LAW

လူမှုဖူလုံရေးနည်းဥပဒေများ

CoverLogo
717 Views

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

လူမှုဖူလုံရေးနည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်

(၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)

နိဒါန်း

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည် ၂၀၁၂ ခုနှစ်၊ လူမှု ဖူလုံရေးဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

 

အခန်း (၁)

အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို  လူမှုဖူလုံရေးနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ တွင်ပါရှိ သည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က) ဥပဒေ ဆိုသည်မှာ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကိုဆိုသည်။

(ခ)  ဥက္ကဋ္ဌ ဆိုသည်မှာ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဆိုသည်။

(ဂ) ညွှန်ကြားရေးမှူးချုပ်  ဆိုသည်မှာ လူမှုဖူလုံရေးရုံးချုပ် ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဃ) ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ ဆိုသည်မှာ လူမှုဖူလုံရေးအဖွဲ့၏ ဆေးဘက်ဆိုင်ရာလုပ်ငန်းများ ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အကြံဉာဏ်များပေးနိုင်ရေးအတွက် ဖွဲ့စည်းထားသော ဆေး ပညာရှင်အဖွဲ့ကိုဆိုသည်။

(င) အယူခံခုံအဖွဲ့ ဆိုသည်မှာ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရှင်များ၊ လူမှုဖူလုံရေးအဖွဲ့နှင့် အာမခံထားသူ များသို့မဟုတ် အကျိုးခံစားခွင့်ရထိုက်သူများ၊ အလုပ်ရှင်နှင့် အာမခံထားသူများ သို့မဟုတ် အကျိုးခံစား ခွင့်ရထိုက်သူများက ဥပဒေပုဒ်မ ၈၉ ပါ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိသဖြင့် တင်သွင်းလာသည့် အမှုများကို စီရင်ဆုံးဖြတ်ရန် လူမှုဖူလုံရေးအဖွဲ့က ဖွဲ့စည်းပေး သော အယူခံခုံအဖွဲ့ကို ဆိုသည်။

(စ) ဆိုင် ဆိုသည်မှာ စီးပွားရေးအလို့ငှာ ကုန်ပစ္စည်းတစ်ခုခုကို လက်လီ၊ လက်ကားရောင်းချသည့် သို့မဟုတ် ပြုပြင်သည့် သို့မဟုတ် ဝန်​ဆောင်မှုပေးသည့် သို့မဟုတ် ငှားရမ်းသည့် လုပ်ငန်းတစ်ခုခုလုပ် ကိုင်သော ဥပစာ သို့မဟုတ် နေရာတစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ဖော်ပြပါ နေရာတစ် ခုခုလည်းပါဝင်သည်-

(၁) ဆံသလုပ်ငန်း၊ အလှပြုပြင်ရေးလုပ်ငန်း၊ ကိုယ်ကာယလေ့ကျင့်ရေးလုပ်ငန်းနှင့် အားကစား လုပ်ငန်း တစ်ခုခု လုပ်ကိုင်သည့်နေရာ၊

(၂) လက်မှုအနုပညာလုပ်ငန်း၊ အပေါင်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လျှော်ဖွပ်လုပ်ငန်း၊ အပ်ချုပ်လုပ်ငန်း၊ ဓာတ်ပုံလုပ်ငန်း၊ စာကူးလုပ်ငန်း လုပ်ကိုင်သည့်နေရာ၊

(၃) နည်းဥပဒေခွဲငယ် (၁)နှင့် (၂)တို့ပါ လုပ်ငန်းတစ်ခုခုနှင့် ဆက်စပ်သည့် လုပ်ငန်းလုပ်ကိုင်သည့် နေရာ၊

(၄) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆိုင် ဟု သတ်မှတ်သည့် အခြားနေရာ။

(ဆ) ကုန်သွယ်အလုပ်ဌာန ဆိုသည်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာဌာနတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် စီးပွားရေးအလို့ငှာ ဆောင်ရွက်နေသော အောက်ဖော် ပြပါ အလုပ်ဌာနတစ်ခုခုလည်း ပါဝင်သည်-

(၁) ကြော်ငြာလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် အလုပ်ဌာန၊

(၂) ဝန်ဆောင်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်လုပ်ငန်း၊ ကော်မရှင်လုပ်ငန်း၊ ဘဏ် နှင့် ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်သည့် အလုပ်ဌာန၊

(၃) ဖက်စပ်လုပ်ငန်း သို့မဟုတ် အစုစပ်လုပ်ငန်းလုပ်ကိုင်သည့်အလုပ်ဌာန၊

(၄) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကုန် သွယ်အလုပ်ဌာနဟု သတ်မှတ်သည့် အခြားအလုပ်ဌာန။

(ဇ) အများပြည်သူဖျော်ဖြေရေးအလုပ်ဌာန ဆိုသည်မှာ အများပြည်သူ အပန်းဖြေရေးနှင့် ပျော်ရွှင်ရေး အလို့ငှာ တည်ထောင်ဖွင့်လှစ်သော အလုပ်ဌာနတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် အောက်ဖော်ပြ ပါ ဖျော်ဖြေရေးအလုပ်ဌာနတစ်ခုခုလည်းပါဝင်သည်-

(၁) ရုပ်ရှင်ထုတ်လုပ်ရေး၊ ဗီဒီယိုထုတ်လုပ်ရေး၊ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းထုတ်လုပ်ရေးလုပ်ငန်း များ၊ ရုပ်မြင်သံကြားနှင့်အသံလွှင့်လုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာအသုံးပြု ဝန်ဆောင်မှု လုပ်ငန်းများ၊

(၂) ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ဇာတ်ရုံ၊ ဂီတပဒေသာပြပွဲရုံ၊

(၃) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အများပြည်သူဖျော်ဖြေရေးအလုပ်ဌာနဟု သတ်မှတ်သည့် အခြားအလုပ်ဌာနတစ်ခုခု။

(ဈ) စက်မှုလက်မှုအလုပ်ဌာနနှင့် အလုပ်ရုံများ ဆိုသည်မှာ စွမ်းအားတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ အသုံးမပြုဘဲဖြစ်စေ ပစ္စည်းထုတ်လုပ်မှု၊ ပြုပြင်ပြောင်းလဲမှု သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်သော အလုပ်ရုံအဆောက်အအုံနှင့် ပရဝဏ်တစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် အောက်ဖော်ပြပါ အလုပ်ဌာနနှင့် အလုပ်ရုံတစ်ခုခုလည်းပါဝင်သည်-

(၁) ယာဉ်အမျိုးမျိုးပြုပြင်ရေးဌာန၊ ယာဉ်ဆေးသုတ်အလုပ်ဌာန၊ ယာဉ်ရေဆေးဆီထိုးဌာန၊ စာပုံနှိပ် အလုပ်ဌာန၊ ဆီကြိတ်အလုပ်ဌာန၊ ကုန်စည်သိုလှောင်ရုံ၊

(၂) သင်္ဘောကျင်း၊ သင်္ဘောတံတား၊ ဆိပ်ခံတံတားလုပ်ငန်းများ၊

(၃) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအလုပ်ဌာန သို့မဟုတ် အလုပ်ရုံ။

(ည) ဘဏ်နှင့်ငွေ​ရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ ဘဏ်လုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများ၊ ချေးငွေနှင့်ပြည်သူ့ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများ၊ ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အခြားခွင့်ပြုထားသည့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ယင်းအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုပြုရန် ငွေရေးကြေးရေးအရင်းအမြစ်များကို အခြားပုဂ္ဂိုလ်များထံမှ စုစည်းလျက် ငွေကြေး သို့မဟုတ် အရင်းအနှီးစျေးကွက်များတွင် ကြားဝင်ပေါင်းစပ်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ တော်အတွင်း တည်ထောင်ထားသည့် အဖွဲ့အစည်းကို ဆိုသည်။

(ဋ) ဝန်ဆောင်မှုလုပ်ငန်း  ဆိုသည်မှာ စီးပွားရေးအလို့ငှာ ဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်ခုခုကိုဆို သည်။ ယင်းစကားရပ်တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုလည်းပါဝင်သည်-

(၁) ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာလုပ်ငန်း သို့မဟုတ် ခရီးသွားလာရေးလုပ်ငန်းနှင့် အကျိုးဆောင်လုပ်ငန်း၊

(၂) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းဟု သတ်မှတ်သည့် အခြားလုပ်ငန်း။

(ဌ) သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေးအလို့ငှာ ခရီးသည်နှင့်ကုန်စည်တစ်မျိုးမျိုးကို ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ သယ်ယူပို့ဆောင်ပေးသည့်လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် လေဆိပ်၊သင်္ဘောဆိပ်၊ မီးရထားဘူတာရုံနှင့် ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟု သတ်မှတ်သည့် အခြားလုပ်ငန်းတို့ လည်းပါဝင်သည်။

(ဍ) ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ငန်း ဆိုသည်မှာ ရေနံမြေများအက်ဥပဒေအရ အမိန့်ကြော်ငြာ  စာထုတ်ပြန်၍ သတ်မှတ်ထားသော ရေနံမြေ သို့မဟုတ် သဘာဝဓာတ်ငွေ့နယ်မြေတွင် လုပ်ကိုင်သော ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆိုသည်။

(ဎ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆိုသည်မှာ နိုင်ငံခြားသားကသော်လည်းကောင်း၊ မြန်မာနိုင်ငံသားက သော်လည်းကောင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများအရ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင် သော စီးပွားရေးလုပ်ငန်း သို့မဟုတ် ဖက်စပ်လုပ်ငန်းကို ဆိုသည်။

(ဏ) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား ဆိုသည်မှာ ဥပဒေနှင့်အညီ မည်သူသည် အာမခံထားသူ ဖြစ်ကြောင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသည့် သက်သေခံကတ်ပြားလက်မှတ်ကို ဆို သည်။

(တ) အငြိမ်းစားသက်သေခံလက်မှတ် ဆိုသည်မှာ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ အရပ်ရပ် အာမခံစနစ်နှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံ စနစ်တို့သို့ ထည့်ဝင်ကြေးကို လပေါင်း ၁၈၀ နှင့်အထက် ပေးသွင်းခဲ့ပြီး အငြိမ်းစားယူသူများအတွက် အငြိမ်းစားဖြစ်ကြောင်း သက်သေခံအထောက်အထားအဖြစ် သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေး ထားသော လက်မှတ်ကို ဆိုသည်။

(ထ) မီးဖွားမှု ဆိုသည်မှာ ကိုယ်ဝန်ဆောင်သည့်ကာလ ရက်သတ္တပတ် ၂၂ ပတ်မပြည့်မီ အသက်ရှင်သော ကလေးကို မွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်သည့်ကာလ ရက်သတ္တပတ် ၂၂ ပတ်ကျော်လွန်ပြီးမှ ကလေးကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ မွေးဖွားခြင်းကို ဆိုသည်။

(ဒ) သဘာဝဘေးအန္တရာယ် ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော် တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်စေ ဖြစ်ပေါ်တတ်သော မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် ဘေးဒုက္ခတို့ကို ဆိုလိုသည်။ ယင်းစကားရပ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီက သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်သည့် အခြားဘေးအန္တရာယ်တစ်ခုခုလည်း ပါဝင်သည်။

(ဓ) အလုပ်လက်မဲ့ ဆိုသည်မှာ မိမိသဘောအလျောက် အလုပ်မှနုတ်ထွက်ခြင်း သို့မဟုတ် အလုပ်ခန့် ထားမှု သဘောတူစာချုပ်ပါ အချက်များကို ဖောက်ဖျက်ခြင်းကြောင့် အလုပ်မှ ထုတ်ပစ်ခံရခြင်း သို့မဟုတ် မိမိ၏တောင်းဆိုမှုကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းမဟုတ်ဘဲ အလုပ်အမြဲပိတ်သိမ်း၍ဖြစ်စေ၊ လုပ်ငန်း၏ သဘောသဘာဝအရ ဝန်ထမ်းအင်အားလျှော့ချရန် လိုအပ်သည့်အခြေအနေကြောင့်ဖြစ်စေ အလုပ်ထုတ် ခံရခြင်းကြောင့် အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူကို ဆိုသည်။

(န) ထည့်ဝင်ကြေး ဆိုသည်မှာ ဥပဒေပါကိစ္စများအလို့ငှာ ဥပဒေနှင့် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အလုပ်ရှင်ကသော်လည်းကောင်း၊ အလုပ်သမား သို့မဟုတ် အာမခံထားသူကသော်လည်း ကောင်း၊ ပြည်ထောင်စုအစိုးရကသော်လည်းကောင်း လူမှုဖူလုံရေးအဖွဲ့သို့ ကာလအပိုင်းအခြားအားဖြင့် ပေးသွင်းရသည့် ငွေကို ဆိုသည်။

(ပ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ခြင်း ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်-

(၁) လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများရှိ အရာထမ်းနှင့် အမှုထမ်းများ၏ လစာ၊ စရိတ်၊ ပင်စင်လစာနှင့် အခြားခံစားခွင့်များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ပြုခြင်း၊

(၂) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေဖြင့် အကျိုးခံစားခွင့်များ ပေးရာတွင် လုံလောက်မှုမရှိသည့်အခါ လိုအပ်သည့်ငွေကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လိုအပ်သလို ထောက်ပံ့ပေးခြင်း။

(ဖ)  ရက်သတ္တပတ် ဆိုသည်မှာ ခုနစ်ရက်တာကာလကို ဆိုသည်။

(ဗ) ဆိုသည်မှာ ခရစ်နှစ်ပြက္ခဒိန်လကို ဆိုသည်။

(ဘ) နှစ် ဆိုသည်မှာ ခရစ်နှစ်ပြက္ခဒိန်၏ ၁၂ လ တာကာလကို ဆိုသည်။

(မ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသောပုံစံကို ဆိုသည်။

(ယ)  ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ဆိုသည်။

(ရ) ဆေးဘက်ဆိုင်ရာတာဝန်ခံအရာရှိ ဆိုသည်မှာ ဥပဒေနှင့် ဤနည်းဥပဒေများအရ အာမခံထား သူများ ဆေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ခန့်အပ်ထားသော လူမှု ဖူလုံရေးရုံးချုပ် ဆေးဌာနမှ တာဝန်ခံအရာရှိကို ဆိုသည်။

(လ) ဆေးဘက်ဆိုင်ရာ ခုံအဖွဲ့ ဆိုသည်မှာ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိသည့် အာမခံထားသူ၏ လုပ် အားဆုံးရှုံးမှု ရာခိုင်နှုန်းသတ်မှတ်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်လျှောက်ထား သည့် အာမခံထားသူ၏ မူလအလုပ်ကို အမြဲတမ်းလုပ်ကိုင်နိုင်စွမ်းရှိ မရှိ စစ်ဆေးဆုံးဖြတ်ရန် လူမှုဖူလုံ ရေးအဖွဲ့က တာဝန်ပေးထားသော ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးဆောင်သည့်အဖွဲ့ကိုဆိုသည်။

(ဝ) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန် ဆိုသည်မှာ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေး ခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်ကိုသော်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဆေးရုံ၊ ဆေးခန်းများမှ ဆေးသက်သေခံလက်မှတ်ထုတ်ပေးခွင့်ရှိ သော ဆရာဝန်ကိုသော်လည်းကောင်း ဆိုသည်။

(သ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဥပဒေကို အကောင်အထည်ဖော်ရာတွင် အလုပ်ရှင်များက လိုက်နာ ဆောင်ရွက်ရေးကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဥပဒေနှင့်အကျုံးဝင်သည့်လုပ်ငန်း၊ ဌာနများက ထည့် ဝင်ကြေးပေးသွင်းရေးကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း၊ အာမခံထားသူများက အကျိုးခံစားခွင့်များ မှန် ကန်စွာရရှိရေးကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း စစ်ဆေးခြင်း၊ စည်းကြပ်ခြင်းနှင့် အရေးယူရန် လိုအပ် သည့်ကိစ္စများ တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ခန့်ထားခြင်းခံရသူကို ဆိုသည်။

 

အခန်း (၂)

လူမှုဖူလုံရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၃။ ဥပဒေပုဒ်မ ၄ အရ ဖွဲ့စည်းမည့် လူမှုဖူလုံရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် အောက်ပါပုဂ္ဂိုလ်များသည် တာဝန်ပေးအပ်ခြင်းခံပိုင်ခွင့်မရှိစေရ။ တာဝန်ပေးအပ်ပြီးသူဖြစ်ပါကလည်း တာဝန်မှ ရပ်စဲပြီးဖြစ်သည် ဟု မှတ်ယူရမည်-

(က) သက်ဆိုင်ရာတရားရုံးက စိတ်ပေါ့သွပ်သူဖြစ်ကြောင်း အမိန့်ချမှတ်ခြင်းခံရသူ သို့မဟုတ် စိတ်ကျန်း မာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီး၏ ဆေးသက်သေခံလက်မှတ်အရ စိတ်ပေါ့သွပ်သူဟု သတ်မှတ် ခြင်း ခံရသူ။

(ခ) အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ထုတ်ပစ်ခြင်းခံရသူ။

(ဂ) သက်ဆိုင်ရာတရားရုံးက လူမွဲအဖြစ် ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ။

(ဃ) တရားရုံးတစ်ခုခုက ခြောက်လထက်ပိုသော ထောင်ဒဏ်ကျခံထိုက်သည့် ပြစ်မှုကျူးလွန်သည်ဟု ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ။

(င) လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ် ချုပ်ဆိုထားသော လုပ်ငန်းတစ် ခုခုတွင် ပါဝင်သူ။

(စ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားမဟုတ်သူ။

၄။ (က) အစိုးရဝန်ထမ်းမဟုတ်သော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ရာထူးသက်တမ်းကုန်ဆုံးသွားသော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်ကို လိုအပ်ပါက ပြန်လည်ရွေးချယ် တာဝန်ပေးအပ်နိုင်သည်။

(ခ) လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဦးသည် တာဝန်မှနုတ်ထွက်လိုပါက ဥက္ကဋ္ဌ၏သဘောထားမှတ် ချက်ဖြင့် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ စာဖြင့်တင်ပြ၍ နုတ်ထွက်နိုင်သည်။

(ဂ) ရာထူးသက်တမ်းကုန်ဆုံးသော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များသည် ယင်းတို့၏နေရာတွင် နောက် ထပ်ခန့်ထားသည့် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်သစ်များက တာဝန်ဝတ္တရားများကို မဆောင်ရွက်နိုင်သေး သမျှ ယင်းတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ရမည်။

(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့က သင့်လျော်သည်ဟု ထင်မြင်ယူဆလျှင်သော်လည်းကောင်း၊ လူမှုဖူလုံ ရေးအဖွဲ့၏ တင်ပြချက်အရသော်လည်းကောင်း၊ အစိုးရဝန်ထမ်းမဟုတ်သော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ ဝင်တစ်ဦးဦးကို မည်သည့်အခါမဆို တာဝန်မှရပ်စဲနိုင်သည်။

၅။ (က) လူမှုဖူလုံရေးအဖွဲ့၏ အထိမ်းအမှတ်တံဆိပ်ကို အောက်ပါအတိုင်း သတ်မှတ်သည်-

 

(ခ) လူမှုဖူလုံရေးအဖွဲ့၏ အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ စက်ဝိုင်းနှစ်ထပ်၏ အပေါ်ဘက်ပိုင်းတွင် “လူမှုဖူလုံရေးအဖွဲ့”ဟုလည်းကောင်း၊ အောက်ဘက်ပိုင်းတွင် “Social Security Board” ဟု လည်းကောင်း ဖော်ပြသည်။ စက်ဝိုင်းငယ်အလယ်ဗဟို၌ ငွေကြေးအကျိုးခံစားခွင့်သင်္ကေတအဖြစ် ခြင်္သေ့ ပုံ ငွေဒင်္ဂါးကို ဖော်ပြထားပြီး ယင်း၏ နောက်တွင် ဆေးကုသမှုသင်္ကေတအဖြစ် ကြက်ခြေနီအမှတ်အသား ကိုလည်းကောင်း၊ စက်ဝိုင်းငယ်အတွင်း နောက်ခံတွင် လူမှုရေးအကာအကွယ်ပေးသည့် သင်္ကေတအဖြစ် အပြာရောင်ဒိုင်းပုံကိုလည်းကောင်း ဖော်ပြသည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့၏ အထိမ်းအမှတ်တံဆိပ်ကို ဥပဒေနှင့် ဤနည်းဥပဒေများပါ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်သာ အသုံးပြုရမည်ဖြစ်ပြီး အခြားကိစ္စရပ်များတွင် အသုံးမပြုရ။

၆။ လူမှုဖူလုံရေးအဖွဲ့သည် အောက်ပါကိစ္စတို့နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ အကြံပြုချက်များ ရေးဆွဲ တင်ပြရမည်-

(က) လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းများကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် ဌာန၊ အဖွဲ့အစည်း သို့ မဟုတ် ပုဂ္ဂိုလ်အား လွှဲအပ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း၊

(ခ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်  ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေအပြင် အခြားလိုအပ်သော လူမှုဖူလုံရေးရန်ပုံငွေ သတ်မှတ်ခြင်း၊

(ဂ) လုပ်ခနှင့်မသက်ဆိုင်သည့် အခကြေးငွေသတ်မှတ်ခြင်း၊

(ဃ) လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော လုပ်ငန်းဌာနများနှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းဌာနများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊

(င) လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသော အလုပ်သမားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊

(စ) မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေပေးသွင်းရမည့် အခြားလူမှုဖူလုံရေးစနစ်နှင့် ရန်ပုံ ငွေများကိုလည်းကောင်း၊ မိမိတို့၏ဆန္ဒအလျောက် ထည့်ဝင်နိုင်သည့် အခြားလူမှုဖူလုံရေးစနစ်နှင့် ရန်ပုံငွေများကိုလည်းကောင်း သတ်မှတ်ခြင်း၊

(ဆ) လူမှုဖူလုံရေးရန်ပုံငွေအသီးသီးသို့ အလုပ်ရှင်နှင့် အလုပ်သမားတို့က အလုပ်သမား၏ တစ်လ အတွက် လုပ်ခအပေါ်မူတည်၍ ပေးသွင်းရမည့် ထည့်ဝင်ကြေးနှုန်းများကိုလည်းကောင်း၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေသို့ အလုပ်ရှင်က ပေးသွင်းရမည့် ထည့်ဝင်ကြေးနှုန်းများကိုလည်း ကောင်း သတ်မှတ်ခြင်း၊

(ဇ) မိမိတို့၏ဆန္ဒအလျောက် မှတ်ပုံတင်၍ အာမခံထားနိုင်သည့် လုပ်ငန်းဌာနအမျိုးအစားများနှင့် အာမခံ ထားနိုင်သည့် ပုဂ္ဂိုလ်အမျိုးအစားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊

(ဈ) အာမခံထားသူ၏ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ရရှိမည့် အသက် သတ်မှတ်ခြင်းနှင့် ပြင်ဆင် သတ်မှတ်ခြင်း၊

(ည)  အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်ဆိုင်ရာ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် အလုပ်သမားများ သတ်မှတ်ခြင်း၊

(ဋ) နိုင်ငံတော်၏အကျိုးငှာ ဥပဒေပါပြဋ္ဌာန်းချက်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အရ လတ်တလောဆောင်ရွက်ရန်မလိုအပ်သေး သော ဒေသများကိုသော်လည်းကောင်း၊ ဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းဌာနတစ်ခုခုကို သော်လည်း ကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအမျိုးအစားကိုသော်လည်းကောင်း နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် လိုအပ်သောအချက်အလက်များ တင်ပြခြင်း၊

(ဌ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတွင် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထားများနှင့် အကျိုးခံစားခွင့်များကို ပြင်ဆင်သတ်မှတ်နိုင်ရန် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ် သော အချက်အလက်များ တင်ပြခြင်း၊

(ဍ) အာမခံစနစ်များကို အဆင့်ဆင့်အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရန် လိုအပ်သော အချက်အလက်များ တင်ပြခြင်း။

၇။ လူမှုဖူလုံရေးအဖွဲ့သည် ဥပဒေပုဒ်မ ၅ ပါ လုပ်ငန်းတာဝန်များအပြင် အောက်ပါတို့ကိုလည်း တာဝန် ယူ ဆောင်ရွက်ရမည်-

(က) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ ပေးနိုင်ရေးအတွက် လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းသတ်မှတ်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်အတွက် ဆုံးဖြတ်ချက်ပေးရန် ဆေးဘက်ဆိုင်ရာတာဝန်ခံအရာရှိ သို့မဟုတ် ယင်းက တာဝန်လွှဲအပ်သည့် လုပ်သက်ရင့်ဆေးဘက်ဆိုင် ရာ အရာရှိဦးဆောင်သော အဖွဲ့ဝင် ဆရာဝန်နှစ်ဦးစီဖြင့် ဆေးဘက်ဆိုင်ရာခုံအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ သတ်မှတ်ခြင်း၊

(ခ) ဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ (က) အရ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့် စည်းကမ်းများကို ပြောင်းလဲလာသော အခြေအနေများနှင့်အညီ စိစစ်၍ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည့်အချက်များ နှင့် ဖြည့်စွက်သင့်သည့်အချက်များရှိပါက ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊

(ဂ) လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အလုပ်အမှုဆောင်ကော်မတီဝင်များ ပါဝင်သော သီးသန့်အဖွဲ့များကို ယေဘုယျအားဖြင့်သော်လည်းကောင်း၊ အထူးကိစ္စများဆောင်ရွက်ရန် အတွက်သော်လည်းကောင်း ဖွဲ့စည်းခြင်း၊

(ဃ) ဥပဒေပါ အာမခံစနစ်ဆိုင်ရာကိစ္စများနှင့် လူမှုဖူလုံရေးအဖွဲ့၏ အခြားလုပ်ငန်းတာဝန်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လူမှုဖူလုံရေးအဖွဲ့ကိုယ်စား ဆောင်ရွက်ရန် လူမှုဖူလုံရေးအဖွဲ့၏အတွင်း ရေးမှူးကို တာဝန်ပေးခြင်း၊

(င) လူမှုဖူလုံရေးဆေးရုံကြီးများ၊ ရုံးများ၊ ဆေးခန်းများ တိုးချဲ့တည်ဆောက်ခြင်းကြောင့်ဖြစ်စေ၊ လူမှု ဖူလုံရေးအိမ်ရာများ တည်ဆောက်ခြင်းကြောင့်ဖြစ်စေ၊ မမျှော်လင့်သောကိစ္စရပ်များကြောင့် အကျိုးခံစား ခွင့်များပေးရာတွင်ဖြစ်စေ ရန်ပုံငွေ လုံလောက်မှုမရှိပါက အကျိုးအကြောင်းဖော်ပြ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် ချေးငွေများထုတ်ချေးခြင်းပြုနိုင်ရန် ဝန်ကြီး ဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဥပဒေပုဒ်မ ၈၇၊ ပုဒ်မခွဲ (က)နှင့် အညီ တင်ပြတောင်းခံခြင်း၊

(စ) နိုင်ငံခြားအကူအညီအထောက်အပံ့များ ရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်း၊

(ဆ) ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းရယူခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့ပိုင်အသုံးမလိုသော မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းများကို ထုခွဲရောင်းချခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက် ခြင်း၊

(ဇ) ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းများကို ရေးဆွဲပြီး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင် စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(ဈ) ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စာရင်းစစ်အစီရင်ခံစာနှင့်အတူ သက်ဆိုင်သည့် ဘဏ္ဍာရေးနှစ်၏ ငွေစာရင်းများကို အတည်ပြုနိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

