာ၊ အလုပ်ထုတ်တာတွေ ဖြစ်ပါတယ်။
ခွဲခြားဆက်ဆံမှု ရှိတဲ့ သတင်း ၁၆ ပုဒ်ဖော်ပြထားပြီး စက်ရုံ ၁၅ ရုံပါဝင် ပါတယ်။ အဲ့ဒီ စက်ရုံတွေကတော့ Anhui Top Myanmar Co.,Ltd ၊ Casico Garment Limited၊ Chai Moon Sports (Myanmar)၊ Dishang Fashion (Myanmar) ၊ Great Glowin (JW) ၊ Glowin & Win (ADK)၊ J&F Myanmar LNY Caps ၊ Lesmart (Myanmar) Apparel ၊ New Plus၊ Qianshi Industrial Limited၊ Shun Yu Myanmar Garment Co.,ltd၊ Sky Fashion Myanmar Co.,ltd ၊ T.M.A Co.,Ltd ၊ Tianjin Fashion Milestone Co.,Ltd၊ Victor House ၊ XIN YUAN FU ZHUANG တို့ ဖြစ်ပါတယ်။
အလုပ်ထုတ်ခြင်း
မြန်မာ အလုပ်သမားဥပဒေမှာ အလုပ်မှ ရပ်စဲတာကို လုပ်ငန်းစဉ် အဆင့်လိုက် သတ်မှတ်ထားပါတယ်။ ဩဂုတ်လအတွင်း ဖော်ပြထားတဲ့ သတင်းတွေမှာတော့ လူလျှော့တယ်ဆိုပြီး နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာ၊ အချိန်ပို မဆင်းလို့ အလုပ်ထုတ်တာ၊ သတိပေးလက်မှတ် ထိုးခိုင်းတာ၊ ကိုယ်ဝန်ဆောင်လုပ်သားတွေကို အလုပ်ထုတ်တာ၊ နေရောပြောင်းရွှေ့ပြီး အလုပ်သမားလျှော့ချဖို့ ကြိုးစားတာ၊ တောင်းဆိုမှုပြုလုပ်တဲ့ အလုပ်သမားကို အလုပ်ထုတ်တာ၊ နေ့စား အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ ပယ်ထည်ကျလို့ အလုပ်ထုတ်တာ၊ ထိခိုက်ဒဏ်ရာရလို့ အလုပ်ထုတ်တာ၊ စောင့်ကြည့်ပြီး အလုပ်ထုတ်တာတွေကို တွေ့ရပါတယ်။
ဒီလို သတင်း ၁၁ ပုဒ် ဖော်ပြထားပြီး စက်ရုံ ၁၀ ရုံပါဝင်ပါတယ်။ အဲ့ဒီစက်ရုံတွေကတော့ Chai Moon Sports (Myanmar)၊Great Glowin (JW) ၊ Glowin & Win (ADK)၊ Myanmar Huasheng Kefu Fashion၊ New Jin Lin Garment Co,Ltd ၊ Shun Yu Myanmar Garment Co.,ltd၊ Sky Fashion Myanmar Co.,ltd ၊ Sudey၊ Teng Hui Myanmar Knitting ၊ Tianjin Fashion Milestone Co.,Ltd၊ Wan Xin Myanmar Co.,Ltd တို့ ဖြစ်ပါတယ်။
နောက်ထပ် ချိုးဖောက်မှုများ
ကလေးလုပ်သား ခိုင်းစေတဲ့ သတင်း ၉ ကြိမ်၊ လူမှုဖူလုံရေးဥပဒေ ချိုးဖောက်ခံတဲ့ သတင်း ၇ ကြိမ်၊ WCC ဥပဒေ အားမလိုက်နာဘဲ ဖေါက်ဖျက်တဲ့ သတင်း ၅ကြိမ်၊ တခြားအလုပ်များ ခိုင်းစေတဲ့သတင်း ၄ ကြိမ်၊ ကြီးကြပ်ရေးမှူးက ငွေကြေးဖြတ်တောက်တဲ့သတင်း ၃ ကြိမ် ၊ နေစားလုပ်သားတွေ ချိုးဖောက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ ကိုယ်ဝန်ဆောင်လုပ်သား အခွင့်အရေး ချိုးဖောက်တာ၊ EC စာချုပ် ချိုးဖောက်ခံရတာနဲ့ တောင်းဆို ဆန္ဒပြတဲ့ သတင်း ၃ ကြိမ်စီ၊ လုပ်ငန်းခွင်အတွင် နားချိန်အပြည့် မရတဲ့ သတင်း ၂ ကြိမ်စီပါဝင်တာကို တွေ့ရပါတယ်။
Myanmar Labour Society ရဲ့ အခုတွေ့ရှိချက်တွေမှာ အလုပ်သမားနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဖော်ပြနိုင်မှုမှ ပေါ်ထွက်မလာဘဲ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ သီးခြား သိလိုတဲ့ အကြောင်းအရာတွေ ရှိပါကလည်း အကြံပြုပေးနိုင်ပါတယ်။
အခုလို လစဉ် အလုပ်သမား သတင်းဖော်ပြချက်တွေကနေ ထွက်ပေါ်လာတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု အစီအရင် ခံစာထွက်ပေါ်လာရခြင်းဟာ အလုပ်သမားထုရဲ့ လူမှုဘဝ တိုးတက်ဖို့ ရည်ရွယ်ထားပြီး အလုပ်သမား ဥပ ဒေ ပြုပြင်ရေးတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး တောင်းဆိုမှုတွေမှာ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒါကြောင့် အလုပ်သမားအရေးမှာ အဆုံးဖြတ်ပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေ၊ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ အလုပ်သမားတွေနဲ့ သုသေတန ပြုသူတွေ အနေနဲ့ အစီရင်ခံစာ အပေါ် ထပ်ဆင့်လေ့လာမှုတွေ ပြုလုပ်ပြီး မြန်မာ့အလုပ်သမား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ထားပါကြောင်း တင်ပြလိုက်ပါတယ်။
Myanmar Labour News Background
MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက် မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။
Myanmar Labour Society
MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society
Research Team