(ည) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် အကြံပြုချက်များ၊ အမိန့်ကြော်ငြာစာမူ ကြမ်းများ ရေးဆွဲတင်ပြခြင်း၊

(ဋ) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အဖွဲ့အတွက် လိုအပ်သည့် ရန်ပုံငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ချေးယူခြင်း၊

(ဌ) ဥပဒေအရအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သော ငွေကြေးအရင်းအနှီးအတွက် အိမ်ရာများကို ဘဏ်တွင် အပေါင်ထား၍ ငွေချေးယူခြင်း၊

(ဍ) လူမှုဖူလုံရေးအဖွဲ့၏ အမှုထမ်း၊ အရာထမ်းများနှင့်သက်ဆိုင်သည့် စည်းမျဉ်း၊ စည်းကမ်းများကို ထုတ်ပြန်ခြင်း။

၈။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် လုပ်ငန်းတာဝန်ဝတ္တရား များကို ဆောင်ရွက်ရမည်။

၉။ လူမှုဖူလုံရေးအဖွဲ့၏ အတွင်းရေးမှူးသည် လူမှုဖူလုံရေးအဖွဲ့က ပေးအပ်သော လုပ်ငန်းတာဝန်များ အပြင် အောက်ပါတာဝန်များကိုလည်း ဆောင်ရွက်ရမည်-

(က) အစည်းအဝေးအစီအစဉ်များကို ရေးဆွဲခြင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို ပြီးမြောက် အောင် ဆောင်ရွက်ခြင်း၊

(ခ) လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များက တောင်းဆိုသော လုပ်ငန်းဆိုင်ရာ အချက်အလက်အကြောင်းအ ရာ များကိုပြုစုပေးခြင်း၊

(ဂ) အစည်းအဝေးမှတ်တမ်းများကို အစည်းအဝေးပြီးသည့်နောက် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များထံ သို့ ဆောလျင်စွာပေးပို့ခြင်း၊

(ဃ) ဥက္ကဋ္ဌကလွှဲအပ်ပါက အစည်းအဝေးမှတ်တမ်းများနှင့် လူမှုဖူလုံရေးအဖွဲ့နှင့်ချုပ်ဆိုသည့် စာချုပ်စာ တမ်းများတွင် ဥက္ကဋ္ဌကိုယ်စား လက်မှတ်ရေးထိုးခြင်း၊

(င) အတည်ပြုလက်မှတ်ရေးထိုးပြီးသော မှတ်တမ်းများကို မှတ်တမ်းစာအုပ်တွင် ထည့်သွင်းခြင်း။

၁၀။ (က) လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များသည် လုပ်ငန်းနှင့်သက်ဆိုင်သောစာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လုံခြုံမှုအဆင့်အတန်းအလိုက် ထိန်းသိမ်းရန် တာဝန်ရှိသည်။

(ခ) အစိုးရဝန်ထမ်းမဟုတ်သော လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များသည် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး သို့ တက်ရောက်ရာတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ လူမှုဖူလုံရေးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်။

၁၁။ (က) လူမှုဖူလုံရေးအဖွဲ့သည် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်းတွင် လေးလတစ်ကြိမ် အစည်းအဝေး ပြုလုပ်ရမည်။

(ခ) အထူးကိစ္စအနေဖြင့် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်အနည်းဆုံး သုံးပုံတစ်ပုံက တောင်းဆိုလျှင်ဖြစ်စေ၊ ဥက္ကဋ္ဌကလိုအပ်သည်ဟု ယူဆလျှင်ဖြစ်စေ လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

(ဂ) အစည်းအဝေးအစီအစဉ်တွင်မပါဝင်သော အကြောင်းအရာများကို သဘာပတိ၏ ခွင့်ပြုချက်ရှိမှသာ ထည့်သွင်းစဉ်းစားနိုင်သည်။

(ဃ) လူမှုဖူလုံရေးအဖွဲ့၏ မည်သည့်အစည်းအဝေး၌မဆို လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်အနည်းဆုံး ထက် ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။ လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်ထက်ဝက် မပြည့်လျှင် ဥက္ကဋ္ဌသည် အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ ထိုသို့ရွှေ့ဆိုင်း၍ ကျင်းပသော်လည်း တက်ရောက်သူဦးရေ ထက်ဝက်မပြည့်သေးပါက ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစည်းအဝေးကို ကျင်းပနိုင် သည့်အပြင် ဆုံးဖြတ်ချက်များလည်း ချမှတ်နိုင်သည်။

၁၂။ လူမှုဖူလုံရေးအဖွဲ့တွင် ပါဝင်သူများအပြင် အောက်ပါပုဂ္ဂိုလ်များအား ဥက္ကဋ္ဌ၏သဘောတူညီချက်အ ရ အစည်းအဝေးသို့ ဖိတ်ကြားနိုင်သည်-

(က) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊

(ခ) ဥပဒေပါ လုပ်ငန်းများနှင့်ဆက်စပ်သော သက်ဆိုင်ရာ အခြားပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန် ရှိပုဂ္ဂိုလ်များ၊

(ဂ) လူမှုဖူလုံရေးရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊

(ဃ) အာမခံထားသူများနှင့် လူမှုဖူလုံရေးအဖွဲ့အတွက် အကျိုးပြုနိုင်မည့် အခြားပုဂ္ဂိုလ်များ။

အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၃။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) မိမိ၏လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များ အနက်မှ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားရေးရာကျွမ်းကျင်သူ တစ်ဦးစီ ပါဝင်စေလျက် သင့်လျော်သောပုဂ္ဂိုလ် အနည်းဆုံး ခုနစ်ဦးဖြင့် အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းရမည်။

(ခ) နည်းဥပဒေခွဲ (က)အရ အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းရာတွင် အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များအနက်မှ  သင့်လျော်သူများကို တာဝန် ပေးရမည်။

(ဂ) လိုအပ်ပါက လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များအနက်မှ အခြားသင့်လျော်သူများဖြင့် အလုပ်အမှု ဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၄။ အလုပ်အမှုဆောင်ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များကို လူမှုဖူလုံရေးအဖွဲ့၏ လမ်းညွှန် ချက်များနှင့်အညီ ထမ်းဆောင်ရမည်-

(က) လူမှုဖူလုံရေးအဖွဲ့က ဥပဒေနှင့်အညီ ပေးအပ်သော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) ဥပဒေနှင့် ဤနည်းဥပဒေများအရ အကျိုးခံစားခွင့်ပေးရာတွင် လိုက်နာရမည့်စည်းကမ်းများကို သတ်မှတ်ပေးခြင်း၊

(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ စီစဉ်ပေးခြင်း၊

(ဃ) အလုပ်တွင်ဒဏ်ရာရရှိပြီး မသန်စွမ်းဖြစ်သွားသူများအား ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေး၊ သင့် လျော်သည့် အလုပ်ပြောင်းလဲလုပ်ကိုင်နိုင်ရေးအတွက် အဆိုပါ အလုပ်နှင့်သက်ဆိုင်သည့် အတတ်ပညာ များသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊

(င) လူမှုဖူလုံရေးအဖွဲ့အတွက် လိုအပ်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို  လူမှုဖူလုံရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်း နည်းဖြင့် လွှဲပြောင်းရယူခြင်း၊ လူမှုဖူလုံရေးအဖွဲ့ပိုင် အသုံးမလိုသောပစ္စည်းများကို ထုခွဲရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် စီမံခန့်ခွဲခြင်းတို့အား လမ်းညွှန်ခြင်း၊

(စ) ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုပြီးသော ရန်ပုံငွေသတ်မှတ် ချက်အတွင်း အသုံးစရိတ်များကို လမ်းညွှန်ခြင်း၊ ခွဲဝေလျာထားခြင်း၊ စိစစ်အတည်ပြုခြင်း၊

(ဆ) နိုင်ငံပိုင်ဆေးရုံ၊ ဆေးခန်းများနှင့်သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းများနှင့် သော် လည်းကောင်း၊ မိမိ၏အလုပ်သမားများအတွက် ဆေးကုသရေးအစီအစဉ်များ စီမံထားရှိသော အလုပ်ရှင် များနှင့်သော်လည်းကောင်း သဘောတူစာချုပ်များ ချုပ်ဆိုရန် ခွင့်ပြုခြင်း၊

(ဇ) အလုပ်တွင် ဒဏ်ရာရသူများအတွက် အလုပ်နှင့်ဆိုင်သော အတတ်ပညာသင်ကြားပေးရေးနှင့် ပြန်လည်လေ့ကျင့်ရေးလုပ်ငန်းစဉ်များနှင့် ဘေးအန္တရာယ်ကင်းရှင်းရန် ပညာပေးရေးလုပ်ငန်းများကို စီစဉ်ခြင်း၊

(ဈ) လူမှုဖူလုံရေးအဖွဲ့က တာဝန်ပေးသော အခြားကိစ္စအရပ်ရပ်ကို ဆောင်ရွက်ခြင်း၊

(ည) မိမိ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို လူမှုဖူလုံရေးအဖွဲ့သို့ တင်ပြအစီရင်ခံခြင်း။

၁၅။ ဥပဒေပုဒ်မ ၈၉၊ ပုဒ်မခွဲ (က)၌ပါရှိသော အငြင်းပွားသည့်ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စေ့စပ်ညှိ နှိုင်းဖြေရှင်းပေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အယူခံခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် နည်းလမ်းများကို သတ်မှတ်ပေးရမည်။

၁၆။ (က) အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကိုပုံမှန်အားဖြင့် တစ်လ တစ်ကြိမ် ကျင်းပရမည်။

(ခ) အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌသည် မိမိကလိုအပ်သည်ဟု ယူဆလျှင်ဖြစ်စေ၊ ကော်မတီဝင်ထက် ဝက်ကျော်က တောင်းဆိုလျှင်ဖြစ်စေ အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

(ဂ) အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌသည် အစည်းအဝေးများကို ကျင်းပရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ မိမိမတက်ရောက်နိုင်လျှင် ကော်မတီဝင်တစ်ဦးကို သဘာပတိအဖြစ် ဆောင်ရွက်ရန် ရွေးချယ်တာဝန်ပေးရမည်။

(ဃ) အလုပ်အမှုဆောင်ကော်မတီဝင် အနည်းဆုံး ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေးအထ မြောက်ပြီး ထက်ဝက်ကျော်မတက်ရောက်လျှင် ကော်မတီဥက္ကဋ္ဌသည် အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ ထိုသို့ရွှေ့ဆိုင်းကျင်းပသည့်နေ့တွင် တက်ရောက်သူဦးရေ ထက်ဝက်မပြည့်သေးပါက ကော်မတီဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစည်းအဝေးကို ကျင်းပခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းများ ဆောင်ရွက်နိုင်သည်။

ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၇။ (က) လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများ၏ ဆေးကုသမှုဆိုင်ရာကိစ္စများအား အကြံဉာဏ် ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး အောက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သည့် ဆေး ဘက်ဆိုင်ရာအကြံပေးအဖွဲ့ကို ဖွဲ့စည်းရမည်-

(၁) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန၊

(၂) မြန်မာနိုင်ငံဆေးကောင်စီမှဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊

(၃) ဆေးတက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာပါမောက္ခ ဌာနမှူး (၄)ဦး၊

(၄) ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်ကျန်းမာရေး) ကျန်းမာရေးဦးစီးဌာန၊

(၅) လူမှုဖူလုံရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးတစ်ဦး၊

(၆) နေပြည်တော်ခုတင် ၁၀၀၀ဆံ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး သို့မဟုတ် ဒုတိယဆေးရုံအုပ်၊

(၇) လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိကဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးသုံးဦး၊

(၈) ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိ၊ လူမှုဖူလုံရေးရုံးချုပ်။

(ခ) ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်ကို ဆေးဘက်ဆိုင်ရာ အကြံပေး အဖွဲ့၏ အဖွဲ့ဝင်အများစုက သဘောတူရွေးချယ်တင်မြှောက်ရမည်။ လူမှုဖူလုံရေးရုံးချုပ် ဆေးဘက်ဆိုင် ရာတာဝန်ခံအရာရှိသည် ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ရမည်။

(ဂ) အစိုးရဝန်ထမ်းမဟုတ်သော ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အဖွဲ့ဝင်သက်တမ်းသည် ငါးနှစ်ဖြစ် သည်။ လိုအပ်ပါက သက်တမ်းကုန်ဆုံးသွားသော ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အဖွဲ့ဝင်ကို ပြန် လည်ရွေးချယ်တာဝန်ပေးအပ်နိုင်သည်။

(ဃ) လူမှုဖူလုံရေးအဖွဲ့သည် နည်းဥပဒေခွဲ (က) အရ ဖွဲ့စည်းထားသော ဆေးဘက်ဆိုင်ရာ အကြံပေး အဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၈။  ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

၁၉။ (က) လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်အမှုဆောင်ကော်မတီတို့က အကြံဉာဏ်တောင်းခံသည့်အခါဖြစ် စေ၊ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ ဥက္ကဋ္ဌကလိုအပ်သည်ဟု ယူဆသည့်အခါဖြစ်စေ၊ ဆေးဘက်ဆိုင် ရာအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အများစုက အကြံပြုတင်ပြသည့်အခါဖြစ်စေ ဆေးဘက်ဆိုင်ရာအကြံပေး အဖွဲ့အစည်းအဝေး ခေါ်ယူကျင်းပနိုင်သည်။

(ခ) ဆေးဘက်ဆိုင်ရာတာဝန်ခံအရာရှိသည် ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ အစည်းအဝေးကျင်းပခြင်း မပြုမီ ကြိုတင်၍ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများဖော်ပြပြီး ဖိတ်ကြားရမည်။

(ဂ) အစည်းအဝေးကို အနည်းဆုံး ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အဖွဲ့ဝင်ထက်ဝက်ကျော်တက် ရောက်ပါက ကျင်းပနိုင်သည်။ ထက်ဝက်ကျော်မတက်ရောက်လျှင် ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌသည် အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။ ထိုသို့ရွှေ့ဆိုင်း၍ ကျင်းပသည့်နေ့တွင် တက်ရောက်သူဦး ရေထက်ဝက်မပြည့်သေးပါက ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစည်းအဝေး ကို ကျင်းပနိုင်သည့်အပြင် ဆုံးဖြတ်ချက်များလည်း ချမှတ်နိုင်သည်။

(ဃ) ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့သည် လိုအပ်ပါက ပြည်တွင်း၊ ပြည်ပမှ ဘာသာရပ်ဆိုင်ရာအထူး ကုဆရာဝန်ကြီးများအား ဖိတ်ခေါ်၍ အကြံဉာဏ်များ တောင်းခံရယူနိုင်သည်။

(င) လူမှုဖူလုံရေးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများသည် ဆေးဘက်ဆိုင် ရာအကြံပေးအဖွဲ့၏ အစည်းအဝေးများတွင် လိုအပ်ပါက ဝင်ရောက်ကူညီနိုင်သည်။

လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများ၊ ဆေးခန်းများဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း

၂၀။ လူမှုဖူလုံရေးအဖွဲ့သည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ် သော လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာတာဝန်များကို လည်းကောင်း ဆောင်ရွက်ရန်နှင့် လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများ၏ လုပ်ငန်းတာဝန် များဆောင်ရွက်မှုကို ကြီးကြပ်ရန်အတွက် လူမှုဖူလုံရေးရုံးချုပ်တွင် အောက်ပါဌာနများကို ဖွဲ့စည်းတာဝန် ပေးရမည်-

(က) စီမံခန့်ခွဲရေးဌာန၊

(ခ) အာမခံဌာန၊

(ဂ) ဘဏ္ဍာရေးဌာန၊

(ဃ) စာရင်းစစ်ဆေးရေးဌာန၊

(င) သုတေသနနှင့်စီမံကိန်းဌာန၊

(စ) သတင်းအချက်အလက်နှင့်နည်းပညာဌာန၊

(ဆ) ဆေးဌာန။

ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များ

၂၁။ ညွှန်ကြားရေးမှူးချုပ်သည် လူမှုဖူလုံရေးအဖွဲ့ကို တာဝန်ခံရမည့်အပြင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန် များနှင့် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) လူမှုဖူလုံရေးအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊

(ခ) နည်းဥပဒေမူကြမ်းများနှင့် အမိန့်ကြော်ငြာစာမူကြမ်းများ၊ ရသုံးမှန်းခြေငွေစာရင်း၊ နှစ်ချုပ်ငွေစာ ရင်းများနှင့် အစီရင်ခံစာများ၊ လူမှုဖူလုံရေးအဖွဲ့၏ အရာထမ်း၊ အမှုထမ်းများနှင့်စပ်လျဉ်းသည့် စည်းကမ်းများ၊ လူမှုဖူလုံရေးအဖွဲ့က အခြားကိုယ်စားလှယ်များ အလုပ်ရှင်များနှင့်ချုပ်ဆိုမည့် သဘောတူ စာချုပ်မူကြမ်းများကို ရေးဆွဲခြင်း၊

(ဂ) လူမှုဖူလုံရေးအဖွဲ့၏ ရငွေများနှင့်အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စီမံခန့်ခွဲခြင်း၊

(ဃ) ငွေကြေးအကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ခွင့်ပြုခြင်းနှင့် ထုတ်ပေးခြင်း၊

(င) အလုပ်အမှုဆောင်ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင် သောပစ္စည်းများကို ဝယ်ယူခြင်း၊ ရယူခြင်း၊ ထုခွဲရောင်းချခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်း ခြင်း၊

(စ) လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများ၏ အရာထမ်း၊ အမှုထမ်းများကို စီမံအုပ်ချုပ်ခြင်း နှင့် လစာများ ထုတ်ပေးခြင်း၊

(ဆ) ရသုံးမှန်းခြေငွေစာရင်းတွင် သတ်မှတ်ထားသည့် ငွေထက်မပိုသော အသုံးစရိတ်များကို သုံးစွဲခွင့် ပြုခြင်း၊

(ဇ) ရသုံးမှန်းခြေငွေစာရင်းတွင်ပါရှိသည့် ခေါင်းစဉ်ကလေးတစ်ခုမှ ပိုလျှံသည့်ငွေများကို ထိုငွေစာရင်းရှိ အခြားခေါင်းစဉ်ကလေးတစ်ခုအောက်သို့ လွှဲပြောင်းခွင့်ပြုခြင်း၊

(ဈ) အရာရှိမဟုတ်သော ဝန်ထမ်းများကို ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ အလုပ်မှရပ်စဲခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း၊

(ည) လူမှုဖူလုံရေးအဖွဲ့အတွက် လိုအပ်သော မှတ်တမ်းများနှင့် စာရင်းစာအုပ်များကို ထိန်းသိမ်းထား ခြင်း၊

(ဋ) လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလုပ်အမှု ဆောင်ကော်မတီသို့ လစဉ်အစီရင်ခံတင်ပြခြင်း၊

(ဌ) လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီတို့မှ လွှဲအပ်သည့် အခြားကိစ္စများကို ဆောင် ရွက်ခြင်း၊

(ဍ) ဥပဒေပါပြစ်မှုများကို တရားစွဲဆိုနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ တရားစွဲဆိုရန်ကြိုတင်ခွင့်ပြု ချက်ကို သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ ထုတ်ပေးခြင်း။

၂၂။ ညွှန်ကြားရေးမှူးချုပ်သည် နည်းဥပဒေ ၂၁ ပါ လုပ်ငန်းတာဝန်များကို ဒုတိယညွှန်ကြားရေးမှူး ချုပ် သို့မဟုတ် သင့်လျော်သော အရာရှိတစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 

အခန်း (၃)

ရန်ပုံငွေနှင့် ငွေစာရင်းများ

ရန်ပုံငွေနှင့်ငွေစာရင်းများ ဖွင့်လှစ်ထားရှိခြင်း

၂၃။ လူမှုဖူလုံရေးအဖွဲ့သည် နိုင်ငံတော်ထည့်ဝင်ကြေးများ၊ အလုပ်ရှင်ထည့်ဝင်ကြေးများ၊ အလုပ်သမား ထည့်ဝင်ကြေးများနှင့် အခြားဝင်ငွေအားလုံးကို လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံ စားခွင့်ရန်ပုံငွေသို့ သတ်မှတ်ချက်နှင့်အညီ ပေးသွင်းရမည်ဖြစ်ပြီး လူမှုဖူလုံရေးအဖွဲ့မှ ကျခံရမည့် အသုံး စရိတ်များကို သတ်မှတ်ချက်နှင့်အညီ အဆိုပါရန်ပုံငွေမှ ကျခံသုံးစွဲရမည်။

၂၄။ (က) လူမှုဖူလုံရေးအဖွဲ့၏ ငွေစာရင်းတွင် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုး ခံစားခွင့်ရန်ပုံငွေဟူ၍ အဓိကရန်ပုံငွေနှစ်ရပ် ပါဝင်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရာတွင် လိုအပ်ချက် အရအောက်ပါအတိုင်း ငွေစာရင်းသုံးရပ် ဖွင့်လှစ်ထားရှိရမည်-

(၁) လူမှုဖူလုံရေးရန်ပုံငွေစာရင်း၊

(၂) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေစာရင်း၊

(၃) စီမံအုပ်ချုပ်မှုငွေစာရင်း။

(ခ) လူမှုဖူလုံရေးအဖွဲ့၏ စီမံအုပ်ချုပ်မှုစရိတ်သည် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း ထည့်ဝင်ကြေးရငွေ စုစုပေါင်း၏  ၂၅ ရာခိုင်နှုန်းထက် မပိုစေရ။

လူမှုဖူလုံရေးရန်ပုံငွေစာရင်း

၂၅။ အောက်ပါဝင်ငွေများကို လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည်-

(က) ယခင်လူမှုဖူလုံရေးအဖွဲ့ထံမှ လွှဲပြောင်းလက်ခံရရှိသည့် လူမှုဖူလုံရေးရန်ပုံငွေများ၊

(ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေနှင့်ချေးငွေများ၊

(ဂ) အောက်ပါ လူမှုဖူလုံရေးစနစ်အသီးသီးအတွက် ပြည်ထောင်စုအစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ ထည့်ဝင်ငွေများ-

(၁) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊

(၂) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်အာမခံစနစ်၊

(၃) အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ်၊

(၄) အခြားလူမှုဖူလုံရေးစနစ်၊

(၅) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ပြီးထည့်ဝင်ကြေးငွေ ပေးသွင်းရမည်ဟု သတ်မှတ်သော လူမှုဖူလုံရေးစနစ် သို့မဟုတ် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးငွေ ပေးသွင်းနိုင်သည်ဟု သတ်မှတ်သောလူမှုဖူလုံရေးစနစ်။

(ဃ) ဥပဒေအရ ချမှတ်သည့် ပျက်ကွက်ကြေးများ၊

(င) ရန်ပုံငွေမှ ငွေစုဆောင်းမှု၊ အပ်နှံမှုနှင့် ချေးငှားမှုများမှ ရရှိသော အတိုးငွေများ၊

(စ) လူမှုဖူလုံရေးအိမ်ရာများ ရောင်းချရငွေနှင့် ငှားရမ်းခရငွေများ၊

(ဆ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဝင်ငွေများနှင့် တိုးပွားငွေများ၊

(ဇ) ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများ၊

(ဈ) အခြားရငွေများ။

၂၆။ လူမှုဖူလုံရေးရန်ပုံငွေတွင် အောက်ပါအသုံးစရိတ်များ ပါဝင်သည်-

(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေတွင် ပါဝင်သော အသုံးစရိတ်များ-

(၁) ဆေးကုသမှုကုန်ကျစရိတ်၊

(၂) မကျန်းမာမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊

(၃) မီးဖွားမှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊

(၄) နာရေးစရိတ်ခံစားခွင့်၊

(၅) မိသားစုထောက်ပံ့မှုရန်ပုံငွေသို့ လွှဲပြောင်းပေးငွေ၊

(၆) စီမံအုပ်ချုပ်မှုငွေစာရင်းသို့ လွှဲပြောင်းပေးငွေ။

(ခ) မိသားစုထောက်ပံ့မှုရန်ပုံငွေတွင် ပါဝင်သော အသုံးစရိတ်များ-

(၁) သားသမီးများအတွက် ပညာသင်စရိတ်ခံစားခွင့်၊

(၂) သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့်၊

(၃) မှီခိုသူမိသားစုအတွက် သင့်လျော်သော အကျိုးခံစားခွင့်။

(ဂ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ် သူ အကျိုးခံစားခွင့်ရန်ပုံငွေတွင် ပါဝင်သော အသုံးစရိတ်များ-

(၁) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊

(၂) သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်၊

(၃) အလုပ်ကို အကြောင်းပြု၍ မဟုတ်ဘဲ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်၊

(၄) အလုပ်ရှင်နှင့် အာမခံထားသူတို့အား ပြန်လည်ထုတ်ပေးငွေ၊

(၅) စီမံအုပ်ချုပ်မှုငွေစာရင်းသို့ လွှဲပြောင်းပေးငွေ။

(ဃ) အလုပ်လက်မဲ့အကျိုးခံစားခွင့်ရန်ပုံငွေတွင် ပါဝင်သော အသုံးစရိတ်များ-

(၁) လုပ်ငန်းခွင်မှအလုပ်လက်မဲ့ဖြစ်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်၊

(၂) စီမံအုပ်ချုပ်မှုငွေစာရင်းသို့ လွှဲပြောင်းပေးငွေ။

(င) လူမှုဖူလုံရေးအိမ်ရာစီမံကိန်းရန်ပုံငွေတွင် ပါဝင်သော အသုံးစရိတ်များ-

(၁) အိမ်ရာစီမံကိန်းအတွက်ကုန်ကျစရိတ်၊

(၂) အိမ်ရာဝယ်ယူရေးအတွက် ထုတ်ချေးငွေ၊

(၃) အာမခံထားသူတို့အား ပြန်လည်ထုတ်ပေးငွေ၊

(၄) စီမံအုပ်ချုပ်မှုငွေစာရင်းသို့ လွှဲပြောင်းပေးငွေ။

(စ) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ အခါအားလျော်စွာ သတ်မှတ်သော အခြားလူမှုဖူလုံ ရေးအကျိုးခံစားခွင့်များ။

အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေစာရင်း

၂၇။ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတွင် အောက်ပါဝင်ငွေများ ပါဝင်ရမည်-

(က) ယခင်လူမှုဖူလုံရေးအဖွဲ့ထံမှ လွှဲပြောင်းလက်ခံရရှိသည့် အလုပ်တွင် ထိခိုက်မှုရန်ပုံငွေ၊

(ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေနှင့် ချေးငွေများ၊

(ဂ) အလုပ်တွင် ထိခိုက်မှုအာမခံစနစ်အတွက် အလုပ်ရှင်က ပေးသွင်းသည့် ထည့်ဝင်ငွေ၊

(ဃ) ဥပဒေအရချမှတ်သည့် ပျက်ကွက်ကြေး၊

(င) ရန်ပုံငွေမှငွေစုဆောင်းမှု၊ အပ်နှံမှုနှင့် ချေးငှားမှုများမှ ရရှိသော အတိုးငွေ၊

(စ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ တိုးပွားငွေ၊

(ဆ) ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ၊

(ဇ) အခြားရငွေများ။

၂၈။ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေစာရင်းတွင် အောက်ပါအသုံးစရိတ်များ ပါဝင်သည်-

(က) အလုပ်တွင် ထိခိုက်မှုဖြစ်သော အာမခံထားသူများအတွက် ဆေးကုသမှုအသုံးစရိတ်များ၊

(ခ) အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိသော အာမခံထားသူများ၏ ချို့ယွင်းသည့်ကိုယ်အင်္ဂါများကို အထောက်အကူပြုရန် ကိရိယာတန်ဆာများအတွက် အသုံးစရိတ်များ၊

(ဂ) အလုပ်တွင် ထိခိုက်မှုဖြစ်သော အာမခံထားသူများအတွက် ငွေကြေးအကျိုးခံစားခွင့်အသုံးစရိတ် များ၊

(ဃ) အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသော  အာမခံထားသူ၏ ကျန်ရစ်သူများအတွက် ငွေကြေး အကျိုးခံစားခွင့်အသုံးစရိတ်များ၊
(င) ပြန်လည်သန်စွမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကျွမ်းကျင်မှုပြန်လည်ရရှိစေရန် လေ့ကျင့်သင်ကြားရေးလုပ်ငန်းများအတွက် အသုံးစရိတ်များ၊

(စ) စီမံအုပ်ချုပ်မှုငွေစာရင်းသို့ လွှဲပြောင်းပေးငွေများ။

စီမံအုပ်ချုပ်မှုငွေစာရင်း

၂၉။ စီမံအုပ်ချုပ်မှုငွေစာရင်းသို့ အောက်ဖော်ပြပါ လွှဲပြောင်းရငွေများကို ထည့်သွင်းရမည်-

(က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ လုပ်သက်ဆုငွေ၊ ပင်စင်နှင့်အခြား ခံစားခွင့်များအတွက် ထည့်ဝင်ငွေများနှင့် စီမံအုပ်ချုပ်မှုအတွက် ထောက်ပံ့ငွေများ၊

(ခ) နည်းဥပဒေ ၂၆၊ နည်းဥပဒေခွဲ (က)၊ (ဂ)၊ (ဃ)၊ (င) နှင့် နည်းဥပဒေ ၂၈၊ နည်းဥပဒေခွဲ (စ)တို့ပါ လွှဲပြောင်းရငွေများ။

၃၀။ စီမံအုပ်ချုပ်မှုငွေစာရင်းတွင် အောက်ဖော်ပြပါ အသုံးစရိတ်များ ပါဝင်သည်-

(က)  လူမှုဖူလုံရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ လုပ်သက်ဆုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များအတွက် အသုံးစရိတ်များ၊

(ခ) လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများ၊ ဆေးခန်းများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာ ဝယ်ယူခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ဝယ်ယူခြင်းအတွက် အသုံးစရိတ်များ၊

(ဂ) ရုံးသုံးစက်ပစ္စည်းကိရိယာများနှင့် အခြားရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် အသုံးစရိတ်များ၊

(ဃ) ရုံးသုံးနှင့်ဆေးရုံ၊ ဆေးခန်းသုံး အထောက်အကူပြု မော်တော်ယာဉ်များ၊ သူနာတင်ယာဉ်များ၊ ပရိ ဘောဂများ ဝယ်ယူခြင်းအတွက် အသုံးစရိတ်များ၊

(င) ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊

(စ) အခြားစီမံခန့်ခွဲရေးစရိတ်များ။

ရန်ပုံငွေများထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း

၃၁။ လူမှုဖူလုံရေးရုံးအဆင့်ဆင့်၏ တာဝန်ခံအရာရှိများသည် မိမိတို့၏ ရုံးများအတွက် လိုအပ်သော အသုံးစရိတ်များကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်အရ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲခွင့်ရှိသည်။

၃၂။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့ကို နည်းလမ်းတကျထိန်းသိမ်းထားရှိရန်နှင့် စစ်ဆေးခြင်းပြုလုပ်ရန်အလို့ငှာ ငွေစာရင်းဆိုင်ရာလုပ်ထုံးလုပ် နည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲပြီး ယင်းလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်လက်အောက်ခံ လူမှုဖူလုံရေးရုံးအသီးသီးသို့ ညွှန်ကြားချက်များ ထုတ်ပြန်ရမည်။

၃၃။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) လူမှုဖူလုံရေးအာမခံစနစ်နှင့်သက်ဆိုင်သော ဆေးကုသမှုကုန်ကျစရိတ်၊ ငွေကြေးအကျိုးခံစားခွင့် များအတွက် ကုန်ကျစရိတ်၊ အိမ်ရာစီမံကိန်းအတွက် ကုန်ကျစရိတ်၊ လုပ်ငန်းစီမံခန့်ခွဲမှုအတွက် ကုန်ကျ စရိတ်စသည်များကို လူမှုဖူလုံရေးရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။

(ခ) အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့် သက်ဆိုင်သော ဆေးကုသမှုကုန်ကျစရိတ်၊ ငွေကြေးအကျိုးခံစားခွင့်များအတွက်ကုန်ကျစရိတ်၊ လုပ်ငန်းစီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ် စသည် များကို အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေ မှ ကျခံသုံးစွဲနိုင်သည်။

(ဂ) ရုံးများ၊ ဆေးရုံများ၊ ဆေးခန်းများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာဝယ်ယူခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ဝယ်ယူခြင်း၊ ရုံးသုံးစက်ပစ္စည်းကိရိယာများနှင့် အခြားရုံးသုံးပစ္စည်း များဝယ်ယူခြင်း၊ ရုံးသုံးနှင့်ဆေးရုံ၊ ဆေးခန်းသုံး မော်တော်ယာဉ်များ၊ သူနာတင်ယာဉ်များ၊ ဆေးပစ္စည်း ကိရိယာများ၊ ပရိဘောဂများ ဝယ်ယူခြင်းအတွက် အသုံးစရိတ်များကို စီမံအုပ်ချုပ်မှု ငွေစာရင်းမှ ကျခံ သုံးစွဲနိုင်သည်။

(ဃ) နိုင်ငံခြားသုံးငွေ ရရှိပါက နိုင်ငံပိုင်ဘဏ်တွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားသည့် အခြား ဘဏ်တွင်ဖြစ်စေ သက်ဆိုင်ရာ ရန်ပုံငွေအလိုက် သီးခြားဘဏ်စာရင်းများဖွင့်လှစ်ထားရှိ၍ ဥပဒေပါ လူမှု ဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှုအာမခံစနစ် အကျိုးခံစားခွင့်များနှင့် စီမံအုပ်ချုပ်မှုကိစ္စများအတွက် သုံးစွဲနိုင်သည်။

(င) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ရန်အလို့ငှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေများကို ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း၊ ချေးယူခြင်းများ ရရှိနိုင်ရန် တောင်းခံနိုင်သည်။

(စ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေများမှ သက်ဆိုင်ရာ အသုံး စရိတ်များ သုံးစွဲပြီးနောက် ပိုလျှံငွေများအနက် သင့်လျော်သောငွေပမာဏကို နည်းဥပဒေ ၃၆ နှင့် အညီ ရင်းနှီးမြှုပ်နှံနိုင်သည်။

ရငွေများကို ငွေစာရင်းခေါင်းစဉ်ခွဲခြား၍ ဘဏ်တွင်အပ်နှံခြင်း

၃၄။ လူမှုဖူလုံရေးရုံးများရှိ တာဝန်ခံအရာရှိများသည်-

(က) ရရှိသောဝင်ငွေများကို သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အသီးသီးသို့ ပေးသွင်းရမည်။

(ခ) လက်ခံရရှိသော ဝင်ငွေများကို နိုင်ငံတော်အစိုးရဘဏ်တစ်ခုခုတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန် ကြားသည့် အခြားဘဏ်တစ်ခုခုတွင်ဖြစ်စေ အပ်နှံနိုင်ရေးအတွက် စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ရ မည်။

(ဂ) မိမိတို့ လက်ခံရရှိသည့်ဝင်ငွေများကို မိမိတို့ လက်ခံရရှိသည့်နေ့ သို့မဟုတ် လက်ခံရရှိပြီးနောက် အစောဆုံး ဘဏ်ဖွင့်သည့်နေ့တွင် သတ်မှတ်ထားသော ဘဏ်သို့ အပ်နှံရမည်။

(ဃ) မိမိရုံး၏ စာရင်းရှင်အပ်ငွေမှငွေများကို လူမှုဖူလုံရေးရုံးချုပ်၏ ညွှန်ကြားချက်နှင့်အညီ လူမှုဖူလုံ ရေးရုံးချုပ် ငွေစာရင်းသို့ လွှဲပြောင်းပေးပို့ရမည်။

၃၅။ လူမှုဖူလုံရေးရုံးချုပ်သည် လစဉ်ကောက်ခံရရှိသော ထည့်ဝင်ကြေးငွေနှင့် အခြားရငွေများဖြင့် အသုံး စရိတ် လုံလောက်မှုမရှိသော ရုံးခွဲများ၊ ဝင်ငွေမရှိသော ရုံးများနှင့် ဆေးရုံကြီးများသို့ လိုအပ်သောအသုံး စရိတ်များအတွက် ငွေထုတ်စာရင်းများ ဖွင့်လှစ်ပေးရမည်။

ရန်ပုံငွေတိုးပွားစေရန် ဆောင်ရွက်ခြင်း

၃၆။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေများ တိုးပွားစေရေးအတွက် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ စီးပွားရေး ပညာရှင်များ၊ ဥပဒေပညာရှင်များပါဝင်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကို လိုအပ်ပါက ဝန်ကြီးဌာနသို့ တင်ပြ၍ ဖွဲ့စည်းပြီး အကြံဉာဏ်များ ရယူဆောင်ရွက်နိုင်သည်။ အဆိုပါအဖွဲ့၏ အကြံပြု ချက်အရ လတ်တလောအသုံးပြုရန် မလိုသေးသည့် ရန်ပုံငွေများဖြင့် တည်ဆဲဥပဒေနှင့်အညီ အကျိုး အမြတ်ရရှိနိုင်မည့် အောက်ပါလုပ်ငန်းကိစ္စတို့ကို ဆောင်ရွက်နိုင်သည်-

(က) စုဆောင်းပြီးရန်ပုံငွေများ၏ ၆၀ ရာခိုင်နှုန်းထက်မနည်းသော ငွေပမာဏကို နိုင်ငံတော်အစိုးရဘဏ် တွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က ညွှန်ကြားသည့် အခြားဘဏ်တစ်ခုခုတွင်ဖြစ်စေ အောက်ပါအတိုင်း ရင်းနှီးမြှုပ်နှံရမည်-

(၁) စာရင်းသေအပ်ငွေအပ်နှံခြင်း၊

(၂) ငွေစုဘဏ်စာရင်းဖွင့်လှစ်ခြင်း၊

(၃) ငွေစုလက်မှတ် ဝယ်ယူခြင်း၊

(၄) အစိုးရငွေချေးသက်သေခံစာချုပ်၊ အစိုးရငွေတိုက် စာချုပ် ဝယ်ယူခြင်း။

(ခ) စုဆောင်းပြီးရန်ပုံငွေ၏ ၃၀ ရာခိုင်နှုန်းထက်မများသော ငွေပမာဏကို အောက်ပါအတိုင်း ရင်းနှီး မြှုပ်နှံနိုင်သည်-

(၁) စီးပွားရေးလုပ်ငန်းကြီးများတွင် အောင်မြင်လျက်ရှိသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အစု ရှယ်ယာများ၊ ငွေချေးစာချုပ်များ ဝယ်ယူရင်းနှီးခြင်းနှင့် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်သည့် စျေးကွက်မှ အစုရှယ်ယာဝယ်ယူရင်းနှီးခြင်း၊

(၂) ထည့်ဝင်ကြေးပေးသွင်းထားသူများအား သင့်လျော်သော စည်းကမ်းချက်များဖြင့် အတိုးသတ်မှတ်၍ ငွေထုတ်ချေးခြင်း၊

(၃) အာမခံထားသူများအတွက် အိမ်ရာစီမံကိန်းများ ထူထောင်ခြင်း၊

(၄) ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ အခြားသောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခြင်း။

(ဂ) စုဆောင်းပြီးရန်ပုံငွေ၏ ၁၀ ရာခိုင်နှုန်းထက်မများသော ငွေပမာဏကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များ ထူထောင်၍ ရင်းနှီးမြှုပ်နှံနိုင်သည်။

ငွေစာရင်းများ ရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် တင်ပြအစီရင်ခံခြင်း

၃၇။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့နှင့်စပ်လျဉ်း၍ ပုံမှန် စာရင်းစစ်ဆေးမှုပြုလုပ်ရမည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကိုလည်း ခံယူ နိုင်ရေးအတွက် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးချက် အစီရင်ခံစာကို ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

(ဂ) လာမည့်ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းရငွေနှင့် ကုန်ကျစရိတ်များကို ဖော်ပြသည့် ရသုံးမှန်းခြေငွေ စာရင်းကို ပြုစုပြီး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရမည်။

(ဃ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့နှင့်စပ်လျဉ်း၍ နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းကို ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး အတည်ပြုချက် ရယူ၍ ဆောင်ရွက်ရမည်။

၃၈။ ညွှန်ကြားရေးမှူးချုပ်သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေ တို့ဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော လုပ်ငန်းများမှ နှစ်စဉ်ပေးပို့သော ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင် သည့် ငွေစာရင်းရှင်းတမ်းများကို လူမှုဖူလုံရေးအဖွဲ့သို့ တင်ပြရမည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ထောက်ပံ့ခြင်း

၃၉။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) လူမှုဖူလုံရေးရန်ပုံငွေဖြင့် လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများကို ဖွဲ့စည်းတည်ထောင် ခြင်း၊ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးခြင်းတို့မပြုနိုင်မီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့် ပြုချက်ဖြင့် ခန့်ထားသော ဝန်ထမ်းများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ လုပ်သက်ဆုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များကို ဥပဒေပုဒ်မ ၈၆ နှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေးအ တွက် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံရမည်။

(ခ) လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများနှင့် ဆေးခန်းများကို ဖွဲ့စည်းတည်ထောင်ခြင်း၊ လိုအပ်သောဝန်ထမ်း များကို ခန့်အပ်တာဝန်ပေးခြင်းနှင့် ယင်းဝန်ထမ်းများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ လုပ်သက်ဆုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များကို မိမိ၏ရန်ပုံငွေဖြင့် သုံးစွဲနိုင်သည့်အချိန်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေမှ တောင်းခံခြင်းမပြုတော့ကြောင်း ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဘဏ္ဍာရေးနှစ် တစ်နှစ် ကြိုတင်၍ တင်ပြရမည်။

(ဂ) ဝန်ထမ်းများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများ၊ လုပ်သက်ဆုငွေ၊ ပင်စင်နှင့် အခြားခံစားခွင့်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တောင်းခံခြင်းမပြုတော့သည့် အချိန်မှစ၍ လူမှုဖူလုံရေးရန်ပုံငွေသို့ ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေမှ နိုင်ငံတော်ထည့်ဝင်ငွေအဖြစ် အာမခံထားသူရရှိသော တစ်လအတွက် လုပ်ခ ဝင်ငွေ၏ တစ်ရာခိုင်နှုန်းအောက် မနည်းသော ထည့်ဝင်ကြေးငွေကို တစ်နှစ်လျှင်နှစ်ကြိမ်ခွဲ၍ ထည့်ဝင် ပေးသွင်းနိုင်ရေးအတွက် ဥပဒေပုဒ်မ ၈၇ ပုဒ်မခွဲ (က)နှင့်အညီ ဝန်ကြီးဌာနမှတစ်ဆင့် ကျိုးကြောင်း ဖော်ပြပြီး ဘဏ္ဍာရေးနှစ်တစ်နှစ် ကြိုတင်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ စာရင်းပေးပို့ကာ ယင်း ဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံရမည်။

(ဃ) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေကို ထူထောင်ရာတွင် အလုပ်ရှင်၏ ထည့်ဝင်ကြေးငွေ အပြင် လိုအပ်ပါက ဥပဒေပုဒ်မ ၈၇ ပုဒ်မခွဲ (က) နှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ  ထောက်ပံ့နိုင် ရန် ဝန်ကြီးဌာနမှတစ်ဆင့် အကျိုးအကြောင်းဖော်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံနိုင် သည်။

 

အခန်း (၄)

လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်

သက်ဆိုင်သောလုပ်ငန်းဌာနများ

၄၀။ (က) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် အလုပ်သမားဦးရေနှင့် အထက်ရှိသော ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)ပါ လုပ်ငန်းဌာနများနှင့် ယင်းလုပ် ငန်းဌာနတစ်ခုခု၏ အဓိကလုပ်ငန်းနှင့်စပ်ဆိုင်သည့် ကန်ထရိုက်လုပ်ငန်း သို့မဟုတ် တစ်ဆင့်ခံကန်ထ ရိုက်လုပ်ငန်းများသည် ဥပဒေအာဏာတည်သည့်နေ့မှစ၍ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက် ဆိုင်စေရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများရှိ အလုပ်သမားများအတွက် အလုပ်ရှင်များသည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ မှတ်ပုံတင်ပြီး လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းဌာနများဖြစ်ပါက ဥပဒေစတင်အာဏာတည်သည့်နေ့မှလည်း ကောင်း၊ ဥပဒေစတင်အာဏာတည်ပြီးနောက်ပိုင်းကာလတွင် တည်ထောင်လုပ်ကိုင်သော လုပ်ငန်းဌာန များဖြစ်ပါက လုပ်ငန်းစတင်လုပ်ကိုင်သည့်နေ့မှလည်းကောင်း ရက်ပေါင်း ၃၀ အတွင်း ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရမည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ)တို့ပါ အလုပ်ဌာနများသည် အလုပ်ဌာနနှင့်သက်ဆိုင်သည့်အချက်အလက် များကို အလုပ်ဌာနမှတ်ပုံတင် (ပုံစံ-၁)ဖြင့်လည်းကောင်း၊ အလုပ်သမားစာရင်းကို ပုံစံ (၁-က)ဖြင့် လည်းကောင်း ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်လျက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့တင်ပြရမည်။

၄၁။ နည်းဥပဒေ ၄၀ ပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော လုပ်ငန်းဌာနတစ်ခုခု သည် ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီးနောက် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်သော်လည်း ဥပဒေနှင့် ဤနည်းဥပဒေများပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် ဆက်လက်သက်ဆိုင်စေရမည်-

(က) အလုပ်သမားအနည်းဆုံး တစ်ဦးနှင့်အထက် ဆက်လက်၍ လုပ်ကိုင်လျက်ရှိခြင်း၊

(ခ) အလုပ်ရှင်ပြောင်းလဲခြင်း၊ မူလလုပ်ငန်းမှ ဖက်စပ်လုပ်ငန်းအဖြစ် ပြောင်းလဲခြင်း သို့မဟုတ် လုပ်ငန်း အမည်ပြောင်းလဲခြင်း၊

(ဂ) မူလလုပ်ငန်းကို အခြားနေရာဒေသတစ်ခုခုသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊

(ဃ) ဥပဒေပုဒ်မ ၁၁ ပါ အခြားလုပ်ငန်းဌာနအမျိုးအစားတစ်ခုခုသို့ ပြောင်းလဲ၍ဖြစ်စေ၊ အခြားလုပ် ငန်းဌာန အမျိုးအစားတစ်ခုခုနှင့် တွဲဖက်၍ဖြစ်စေ လုပ်ကိုင်ခြင်း။

သက်ဆိုင်သော အလုပ်သမားများ

၄၂။ အောက်ပါအလုပ်သမားများသည် ဥပဒေပါလူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစား ခွင့် အာမခံစနစ်တို့အတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(က) နည်းဥပဒေ ၄၀ နှင့် ၄၁ တို့ပါ  လုပ်ငန်းဌာနများတွင် အလုပ်ရှင်ကို မှီခိုနေသည့် ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့်မိဘတို့မှအပ လုပ်ခအနည်းအများမရွေး လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ် နေသူများနှင့် လုပ်ခရသည့်အလုပ်သင်နှင့် ပညာသင်များ၊ လုပ်ခမရသည့် အလုပ်သင်နှင့်ပညာသင်များ အားလုံးသည် မိမိတို့ လုပ်ကိုင်ရသည့်အလုပ်သည် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ၊ ရာသီအလိုက်လုပ် ကိုင်ရသည့် လုပ်ငန်းဖြစ်စေ၊ ဆောင်ရွက်ရသည့်လုပ်ငန်းသည် အလုပ်ကြမ်းဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ၊မည်သည့်လုပ်ငန်းအမျိုးအစားကို လုပ်ကိုင်နေရသည်ဖြစ်စေ အလုပ်လုပ်နေသူများအားလုံး၊

(ခ) ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ ဥပဒေပါ လူမှုဖူလုံရေးစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစ နစ်ဆိုင်ရာ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည်ဟု သတ်မှတ်ထားသော လုပ်ငန်းဌာန များရှိ အလုပ်သမားများ၊

(ဂ) အလုပ်ရှင်သည် မိမိ၏အလုပ်ဌာနအား မှတ်ပုံတင်သည့်အခါတွင်သော်လည်းကောင်း၊ အလုပ်သမား အသစ်ခန့်ထားသည့်အခါတွင်သော်လည်းကောင်း ထိုသို့မှတ်ပုံတင်ခြင်း၊ အလုပ်သမားအသစ်ခန့်ထား ခြင်းတို့ဆောင်ရွက်ပြီးနောက် ၁၀ ရက်အတွင်းမိမိအလုပ်သမားအား လိုအပ်သော ဆေးစစ်မှုခံယူပြီး ကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်နှင့်တကွ မိမိအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်း အရာအစုံအလင်ကို သတ်မှတ်ထားသည့် အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂)တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ တင်သွင်းရမည်။ ထိုသို့ အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂) ကို ဖြည့်စွက်ရာတွင် ဖော်ပြထားသော အချက်အလက်များ မှန်ကန်ကြောင်း မိမိ၏အလုပ်သမားအား လက်မှတ်ရေးထိုးစေရမည့်အပြင် ယခင်က လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ခဲ့ဖူးပါက ယင်းသို့ မှတ်ပုံတင်စဉ်က ရရှိခဲ့သည့် အာမခံစိစစ်ရေးကတ်ပြားအမှတ်ကို ဖော်ပြစေရမည်။

၄၃။ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော အလုပ်ရှင်သည် မိမိလုပ်ငန်းဌာနရှိ အလုပ်သမားများ အလုပ် ဌာနပြောင်းရွှေ့ခြင်း၊ နုတ်ထွက်ခြင်း၊ အငြိမ်းစားယူခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်ပေါ်သည့်အခါ သက်ဆိုင် ရာလူမှုဖူလုံရေးရုံးသို့ ၁၀ ရက်အတွင်းအကြောင်းကြားရမည်။

မိမိတို့ဆန္ဒအလျောက် မှတ်ပုံတင်ခြင်းနှင့် အာမခံထားရှိခြင်း

၄၄။ (က) အောက်ပါလုပ်ငန်းဌာနများရှိ အလုပ်ရှင်များနှင့် အလုပ်သမားများသည် ဥပဒေပါ လူမှုဖူလုံ ရေးအကျိုးခံစားခွင့်များနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်များကို ရရှိခံစားလိုပါက ကျန်းမာရေး နှင့်လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေနှင့် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ဖြစ်စေ၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေသို့ဖြစ်စေ နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ သတ်မှတ်ထားသည့် အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးကို မိမိတို့၏ ဆန္ဒအလျောက် ထည့်ဝင်စုဆောင်းနိုင်သည်-

(၁) ဥပဒေနှင့် ဤနည်းဥပဒေများပါ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်ခြင်းမရှိသည့် လုပ် ငန်းဌာနများ၊

(၂) ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင် ၍ အာမခံထားနိုင်သည်ဟု အခါအားလျော်စွာ သတ်မှတ်ထားသည့် လုပ်ငန်းဌာနများ။

(ခ) အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် မိမိတို့နှစ်သက်သည့် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ နည်းဥ ပဒေ ၅၅ အရသတ်မှတ်ထားသည့် အလုပ်ရှင်နှင့်အလုပ်သမား ထည့်ဝင်ကြေးငွေကို မိမိတို့၏ ဆန္ဒ အလျောက် ထည့်ဝင်စုဆောင်းနိုင်ပြီး သက်ဆိုင်ရာ လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို သတ်မှတ်ချက် များနှင့်အညီ ခံစားနိုင်သည်-

(၁) လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသော အများပြည်သူများ၊

(၂) ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းခွင်နှင့်ကင်းကွာနေသူများ၊ အိမ်ဖော်များနှင့်နိုင်ငံခြားသို့ သွား ရောက်၍ အလုပ်လုပ်ကိုင်နေသူများ၊

(၃) ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ စုပေါင်းလုပ်ငန်းလုပ်ကိုင်သူများ၊ အသက်မွေးဝမ်းကျောင်းပညာ ရပ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူများနှင့် တောင်သူလယ်သမားများ။

၄၅။ နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (က) ပါ လုပ်ငန်းဌာနများ၏ အလုပ်ရှင်သည် မိမိ၏အလုပ်သမား အားအာမခံထားရှိရန်လည်းကောင်း၊ နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (ခ)ပါ မိမိဆန္ဒအလျောက် မှတ်ပုံ တင်လိုသူသည် အာမခံထားရှိရန်လည်းကောင်း ကျန်းမာရေးစစ်ဆေးရာတွင် အောက်ပါအတိုင်း ဆောင် ရွက်ရမည်-

(က) ရှေးဦးစွာ သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးခန်းဆရာဝန်ထံ ပြသ၍ ကျန်းမာရေးစစ်ဆေးမှုခံယူရ မည်။

(ခ) လူမှုဖူလုံရေးဆေးခန်းဆရာဝန်၏ စစ်ဆေးတွေ့ရှိချက်အရ အာမခံထားသူသည် ယင်းအား ခန့်အပ် သည့်အလုပ်ကို စွမ်းဆောင်နိုင်ဖွယ်မရှိလျှင်လည်းကောင်း၊ နာတာရှည်ရောဂါခံစားနေရကြောင်း စစ်ဆေး တွေ့ရှိလျှင် လည်းကောင်း လူမှုဖူလုံရေးဆေးရုံကြီး သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာရေးဦးစီး ဌာနသို့ ရောဂါရှာဖွေနိုင်ရန် စေလွှတ်ရမည်။

(ဂ) ရောဂါရှာဖွေစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်ကို နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (က)ပါ လုပ်ငန်း ဌာန၏ အလုပ်သမားအတွက်ဖြစ်ပါက အလုပ်ရှင်ကသော်လည်းကောင်း၊ နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (ခ) ပါ မိမိဆန္ဒအလျောက် အာမခံထားသူအတွက်ဖြစ်ပါက ထိုသူကိုယ်တိုင်ကသော်လည်းကောင်း ကျခံ ရမည်။

၄၆။ မြို့နယ်လူမှုဖူလုံရေးရုံးသည်-

(က) နည်းဥပဒေ ၄၀၊ နည်းဥပဒေခွဲ (ခ)နှင့် နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (က)တို့အရ အလုပ်ရှင်က မိမိ ၏ လုပ်ငန်းဌာနကို လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်သည့်အခါ အဆိုပါလုပ်ငန်းဌာနမှာ လူမှုဖူလုံရေးရုံး တွင် မှတ်ပုံတင်ထားကြောင်း အသိအမှတ်ပြု သက်သေခံလက်မှတ်ကို အလုပ်ဌာနအသိအမှတ်ပြု မှတ်ပုံ တင် (ပုံစံ-၃) ဖြင့် အလုပ်ရှင်သို့ ထုတ်ပေးရမည်။

(ခ) နည်းဥပဒေ ၄၅၊ နည်းဥပဒေခွဲ (ခ)အရ လူမှုဖူလုံရေးဆေးရုံကြီး သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာ ရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ၏ ရောဂါရှာဖွေစစ်ဆေးစမ်းသပ်ချက်အရ အဆိုပါရောဂါမှာ ပျောက်ကင်းနိုင်ဖွယ်ရှိကြောင်းနှင့် ခန့်အပ်သည့် အလုပ်ကို စွမ်းဆောင်နိုင်ကြောင်း ထောက်ခံလျှင် သက် ဆိုင်ရာ လူမှုဖူလုံရေးရုံးက အာမခံထားသူအဖြစ် လက်ခံရမည်။

(ဂ) မိမိဆန္ဒအလျောက် အာမခံထားရန် အဆိုပြုသူသည် နာတာရှည်ရောဂါရှိနေကြောင်း အထူးကုဆရာ ဝန်များ၏ စစ်ဆေးစမ်းသပ်ချက်အရ တွေ့ရှိရလျှင် အာမခံထားသူအဖြစ် လက်ခံရန် ငြင်းပယ်နိုင်သည်။

(ဃ) ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီးနောက် ထည့်ဝင်ကြေးပေးသွင်းရန် မကြာခဏပျက်ကွက်လေ့ရှိသူကို မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှု၊ အလုပ်လက်မဲ့ဖြစ်မှု စသည့်အကြောင်းတစ်မျိုးမျိုးကြောင့် ပျက်ကွက်သူ ဟုတ် မဟုတ် စစ်ဆေးရမည်။ ထိုသူသည် လူမှုဖူလုံရေးအဖွဲ့မှ ပေးသော အကျိုးခံစားခွင့် များကို ရရှိခံစားရန် မရိုးသားသောနည်းဖြင့် မှတ်ပုံတင်ခဲ့ကြောင်း တွေ့ရှိပါက လူမှုဖူလုံရေးရုံးချုပ်၏ လမ်းညွှန်ချက်ရယူပြီး ထိုသူအားဆက်လက်အာမခံထားရှိခြင်းမှ ရပ်စဲနိုင်သည်။

(င) ဥပဒေနှင့်အညီ အာမခံထားသူများအတွက် လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄)ကို ထုတ်ပေးရမည်။

မှတ်တမ်းများထားရှိခြင်းနှင့်စစ်ဆေးခြင်း

၄၇။ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့်လုပ်ငန်းဌာနများ၏ အလုပ်ရှင်သည်-

(က) မိမိလုပ်ငန်းဌာနနှင့်သက်ဆိုင်သော အောက်ပါမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရ မည်-

(၁) လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်း၊ (ပုံစံ-၅)

(၂)လုပ်ငန်းဌာနယာယီပိတ်ဖွင့်မှတ်တမ်း၊ (ပုံစံ-၆)

(၃) အလုပ်ရှင်ပြောင်းလဲခြင်းမှတ်တမ်း၊ (ပုံစံ-၇)

(၄) လုပ်ငန်းပြောင်းလဲခြင်းမှတ်တမ်း၊ (ပုံစံ-၈)

(၅) လုပ်ငန်းတည်နေရာပြောင်းလဲခြင်းမှတ်တမ်း၊ (ပုံစံ-၉)

(၆) စီမံခန့်ခွဲသူပြောင်းလဲခြင်းမှတ်တမ်း။ (ပုံစံ-၁၀)

(ခ) မိမိအလုပ်သမားများနှင့်သက်ဆိုင်သော အောက်ပါမှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရှိ ရမည်-

(၁) အလုပ်သမားများ နေ့စဉ် အလုပ်တက်ဆင်းမှတ်တမ်း၊

(၂) လုပ်ခပေးစာရင်းမှတ်တမ်းများ၊

(၃) အလုပ်သမားတစ်ဦးချင်းအတွက် ငွေစာရင်းများ၊

(၄) အလုပ်သမားအသစ်ခန့်ထားခြင်း၊ အလုပ်သမားအား အလုပ်ပြောင်းလဲ၍ လုပ်စေခြင်း၊ ရာထူးတိုး ခြင်း၊ ရာထူးချခြင်း၊ အလုပ်မှနုတ်ထွက်ခြင်း၊ အလုပ်မှရပ်စဲခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းနှင့် အလုပ်မှ ထုတ်ပစ်ခြင်းဆိုင်ရာ မှတ်တမ်းများ။

(ဂ) လူမှုဖူလုံရေးနှင့်သက်ဆိုင်သော ထည့်ဝင်ကြေးနှင့် အကျိုးခံစားခွင့်ဆိုင်ရာ အောက်ပါမှတ်တမ်းများ ကိုစနစ်တကျထိန်းသိမ်းထားရှိရမည်-

(၁) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေသို့ လစဉ်ပေးသွင်းသည့် ထည့် ဝင်ကြေးစာရင်းများ၊

(၂) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား ရရှိပြီးသူစာရင်း၊ (ပုံစံ-၁၁)

(၃) အလုပ်တွင် ထိခိုက်မှုမှတ်တမ်းစာအုပ်၊

(၄) လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရရှိသူစာရင်းများ။ (ပုံစံ-၁၂)

(ဃ) နည်းဥပဒေခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ စာရင်းများနှင့် မှတ်တမ်းများကို လူမှုဖူလုံရေးအဖွဲ့က တာ ဝန်ပေးအပ်သည့် စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိကဖြစ်စေ၊ သက်ဆိုင်ရာလူမှုဖူလုံရေးရုံးမှ တာဝန်ရှိ သူ အရာရှိကဖြစ်စေ တိုက်ဆိုင်စစ်ဆေးရန် တောင်းဆိုသည့်အခါ တင်ပြရမည့်အပြင် စစ်ဆေးခွင့် လည်း ပြုရမည်။

၄၈။ အာမခံထားသူသည်-

(က) မိမိအတွက် သတ်မှတ်သည့် မှတ်ပုံတင်ပုံစံကို ဖြည့်သွင်းရာတွင် ဖော်ပြထားသောအချက်အလက် များမှန်ကန်ကြောင်း ကိုယ်တိုင်သိရှိလက်မှတ်ရေးထိုးရမည်။ အကယ်၍ ဖော်ပြထားသော အချက် အလက်များ ပြောင်းလဲမှုရှိပါက အလုပ်ရှင်မှ တစ်ဆင့်ဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ သက်ဆိုင်ရာ လူမှု ဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။

(ခ)  နည်းဥပဒေ ၄၀ နှင့် နည်းဥပဒေ ၄၁ ပါ လုပ်ငန်းဌာနမှ အလုပ်သမားဖြစ်ပါက အလုပ်ရှင်က မိမိ အား မှတ်ပုံတင်ပေးရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ဖော်ပြထားသောအချက်အလက်များ မှန်ကန်မှုမရှိလျှင် ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။

၄၉။ (က) လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်များနှင့်စပ်လျဉ်း ၍ စုံစမ်းသိရှိနိုင်ရန်နှင့် ဖြေရှင်းဆုံးဖြတ်နိုင်ရန်အလို့ငှာ သက်ဆိုင်ရာ လုပ်ငန်းဌာနသို့ စစ်ဆေးရေးအရာ ရှိ သို့မဟုတ် သင့်လျော်သော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖြစ်စေ စေလွှတ်၍ အောက်ပါ အချက်များကို စုံစမ်းစစ်ဆေးခြင်းပြုနိုင်သည်-

(၁) အလုပ်ရှင်များက ဥပဒေအရ ထားရှိရမည့် အလုပ်မှတ်တမ်းနှင့်စာရင်းများကို စနစ်တကျထားရှိခြင်း ရှိ မရှိ၊

(၂) မိမိအလုပ်သမားအားလုံးအတွက် ထည့်ဝင်ကြေးပေးသွင်းခြင်း ရှိ မရှိနှင့် လုပ်ခဝင်ငွေနှင့်အညီ ထိုက် သင့်သောထည့်ဝင်ကြေးပေးသွင်းခြင်းရှိ မရှိ၊

(၃) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေများသို့ ထည့်ဝင်ကြေးပေး  သွင်းသော မှတ်တမ်းများ ထားရှိခြင်း ရှိ မရှိ နှင့် မှန်ကန်စွာပေးသွင်းခြင်းရှိ မရှိ၊

(၄) အာမခံထားသူများအား လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားများ ထုတ်ပေးထားခြင်း ရှိ မရှိ၊

(၅) အာမခံထားသူ တစ်ဦးချင်းအလိုက် ငွေစာရင်းများ ဖွင့်လှစ်ထားခြင်း ရှိ မရှိ၊

(၆) အလုပ်သမားများက လူမှုဖူလုံရေးနှင့်အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်များကို မှန်ကန်စွာ ထုတ်ယူ ရရှိခြင်း ရှိ မရှိ၊

(၇) သတ်မှတ်ထားသော အစီရင်ခံစာများ တင်ပြခြင်း ရှိ မရှိ။

(ခ) နည်းဥပဒေခွဲ(က)ပါ ကိစ္စများအတွက် စုံစမ်းစစ်ဆေးရန် လူမှုဖူလုံရေးအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့် အရာရှိ သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းဌာန၏ ဥပစာအတွင်းသို့ ဝင်ရောက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

(ဂ) နည်းဥပဒေခွဲ (က) ပါ ကိစ္စများအတွက် စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ် သမားများကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးရာတွင် လိုအပ်သောအခြားပုဂ္ဂိုလ်များကိုလည်းကောင်း ဆင့်ဆိုစစ်မေးခြင်းနှင့် သက်သေခံစာတမ်းအမှတ်အသားများကို တင်ပြစေခြင်းတို့ပြုနိုင်သည်။

အလုပ်ဌာန ပြောင်းလဲလုပ်ကိုင်သော်လည်း ဆက်လက်အကျုံးဝင်ခွင့်ရှိခြင်း

၅၀။ ဥပဒေနှင့်အကျုံးဝင်သော ပုဂ္ဂလိကပိုင်လုပ်ငန်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့သော အာမခံထား သူသည်-

(က) ဥပဒေနှင့်အကျုံးဝင်သော အခြားပုဂ္ဂလိကပိုင်လုပ်ငန်းဌာန သို့မဟုတ် ဥပဒေနှင့်အကျုံးဝင်သော နိုင်ငံပိုင် လုပ်ငန်းဌာနတစ်ခုခုသို့ ပြောင်းရွှေ့လုပ်ကိုင်ပါက ဥပဒေနှင့်အညီ ဆက်လက်အကျုံးဝင်သက် ဆိုင် စေရမည်။

(ခ) ဥပဒေနှင့်အကျုံးမဝင်သော အခြားလုပ်ငန်းဌာနသို့ဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်လုပ်ငန်းသို့ဖြစ်စေ ပြောင်းလဲလုပ်ကိုင်ခဲ့ပြီးနောက် မိမိဆန္ဒအလျောက် အာမခံထားသူအဖြစ် ဥပဒေနှင့်အညီ ဆက်လက်ရပ် တည်လိုပါက မိမိ၏ လုပ်ခဝင်ငွေကို ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ကဖြစ်စေ ဒေသအလိုက် ကြေညာထားသော အနိမ့်ဆုံးလုပ်ခဝင်ငွေအောက် မနည်းသည့် လုပ်ခဝင်ငွေအ ဖြစ် ဖော်ပြ၍ ဆက်လက်အကျုံးဝင်လိုသော အာမခံစနစ်သို့ အလုပ်ရှင်နှင့် အလုပ်သမား ထည့်ဝင်ကြေး ကို ပေးဆောင်ပြီး မိမိဆန္ဒအလျောက် အာမခံထားသူအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိသည်။

၅၁။ ဥပဒေနှင့်အကျုံးဝင်သောနိုင်ငံပိုင်လုပ်ငန်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့သော အာမခံထားသူသည်-

(က) ဥပဒေနှင့်အကျုံးဝင်သော နိုင်ငံပိုင်အခြားလုပ်ငန်းဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ပါက ဥပဒေနှင့်အညီ ဆက်လက်အကျုံးဝင်သက်ဆိုင်စေရမည်။

(ခ) ဥပဒေနှင့်အကျုံးမဝင်သော အခြားလုပ်ငန်းဌာနသို့ဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်လုပ်ငန်းသို့ဖြစ်စေ ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီးနောက် မိမိဆန္ဒအလျောက် အာမခံအလုပ်သမားအဖြစ် ဥပဒေနှင့်အညီ ဆက်လက်ရပ်တည်လိုပါက နည်းဥပဒေ ၅၀ နည်းဥပဒေခွဲ (ခ) နှင့်အညီ ဆက်လက်ရပ်တည်ခွင့်ရှိသည်။

(ဂ) ဥပဒေနှင့်အကျုံးဝင်သော ပုဂ္ဂလိကပိုင်လုပ်ငန်းဌာနတစ်ခုခုသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါက ဥပဒေနှင့် အညီဆက်လက်အကျုံးဝင်သက်ဆိုင်စေရမည့်အပြင် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက် ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်နှင့် အလုပ်လက်မဲ့ အကျိုးခံ စားခွင့်အာမခံစနစ်တို့နှင့်ပါ သက်ဆိုင်စေရမည်။

(ဃ) အကျုံးဝင်သက်ဆိုင်သော လုပ်ငန်းဌာနတစ်ခုခုသို့ ဝင်ရောက်လုပ်ကိုင်ခြင်း သို့မဟုတ် မိမိ၏အလုပ် ဌာနသည် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင်ခြင်းများ ဖြစ်လာပါက ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်အကျုံးဝင်သက်ဆိုင်စေရမည်။

ဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရှိသူများ

၅၂။ ဥပဒေနှင့်အညီမှတ်ပုံတင်ထားသော အာမခံထားသူသည် အကျိုးခံစားခွင့် အမျိုးအစားတစ်ခုချင်း စီအတွက် သတ်မှတ်ချက်များနှင့်ညီညွတ်လျှင် သက်ဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်။

ဥပဒေနှင့်အကျုံးဝင်သက်ဆိုင်ခြင်းမှ ရပ်ဆိုင်းခြင်း

၅၃။ (က) ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော အာမခံထားသူသည် ထည့်ဝင်ကြေးကို ၃၆ လနှင့်အထက် တစ်ဆက်တည်းပေးသွင်းရန် ပျက်ကွက်လျှင် ဥပဒေပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင်ခြင်းမှ ယာယီရပ်ဆိုင်းသည်။

(ခ) နည်းဥပဒေခွဲ (က)ပါယာယီရပ်ဆိုင်းခြင်းခံရသူသည် ဥပဒေနှင့်အကျုံးဝင်သော အလုပ်ဌာနတစ် ခုခုတွင် အလုပ်ပြန်လည်ဝင်ရောက်ပြီး ထည့်ဝင်ကြေးများ ပြန်လည်ထည့်ဝင်သည့် နေ့မှစ၍ဖြစ်စေ၊ မိမိဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများ ပြန်လည်ထည့်ဝင်သည့် နေ့မှစ၍ဖြစ်စေ ဥပဒေ ပါပြဋ္ဌာန်း ချက်များနှင့် အကျုံးဝင်သက်ဆိုင်စေရမည့်အပြင် ယခင်ပေးသွင်းခဲ့သော ထည့်ဝင်ကြေး သက်တမ်းများ နှင့် ဆက်စပ်ခွင့်ရှိစေရမည်။

(ဂ) ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု၊ သက်ပြည့် အငြိမ်းစားနှင့်ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်မှ အကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ထုတ်ယူ ခံစားပြီးသည့်အခါတွင်ဖြစ်စေ၊ အာမခံထားသူအဖြစ်မှ နုတ်ထွက်သည့် အခါတွင်ဖြစ်စေ၊ သေဆုံးသည့်အ ခါတွင်ဖြစ်စေ ဥပဒေပြဋ္ဌာန်းချက်များနှင့်အကျုံးဝင်သက်ဆိုင်ခြင်းမှ ရပ်စဲသည်။

 

အခန်း (၅)

ထည့်ဝင်ကြေးများ

လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများ

၅၄။(က)အလုပ်ရှင်သည် အာမခံထားသူများအား ဆေးကုသပေးရန်၊ အာမခံထားသူနှင့် ထိုသူသေဆုံးပြီး နောက် ကျန်ရစ်သော မှီခိုသူများအား ဥပဒေနှင့်အညီ လူမှုဖူလုံရေးအကျိုးခံစားခွင့်များပေးရန်၊ ဥပဒေ အရ ဆောင်ရွက်ရမည့် အခြားလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို ကျခံရန်နှင့် စီမံခန့်ခွဲမှုအတွက် ကုန်ကျသည့်စရိတ်များကို ကျခံရန်အလို့ငှာ အလုပ်ရှင်နှင့် အလုပ်သမားတို့က လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများကို သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဖြစ်စေ၊ မြို့နယ် လူမှု ဖူလုံရေးရုံးများက ဖွင့်လှစ်ထားသော ဘဏ်ငွေစာရင်းသို့ ဖြစ်စေ လစဉ် ပေးသွင်းရမည်။

(ခ) မိမိဆန္ဒအလျောက် အာမခံထားသူသည် သက်ဆိုင်ရာ လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများကို နည်းဥပဒေခွဲ (က)ပါ အတိုင်း လစဉ်ပေးသွင်းရမည်။

၅၅။ လူမှုဖူလုံရေးစနစ်နှင့်သက်ဆိုင်သည့် လုပ်ငန်းဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားတို့က ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) ပါလူမှုဖူလုံရေးရန်ပုံငွေသို့ အာမခံထားသူ၏ တစ်လအတွက် လုပ်ခဝင်ငွေအပေါ် မူတည်၍ ပေးသွင်းရမည့် ထည့်ဝင်ကြေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ အောက်ပါအတိုင်း ပေးသွင်းရမည်-

(၁) အာမခံထားသူသည် စတင်မှတ်ပုံတင်သည့်အချိန်တွင် အသက် ၆၀ နှစ်အတွင်းဖြစ်ပါက အလုပ်ရှင် က နှစ်ရာခိုင်နှုန်း၊ အလုပ်သမားက နှစ်ရာခိုင်နှုန်း၊ စုစုပေါင်း လေးရာခိုင်နှုန်း၊

(၂) အာမခံထားသူသည် စတင်မှတ်ပုံတင်သည့်အချိန်တွင် အသက် ၆၀ နှစ်အထက်ဖြစ်ပါက အလုပ် ရှင်က ၂.၅ ရာခိုင်နှုန်း၊ အလုပ်သမားက ၂.၅ ရာခိုင်နှုန်း၊ စုစုပေါင်း ငါးရာခိုင်နှုန်း၊

(ခ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ အလုပ်ရှင်က သုံးရာခိုင်နှုန်းနှင့် အလုပ်သမားက သုံးရာခိုင်နှုန်း၊ စုစုပေါင်း ခြောက်ရာခိုင်နှုန်း၊

(ဂ) အလုပ်လက်မဲ့အကျိုးခံစားခွင့် ရန်ပုံငွေသို့ အလုပ်ရှင်က တစ်ရာခိုင်နှုန်းနှင့် အလုပ်သမားက တစ်ရာခိုင် နှုန်း၊ စုစုပေါင်း နှစ်ရာခိုင်နှုန်း၊

(ဃ) လူမှုဖူလုံရေးအိမ်ရာစီမံကိန်းရန်ပုံငွေသို့ အလုပ်သမားက အနည်းဆုံး ၂၅ ရာခိုင်နှုန်း။

၅၆။ အလုပ်ရှင်သည်-

(က) နည်းဥပဒေ၅၅၊ နည်းဥပဒေခွဲ (က) အရ ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထား များကို ဥပဒေ စတင်အာဏာတည်သည့်နေ့ရက်မှစ၍ ပေးသွင်းရမည်။

(ခ) နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)နှင့် (ဃ)တို့တွင် ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင် ကြေးနှုန်းထားများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်းပြီး ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့်နေ့ရက်မှစ၍ ထည့်ဝင်ကြေး များကို ပေးသွင်းရမည်။

အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေသို့ပေးသွင်းရမည့် ထည့်ဝင်ကြေးများ

၅၇။ အလုပ်ရှင်သည် အာမခံထားသူများအား ဆေးကုသပေးရန်၊ အာမခံထားသူနှင့် ထိုသူသေဆုံးပြီး နောက် ကျန်ရစ်သော မှီခိုသူများအား ဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်များပေးရန်၊ ဥပဒေအရ ဆောင်ရွက်ရမည့်အခြားလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို ကျခံရန်နှင့် စီမံခန့်ခွဲမှုအ တွက် ကုန်ကျသည့်စရိတ်များကို ကျခံရန်အလို့ငှာ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးများကို သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ဖြစ်စေ၊ မြို့နယ်လူမှုဖူလုံရေးရုံးများက ဖွင့်လှစ်ထားသော ဘဏ်ငွေစာရင်းသို့ဖြစ်စေ လစဉ်ပေးသွင်းရမည်။

၅၈။ လူမှုဖူလုံရေးအဖွဲ့သည် လုပ်ငန်းဌာနများအား အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် နှင့်သက်ဆိုင်သည့် အလုပ်ရှင်ထည့်ဝင်ကြေးကို သတ်မှတ်ကောက်ခံနိုင်ရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က)  စတင်အကျုံးဝင်မှတ်ပုံတင်သော လုပ်ငန်းဌာနများကို အခြေခံထည့်ဝင်ကြေးနှုန်းအဖြစ် အာမခံ ထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ တစ်ရာခိုင်နှုန်းသတ်မှတ်ရမည်။

(ခ) နည်းဥပဒေခွဲ (က)ပါ လုပ်ငန်းဌာန၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံ စားခွင့်ခံစားသူဦးရေနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် တစ်နှစ်အတွင်း အဆိုပါလုပ်ငန်းဌာနရှိ အာမခံထားသူ အလုပ်သမားဦးရေ၏ ငါးရာခိုင်နှုန်းအောက် ဖြစ်ပေါ်ခဲ့ပါက အဆို ပါလုပ်ငန်းဌာနကို နည်းဥပဒေခွဲ (က)ပါ နှုန်းအတိုင်း ဆက်လက်သတ်မှတ်ကောက်ခံရမည်။

(ဂ) နည်းဥပဒေခွဲ (က)နှင့် (ခ)ပါ လုပ်ငန်းဌာန၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ခံစားသူဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် တစ်နှစ် အတွင်း အောက်ပါအတိုင်းဖြစ်ပေါ်ခဲ့ပါက အဆိုပါ လုပ်ငန်းဌာနအား ထိုကဲ့သို့ ဆက်လက်မဖြစ်ပေါ်စေ ရန် သတိပေးအကြောင်းကြားရမည်-

(၁) အလုပ်သမားဦးရေ ၅၀ အောက်ရှိသော အလုပ်ဌာနသည် အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်ခံစားသူဦးရေနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ခံစားသူဦးရေသည် နှစ်ဦးနှင့် အထက်ရှိခြင်း၊

(၂) အလုပ်သမားဦးရေ ၅၀ နှင့် အထက်ရှိသော အလုပ်ဌာနမှ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ခံစားသူဦးရေ နှစ်ရပ်ပေါင်း သည် အာမခံထားသူ အလုပ်သမားဦးရေ၏ ငါးရာခိုင်နှုန်းနှင့်အထက်ရှိခြင်း။

(ဃ) နည်းဥပဒေခွဲ (ဂ) ပါ လုပ်ငန်းဌာန၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည်နောက်တစ်နှစ် တွင် နည်းဥပဒေခွဲ (ဂ)ပါ သတ်မှတ်ချက်ထက် ဆက်လက်ကျော်လွန်နေပါက အဆိုပါလုပ်ငန်းဌာန အတွက် ထည့်ဝင်ကြေးကို အာမခံထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ ၁.၅ ရာခိုင်နှုန်းဖြင့် တိုးမြှင့် သတ်မှတ်ကောက်ခံရမည်။

(င) နည်းဥပဒေခွဲ (ဃ)ပါ ထည့်ဝင်ကြေးတိုးမြှင့်သတ်မှတ်ကောက်ခံနေသော လုပ်ငန်းဌာနများတွင် တစ်နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ခံစားသူဦးရေနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ခံစားသူဦးရေ နှစ်ရပ်ပေါင်းသည် နည်းဥပဒေခွဲ (ဂ)ပါ သတ်မှတ်အရေအတွက်အောက် ပြန်လည်ရောက်ရှိပါက အဆိုပါလုပ်ငန်းဌာနကို အာမခံထားသူက တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေ၏ တစ်ရာခိုင်နှုန်းသို့ ပြန်လည်လျှော့ချသတ်မှတ်ရမည်။

၅၉။ (က) အလုပ်ရှင်သည် နည်းဥပဒေ ၅၈၊ နည်းဥပဒေခွဲ (က)အရ ပေးသွင်းရန် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းထားများကို ဥပဒေစတင်အာဏာတည်သည့်နေ့ရက်မှစ၍ ပေးသွင်းရမည်။

(ခ) မိမိဆန္ဒအလျောက် အာမခံထားရှိလိုသည့် အလုပ်ဌာနများသည် နည်းဥပဒေ ၅၈ပါ ထည့်ဝင် ကြေးနှုန်းများအတိုင်း အလုပ်ရှင်ထည့်ဝင်ကြေးကို ပေးသွင်း၍  အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်ကို ခံစားခွင့် ရှိသည်။

ထည့်ဝင်ကြေးသတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ရမည့် လုပ်ခဝင်ငွေများ

၆၀။ (က) ထည့်ဝင်ကြေးသတ်မှတ်ရာတွင် အာမခံထားသူ၏ တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေစုစု ပေါင်းကို ထည့်သွင်းတွက်ချက်ရမည်။ အဆိုပါလုပ်ခဝင်ငွေသည် အနည်းဆုံးအခကြေးငွေ ဥပဒေအရ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းများ သို့မဟုတ် ပြည်ထောင်စုအစိုးရက ဖြစ်စေ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရကဖြစ်စေ အခါအားလျော်စွာ ဒေသအလိုက် ထုတ်ပြန်သော အနည်းဆုံးလုပ်ခ သတ်မှတ်ချက်များအောက် မလျော့စေရ။ ထို့ပြင် ထည့်ဝင်ကြေးငွေသတ်မှတ်ရန်အလို့ငှာ တစ်လအတွက် အများဆုံးလုပ်ခဝင်ငွေသည် အနည်းဆုံးအခကြေးငွေဥပဒေအရ သတ်မှတ်သည့် တစ်လအတွက်ရရှိသည့် အနည်းဆုံးအခကြေးငွေ၏ ခြောက်ဆထက်မကျော်စေရ။

(ခ) လုပ်ခမရရှိသည့် အလုပ်သင်နှင့် ပညာသင်များအတွက် ထည့်ဝင်ကြေးငွေ ပေးဆောင်ရန် လုပ်ခဝင် ငွေအဖြစ် အနည်းဆုံးအခကြေးငွေဥပဒေအရ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်း သို့မဟုတ် ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရကဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန် သော အနည်းဆုံးလုပ်ခသတ်မှတ်ချက်များအတိုင်း သတ်မှတ်ရမည်။

(ဂ) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့တွင် ဖော်ပြထားသည့် ထည့်ဝင်ကြေးငွေအတွက် အလုပ်သမား၏ တစ်လလုပ်ခဝင်ငွေကို သတ်မှတ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်း၏သဘောသဘာဝအလျောက် စိုက်ထုတ် ကုန် ကျသည့်ငွေများနှင့် ခရီးစရိတ်များကို ပြန်လည်ထုတ်ပေးသည့်ငွေများမှတစ်ပါး အလုပ်သမား ၏ဝင်ငွေ အဖြစ် ဖော်ပြနိုင်သည့် ငွေ သို့မဟုတ် အကျိုးခံစားခွင့်များကို ထည့်သွင်း သတ်မှတ်ရမည်။ အဆိုပါ တစ်လ လုပ်ခဝင်ငွေဆိုသည့် စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-

(၁) အခြေခံလစာ သို့မဟုတ် အခြေခံအခကြေးငွေ၊

(၂) အပိုထောက်ပံ့ကြေး၊

(၃) အချိန်ပိုလုပ်ခ၊

(၄) အလုပ်ရှင်က အလုပ်သမားအား လစဉ် အပိုဆောင်းပေးသည့် အခြားအခကြေးငွေများ။

(ဃ) အလုပ်ရှင်သည် မိမိအလုပ်သမားများအတွက် တည်ထောင်ထားသည့် ငွေစုငွေချေးရန်ပုံငွေ၊ ပင်စင် ရန်ပုံငွေ သို့မဟုတ် အခြားရန်ပုံငွေတစ်ရပ်ရပ်သို့ ထောက်ပံ့ကြေးပေးရလျှင်ဖြစ်စေ၊ ဆေးကုသရေးအစီအ စဉ်များ စီမံထားရှိလျှင်ဖြစ်စေ ဥပဒေအရ ပေးဆောင်ရန်တာဝန်ရှိသော ထည့်ဝင်ကြေးငွေများမှ အဆိုပါ ထောက်ပံ့ကြေးများ၊ စရိတ်များကို နုတ်ယူနိုင်ခွင့်မရှိစေရ။

ထည့်ဝင်ကြေးသတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်း မပြုရမည့်ဝင်ငွေများ

၆၁။ အလုပ်ရှင်သည်-

(က) အာမခံထားသူခံစားခွင့်ရှိသော မကျန်းမာမှုအကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊ ယာယီမသန် စွမ်းမှုအကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်စသည့် ငွေကြေးအကျိုးခံစားခွင့်များကို ထည့်ဝင်ကြေးသတ်မှတ်ရန်အလို့ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်း တွက်ချက်ခြင်းမပြုရ။

(ခ) အာမခံထားသူအား နည်းဥပဒေခွဲ (က)ပါ အကျိုးခံစားခွင့်ရရှိသည့်ကာလအတွက် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အလုပ်ခန့်ထားမှု သဘောတူညီချက်အရဖြစ်စေ အလုပ်ရှင်က ပေးသည့်ငွေများကို ထည့်ဝင်ကြေးသတ်မှတ်ရန်အလို့ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

(ဂ) အာမခံထားသူသို့ပေးသော လုပ်သက်ဆုကြေးငွေများ၊ နှစ်စဉ်ပေးသောဆုကြေးငွေများ၊ ဘာသာရေး လူမှုရေးပွဲတော်များအတွက် ပေးသောထောက်ပံ့ကြေးများ၊ အလုပ်ထုတ်နစ်နာကြေးများကို ထည့်ဝင် ကြေးသတ်မှတ်ရန်အလို့ငှာ လုပ်ခဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

ထည့်ဝင်ကြေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်း

၆၂။ (က) မြို့နယ်လူမှုဖူလုံရေးရုံးသည် နည်းဥပဒေ ၅၈ နှင့်အညီ လုပ်ငန်းဌာနများအားအလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်နှင့် သက်ဆိုင်သည့် အလုပ်ရှင်ထည့်ဝင်ကြေးကို ပြင်ဆင်သတ်မှတ် ကောက်ခံနိုင်ရေးအတွက် အချက်အလက်အထောက်အထားနှင့်တကွ လူမှုဖူလုံရေးရုံးချုပ်သို့ နှစ်စဉ် ဇန်နဝါရီလတွင် တင်ပြရမည်။

(ခ) လူမှုဖူလုံရေးရုံးချုပ်သည် နည်းဥပဒေ ၅၈ နှင့်အညီ လုပ်ငန်းဌာနများအား အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့်သက်ဆိုင်သည့် အလုပ်ရှင်ထည့်ဝင်ကြေးကို ပြင်ဆင်သတ်မှတ်ကောက် ခံနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။ ထိုဆုံးဖြတ် ချက်ကို သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။

(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးသည် လုပ်ငန်းဌာနများအား အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံ စနစ်နှင့်သက်ဆိုင်သည့် အလုပ်ရှင်ထည့်ဝင်ကြေး ပြင်ဆင်သတ်မှတ်သည့်ကိစ္စကို သက်ဆိုင်ရာလုပ်ငန်း ဌာနသို့ နှစ်လကြိုတင်၍ အသိပေးအကြောင်းကြားရမည်။

ထည့်ဝင်ကြေးငွေများပေးသွင်းခြင်း

၆၃။ ပြက္ခဒိန်လသည် ထည့်ဝင်ကြေးငွေအတွက် လစဉ် လုပ်ခဝင်ငွေသတ်မှတ်ရာတွင် အခြေခံကာလ အပိုင်းအခြားဖြစ်သည်။

၆၄။ အလုပ်ရှင်သည်-

(က) ပြက္ခဒိန်လအတွင်းအာမခံထားသူက အခကြေးငွေဖြင့်အနည်းဆုံး တစ်ရက်မျှ အလုပ်လုပ်ကိုင် ခဲ့လျှင် ယင်းအာမခံထားသူအတွက် ထည့်ဝင်ကြေးငွေကို ပေးသွင်းရမည်။

(ခ) အာမခံထားသူ၏ တစ်လအတွင်းရရှိသော လုပ်ခဝင်ငွေအပေါ် အခြေပြု၍ နည်းဥပဒေ၅၅တွင် သတ်မှတ်ထားသော ထည့်ဝင်ကြေးနှုန်းများအရ အာမခံထားသူက ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေကို ထိုသူ၏ လုပ်ခဝင်ငွေမှ နုတ်ယူပြီး နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ မိမိက ပေးသွင်းရမည့် ထည့်ဝင်ကြေး ငွေများနှင့်အတူ သက်ဆိုင်ရာ လကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင် ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ဖြစ်စေ၊ မြို့နယ်လူမှုဖူလုံရေးရုံးက ဖွင့်လှစ်ထားသောဘဏ်ငွေစာရင်းသို့ ဖြစ်စေ လစဉ် ပေးသွင်းရမည်။

(ဂ) အာမခံထားသူက နည်းဥပဒေ ၅၅ တွင် သတ်မှတ်ထားသော လူမှုဖူလုံရေးရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးငွေထက် ပိုမို၍ ထိုသူ၏ လုပ်ခဝင်ငွေမှ ဖြတ်တောက်ခြင်းမပြုရ။

(ဃ) လူမှုဖူလုံရေးရုံး၏ ငွေစာရင်းသို့ ထည့်ဝင်ကြေးငွေပေးသွင်းရာတွင် လိုအပ်သော စာရင်းဇယားများ ကိုပါ တင်ပြရမည်။

၆၅။ (က) အလုပ်ရှင်သည်-

(၁) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့ပါ ထည့်ဝင်ကြေးများကို နည်းဥပဒေ ၆၄ နည်းဥပဒေခွဲ (ခ)ပါ သတ်မှတ် ကာလအတွင်း ပေးသွင်းရန် ပျက်ကွက်လျှင် ထည့်ဝင်ကြေးအပြင် ပျက်ကွက်ကြေးအဖြစ် ပျက်ကွက် သည့်ရက် အသီးသီးအတွက် တစ်လလျှင် ထည့်ဝင်ကြေး၏ ၁၀ ရာခိုင်နှုန်းကို ထပ်ဆောင်းပေးသွင်းရ မည်။ ထို့ပြင် ထည့်ဝင်ကြေးပေးသွင်းရန် ဆက်လက်၍ ပျက်ကွက်နေလျှင် ပျက်ကွက်သည့်ရက်အသီးသီး အတွက် ဖော်ပြပါပျက်ကွက်ကြေးကို ထပ်ဆောင်းပေးသွင်းရမည်။

(၂) အလုပ်သမား၏လုပ်ခကို လျှော့ပြပြီး ပေးသွင်းရမည့် ထည့်ဝင်ကြေးကို လျှော့၍ ပေးသွင်းလျှင် သော်လည်းကောင်း၊ အလုပ်သမားဦးရေကို ထိမ်ချန်၍ ထည့်ဝင်ကြေးပေးသွင်းလျှင်သော်လည်းကောင်း၊ အလုပ်သမား၏ လုပ်ခထဲမှ နုတ်ယူထားသည့် ထည့်ဝင်ကြေးကိုပေးသွင်းရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ နည်းဥပဒေခွဲငယ် (၁)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပျက်ကွက်သည့်လအတွက် လျော့ နည်းသည့်ထည့်ဝင်ကြေး သို့မဟုတ် နုတ်ယူထားသည့် ထည့်ဝင်ကြေးတို့အပြင် ပျက်ကွက်ကြေးအဖြစ် လျော့နည်း၍ ပေးသွင်းထားသည့် ထည့်ဝင်ကြေးအပေါ် တစ်လလျှင် ၁၀ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံး၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ ထိုသို့ပေးသွင်းရန် ဆက်လက်၍ ပျက်ကွက် နေလျှင် ပျက်ကွက်သည့်ရက်အသီးသီးအတွက် ဖော်ပြပါပျက်ကွက်ကြေးကို ထပ်ဆောင်းပေးသွင်းရမည်။

(ခ) သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသည် အလုပ်ရှင်က နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ ပေးသွင်းရန် ရှိသော ထည့်ဝင်ကြေးကို နည်းဥပဒေ ၆၄၊ နည်းဥပဒေခွဲ (ခ)နှင့်အညီ ပေးသွင်းခြင်းမပြုပါက အဆိုပါ ထည့်ဝင်ကြေးနှင့် ပျက်ကွက်ကြေးတို့ကို ဖော်ပြ၍ သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းရန် သက်ဆိုင် ရာအလုပ်ရှင်ထံသို့ အကြောင်းကြားရမည်။

၆၆။ အလုပ်ရှင်သည်-

(က) နည်းဥပဒေ ၅၅ နှင့် ၅၈ တို့အရ ထည့်ဝင်ကြေးများ ပေးသွင်းရာတွင် သတ်မှတ်ထားသော ထည့်ဝင် ကြေးစာရင်း (ပုံစံ-၁၃)တွင် အာမခံထားသူအားလုံးအတွက် ပြည့်စုံစွာ ဖြည့်စွက်ရေးသား၍ မှန်ကန် ကြောင်း တာဝန်ယူလက်မှတ်ရေးထိုးလျက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ ပေးပို့ရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ ထည့်ဝင်ကြေးစာရင်းကို မိမိ၏လုပ်ငန်းဌာနရှိ အလုပ်သမားများမြင်သာ သော နေရာတွင် လစဉ်ကပ်ထားရမည်။

 

အခန်း (၆)

ဆေးကုသမှု

ဆေးကုသမှု၏ရည်ရွယ်ချက်

၆၇။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူတို့၏ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်၊ ရောဂါကြို တင် ကာကွယ်နိုင်ရန်၊ ကုသနိုင်ရန်၊ ကျန်းမာရေးပြန်လည်ထူထောင်ပေးရန်နှင့် စွမ်းအားပြည့် ပြန်လည် အလုပ် လုပ်နိုင်စေရန် ဆေးကုသမှုကို စီမံထားရှိရမည်။

ဆေးကုသမှုအခွင့်အရေး

၆၈။ (က) အာမခံထားသူသည် ရောဂါတစ်မျိုးအတွက် စတင်ဆေးကုသမှုခံယူသည့်အချိန်တွင် အောက် ဖော်ပြပါ သတ်မှတ်ချက်များနှင့်ညီညွတ်လျှင် ဆေးကုသမှုခံယူခွင့်နှင့် ဆေးသက်သေခံလက်မှတ်ရခွင့် ရှိသည်-

(၁) မှတ်ပုံတင်ကာလတစ်လအတွင်းသာဖြစ်သဖြင့် ထည့်ဝင်ကြေးမပေးသွင်းရသေးသူ၊

(၂) မှတ်ပုံတင်ကာလနှစ်လရှိပြီး ထည့်ဝင်ကြေး အနည်းဆုံး တစ်လပေးသွင်းထားသူ၊

(၃) မှတ်ပုံတင်ကာလ သုံးလရှိပြီး ထည့်ဝင်ကြေး အနည်းဆုံး နှစ်လပေးသွင်းထားသူ၊

(၄) မှတ်ပုံတင်ကာလ သုံးလ အထက်ရှိပြီး နောက်ဆုံးကပ်လျက် သုံးလအတွင်း ထည့်ဝင်ကြေးအနည်း ဆုံး နှစ်လပေးသွင်းသူ၊

(၅) နည်းဥပဒေခွဲငယ် (၂)၊ (၃) နှင့် (၄)တို့တွင် ဖော်ပြထားသည့် ထည့်ဝင်ကြေးပေးသွင်းရန် သတ်မှတ် ထားသည့် ကာလကို ရေတွက်ရာတွင် မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်ခွင်မှအလုပ်လက်မဲ့ဖြစ်မှုနှင့် ယာယီ မသန်စွမ်းမှုငွေကြေးအကျိုးခံစားခွင့်ကို လအပြည့်ခံစားနေခြင်း သို့မဟုတ် လစာမဲ့ခွင့်ကို လအပြည့် ခံစားနေခြင်းကြောင့် ထည့်ဝင်ကြေးမပေးသွင်းနိုင်သည့် ကာလများကို ထည့်သွင်းရေတွက်ခွင့်ရှိသည်။

(ခ) အငြိမ်းစားသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မကျန်းမာမှုဖြစ်လျှင် ဤနည်းဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိသည်။

၆၉။ (က) လူမှုဖူလုံရေးအဖွဲ့သည် ဆေးကုသမှုပေးရာတွင် အာမခံထားသူတို့၏ အလုပ်အကိုင်၊ ရောဂါ အမျိုးအစားနှင့် အမျိုးသား၊ အမျိုးသမီး စသည်တို့အပေါ် မူတည်၍ ခွဲခြားခြင်းမပြုဘဲ တန်းတူအခွင့် အရေးပေးရမည်။

(ခ) လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများ ဆေးကုသမှုခံယူနိုင်ရေးအတွက် လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းများ ထားရှိရမည့်အပြင် နိုင်ငံပိုင်ဆေးရုံ၊ ဆေးခန်းများနှင့်ဖြစ်စေ၊ ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများ ဆေးဆိုင်များနှင့်ဖြစ်စေ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်သည်။

(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးသည် အာမခံထားသူများ ဆေးကုသမှုခံယူနိုင်ရေးအတွက် ထိုသူတို့နေထိုင်ရာ အရပ်ဒေသနှင့် အနီးဆုံးဖြစ်သည့် နည်းဥပဒေခွဲ (ခ)ပါ ဆေးရုံ၊ ဆေးခန်းများကို သတ်မှတ်ပေးရမည်။

(ဃ) လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူများအား လူမှုဖူလုံရေးဆေးရုံ ဆေးခန်းများတွင် ဆေးကုသမှု ပေးရာတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူရာတွင်ဖြစ်စေ ဆေးကုသခြင်းနှင့် စပ်လျဉ်းသည့် ကုန်ကျ စရိတ်ကို ပြန်လည်ထုတ်ပေးရန်အတွက် ထည့်ဝင်ကြေးကာလအပေါ်မူတည်၍လည်းကောင်း၊ ဆေးကုသ ခွင့်ကာလသတ်မှတ်၍လည်းကောင်း၊ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အကြံပြုချက်နှင့်အညီ ရောဂါ အမျိုးအစားအပေါ် မူတည်၍ လည်းကောင်း ညွှန်ကြားချက်များ ထုတ်ပြန်သတ်မှတ်နိုင်သည်။

၇၀။ အာမခံထားသူသည်-

(က) မကျန်းမာမှုဖြစ်နေစဉ်အတောအတွင်းလူမှုဖူလုံရေးဆေးရုံများ၊ ဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသော နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံနှင့် ဆေးခန်းများတွင် ဆေးကုသမှုခံ ယူခွင့်နှင့် ဆေးကုသရာတွင် အထောက်အကူပြုနိုင်ရန် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုခံယူခွင့်ရှိသည်။

(ခ) လူမှုဖူလုံရေးဆေးရုံများတွင် ဆေးကုသမှုခံယူပါက ဆေးကုသခြင်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ် များကို ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အကြံပြုချက်ရယူ၍ လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်သည့် အတိုင်း ခံစားခွင့်ရှိသည့်အပြင် အခမဲ့နေထိုင်စားသောက်ခွင့်နှင့် သူနာတင်ယာဉ်အသုံးပြုခွင့်ကိုလည်း ခံစားခွင့်ရှိသည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့နှင့်သဘောတူစာချုပ်ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်း များတွင် ဆေးကုသမှုခံယူပါက ဆေးကုသခြင်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို ဆေးဘက်ဆိုင် ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်ရယူ၍ လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်သည့် အတိုင်းခံစားခွင့်ရှိသည်။

မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးကုသခွင့်ကာလ

၇၁။ (က) နည်းဥပဒေခွဲ (ခ)နှင့် (ဂ)တို့တွင် ဖော်ပြရည်ညွှန်းထားသည့် အခြေအနေများမှတစ်ပါး အာမခံ ထားသူသည် ဆေးစတင်ကုသသည့်နေ့မှစ၍ အများဆုံး ရက်သတ္တပတ် ၂၆ ပတ်ထိ ဆေးကုသမှုခံယူခွင့် ရှိသည်။

(ခ) ဆေးကုသမှုခံစားခွင့်ကာလ ရက်သတ္တပတ် ၂၆ ပတ်အတွင်းမီးဖွားမှု သို့မဟုတ် အလုပ်တွင် ထိခိုက်မှု ကြောင့် ဆေးကုသမှုခံယူရန် အခြေအနေပေါ်ပေါက်လာလျှင် အဆိုပါ ဆေးကုသမှုများကို မူလဆေးကုသ မှု ကာလနှင့် တစ်ဆက်တစ်စပ်တည်းခံယူခွင့်ရှိသည်။

(ဂ) ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသည့် အမျိုးသားကျန်းမာရေးကိုထိခိုက်နိုင်သော ရောဂါ များ၊ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသော အရေးကြီးသည့် ရောဂါများ၊ ဆေးကုသမှုရပ်စဲလိုက်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်သော ရောဂါများအတွက် ဆေးကုသပေးနေသည့် အထူးကုဆရာဝန်ကြီး၏ ထောက်ခံချက်နှင့် ဆေးဘက်ဆိုင်ရာတာဝန်ခံအရာရှိ ၏ ဆက်လက်ထောက်ခံတင်ပြချက်တို့အရ လူမှုဖူလုံရေးအဖွဲ့က အထူးကိစ္စတစ်ရပ်အဖြစ် ခွင့်ပြုချက် ဖြင့် အများဆုံးဆေးကုသခွင့်ရှိသော အချိန်ကာလကို ရက်သတ္တပတ် ၅၂ ပတ်အထိ သို့မဟုတ် လူမှုဖူလုံ ရေးအဖွဲ့က သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။

၇၂။ ရောဂါတစ်ခုတည်းကြောင့် ထပ်မံဖြစ်ပေါ်သည့် မကျန်းမာမှုသည် ပထမ မကျန်းမာမှုအတွက် ဆေးကုသမှုကို ရပ်စဲပြီးနောက်-

(က) ရက်သတ္တပတ်ခြောက်ပတ်အတွင်း ထပ်မံဖြစ်ပေါ်လျှင် နည်းဥပဒေ ၇၁ နည်းဥပဒေခွဲ (က)တွင် သတ်မှတ်ထားသည့် ရက်သတ္တပတ် ၂၆ ပတ်အချိန်ကာလကို ရေတွက်ရန် အလို့ငှာ နောက်ထပ်ဖြစ်ပေါ် သောမကျန်းမာမှုသည် ယခင်ကဖြစ်ခဲ့သော မကျန်းမာမှုနှင့် တစ်ဆက်တည်းဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) ရက်သတ္တပတ်ခြောက်ပတ် ကုန်ဆုံးပြီးမှ မကျန်းမာမှုထပ်မံဖြစ်ပေါ်လျှင် ဆေးကုသခွင့်ရှိသည့် အချိန် ကာလကို အသစ်ထပ်မံရေတွက်ရမည်။

(ဂ) ရောဂါတစ်မျိုးအတွက် ဆေးကုသမှုခံယူနေစဉ် အာမခံထားသူ၌ အခြားရောဂါတစ်မျိုးဖြစ်ပေါ်လာ လျှင် ထိုအာမခံထားသူသည် အခြားရောဂါနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၇၁ တွင် ဖော်ပြထားသည့် စည်း ကမ်းချက်များအရ ဆေးကုသမှုကာလ အပိုင်းအခြားအသစ်အတွက် ဆေးကုသမှုရရှိစေရမည်။

၇၃။ (က) အာမခံထားသူသည် မိမိသဘောအလျောက် အလုပ်မှ နုတ်ထွက်ခြင်းမဟုတ်ဘဲ အလုပ်ထုတ်ခံ ရခြင်းကြောင့်ဖြစ်စေ၊ အလုပ်အမြဲပိတ်သိမ်း၍ အလုပ်ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘော သဘာဝအရ ဝန်ထမ်းအင်အား လျှော့ချရန်လိုအပ်သည့်အခြေအနေကြောင့်ဖြစ်စေ ဥပဒေနှင့်အညီ အလုပ် ခွင်မှ အလုပ်လက်မဲ့ဖြစ်မှု ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိသည့် ကာလအတွင်း ဆေးကုသမှုခံယူ ခွင့်ရှိသည်။

(ခ) လူမှုဖူလုံရေးအဖွဲ့မှ အသိအမှတ်ပြုသည့် ဆရာဝန်သည် အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူအား နည်းဥပဒေခွဲ(က)ပါ ကာလထက်ကျော်လွန်၍ ဆက်လက်ဆေးကုသရန် လိုအပ်ပါက ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိထံ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး အလုပ်လက်မဲ့ကာလ ခြောက်လထက်မကျော်သော ကာလအထိ ဆေးကုသမှုပေးနိုင်သည်။

ဆေးကုသမှုအစီအစဉ်

၇၄။ လူမှုဖူလုံရေးအဖွဲ့ကပေးသော ဆေးကုသမှုသည် သင့်တင့်လျောက်ပတ်သော ကုန်ကျစရိတ်နှင့် အကျိုးရှိပြီး ထိရောက်သော ဆေးကုသမှုဖြစ်ရမည်။

၇၅။ (က) အာမခံထားသူသည် မကျန်းမာ၍ ဆေးကုသမှုခံယူလိုပါက သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသည့် လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားကို ယူဆောင်လျက် လူမှုဖူလုံရေးဆေးခန်း များ၊ လူမှုဖူလုံရေးဆေးရုံကြီးများနှင့် လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသော ဆေးရုံ၊ ဆေးခန်း များသို့ သွားရောက်ပြသ၍ ဆေးကုသမှုခံယူနိုင်သည်။

(ခ) လူမှုဖူလုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးဆေးရုံကြီးများနှင့် လူမှုဖူလုံရေးအ​ဖွဲ့နှင့် စာချုပ်ချုပ်ဆိုထား သော ဆေးရုံ၊ ဆေးခန်းများသည် အာမခံထားသူက လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားကို တင်ပြ လျှင် နည်းဥပဒေ ၆၈၊ နည်းဥပဒေခွဲ (က)နှင့်အညီ စိစစ်ပြီး ဆေးကုသမှုပေးရမည်။ အာမခံထားသူမှာ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားမရရှိသေးသူ သို့မဟုတ် အာမခံစိစစ်ရေးကတ်ပြားရရှိပြီးဖြစ်သော် လည်း ပျောက်ဆုံးသွားသူဖြစ်လျှင် အလုပ်ရှင် သို့မဟုတ် အာမခံထားသူက လူမှုဖူလုံရေးအာမခံစိစစ်ရေး အမှတ်ကိုဖြစ်စေ၊ အမည်၊ ဖခင်အမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ မွေးသက္ကရာဇ်တို့ကိုဖြစ်စေ မှန်ကန်စွာ တင်ပြနိုင်ခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းများရှိ ကွန်ပျူတာမှတ်တမ်းများနှင့်တိုက်ဆိုင် စစ်ဆေး၍ဖြစ်စေ၊ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးခွဲ သို့မဟုတ် လူမှုဖူလုံရေးရုံးချုပ်သို့ မေးမြန်း၍ဖြစ်စေ အာမခံထားသူဖြစ် ကြောင်း အတည်ပြုနိုင်ပါက ဆေးကုသမှုပေးနိုင်သည်။

(ဂ) နည်းဥပဒေခွဲ(ခ) အရ စစ်ဆေးအတည်ပြုရန် ဆောင်ရွက်နေစဉ်ကာလအတွင်း ထိုမကျန်းမာသူအား အရေးပေါ်ကုသမှုကို ဆောင်ရွက်ပေးရမည်။

(ဃ) တစ်ဆက်တည်းဖြစ်သော မကျန်းမာမှုတွင် ဆေးကုသမှုဆက်လက်ပေးရန် လိုအပ်ပါက အာမခံ ထားသူထံမှ နည်းဥပဒေခွဲ (က)ပါ အထောက်အထားများ တောင်းခံရန်မလို။

၇၆။ အာမခံထားသူကို ယေဘုယျအားဖြင့် နည်းဥပဒေ ၆၉ နည်းဥပဒေခွဲ (ဂ) အရ သတ်မှတ်ပေးထား သော ဆေးခန်းများတွင် ပြင်ပလူနာအဖြစ် ဆေးကုသပေးပြီး မကျန်းမာမှုအခြေအနေကြောင့်ဖြစ်စေ၊ အရေးကြီးသောအခြေအနေကြောင့်ဖြစ်စေ လိုအပ်ပါက လူမှုဖူလုံရေးဆေးရုံကြီးများသို့ စေလွှတ်၍ အတွင်းလူနာအဖြစ် ကုသပေးရမည်။

၇၇။ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်သည် မကျန်းမာသော အာမခံထားသူအား လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး-

(က) ဆေးနှင့်ဆေးညွှန်းများ ပေးရမည့်အပြင် လိုအပ်ပါက အထူးကုဆရာဝန်ကြီးများနှင့်ပြသရန်ဖြစ်စေ၊ ဆေးရုံတက်ရောက်၍ ကုသမှုခံယူရန်ဖြစ်စေ ညွှန်ကြားနိုင်သည်။

(ခ) အလုပ်လုပ်ကိုင်နိုင်ခြင်း ရှိ မရှိ ကို ဆုံးဖြတ်ရမည်။

(ဂ) အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိဟု ယူဆပါက အလုပ်ခွင်မှ အနားယူရန်နှင့် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေ ကြေးအကျိုးခံစားခွင့်များ ခံစားနိုင်ရန်အတွက် မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ် (ဆ-၁)ကို ထုတ်ပေးရမည်။

၇၈။ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည်-

(က) အာမခံထားသူ၏ ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်ရောက်ကုသရန် လိုအပ်လျှင် လူမှုဖူလုံ ရေး အဖွဲ့ပိုင် ဆေးရုံတွင်ဖြစ်စေ၊ ထိုသူ၏ဆန္ဒအရ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆို ထားသည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံတွင်ဖြစ်စေ အတွင်းလူနာအဖြစ် တက်ရောက်ကုသနိုင်ရန် စီစဉ်ပေးရ မည်။

(ခ) အောက်ပါအခြေအနေများတွင် အာမခံထားသူ၏ သဘောတူညီချက်ရယူရန်မလိုဘဲ ထိုသူအား ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူရန် စေလွှတ်နိုင်သည်-

(၁) အာမခံထားသူ၌ ကူးစက်တတ်သော ရောဂါဖြစ်နေခြင်း၊

(၂) ထိုသူ၏ မကျန်းမာမှုအခြေအနေသည် အခြားနည်းဖြင့် ပြုစုကုသရန် မဖြစ်နိုင်ခြင်း သို့မဟုတ် အဆက်မပြတ်ပြုစုကုသရန်လိုအပ်ခြင်း၊

(၃) ထိုမကျန်းမာသူသည် ဆရာဝန်၏ ဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန် အကြိမ် ကြိမ်ပျက်ကွက်ခြင်း။

၇၉။ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်ကထုတ်ပေးသော မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ် (ဆ-၁)တွင် အလုပ်လုပ်နိုင်မည်မဟုတ်ဟု ထင်မြင်ယူဆသည့် ကာလအပိုင်း အခြားကို သတ်မှတ်ခြင်း၊ အာမခံထားသူအား ပြန်လည်အလုပ်လုပ်နိုင်ခြင်း ရှိ မရှိကို ထပ်မံစစ်ဆေးရ မည့်နေ့ရက်သတ်မှတ်ခြင်း၊ ထိုသူ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မည့်နေ့ရက် သတ်မှတ်ခြင်းတို့ ပါဝင်ရမည်။

ဆေးဘက်ဆိုင်ရာ မှတ်တမ်းများ

၈၀။ အာမခံထားသူ၏ ဆေးကုသမှုနှင့်သက်ဆိုင်သည့် မှတ်တမ်း (ဆ-၅) ကို ထိုသူ ဆေးကုသမှုခံယူရာ လူမှုဖူလုံရေးဆေးခန်း၌ စနစ်တကျသိမ်းဆည်းထားရမည်။ အဆိုပါမှတ်တမ်း (ဆ-၅)တွင် အထူးသဖြင့် အောက်ပါအချက်များ ပါဝင်ရမည်-

(က) ဆေးခန်းသို့ လာရောက်သည့် ရက်စွဲနှင့်အကြိမ်ပေါင်း၊

(ခ) မတည့်သောဆေးအမျိုးအမည်၊

(ဂ) စမ်းသပ်တွေ့ရှိမှု အခြေအနေအကျဉ်းချုပ်၊

(ဃ) ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် မှတ်တမ်းအကျဉ်းချုပ်၊

(င) ရောဂါအမျိုးအမည်၊

(စ) ညွှန်ကြားသော ဆေးအမျိုးအမည်နှင့် ဆေးညွှန်းများ၊

(ဆ) ဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များ၊

(ဇ) ထိုသူအား ထုတ်ပေးထားသည့် မကျန်းမာမှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုတို့နှင့်စပ်လျဉ်းသည့် ဆေးသက်သေခံလက်မှတ်မှတ်တမ်းများ၊

(ဈ) ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် ဆေးဖိုး၊ခရီးစရိတ် စသည် ပြန်လည်ပေးအမ်း ခဲ့သည့် ကုန်ကျစရိတ်မှတ်တမ်းများ။

ဆေးကုသမှုကုန်ကျစရိတ် ကျခံသုံးစွဲခြင်း

၈၁။ (က) အာမခံထားသူသည် မကျန်းမာသည့်အခါ-

(၁) လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူခွင့်ရှိပြီး လူမှုဖူလုံရေးအဖွဲ့က သတ်မှတ် ချက်များနှင့်အညီ ခွင့်ပြုသော ဆေးကုသမှုကုန်ကျစရိတ်များကို ခံစားခွင့်ရှိသည်။

(၂) လူမှုဖူလုံရေးအဖွဲ့နှင့်စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူခွင့်ရှိပြီး ဆေးကုသမှုစရိတ်များကိုစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ အဆိုပါ ဆေးရုံ၊ ဆေးခန်းများမှ စိုက်ထုတ်သုံးစွဲရမည်။

(ခ) လူမှုဖူလုံရေးအဖွဲ့သည် နာတာရှည်ရောဂါများအတွက် ဆေးကုသမှုကုန်ကျစရိတ်ကို ဆေးဘက်ဆိုင် ရာ အကြံပေးအဖွဲ့၏ ထောက်ခံချက်နှင့်အညီ အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ် နိုင်သည်။

၈၂။ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင် များသည် နည်းဥပဒေ ၈၁ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၂)ပါ စိုက်ထုတ်သုံးစွဲထားသော ရောဂါရှာဖွေခြင်း၊ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်ခတို့အတွက် ကုန်ကျစရိတ်များကို လူမှု ဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း စာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ လူမှုဖူလုံ ရေးရုံးချုပ်သို့ တောင်းခံနိုင်သည်။

၈၃။ (က) နည်းဥပဒေ ၈၂ အရ တင်ပြတောင်းခံလာသော ဆေးကုသမှုကုန်ကျစရိတ်များကို လူမှုဖူလုံရေး အဖွဲ့က သတ်မှတ်ထားသောကုန်ကျစရိတ်စံနှုန်းနှင့်ညီ မညီ ဆေးဘက်ဆိုင်ရာတာဝန်ခံ အရာရှိမှ စိစစ်ပြီး ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြရမည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် နည်းဥပဒေခွဲ (က)အရ တင်ပြလာသော ဆေးကုသမှုကုန်ကျစရိတ်များ ကို စိစစ်ပြီး ခွင့်ပြုနိုင်သည်။ ထို့ပြင် လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုချက်ကို တောင်းခံပြီး ခွင့်ပြုနိုင်သည်။

၈၄။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူ၏ မကျန်းမာမှုကြောင့်ဖြစ်သော ကိုယ်လက်အင်္ဂါချို့ယွင်းမှု များအတွက် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုန်ကျစရိတ်များကို ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့၏ အကြံပြုချက်အရ စံနှုန်းသတ်မှတ်ပြီး ခွင့်ပြုနိုင်သည်။

ဆေးကုသမှုခရီးစရိတ်

၈၅။ လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူ၏ မကျန်းမာမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရန် သို့မဟုတ် အထူးကုဆရာဝန်ကြီးများနှင့်ပြသ၍ ကုသမှုခံယူရန်အတွက် ဒေသကျော်လွန်သွားလာရသည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို သင့်လျော်သော စံနှုန်းများ သတ်မှတ်၍ စိစစ်ပြီးခွင့်ပြုနိုင်သည်။

သဘောတူစာချုပ် ချုပ်ဆို၍ ဆေးကုသပေးခြင်း

၈၆။ (က) အလုပ်ရှင်သည် ဥပဒေစတင်အာဏာတည်သည့်နေ့ရက်တွင် မိမိ၏ အလုပ်သမားများနှင့် အလုပ်သမားမိသားစုများအတွက် သီးခြားအစီအစဉ်ဖြင့် ဆေးကုသမှုခံယူရန် စီမံထားရှိပါက အလုပ်သ မားများ၏ သဘောတူညီချက်အရ ယင်းအစီအစဉ်ကို ဆက်လက်ကျင့်သုံးလိုလျှင် လူမှုဖူလုံရေးအဖွဲ့နှင့် ဆက်သွယ်၍ သဘောတူစာချုပ် ချုပ်ဆိုနိုင်သည်။

(ခ) လူမှုဖူလုံရေးအဖွဲ့သည် ဆေးကုသမှုအစီအစဉ်များကို သီးခြားအစီအစဉ်ဖြင့် စီမံထားရှိသည့် အလုပ် ရှင်များနှင့်ချုပ်ဆိုသော သဘောတူစာချုပ်များတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(၁) လူမှုဖူလုံရေးအဖွဲ့ကသတ်မှတ်ပြဋ္ဌာန်းထားသော ဆေးကုသမှု စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီသည့် ဆေးကုသမှုအစီအစဉ်များ၊

(၂) လူမှုဖူလုံရေးဆေးကုသမှုလုပ်ငန်းနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အလို့ငှာ အလုပ်ရှင် များကလိုက်နာရမည့် တာဝန်များ၊

(၃) လုပ်ငန်းဌာနဆေးခန်းများတွင် ထားရှိရမည့် ပုံစံများနှင့် မှတ်တမ်းများ၊

(၄) လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ထားသော ဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ရန် ကိစ္စများ၊

(၅) မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်တွင်ထိခိုက်မှု၊ နာရေးစရိတ်စသည့် ငွေကြေးအကျိုးခံစားခွင့်များပေး ရန်အတွက် ဆေးသက်သေခံလက်မှတ် ထုတ်ပေးရေးနှင့်ဆိုင်သည့် စည်းကမ်းချက်များ၊

(၆) လူမှုဖူလုံရေးအဖွဲ့ သို့မဟုတ် ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိက အခါအားလျော်စွာ သတ်မှတ်ပေး သည့် အခြားတာဝန်ဝတ္တရားများ။

(ဂ) လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် လုပ်ငန်းဌာနပိုင် ဆေးရုံ၊ ဆေးခန်းတာဝန် ခံဆရာဝန်များသည် မိမိတို့ဆေးကုသမှုနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို လူမှုဖူလုံရေးရုံးချုပ် ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိထံ သတ်မှတ်ထားသည့် ပုံစံများဖြင့် လစဉ် အစီရင်ခံရမည်။

(ဃ) နည်းဥပဒေခွဲ (ခ)တွင် ရည်ညွှန်းထားသည့် ဆေးကုသမှုအစီအစဉ်များကို ဆေးဘက်ဆိုင်ရာတာဝန် ခံအရာရှိကဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က တာဝန်ပေးသည့် ဆရာဝန်ကဖြစ်စေ စစ်ဆေးခြင်း၊ ညွှန်ကြား ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

(င) လူမှုဖူလုံရေးအဖွဲ့သည် မိမိထုတ်ပြန်သော ညွှန်ကြားချက်များနှင့် သဘောတူစာချုပ်ပါ စည်းကမ်း ချက်များကို လိုက်နာမှုမရှိသော စာချုပ်ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဆိုင်များကို စာချုပ်ဖောက်ဖျက်မှုဖြင့် အရေးယူခြင်း၊ စာချုပ်ကို ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။

၈၇။ လူမှုဖူလုံရေးအဖွဲ့သည် နည်းဥပဒေ ၈၆ အရ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထား သည့် လုပ်ငန်းဌာနပိုင် ဆေးရုံ၊ ဆေးခန်းများသို့ ဆေးထောက်ပံ့ခြင်းသော်လည်းကောင်း၊ ငွေကြေး သတ်မှတ်၍ ထောက်ပံ့ခြင်းသော်လည်းကောင်း ဆောင်ရွက်နိုင်သည်။

၈၈။ လူမှုဖူလုံရေးအဖွဲ့သည် နိုင်ငံပိုင်ဆေးရုံ၊ ဆေးခန်းနှင့်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းနှင့်ဖြစ် စေ သဘောတူစာချုပ်ချုပ်ဆိုရာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က) လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ပြဋ္ဌာန်းထားသော ဆေးကုသမှုစံချိန်၊ စံညွှန်းများနှင့်ကိုက်ညီသည့် ဆေးကုသမှုအစီအစဉ်များ၊

(ခ) လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုသော ဆေးရုံ၊ ဆေးခန်းများက လိုက်နာရမည့် တာဝန်များ၊

(ဂ) ဆေးကုသစရိတ်စံနှုန်းများ၊

(ဃ) မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်တွင်ထိခိုက်မှု၊ နာရေးစရိတ် စသည့် ငွေကြေးအကျိုးခံစားခွင့်များပေး ရန်အတွက် ဆေးသက်သေခံလက်မှတ် ထုတ်ပေးရေးနှင့်ဆိုင်သည့် စည်းကမ်းချက်များ၊

(င) ဆေးကုသမှုကုန်ကျစရိတ်များ ပြန်လည်ထုတ်ပေးရေးအစီအစဉ်များ။

ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုအစီအစဉ်များ

၈၉။ (က) လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန် များသည်အာမခံထားသူတို့၏ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် လုပ်ငန်းဌာနများသို့ ကွင်းဆင်း၍ ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သော ကိစ္စများတွင်အကြံ ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့်ညီညွတ်အောင် လိုက်နာဆောင်ရွက် ရန် စစ်ဆေးကြပ်မတ်ခြင်းနှင့် တာဝန်ရှိသော ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း စသည်ဖြင့် ကျန်းမာ ရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုအစီအစဉ်များကို ပြုလုပ်နိုင်သည်။

(ခ) လူမှုဖူလုံရေးအဖွဲ့သည် အာမခံထားသူတို့အား ကူးစက်ရောဂါများနှင့် အသက်အန္တရာယ်ရှိသော ရောဂါများမှ ကာကွယ်ကုသပေးရာတွင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ကျန်းမာ ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။

အာမခံထားသူများ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များကို လျှို့ဝှက်ထားရေး

၉၀။ အာမခံထားသူ၏ ကျန်းမာရေးနှင့်စပ်လျဉ်း၍ သိရှိရသော အကြောင်းအရာအားလုံးကို လူမှုဖူလုံရေး ရုံးချုပ်က တာဝန်ပေးအပ်သော အရာရှိများ၊ ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များနှင့် အယူခံခုံအဖွဲ့ ဝင်များမှအပ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ရောဂါနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ ဆေး ဘက်ဆိုင်ရာ မှတ်တမ်းများကို ကြည့်ရှုခွင့်မပြုရ။

ဆေးကုသမှုနှင့်စပ်လျဉ်း၍ အလုပ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ

၉၁။ အလုပ်ရှင်သည်-

(က) မိမိလုပ်ငန်းဌာနမှ အာမခံအလုပ်သမား လုပ်ငန်းခွင်အတွင်း မကျန်းမာမှုကြောင့်ဖြစ်စေ၊ ကိုယ်ဝန် ဆောင်မှုကြောင့်ဖြစ်စေ၊ အလုပ်တွင်ထိခိုက်မှုကြောင့်ဖြစ်စေ ဆေးကုသမှုခံယူရန် လိုအပ်ပါက သက်ဆိုင် ရာ လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းသို့ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့်သဘောတူစာချုပ်ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းသို့ဖြစ်စေ အလုပ်ချိန်အတွင်း စေလွှတ်၍ ဆေးကုသမှုခံယူနိုင် ရန် ခွင့်ပြုရမည့်အပြင် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရမည်။

(ခ) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်က ဆေးသက်သေခံလက်မှတ်ဖြင့် အလုပ်ခွင်မှ အနားယူရန် ညွှန်ကြားခြင်းခံရသော  အာမခံထားသူအား အလုပ်ခွင်တွင် တာဝန်ပေးစေခိုင်းခြင်း မပြုရ။

(ဂ) လူမှုဖူလုံရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူနေသော အာမခံအလုပ်သမားအား အဆိုပါ ကာလအတွင်း အလုပ်မှထုတ်ပယ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးလျှော့ချခြင်းမပြုရ။ ထိုရည်ရွယ်ချက်ဖြင့် ပေးသော အကြောင်းကြားစာသည် တရားဝင်ခြင်းမရှိစေရ။

(ဃ) ဆေးကုသမှုခံယူပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လာသော အာမခံအလုပ်သမား၏ ကျန်းမာ ရေးအခြေအနေအရ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်၏ ထောက်ခံချက်နှင့်အညီ သင့်လျော်သောအလုပ်ကို တာဝန်ပေးရမည်။

အာမခံထားသူတို့ လိုက်နာရမည့် စည်းကမ်းများ

၉၂။ အာမခံထားသူသည်-

(က) မိမိကိုယ်မိမိ မကျန်းမာအောင် ရည်ရွယ်၍ တမင်မပြုလုပ်ရ။

(ခ) မကျန်းမာမှုဖြစ်လျှင် လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်း၌ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူ စာချုပ် ချုပ်ဆိုထားသည့်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်း၌ဖြစ်စေ ဆေးကုသမှုကို ခံယူရမည်။

(ဂ) မိမိအားကုသပေးသည့် ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ဃ) ဆေးကုသမှုခံယူနေစဉ်အတွင်း ရောဂါပျောက်ကင်းမှုကို နှောင့်နှေးစေရန် သို့မဟုတ် ထိခိုက်စေရန် မပြုလုပ်ရ။

(င) နည်းဥပဒေခွဲ (က) မှ (ဃ) ထိ ဖော်ပြထားသော စည်းကမ်းချက်တစ်ခုခုကို လိုက်နာရန် တမင်ပျက် ကွက်ပါက လူမှုဖူလုံရေးအဖွဲ့ကပေးသော ဆေးကုသမှုကို ရပ်ဆိုင်းခြင်းခံရမည်။

ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှုနှင့်ဆိုင်သည့် ဆေးကုသမှု

၉၃။ အာမခံထားသူ အမျိုးသမီးသည် ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှု သို့မဟုတ် ပြစ်ဒဏ်ထိုက်သင့်သော ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သည့် ကိုယ်ဝန်ပျက်မှုကိစ္စများအတွက် နည်းဥပဒေ၉၄ မှ ၉၈ အထိ သီးခြား ဖော်ပြထားသော ပြဋ္ဌာန်းချက်များအပြင် မကျန်းမာမှုနှင့်ဆိုင်သော ဆေးကုသမှုဆိုင်ရာ နည်းဥပဒေများ တွင် ပါရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ခံစားခွင့်ရှိသည်။

၉၄။ အာမခံထားသူအမျိုးသမီးသည် ကိုယ်ဝန်ဆောင်မှုနှင့်မီးဖွားမှု သို့မဟုတ် ကိုယ်ဝန်ပျက်မှုကိစ္စများ ပေါ်ပေါက်သည့်အခါ အောက်ပါအတိုင်း ဆေးကုသမှုခံယူခွင့်ရှိသည်-

(က) မိမိ၌ ကိုယ်ဝန်ရှိသည်ဟု ယူဆသည့်နေ့မှစ၍ သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးခန်းသို့ဖြစ်စေ၊ လူမှုဖူ လုံရေးဆေးရုံသို့ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများသို့ဖြစ်စေ အကြောင်းကြား၍ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊

(ခ) မီးမဖွားမီကာလအပိုင်းအခြားဖြင့် စစ်ဆေးကြည့်ရှုခြင်းနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊

(ဂ) မီးဖွားမှု သို့မဟုတ် ကိုယ်ဝန်ပျက်မှု ဖြစ်သည့်အခါ ဆေးကုသမှု၊

(ဃ) မီးဖွားပြီးနောက် သို့မဟုတ် ကိုယ်ဝန်ပျက်ပြီးနောက် လိုအပ်သည့် အချိန်ကာလအပိုင်းအခြား အတွက်  ကြည့်ရှုပြုစုစောင့်ရှောက်မှု၊

(င) အာမခံထားသူ အမျိုးသမီး၏ မွေးကင်းစကလေးသည် မွေးဖွားပြီး တစ်နှစ်ထက်မပိုသောအချိန်ကာ လအတွင်း နာမကျန်းဖြစ်ပါက ယင်းကလေးအား ဆေးကုသမှု။

အာမခံထားသူ ကိုယ်ဝန်ဆောင်အမျိုးသမီး လိုက်နာရမည့်အချက်များ

၉၅။ အာမခံထားသူ အမျိုးသမီးသည်-

(က) မီးမဖွားမီနှင့် မီးဖွားပြီးနောက် ကျန်းမာရေးစစ်ဆေးခြင်းကို ခံယူရမည်။

(ခ) ဆရာဝန်နှင့် ကျွမ်းကျင်သော သူနာပြုများ၏ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ဂ) မီးဖွားခြင်းနှင့်ဆိုင်သည့် ပြုစုမှုကိုနည်းဥပဒေ ၉၄၊ နည်းဥပဒေခွဲ (က)ပါ ဆေးရုံ၊ ဆေးခန်းများတွင် ခံယူနိုင်သည်။

(ဃ) မိမိအစီအစဉ်ဖြင့် မီးဖွားခဲ့ပြီး လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ရရှိခံစားလိုပါက သက်ဆိုင်ရာ လူမှုဖူလုံရေးဆေးခန်းသို့ ဆက်သွယ်ဆောင်ရွက်ရမည်။

မီးဖွားမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ်ထုတ်ပေးခြင်း

၉၆။ (က) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည် အာမခံထားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးအား လိုအပ်သလို စစ်ဆေးစမ်းသပ်ပြီးနောက် မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်ကို မီး ဖွားမှုဆေးသက်သေခံလက်မှတ် (ဆ-၂)ဖြင့် ထုတ်ပေးပြီး မီးဖွားမှုအခြေအနေပေါ် မူတည်၍ အောက်ပါ အတိုင်းဆောင်ရွက်ရမည်-

(၁) ကလေးတစ်ဦးကို ခန့်မှန်းရက်ထက်စောမွေးသဖြင့် မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်ထက် လျော့ နည်း၍ ခံစားရလျှင် မီးဖွားပြီးနောက်ရက်သတ္တပတ်ရှစ်ပတ်ကို မီးဖွားမှုဆေးသက်သေခံလက်မှတ်(ဆ-၂) ဖြင့်လည်းကောင်း၊ စုစုပေါင်း ရက်သတ္တပတ် ၁၄ ပတ်ပြည့်ရန် လိုသော ကာလကို မကျန်းမာမှုဆေးသက် သေခံလက်မှတ် (ဆ-၁)ဖြင့်လည်းကောင်း ခွင့်ပြုရမည်။

(၂) ကလေးတစ်ဦးကို ခန့်မှန်းရက်ထက် နောက်ကျမွေးသဖြင့် မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ် ထက်ပို၍ ခံစားရလျှင် မီးဖွားမှုနှင့်ဆိုင်သည့်ခွင့် ရက်သတ္တပတ် ၁၄ ပတ်ပြည့်ရန် လိုသောကာလအတွက် မီးဖွားမှုဆေးသက်သေခံလက်မှတ် (ဆ-၂)ဖြင့်လည်းကောင်း၊ မီးဖွားပြီးနောက် ရက်သတ္တပတ် ရှစ်ပတ် ပြည့်ရန် လိုသောကာလအတွက် မကျန်းမာမှုဆေးသက်သေခံလက်မှတ် (ဆ-၁)ဖြင့်လည်းကောင်း ခွင့်ပြု ရမည်။

(၃) အမြွှာကလေး အရှင်မွေးပါက ခန့်မှန်းရက်ထက် စောမွေးလျှင် မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ် ထက်လျော့နည်း၍ ခံစားရသဖြင့် မီးဖွားပြီးနောက် ရက်သတ္တပတ် ၁၂ ပတ်ကို မီးဖွားမှုဆေးသက်သေခံ လက်မှတ် (ဆ-၂)ဖြင့်လည်းကောင်း၊ စုစုပေါင်း ရက်သတ္တပတ် ၁၈ ပတ်ပြည့်ရန် လိုသောကာလကို မကျန်းမာမှုဆေးသက်သေခံလက်မှတ် (ဆ-၁)ဖြင့် လည်းကောင်း ခွင့်ပြုရမည်။

(၄) အမြွှာကလေး အရှင်မွေးပါက ခန့်မှန်းရက်ထက် နောက်ကျမွေးလျှင် မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်ထက်ပို၍ ခံစားရသဖြင့် မီးဖွားမှုနှင့်ဆိုင်သည့် ခွင့်ရက်သတ္တပတ် ၁၈ ပတ်ပြည့်ရန် လိုသော ကာလအတွက် မီးဖွားမှုဆေးသက်သေခံလက်မှတ် (ဆ-၂)ဖြင့်လည်းကောင်း၊ မီးဖွားပြီးနောက် ရက်သတ္တ ပတ် ၁၂ ပတ်ပြည့်ရန် လိုသောကာလအတွက်မကျန်းမာမှုဆေးသက်သေခံလက်မှတ် (ဆ-၁) ဖြင့် လည်းကောင်း ခွင့်ပြုရမည်။

(ခ) အမြွှာကလေးမွေးသော်လည်း အရှင်မွေးကလေးတစ်ဦးတည်းသာဖြစ်ပါက နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁) သို့မဟုတ် နည်းဥပဒေခွဲငယ် (၂)ပါအတိုင်း ခွင့်ပြုရမည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည် အာမခံထားသူ အမျိုးသမီး၏ ပြစ်ဒဏ် ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်သော ကိုယ်ဝန်ပျက်မှုအတွက် အများဆုံး ရက်သတ္တပတ် ခြောက်ပတ်အထိ မီးဖွားမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ် (ဆ-၂)ကို ထုတ်ပေးရမည်။

(ဃ) အာမခံထားသူသည် မည်သည့်နေ့ရက်တွင် မွေးဖွားကြောင်းကို ထိုသူမီးဖွားခဲ့သောဆေးရုံ၊ ဆေး ခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းကဖြစ်စေ ထုတ် ပေးသည့် မီးဖွားကြောင်း ခိုင်လုံသော သက်သေအထောက်အထား တင်ပြရမည်။

တစ်နှစ်အောက်ကလေးမွေးစားမှု

၉၇။ (က) အာမခံထားသူ အမျိုးသမီးသည် တစ်နှစ်အောက်ကလေးကို မွေးစားပါက အောက်ပါတို့ကို တင်ပြရမည်-

(၁) တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားကြောင်း စာချုပ်၊ စာတမ်းအထောက်အထား၊

(၂) မွေးစားကလေး၏ အသက်နှင့်ပတ်သက်၍ တစ်နှစ်မပြည့်သေးကြောင်း ခိုင်လုံသော အထောက်အ ထား သို့မဟုတ် ကျွမ်းကျင်သူဆရာဝန်၏ စစ်ဆေးထောက်ခံချက်။

(ခ)  လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည်-

(၁) အာမခံထားသူ အမျိုးသမီးက တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေး စားလျှင် ထိုကလေး တစ်နှစ်ပြည့်သည်အထိ ကလေးအား ပြုစုစောင့်ရှောက်နိုင်ရန် ရက်သတ္တပတ် ရှစ်ပတ်ထက် မကျော်သော ခွင့်ကို ဆေးသက်သေခံလက်မှတ် (ဆ-၂)ဖြင့် တစ်ကြိမ်သာထုတ်ပေးရမည်။

(၂) နည်းဥပဒေခွဲ (က) ပါ ခွင့်ကာလကိုသတ်မှတ်ရာတွင် ကလေးကို စတင်မွေးစားသည့်နေ့မှ ရက် သတ္တပတ် ရှစ်ပတ်ပြည့်သည့်နေ့ သို့မဟုတ် အဆိုပါကလေး တစ်နှစ်ပြည့်သည့်နေ့တို့အနက် စောရာနေ့ အထိသာ သတ်မှတ်ပေးရမည်။

မီးဖွားမှု သို့မဟုတ် ကိုယ်ဝန်ပျက်မှုနှင့်ဆက်နွှယ်သော အခြားရောဂါများ

၉၈။ မီးဖွားမှု သို့မဟုတ် ပြစ်ဒဏ်ထိုက်သင့်သော ကိုယ်ဝန်ပျက်စေခြင်းမဟုတ်သည့် ကိုယ်ဝန်ပျက်မှုနှင့် ဆက်နွှယ်သော အခြားရောဂါဖြစ်ပေါ်လာသည့်ကိစ္စများတွင် နည်းဥပဒေ ၉၄ အရ ပေးသည့် ဆေးကုသမှု အပြင် လိုအပ်ပါက နည်းဥပဒေ ၇၁ နှင့် ၇၂ ပါ မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးကုသမှုအဖြစ် ဆက်လက် ဆေးကုသပေးရမည်။

အာမခံထားသူ၏ ဇနီးမီးဖွားမှု

၉၉။ (က) အာမခံထားသူအမျိုးသားသည် ဇနီးမီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက်ကို ဥပဒေနှင့်အညီ ဖခင်ဘဝ အကျိုးခံစားခွင့်ရရှိရေးအတွက် အောက်ပါစာရွက်စာတမ်းများကို တင်ပြရမည်-

(၁) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးထားသော အိမ်ထောင်စု စာရင်း၊

(၂) ထိုသူ၏ဇနီး မီးဖွားခဲ့သော ဆေးရုံ ဆေးခန်းကဖြစ်စေ၊ ကျန်းမာရေးဦးစီးဌာနကဖြစ်စေ၊ ဒေသဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းကဖြစ်စေ ထုတ်ပေးသည့် မီးဖွားကြောင်း ခိုင်လုံသော သက်သေအထောက် အထား၊

(၃) အာမခံထားသူ၏ ဇနီးဖြစ်သူ မီးဖွားကြောင်း အလုပ်ရှင်၏ ထောက်ခံချက်။

(ခ) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည် အာမခံထားသူ အမျိုးသားက နည်းဥပဒေခွဲ (က)ပါအတိုင်း တင်ပြလာသည့်အခါ စိစစ်ပြီး ဖခင်ဘဝ အကျိုးခံစားခွင့်ဆိုင်ရာ ဆေးသက်သေခံလက် မှတ် (ဆ-၂)ကို ထုတ်ပေးရမည်။

သေဆုံးကြောင်း ဆေးသက်သေခံလက်မှတ်

၁၀၀။ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည် အာမခံထားသူ မည်သည့်အကြောင်း ကြောင့်မဆို သေဆုံးပါက အောက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်လျှင် ကျန်းမာရေးဦးစီးဌာနကဖြစ် စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းကဖြစ်စေ ထုတ်ပေးသည့် အာမခံထားသူ သေဆုံးကြောင်း လက်မှတ်ကို အထောက်အထားပြုလျက် ဥပဒေပုဒ်မ ၃၀ အရခံစားခွင့်ရှိသူအား သေဆုံးမှုဆိုင်ရာ ဆေးသက်သေခံလက်မှတ် (ဆ-၄) ကို ထုတ်ပေးရမည်-

(က) မှတ်ပုံတင်ကာလတစ်လအတွင်းသာဖြစ်သဖြင့် ထည့်ဝင်ကြေးမပေးသွင်းရသေးသူ၊

(ခ) မှတ်ပုံတင်ကာလ နှစ်လရှိပြီး ထည့်ဝင်ကြေး အနည်းဆုံး တစ်လပေးသွင်းထားသူ၊

(ဂ) မှတ်ပုံတင်ကာလ သုံးလရှိပြီး ထည့်ဝင်ကြေး အနည်းဆုံး နှစ်လပေးသွင်းထားသူ၊

(ဃ) မှတ်ပုံတင်ကာလ သုံးလအထက်ရှိပြီး နောက်ဆုံးကပ်လျက် သုံးလအတွင်း ထည့်ဝင်ကြေး အနည်း ဆုံး နှစ်လပေးသွင်းထားသူ၊

(င) နည်းဥပဒေခွဲ (ခ)၊ (ဂ)နှင့် (ဃ)တို့တွင် ဖော်ပြထားသည့် ထည့်ဝင်ကြေးပေးသွင်းရန် သတ်မှတ်ထား သည့် ကာလကို ရေတွက်ရာတွင် မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်မှုနှင့် ယာယီ မသန်စွမ်းမှု ငွေကြေးအကျိုးခံစားခွင့်ကို လအပြည့်ခံစားနေခြင်း သို့မဟုတ် လစာမဲ့ခွင့်ကို လအပြည့် ခံစားနေခြင်းကြောင့် ထည့်ဝင်ကြေးမပေးသွင်းနိုင်သည့် ကာလများကို ထည့်သွင်းရေတွက်ခွင့်ရှိသည်။

အငြိမ်းစားများ ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်

၁၀၁။ (က) ဥပဒေနှင့်အကျုံးဝင် မှတ်ပုံတင်ထားသည့်လုပ်ငန်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အစိုးရဝန်ထမ်းများသည် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်သို့ လပေါင်း ၁၈၀ နှင့် အထက် ပေးသွင်းခဲ့သူဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ပင်စင်နည်းဥပဒေများအရ လည်းကောင်း အငြိမ်းစားယူသည့်အခါ နည်းဥပဒေ ၁၀၄ ပါ ကန့်သတ်ချက်များနှင့်အညီ ဆေးကုသမှုခံ ယူခွင့်ရှိသည်။

(ခ) အာမခံထားသူ မည်သူမဆို ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်သို့ ထည့်ဝင်ကြေးကို လပေါင်း ၁၈၀ နှင့်အထက် ပေးသွင်းခဲ့သူဖြစ်ပြီး လုံးဝအလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် သို့မဟုတ် သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ရရှိပြီးနောက် နည်းဥပဒေ ၁၀၄ ပါ ကန့်သတ်ချက်များ နှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိသည်။

(ဂ) အာမခံထားသူ မည်သူမဆို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေအရ အရပ်ရပ်အာမခံစနစ်သို့ ပေး သွင်းခဲ့သည့် ထည့်ဝင်ကြေးကာလနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်သို့ ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးကာလ စုစုပေါင်းသည် လပေါင်း၁၈၀ နှင့် အထက်ရှိကြောင်း အထောက်အထားတင်ပြနိုင်ပါက အငြိမ်းစားယူပြီးနောက် နည်းဥပဒေ ၁၀၄ ပါ ကန့်သတ်ချက်များနှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိသည်။

အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ်

၁၀၂။ (က) နည်းဥပဒေ ၁၀၁ နည်းဥပဒေခွဲ (က)အရ ခံစားခွင့်ရှိသူသည် မိမိအား အငြိမ်းစားယူခွင့်ပြု သော ဌာနဆိုင်ရာရုံးအမိန့်စာနှင့် ပင်စင်ကတ်တို့ကို တင်ပြလျက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး တွင် အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ် လျှောက်ထားနိုင်သည်။

(ခ) နည်းဥပဒေ ၁၀၁ နည်းဥပဒေခွဲ (ခ)အရ ခံစားခွင့်ရှိသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုး ခံစားခွင့် သို့မဟုတ် သက်ပြည့်အငြိမ်းစားယူသည့်အခါ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးတွင် အငြိမ်း စားစိစစ်ရေးသက်သေခံလက်မှတ်လျှောက်ထားနိုင်သည်။

(ဂ) နည်းဥပဒေ ၁၀၁ နည်းဥပဒေခွဲ (ဂ)အရ ခံစားခွင့်ရှိသူသည် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအ ရ အရပ်ရပ်အာမခံစနစ်သို့ ပေးသွင်းခဲ့သည့်ထည့်ဝင်ကြေးကာလနှင့် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်သို့ ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးကာလ စုစုပေါင်း သည် လပေါင်း ၁၈၀ နှင့်အထက်ရှိကြောင်း အထောက်အထားတင်ပြလျက် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံ ရေးရုံးတွင် အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ် လျှောက်ထားနိုင်သည်။

(ဃ) အာမခံထားသူသည် နည်းဥပဒေခွဲ (က)၊ (ခ)နှင့် (ဂ)တို့အရ အငြိမ်းစားစိစစ်ရေးသက်သေခံလက် မှတ်ကို အငြိမ်းစားယူသည့်နေ့မှ တစ်နှစ်အတွင်း လျှောက်ထားရမည်။

၁၀၃။ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသည် နည်းဥပဒေ ၁၀၂ နှင့်အညီ ခံစားခွင့်ရှိသူက အငြိမ်းစားစိ စစ်ရေးသက်သေခံလက်မှတ် လျှောက်ထားလာသည့်အခါ မိမိရုံးရှိ မှတ်တမ်းများအရ အဆိုပါလျှောက် ထားသူသည် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေအရ အရပ်ရပ်အာမခံစနစ်သို့ ပေးသွင်းခဲ့သည့် ထည့် ဝင်ကြေးကာလနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံ စနစ်သို့ ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးကာလ စုစုပေါင်းသည် လပေါင်း ၁၈၀ နှင့်အထက် ရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြ၍ ခွင့်ပြုချက်တောင်းခံပြီး အငြိမ်းစားစိစစ်ရေးသက် သေခံလက်မှတ် (ပုံစံ-၁၄) ထုတ်ပေးရမည်။

အငြိမ်းစားဆေးကုသမှုဆိုင်ရာ ကန့်သတ်ချက်များ

၁၀၄။ နည်းဥပဒေ ၁၀၃ အရ ထုတ်ပေးသော အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ်ကို ကိုင်ဆောင်ခွင့် ရသူသည်-

(က) လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းများတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထား သည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံ ဆေးခန်းများတွင်ဖြစ်စေ စတင်ဆေးကုသမှုခံယူသည့်နေ့မှ ရက် သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။

(ခ) လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူသည့်အခါ ဆရာဝန်၏စမ်းသပ်မှု၊ သူနာပြု စုမှု၊ ဆေးရုံတက်ရောက်ရပါက နေထိုင်စားသောက်မှု၊ သမားရိုးကျနှင့်အခြေခံရောဂါ ရှာဖွေစမ်းသပ်မှု တို့ကို အခမဲ့ခံစားခွင့်ရှိသည်။ သို့ရာတွင် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသော အထူးစမ်းသပ် စစ်ဆေးခြင်း၊ အဆင့်မြင့်စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေမှုနှင့် ဆေးကုသမှုတွင် အသုံးပြုသော ဆေး နှင့် ဆေးပစ္စည်းတို့အတွက်  ကျသင့်သောတန်ဖိုး သို့မဟုတ်  ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းကို လူမှုဖူလုံ ရေးအဖွဲ့သို့ ကာယကံရှင်က ပေးချေရမည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့နှင့်သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံ ဆေးခန်း များတွင် ဆေးကုသမှုခံယူသည့်အခါ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသော ရောဂါရှာဖွေမှုနှင့် ဆေးကုသမှုတွင် အသုံးပြုသော ဆေးနှင့်ဆေးပစ္စည်းတို့အတွက် သတ်မှတ်စံနှုန်းဖြင့် ကျသင့်သောကုန် ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအဖွဲ့က ပေးချေမည်ဖြစ်သဖြင့် ကျန်ကုန်ကျစရိတ်နှင့် ဆရာ ဝန်၏စမ်းသပ်မှု၊ သူနာပြုစုမှု၊ ဆေးရုံတွင် နေထိုင်စားသောက်မှုစသည့် အခြားကုန်ကျစရိတ်များကို ကာယကံရှင်က ပေးချေရမည်။

အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှုဆိုင်ရာအခွင့်အရေး

၁၀၅။ အာမခံထားသူသည် အလုပ်တွင် ဒဏ်ရာရမှုအတွက် ဆေးကုသမှုခံယူရာတွင် နည်းဥပဒေ ၁၀၆ မှ ၁၀၉ အထိ သီးခြားဖော်ပြထားသော ပြဋ္ဌာန်းချက်များအပြင် မကျန်းမာမှုနှင့်ဆိုင်သော ဆေးကုသမှုဆိုင် ရာ နည်းဥပဒေများတွင်ပါရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ခံစားခွင့်ရှိသည်။

၁၀၆။ အာမခံထားသူသည် အလုပ်တွင် ထိခိုက်မှုအတွက် လူမှုဖူလုံရေးဆေးရုံ၊ ဆေးခန်းများတွင်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့်သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများ တွင်ဖြစ်စေ ကာလအပိုင်းအခြားမသတ်မှတ်ဘဲ ဆေးကုသမှုခံယူခွင့်ရှိသည်။

အလုပ်နှင့်ဆိုင်သော ရောဂါများ

၁၀၇။ ဝန်ကြီးဌာနသည် အလုပ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရောဂါများစာရင်းကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ စည်းမျဉ်းဖြင့် သတ်မှတ် ပေးရမည်။

အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရရှိနေသူတို့အား ပေးသည့် ဆေးကုသမှု

၁၀၈။ အာမခံထားသူသည် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ခံစားသည့်ကာလ ၁၂ လ ပြည့်ပြီး၍ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ပြောင်းလဲခံစားပြီးဖြစ်သော်လည်း ဒဏ်ရာ သို့မဟုတ် ရောဂါအခြေအနေအရ လိုအပ်လျှင် ဆက်လက်၍ ဆေးကုသမှုခံယူခွင့်ရှိသည်။

ချို့ယွင်းသည့်ကိုယ်အင်္ဂါများအတွက် အထောက်အကူပြုကိရိယာများ

၁၀၉။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) အလုပ်တွင်ထိခိုက်သူအား ဆေးကုသမှုကို ရပ်စဲပြီးနောက် ပြန်လည်ထူထောင်ပေးရန် သို့မဟုတ် အလုပ်လုပ်ရန် မစွမ်းဆောင်နိုင်သည်ကို စွမ်းဆောင်နိုင်စေရန် ကျွမ်းကျင်သည့် ဆရာဝန်၏ဆေးသက် သေခံလက်မှတ်ဖြင့် လိုအပ်သော အထောက်အကူပြုကိရိယာများ (ချိုင်းထောက်၊ ခြေတု၊ လက်တုနှင့် ဘီးတပ်ကုလားထိုင် စသည်တို့)ကို တင်ပြသည့်အခါ ထောက်ပံ့ရမည်။

(ခ) အဆိုပါကိရိယာများကို ထုတ်ပေးသည့်အခါ သုံးစွဲသူတို့ လိုက်နာရမည့် စည်းကမ်းချက်များသတ် မှတ်ပေးနိုင်သည်။

(ဂ) အာမခံထားသူ၏ အမြဲတမ်းမသန်စွမ်းမှုအခြေအနေမှာ အထောက်အကူပြုကိရိယာများကို ဆက် လက်သုံးရန် လိုအပ်သည့်အပြင် သာမန်အားဖြင့် ဟောင်းနွမ်းပျက်စီးသွားခြင်း၊ သက်တမ်းကုန်ခြင်းတို့ ကြောင့် ပြုပြင်ပေးရန် သို့မဟုတ် အသစ်လဲလှယ်ပေးရန် လိုအပ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် ထိုကိရိ ယာများ ပြုပြင်ခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်းများကို ပြုလုပ်ပေးရမည်။

(ဃ) အာမခံထားသူအတွက် နည်းဥပဒေခွဲ (က)နှင့် (ဂ)တို့အရ လိုအပ်သောအထောက်အကူပြု ကိရိယာ ကို လူမှုဖူလုံရေးအဖွဲ့ပိုင် မဟုတ်သော အခြားပြန်လည်သန်စွမ်းရေးဌာနများတွင် ပြုလုပ်ခဲ့ပါက အဆိုပါ ကိရိယာ၏ တန်ဖိုးကို သင့်လျော်သည့်တန်ဖိုး သတ်မှတ်၍ ပြန်လည်ထုတ်ပေးရမည်။

 

အခန်း (၇)

ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် ငွေကြေးအကျိုးခံစားခွင့်

မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်

၁၁၀။ အာမခံထားသူသည်-

(က) ကိုယ်ဝန်ဆောင်မှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုတို့မှအပ အခြားအကြောင်းတစ်ခုခုကြောင့် မကျန်းမာ၍ အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ရပ်စဲခြင်းဖြစ်ပေါ်လျှင် မကျန်းမာ မှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ရှိသည်။

(ခ) လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းဌာန၌ မကျန်းမာမှု စတင်ဖြစ်သည့်နေ့မတိုင်မီ အနည်းဆုံး ခြောက်လမှစတင်၍ လုပ်ကိုင်ခဲ့သူ သို့မဟုတ် မကျန်းမာမှုစတင်ဖြစ်သည့်နေ့မတိုင်မီ အနည်း ဆုံး ခြောက်လမှစတင်၍ အာမခံထားရှိခဲ့သူဖြစ်ရမည့်အပြင် အဆိုပါ မကျန်းမာမှုစတင်ဖြစ်သည့်နေ့ မတိုင်မီ နောက်ဆုံးခြောက်လအတွင်း အနည်းဆုံးလေးလအတွက် ထည့်ဝင်ကြေးပေးသွင်းပြီးမှသာ မကျန်းမာမှု နှင့်ဆိုင်သော ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။

(ဂ) မှတ်ပုံတင်လုပ်ငန်းဌာနတစ်ခုတွင် မကျန်းမာမှုစတင်ဖြစ်သည့်နေ့မတိုင်မီ တစ်ဆက်တည်းခြောက်လ အလုပ်လုပ်ကိုင်ခဲ့ပြီး အာမခံထားရှိခြင်း ခြောက်လမပြည့်မီသော်လည်း အဆိုပါအာမခံထားသူသည် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိသည်။ သို့ရာတွင် အလုပ်ရှင်သည် အာမခံထားရှိမှု ပျက်ကွက်သည့်ကာလများအတွက် ထည့်ဝင်ကြေးကို သတ်မှတ်ထားသည့် ပျက်ကွက် ကြေးများနှင့်တကွ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ပေးသွင်းရမည့်အပြင် အဆိုပါ အာမခံထားသူ၏ မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များကိုလည်းကျခံရမည်။

(ဃ) နည်းဥပဒေခွဲ (ခ)ပါ ထည့်ဝင်ကြေးကာလကို ရေတွက်ရာတွင် မကျန်းမာမှု စတင်ဖြစ်သည့်နေ့ မတိုင်မီ ခြောက်လအတွင်း မီးဖွားမှု သို့မဟုတ် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များ ရရှိခဲ့ခြင်းကြောင့် ထည့်ဝင်ကြေးပျက်ကွက်ကာလများရှိသော်လည်း အဆိုပါပျက်ကွက်ကာလများနှင့် ခြောက်လအတွင်း ထည့်ဝင်ကြေးပေးသွင်းသောကာလများ ပေါင်းခြင်းသည် လေးလပြည့်မီလျှင် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့် ရှိရမည်။

(င) မကျန်းမာမှုမဖြစ်မီ နောက်ဆုံးလေးလအတွင်း ထည့်ဝင်ကြေးပေးသွင်းခဲ့သောလများတွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တ ပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။

(စ) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်မှ ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် ပုံစံ (ဆ-၁)ကို တင်ပြမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။

(ဆ) မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်ပုံစံ (ဆ-၁)တွင် ဖော်ပြသည့်နေ့အသီးသီးအတွက် ရထိုက်ခွင့်ရှိသည်။

၁၁၁။ အာမခံထားသူသည်-

(က) မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားပြီးနောက် ရက်သတ္တပတ်ခြောက်ပတ်အ တွင်း ယခင်ရောဂါကြောင့် ထပ်မံ၍ မကျန်းမာမှုဖြစ်ပြီး ဆေးသက်သေခံလက်မှတ်အရ မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို တောင်းခံပါက နည်းဥပဒေ ၁၁၀ နည်းဥပဒေခွဲ(င)နှင့်အညီ ငွေကြေးအကျိုးခံစားခွင့် အများဆုံးပေးနိုင်သည့်ကာလ ရက်သတ္တပတ် ၂၆ ပတ်ကို ရေတွက်ရာတွင် ထိုထပ်မံ၍ အလုပ်မလုပ်နိုင်သောကာလသည် ယခင်အလုပ်မလုပ်နိုင်သော ကာလနှင့် တစ်ဆက်တည်း ဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) ရက်သတ္တပတ်ခြောက်ပတ်ကုန်ဆုံးပြီးနောက် ထပ်မံ၍ မကျန်းမာမှုဖြစ်ပြီး အလုပ်မလုပ်နိုင်လျှင် ငွေ ကြေးအကျိုးခံစားခွင့် အများဆုံးပေးနိုင်သည့်ကာလ ရက်သတ္တပတ် ၂၆ ပတ်ကို ရေတွက်ရာတွင် ထိုထပ် မံ၍ အလုပ်မလုပ်နိုင်သောကာလကို ယခင်အလုပ်မလုပ်နိုင်သောကာလနှင့် သီးခြားစီဖြစ်သည်ဟု မှတ်ယူ ရမည်။

၁၁၂။ အာမခံထားသူသည် အခြားသောဥပဒေများ သို့မဟုတ် သဘောတူညီချက်များအရ ခွင့်ကာလအ တွက်အလုပ်ရှင်ကပေးသော ငွေကြေးခံစားခွင့်များ ရထိုက်ခွင့်ရှိပါက လူမှုဖူလုံရေးမှပေးသော ငွေကြေး အကျိုးခံစားခွင့်ရရှိခြင်းကြောင့် အဆိုပါခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်များ ဆုံးရှုံးခြင်း မရှိစေရ။ သို့ရာတွင် အာမခံထားသူအား မကျန်းမာမှုဖြစ်နေစဉ်အတွင်း အလုပ်ရှင်က ထုတ် ပေးထားသော ခွင့်ကာလအတွက် ငွေကြေးခံစားခွင့်များနှင့် နည်းဥပဒေ ၁၁၀ နည်းဥပဒေခွဲ (င) အရ ထိုအာမခံထားသူ ခံစားခွင့်ရှိသည့် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်တို့ နှစ်ရပ်ပေါင်း သည် ထိုအာမခံထားသူ သာမန်အားဖြင့် ရရှိသည့် လုပ်ခဝင်ငွေထက်ပိုလျှင် ထိုသို့ပိုသည့် ငွေပမာဏကို အလုပ်ရှင်က နုတ်ယူနိုင်သည်။

မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် တောင်းခံခြင်းနှင့်ထုတ်ပေးခြင်း

၁၁၃။ အာမခံထားသူသည်-

(က) မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်က ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် (ဆ-၁)၊ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစား ခွင့်တောင်းခံလွှာ (ပုံစံ-၁၅)၊ အလုပ်ရှင်၏ထောက်ခံချက် (ပုံစံ-၁၆)တို့ ပူးတွဲလျက် မိမိကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှ တစ်ဆင့်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးတွင် တင်ပြတောင်းခံနိုင်သည်။

(ခ) မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်တွင် ဖော်ပြထား သောခွင့်ကာလကုန်ဆုံးသည့်နေ့မှစ၍ သုံးလအတွင်း တောင်းဆိုရမည်။

၁၁၄။ လူမှုဖူလုံရေးရုံးသည် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို အာမခံထားသူ၏ ဆန္ဒ အရ မကျန်းမာမှုခွင့်စတင်သည့်နေ့မှ ရက်သတ္တအပတ်စဉ် အရစ်ကျဖြင့်ဖြစ်စေ၊ မကျန်းမာမှုခွင့်ကာ လကုန်ဆုံးသည့်အခါတွင်ဖြစ်စေ ပေးရမည်။

အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူအတွက် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်

၁၁၅။ (က) ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလုပ်လက်မဲ့အကျိုးခံစားခွင့် ရရှိနေသူသည် အဆိုပါအကျိုးခံစား ခွင့်ရထိုက်သည့်ကာလအတွင်း ဆေးသက်သေခံလက်မှတ်အရ မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုး ခံစားခွင့်ကို ရထိုက်ခွင့်ရှိသည်။

(ခ) အာမခံထားသူသည် ဥပဒေပုဒ်မ ၃၇ နှင့်အညီ အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သည့်နေ့တွင် နည်းဥပ ဒေ ၁၁၀ နည်းဥပဒေခွဲ (ခ)အရ အကျိုးခံစားခွင့်ရနိုင်သည့် ထည့်ဝင်ကြေးကာလအပိုင်းအခြားပြည့်မှ သာလျှင်နည်းဥပဒေခွဲ (က)ပါ မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိသည်။

(ဂ) အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူအတွက် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် တောင်းဆိုရာတွင် အလုပ်ရှင်၏ ထောက်ခံချက် (ပုံစံ-၁၆) မပါရှိစေကာမူ လူမှုဖူလုံရေးရုံးက အဆိုပါ အကျိုးခံစားခွင့်ကို ခွင့်ပြုနိုင်သည်။

မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ရပ်ဆိုင်းခြင်း

၁၁၆။ အာမခံထားသူသည် မကျန်းမာမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ်အရ အနားယူရန် သတ် မှတ်ထားသည့်ကာလအတွင်း မူလအလုပ်ကိုဖြစ်စေ၊ အခြားအလုပ်တစ်ခုခုကိုဖြစ်စေ အခကြေးငွေဖြင့် အလုပ်လုပ်နေလျှင်သော်လည်းကောင်း၊ ပြစ်ဒဏ်ထိုက်သင့်သည့် မိမိ၏ပြုလုပ်မှုကြောင့် မကျန်းမာမှုဖြစ် လျှင်သော်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ အသိအမှတ်ပြုသည့်ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက် နာရန်ပျက်ကွက်လျှင်သော်လည်းကောင်း မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လုံးဝ ဖြစ်စေ၊ ကာလအပိုင်းအခြားအတွက်ဖြစ်စေ ရပ်ဆိုင်းထားခြင်းခံရမည်။

မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်

၁၁၇။ အာမခံထားသူသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ပါက ဆေးသက်သေခံလက်မှတ် အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်-

(က) အာမခံထားသူ အမျိုးသမီးကိုယ်တိုင် ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်း၊

(ခ) အာမခံထားသူ အမျိုးသမီးတွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်သော ကိုယ်ဝန် ပျက်မှုဖြစ်ပေါ်ခြင်း၊

(ဂ) အာမခံထားသူ အမျိုးသား၏ဇနီးဖြစ်သူ မီးဖွားခြင်း၊

(ဃ) အာမခံထားသူ အမျိုးသမီးသည် တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားခြင်း။

၁၁၈။ (က) အာမခံထားသူသည် လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းဌာနတစ်ခုခုတွင် မီးဖွားခွင့်စတင်သည့်နေ့ သို့မဟုတ် ကိုယ်ဝန်ပျက်သည့်နေ့မတိုင်မီ ၁၂ လမှစတင်၍ လုပ်ကိုင်ခဲ့သူ သို့မ ဟုတ် မီးဖွားခွင့်စတင်သည့်နေ့ သို့မဟုတ် ကိုယ်ဝန်ပျက်သည့်နေ့မတိုင်မီ အနည်းဆုံး ၁၂ လမှစတင်၍ အာမခံထားရှိခဲ့သူဖြစ်ရမည့်အပြင် မီးဖွားခွင့်စတင်သည့်နေ့ သို့မဟုတ် ကိုယ်ဝန်ပျက်သည့်နေ့မတိုင်မီ နောက်ဆုံး ၁၂လအတွင်း အနည်းဆုံး ၆လထည့်ဝင်ကြေးပေးသွင်းပြီးမှသာလျှင် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကိုရထိုက်ခွင့်ရှိသည်။

(ခ) မှတ်ပုံတင်လုပ်ငန်းဌာနတစ်ခုတွင် မီးဖွားခွင့်စတင်သည့်နေ့ သို့မဟုတ် ကိုယ်ဝန်ပျက်သည့်နေ့မတိုင်မီ တစ်ဆက်တည်း ၁၂လ အလုပ်လုပ်ကိုင်ခဲ့ပြီး အာမခံထားရှိခြင်း ၁၂လ မပြည့်မီသော်လည်း အဆိုပါ အာမ ခံထားသူသည် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိသည်။ သို့ရာတွင် အလုပ် ရှင်သည်အာမခံထားရှိမှု ပျက်ကွက်သည့်ကာလများအတွက် ထည့်ဝင်ကြေးကို သတ်မှတ်ထားသည့် ပျက် ကွက်ကြေးများနှင့်တကွ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ပေးသွင်းရမည့်အပြင် အဆိုပါအာမခံထား သူ၏ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များကိုလည်း ကျခံရမည်။

(ဂ) နည်းဥပဒေခွဲ (က) ပါ ထည့်ဝင်ကြေးကာလကို ရေတွက်ရာတွင် မီးဖွားခွင့်စတင်သည့်နေ့ သို့မဟုတ် ကိုယ်ဝန်ပျက်သည့်နေ့မတိုင်မီ ၁၂ လအတွင်းမီးဖွားမှု သို့မဟုတ် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်များ ရရှိခဲ့ခြင်းကြောင့် ထည့်ဝင်ကြေးပျက်ကွက်ကာလများရှိသော်လည်း အဆိုပါ ပျက်ကွက်ကာလများ နှင့် ၁၂လ အတွင်း ထည့်ဝင်ကြေးပေးသွင်းသောကာလများ ပေါင်းခြင်းသည် ခြောက်လပြည့်မီလျှင် မီးဖွားမှု နှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိသည်။

၁၁၉။ (က) အာမခံထားသူ အမျိုးသမီးသည်-

(၁) လူမှုဖူလုံရေးအဖွဲ့ကအသိအမှတ်ပြုသည့် ဆရာဝန်က နည်းဥပဒေ ၉၆ နှင့်အညီ ထုတ်ပေးသော မီးဖွားမှုဆေးသက်သေခံလက်မှတ်အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိ သည်။

(၂) ပြစ်ဒဏ်ထိုက်သင့်ခြင်းမရှိသော ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြု သည့် ဆရာဝန်၏ ဆေးသက်သေခံလက်မှတ်အရ ရက်သတ္တပတ်ခြောက်ပတ်ထက်မပိုသော ကာလအ တွက် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။

(၃) တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်၏ ဆေးသက်သေခံလက်မှတ်အရ ရက်သတ္တပတ်ရှစ်ပတ်ထက်မပိုသော ခွင့်ကာလအတွက် နည်းဥပဒေ ၁၁၈၊ နည်းဥပဒေခွဲ (က)ပါ သတ်မှတ်ချက်များနှင့်အညီ မီးဖွားမှုအကျိုး ခံစားခွင့်နှုန်းအတိုင်း ငွေကြေးအကျိုးခံစားခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။

(ခ) အာမခံထားသူ အမျိုးသားသည် မိမိ၏ဇနီး မီးဖွားပါက မွေးကင်းစကလေးကို ပြုစုရန်အတွက် လူမှု ဖူလုံရေးအဖွဲ့ကအသိအမှတ်ပြုသည့် ဆရာဝန်၏ ဆေးသက်သေခံလက်မှတ်အရ ၁၅ရက်ကို ဖခင်ဖြစ်မှု အကျိုးခံစားခွင့်ရှိပြီး အဆိုပါခွင့်ကာလအတွင်းမီးဖွားမှုအကျိုးခံစားခွင့်နှုန်းအတိုင်း ငွေကြေးအကျိုး ခံစားခွင့်ရှိသည်။

(ဂ) အာမခံထားသူသည် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ် တွင် ဖော်ပြသည့်နေ့အသီးသီးအတွက် ရထိုက်ခွင့်ရှိသည်။

၁၂၀။ (က) အာမခံထားသူသည် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် မီးဖွားခွင့်စတင် သည့်လမတိုင်မီ နောက်ဆုံး ၁၂လအတွင်းထည့်ဝင်ကြေးပေးသွင်းခဲ့သော လများတွင် ရရှိခဲ့သည့် ပျမ်းမျှ လုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို မီးဖွားခွင့်ကာလအတွက် ခံစားခွင့်ရှိသည်။

(ခ) အာမခံထားသူ အမျိုးသမီးသည် မီးဖွားသည့်အခါ မီးဖွားစရိတ်အဖြစ် ကလေးတစ်ဦးတည်းမွေးပါ က မီးဖွားခွင့်စတင်သည့်လမတိုင်မီ လွန်ခဲ့သော ၁၂လအတွင်း ရရှိသည့်ပျမ်းမျှတစ်လ လုပ်ခ၏ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ အမြွှာကလေးနှစ်ဦးမွေးပါက ပျမ်းမျှ တစ်လလုပ်ခ၏ ၇၅ ရာခိုင်နှုန်းကို လည်းကောင်း၊ အမြွှာကလေးသုံးဦးနှင့်အထက် မွေးပါက ပျမ်းမျှ တစ်လလုပ်ခ၏ ၁၀၀ ရာခိုင်နှုန်းကို လည်းကောင်း ခံစားခွင့်ရှိသည်။

(ဂ) အာမခံထားသူအမျိုးသားသည် ဇနီးမီးဖွားသည့်အခါ အဆိုပါဇနီးမှာ အာမခံထားသူမဟုတ်ပါက မီးဖွားစရိတ်အဖြစ် နည်းဥပဒေခွဲ (ခ)တွင် ဖော်ပြထားသည့်နှုန်း၏ ထက်ဝက်ကို ခံစားခွင့်ရှိသည်။

(ဃ) အာမခံထားသူ အမျိုးသားသည် အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ နည်းဥပဒေခွဲ (ဂ) ပါ မီးဖွားစရိတ်ကို ခံစားခွင့်မရှိဘဲ ဇနီးဖြစ်သူကသာ နည်းဥပဒေခွဲ (ခ) ပါ မီးဖွားစရိတ်ကို ခံစားခွင့်ရှိ စေရမည်။

၁၂၁။  အာမခံထားသူသည် မီးဖွားခွင့်ကာလအတွင်း အခြားသောဥပဒေများ သို့မဟုတ် စီစဉ်ချက်များအ ရ အလုပ်ရှင်ကပေးသော ခွင့်ကာလလုပ်ခလစာများ ရထိုက်ခွင့်ရှိပါက လူမှုဖူလုံရေးအဖွဲ့မှ ခွင့်ပြုသော မီး ဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ရရှိခြင်းကြောင့် ယင်းခွင့်ကာလ လုပ်ခလစာများ ရထိုက်ခွင့် မဆုံးရှုံးစေရ။ သို့ရာတွင် ယင်းခွင့်ကာလလုပ်ခလစာနှင့် လူမှုဖူလုံရေးအဖွဲ့မှပေးသော ငွေကြေးအကျိုး ခံစားခွင့်တို့ နှစ်ရပ်ပေါင်းသည် အာမခံထားသူ သာမန်ရသည့် လုပ်ခဝင်ငွေထက်ပိုလျှင် ထိုပိုငွေကို အလုပ် ရှင်က နုတ်ယူနိုင်သည်။

မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် တောင်းခံခြင်းနှင့် ထုတ်ပေးခြင်း

၁၂၂။ အာမခံထားသူသည်-

(က) မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာ ဝန်က ထုတ်ပေးသော ဆေးသက်သေခံလက်မှတ်(ဆ-၂)၊ ကျန်းမာရေးဦးစီးဌာန သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းက ထုတ်ပေးသော မွေးဖွားကြောင်း သက်သေခံလက်မှတ်မူရင်း သို့မဟုတ် မိတ္တူ၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တောင်းခံလွှာ (ပုံစံ-၁၇)၊ အလုပ်ရှင်၏ထောက်ခံချက် (ပုံစံ-၁၈)တို့ ပူးတွဲလျက် မိမိကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှတစ်ဆင့်ဖြစ်စေ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေး ရုံးတွင် တင်ပြတောင်းခံရမည်။

(ခ) ဖခင်ဘဝဖြစ်မှု ငွေကြေးအကျိုးခံစားခွင့်ကို လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်က ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် (ဆ-၂)၊ ကျန်းမာရေးဦးစီးဌာန သို့မဟုတ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းက ထုတ်ပေးသော မွေးဖွားကြောင်း သက်သေခံလက်မှတ်မူရင်း သို့မဟုတ် မိတ္တူ၊ သက်ဆိုင်ရာလူမှုဖူလုံရေးရုံးသို့ တင်ပြထားသော မိမိ၏ဇနီးနှင့်ပတ်သက်သည့် ကိုယ်ရေးအချက် အလက်များ၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တောင်းခံလွှာ (ပုံစံ-၁၉)၊ အလုပ်ရှင်၏ ထောက်ခံ ချက် (ပုံစံ-၂၀)တို့ ပူးတွဲလျက် မိမိကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှတစ်ဆင့်ဖြစ်စေ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးတွင် တင်ပြတောင်းခံရမည်။

(ဂ) မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်တွင် ဖော်ပြထားသော ခွင့်ကာလကုန်ဆုံးသည့်နေ့မှ သုံးလအတွင်း တောင်းခံရမည်။

၁၂၃။ လူမှုဖူလုံရေးရုံးသည် မီးဖွားမှုနှင့်ဆိုင်သည့်ငွေကြေးအကျိုးခံစားခွင့်ကို အာမခံထားသူ၏ ဆန္ဒအရ မီးဖွားခွင့်စတင်သည့်နေ့မှ ရက်သတ္တအပတ်စဉ် အရစ်ကျဖြင့်ဖြစ်စေ၊ ဆေးသက်သေခံလက်မှတ်ပါ ခွင့် ကာလကုန်ဆုံးသည့်အခါဖြစ်စေ ပေးရမည်။

အလုပ်လက်မဲ့ဖြစ်သူအတွက် မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်

၁၂၄။ (က) ဥပဒေပုဒ်မ ၃၈ နှင့်အညီ အလုပ်လက်မဲ့ဖြစ်မှု အကျိုးခံစားခွင့်ရရှိနေသူသည် အဆိုပါအကျိုး ခံစားခွင့်ရထိုက်သည့်ကာလအတွင်း ဆေးသက်သေခံလက်မှတ်အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်ကိုသော်လည်းကောင်း၊ ဖခင်ဖြစ်မှုအကျိုးခံစားခွင့် ကိုသော်လည်းကောင်း ခံစားခွင့်ရှိ သည်။

(ခ) အာမခံထားသူသည် ဥပဒေပုဒ်မ ၃၇ နှင့်အညီ အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သည့်နေ့တွင် နည်း ဥပဒေ ၁၁၈ အရ အကျိုးခံစားခွင့်ရနိုင်သည့် ထည့်ဝင်ကြေးကာလအပိုင်းအခြား ပြည့်မှသာလျှင် နည်းဥပ ဒေခွဲ (က) ပါ ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်ရှိရမည်။

(ဂ) အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တောင်းဆိုရာတွင် အလုပ်ရှင်၏ ထောက်ခံချက် (ပုံစံ-၁၈) သို့မဟုတ် (ပုံစံ-၂၀) မပါရှိစေကာမူ လူမှုဖူလုံရေးရုံးက အဆိုပါ အကျိုးခံစားခွင့်ကို ခွင့်ပြုနိုင်သည်။

(ဃ) အလုပ်လက်မဲ့ အကျိုးခံစားခွင့် ကိုခံစားနေသော အမျိုးသမီးသည် တစ်နှစ်အောက်ကလေးကို မွေး စားပါက မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ရထိုက်ခွင့်မရှိစေရ။

မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ရပ်ဆိုင်းခြင်း

၁၂၅။ အာမခံထားသူသည် မီးဖွားမှုနှင့်ဆိုင်သည့် ဆေးသက်သေခံလက်မှတ်အရ အနားယူရန် သတ်မှတ် ထားသည့်ကာလအတွင်း မူလအလုပ်ကိုဖြစ်စေ၊ အခြားအလုပ်တစ်ခုခုကိုဖြစ်စေ အခကြေးငွေဖြင့် အလုပ် လုပ်နေလျှင်သော်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ အသိအမှတ်ပြုသည့် ဆရာဝန်၏ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လျှင်သော်လည်းကောင်း မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လုံးဝ ဖြစ်စေ၊ ကာလအပိုင်းအခြားအတွက်ဖြစ်စေ ရပ်ဆိုင်းထားခြင်းခံရမည်။

နာရေးစရိတ်အတွက် ခံစားခွင့်

၁၂၆။ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင် ထိခိုက်မှုကြောင့်ဖြစ်စေ၊ အလုပ်နှင့်ဆိုင်သော ရောဂါရမှုကြောင့် ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အာမခံထားသူ သေဆုံးလျှင်-

(က) ဘာသာရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ ရပ်ရွာဓလေ့ထုံးစံအရသော် လည်းကောင်း ပြုလုပ်ရသည့် နာရေးနှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်ရန်အတွက် နာရေးစရိတ်ခံစား ခွင့်ကို ပေးရမည်။

(ခ) နာရေးစရိတ်ကို သေဆုံးသော အာမခံထားသူက အမည်စာရင်းပေးသွင်းထားသူအားဖြစ်စေ၊ ကျန် ရစ်သော အတူနေဇနီး သို့မဟုတ် ခင်ပွန်းအားဖြစ်စေ၊ အိမ်ထောင်စုဝင်များအားဖြစ်စေ၊ အဆိုပါစရိတ်ကို စိုက်ထုတ်ကျခံထားသည့် အခြားသူများကဖြစ်စေ တောင်းခံလာလျှင် ပေးရမည်။

နာရေးစရိတ်တောင်းခံခြင်းနှင့် ထုတ်ပေးခြင်း

၁၂၇။ သေဆုံးသည့်အာမခံထားသူ၏ အလုပ်ရှင် သို့မဟုတ် ကျန်ရစ်သူသည် ထိုအာမခံထားသူ သေဆုံး သည့်နေ့ သို့မဟုတ် ထိုသူသေဆုံးကြောင်း သိရှိသည့်နေ့ရက်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာမြို့နယ် လူမှုဖူ လုံရေးရုံးသို့ အကြောင်းကြားရမည်။

၁၂၈။ နည်းဥပဒေ ၁၂၆၊ နည်းဥပဒေခွဲ(ခ)ပါခံစားခွင့်ရှိသူသည် နာရေးစရိတ်ကို အာမခံထားသူ သေဆုံး ပြီးနောက် သုံးလအတွင်း သတ်မှတ်ထားသော နာရေးစရိတ်တောင်းဆိုလွှာ (ပုံစံ-၂၁)၊ နာရေးစရိတ်ထုတ် ပေးရန် အလုပ်ရှင်၏ အကြောင်းကြားစာ (ပုံစံ-၂၂) တို့နှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက် အထားများ ပူးတွဲလျက် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်-

(က) လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်က ထုတ်ပေးသော သေဆုံးမှုဆိုင်ရာ ဆေးသက် သေခံလက်မှတ် (ဆ-၄)၊

(ခ) ကျန်းမာရေးဦးစီးဌာန သို့မဟုတ် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းက ထုတ်ပေးသော သေဆုံး ကြောင်းလက်မှတ်မိတ္တူ၊

(ဂ) သေဆုံးသော အာမခံထားသူကအမည်စာရင်းတင်သွင်းခဲ့သူဖြစ်ကြောင်း အထောက်အထားသို့ မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးသည့်သေဆုံးသော အာမခံထား သူ၏ အမည်စာရင်းပါဝင်သည့် အိမ်ထောင်စုစာရင်းမိတ္တူ သို့မဟုတ် နာရေးစရိတ်ကို စိုက်ထုတ်ကျခံခဲ့သူ ဖြစ်ကြောင်း လုပ်ငန်းဌာနမှ တာဝန်ရှိသူ၏ ထောက်ခံချက်။

၁၂၉။ လူမှုဖူလုံရေးအဖွဲ့သည် နည်းဥပဒေ ၁၀၀ အရ ထုတ်ပေးသော သေဆုံးမှုဆိုင်ရာ ဆေးသက်သေခံ လက်မှတ်ကို တင်ပြသည့် နည်းဥပဒေ ၁၂၆၊ နည်းဥပဒေခွဲ(ခ)ပါ ခံစားခွင့်ရှိသူအား နာရေးစရိတ်အကျိုး ခံစားခွင့်ငွေကို အောက်ပါသတ်မှတ်ချက်များနှင့်အညီ ပေးရမည်-

(က) သေဆုံးသူသည် လူမှုဖူလုံရေးရုံးတွင် ထည့်ဝင်ကြေးပေးသွင်းခြင်းမရှိသေးသော်လည်း အလုပ်ရှင် က ဖြစ်စေ၊ ဆန္ဒအလျောက် အာမခံထားရှိလိုသူက မိမိကိုယ်တိုင်ဖြစ်စေ လူမှုဖူလုံရေးရုံးသို့ လာရောက် မှတ်ပုံတင်ပြီး တစ်လအတွင်း သေဆုံးသူဖြစ်ပါက ထိုသူအား အလုပ်ခန့်ထားသည့် အမိန့်စာ သို့မဟုတ် အလုပ်ခန့်ထားမှု သဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် ထိုသူရရှိမည့် တစ်လလုပ်ခဝင်ငွေ သို့မဟုတ် လုပ်ငန်းခွင်အတွင်း ထိုသူနှင့် ရာထူးအဆင့်အတန်းတူညီသည့် အခြားအလုပ်သမားတစ်ဦးက လွန်ခဲ့ သောလေးလအတွင်း ရရှိသည့် ပျမ်းမျှတစ်လလုပ်ခဝင်ငွေ သို့မဟုတ် ဆန္ဒအလျောက် အာမခံထားရှိလိုသူ မှတ်ပုံတင်စဉ်က သတ်မှတ်ကြေညာထားသည့် လစဉ်လုပ်ခဝင်ငွေ၏တစ်ဆ၊

(ခ) သေဆုံးသော အာမခံထားသူသည် ထည့်ဝင်ကြေးကို တစ်လနှင့်အထက် ပေးသွင်းပြီးသူဖြစ်ပါက အောက်ပါပုံသေနည်းအတိုင်းတွက်၍ ခွင့်ပြုရမည်-

နာရေးစရိတ်ခံစားခွင့် = ပျမ်းမျှလုပ်ခဝင်ငွေ × မြှောက်ဖော်ကိန်း

မြှောက်ဖော်ကိန်း = (ထည့်ဝင်ကြေးလ ÷ ၁၈) + ၁

(ဂ) နည်းဥပဒေခွဲ (ခ)အရ ခွင့်ပြုသောနာရေးစရိတ် အကျိုးခံစားခွင့်ငွေသည် အာမခံထားသူ ရရှိခဲ့သော တစ်လပျမ်းမျှ လုပ်ခဝင်ငွေ၏ ငါးဆထက်မကျော်စေရ။

၁၃၀။ သေဆုံးသူသည် လူမှုဖူလုံရေးရုံးတွင် အာမခံထားရန် တာဝန်ရှိသူဖြစ်သော်လည်း အလုပ်ရှင်က လာရောက်မှတ်ပုံတင်ခြင်းမပြုလျှင် လွန်ခဲ့သောလေးလအတွင်း သေဆုံးသူရရှိခဲ့သည့် ပျမ်းမျှ တစ်လ လုပ်ခ ဝင်ငွေသို့မဟုတ် ထိုသူအား အလုပ်ခန့်ထားသည့် အမိန့်စာ သို့မဟုတ် အလုပ်ခန့်ထားမှု သဘောတူ စာချုပ်တွင် ဖော်ပြပါရှိသည့် ထိုသူရရှိမည့် တစ်လလုပ်ခဝင်ငွေ သို့မဟုတ် လုပ်ငန်းခွင်အတွင်းထိုသူနှင့် ရာထူးအဆင့်အတန်းတူညီသည့် အခြားအလုပ်သမားတစ်ဦးက လွန်ခဲ့သောလေးလအတွင်း ရရှိသည့် ပျမ်းမျှ တစ်လလုပ်ခဝင်ငွေ၏ နှစ်ဆကို နာရေးစရိတ်အကျိုးခံစားခွင့်ငွေအဖြစ် အလုပ်ရှင်က လူမှုဖူလုံ ရေးရုံးမှတစ်ဆင့် နည်းဥပဒေ ၁၂၆ နည်းဥပဒေခွဲ (ခ)ပါ ခံစားခွင့်ရှိသူသို့ ပေးရမည်။

အလုပ်လက်မဲ့ဖြစ်သူအတွက် နာရေးစရိတ်အကျိုးခံစားခွင့်

၁၃၁။ (က) သေဆုံးသူသည် အလုပ်လက်မဲ့ငွေကြေးအကျိုးခံစားခွင့်ကို ခံစားနေဆဲဖြစ်ပါက ထိုသူခံစား ခွင့်ရှိသော အလုပ်လက်မဲ့အကျိုးခံစားခွင့် တစ်လစာအပေါ် အခြေပြု၍ အောက်ပါပုံသေနည်းဖြင့် တွက် ချက်ရရှိသော ငွေကို နည်းဥပဒေ ၁၂၆၊ နည်းဥပဒေခွဲ (ခ)ပါ ခံစားခွင့်ရှိသူများက နာရေးစရိတ်အဖြစ် ခံစားခွင့်ရှိသည်-

နာရေးစရိတ်ခံစားခွင့် = တစ်လအတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့် ×  မြှောက်ဖော်ကိန်း

မြှောက်ဖော်ကိန်း = (ထည့်ဝင်ကြေးလ ÷ ၁၈) + ၁

(ခ) နည်းဥပဒေခွဲ (က)အရ ခွင့်ပြုသောနာရေးစရိတ်အကျိုးခံစားခွင့်ငွေသည် အာမခံထားသူ ခံစားခွင့် ရှိသော တစ်လအတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့်ငွေ၏ ငါးဆထက်မကျော်စေရ။

ပညာသင်ကြားနေသော သားသမီးအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့်

၁၃၂။ (က) လစဉ်ဝင်ငွေနည်းပါးစွာရရှိသည့် အာမခံထားသူသည် မှတ်ပုံတင်သက်တမ်း ၄၈ လ အောက် ရှိပြီးပညာသင်နှစ်မစတင်မီ ထည့်ဝင်ကြေးကို အနည်းဆုံး ၃၆ လ ပေးသွင်းထားပြီးလျှင်ဖြစ်စေ၊ မှတ်ပုံတင် သက်တမ်း ၄၈ လနှင့်အထက်ရှိပြီး ပညာသင်နှစ်မစတင်မီ နောက်ဆုံး ၄၈ လအတွင်း ထည့်ဝင်ကြေးကို အနည်းဆုံး ၃၆ လ ပေးသွင်းထားပြီးလျှင်ဖြစ်စေ ထိုသူ၏ အချိန်ပြည့်ပညာသင်ကြား နေသော သားသမီးအတွက် ပညာသင်စရိတ်ကို အောက်ပါသတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-

(၁) အာမခံထားသူ၏ လွန်ခဲ့သော တစ်နှစ်အတွင်း လစဉ်ပျမ်းမျှ လုပ်ခဝင်ငွေသည် လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ထားသည့် ဝင်ငွေအောက် လျော့နည်းခြင်း၊

(၂) နိုင်ငံပိုင်ကျောင်းများတွင်ဖြစ်စေ၊ နိုင်ငံတော်ကအသိအမှတ်ပြုထားသောကျောင်းများတွင်ဖြစ်စေ၊ မူလတန်းပညာကို အချိန်ပြည့်သင်ကြားနေသော သားသမီးဖြစ်ခြင်း။

(ခ) အာမခံထားသူသည်သားသမီးပညာသင်စရိတ်ကို သက်ဆိုင်ရာပညာသင်နှစ်စတင်ပြီး သုံးလအတွင်း အောက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ထားသော (ပုံစံ-၂၃) ဖြင့်လျှောက်ထားရမည်-

(၁) လွန်ခဲ့သောတစ်နှစ်အတွင်းအာမခံထားသူ၏ လစဉ်ဝင်ငွေအသေးစိတ်ကို ဖော်ပြထားသည့် အလုပ် ရှင်၏ ထောက်ခံချက် (ပုံစံ-၂၄)၊

(၂) အာမခံထားသူ၏သားသမီးများ ပညာသင်ကြားနေသောကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံ ချက်၊

(၃) လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော အိမ်ထောင်စု စာရင်းမိတ္တူ။

(ဂ) သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် လျော့နည်းသည့် အာမခံထားသူဇနီးမောင်နှံတို့က မွေး ဖွားသော သားသမီးအတွက် ပညာသင်စရိတ်ကို အာမခံထားသူ ဖခင် သို့မဟုတ် မိခင်တစ်ဦးတည်းက သာ ခံစားခွင့်ရှိသည်။

(ဃ) ကွဲကွာနေသော မိခင်နှင့်ဖခင်တို့ကမွေးသော သားသမီးအတွက် ပညာသင်စရိတ်ကို သားသမီးအား အုပ်ထိန်းခွင့်ရသည့် အာမခံထားသူ မိဘတစ်ဦးကသာ ခံစားခွင့်ရှိသည်။

၁၃၃။ ပညာသင်စရိတ်ခံစားခွင့်ရှိသော အာမခံထားသူ၏ မူလတန်းပညာသင်ကြားနေသည့် သားသမီး တစ်ဦးအတွက် ပညာသင်စရိတ်မှာ ပညာသင်နှစ်တစ်နှစ်လျှင် အာမခံထားသူက ထိုပညာသင်နှစ်မစတင် မီ နောက်ဆုံး ၁၂လအတွင်း ထည့်ဝင်ကြေးပေးသွင်းခဲ့သောလများတွင် ရရှိခဲ့သည့် ပျမ်းမျှတစ်လလုပ်ခ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှရမည်။

၁၃၄။ (က) မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် အာမခံထားသူ၏ ပညာသင်စရိတ်လျှောက် ထားချက်ကို လက်ခံရရှိသည့်အခါ ဖော်ပြထားသော အချက်အလက်များ မှန် မမှန် စိစစ်၍ အာမခံထားသူ ၏ လုပ်ခဝင်ငွေနှင့် ထည့်ဝင်ကြေးကာလတို့ကို ဖော်ပြလျက် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ  လူမှု ဖူလုံရေးရုံးချုပ်သို့  တင်ပြရမည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် အာမခံထားသူ၏ လျှောက်ထားချက်ကို ဥပဒေနှင့်အညီ စိစစ်ပြီး ခွင့်ပြု ခြင်းသို့မဟုတ် ငြင်းပယ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

၁၃၅။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) သားသမီးပညာသင်စရိတ်ခံစားခွင့်ရှိသော အာမခံထားသူ၏ လုပ်ခဝင်ငွေကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။

(ခ) မိမိ၏ရန်ပုံငွေအခြေအနေအပေါ်မူတည်၍ သားသမီးပညာသင်စရိတ်ခံစားခွင့်ကို မူလတန်းမှ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရေးအထိ တိုးချဲ့ပေးနိုင်ရေး စဉ်းစားဆောင်ရွက်နိုင်သည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်

၁၃၆။ အာမခံထားသူသည်-

(က) မှတ်ပုံတင်သက်တမ်း ၄၈လ အောက်ရှိပြီး သဘာဝဘေးအန္တရာယ်မကြုံတွေ့မီ ထည့်ဝင်ကြေးကို အနည်းဆုံး ၃၆လပေးသွင်းထားပြီးလျှင်ဖြစ်စေ၊ မှတ်ပုံတင်သက်တမ်း ၄၈လနှင့်အထက်ရှိပြီး နောက်ဆုံး ၄၈လအတွင်း ထည့်ဝင်ကြေးကို အနည်းဆုံး ၃၆ လ ပေးသွင်းထားပြီးလျှင်ဖြစ်စေ သဘာဝဘေး အန္တရာယ်ကြောင့် မိမိပိုင်ပစ္စည်းဥစ္စာများ ဆုံးရှုံးရသည့်အခါ သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွက် အကျိုးခံစားခွင့်ရှိသည်။

(ခ) ထိုသို့ကြုံတွေ့ရသောလမတိုင်မီ လွန်ခဲ့သောတစ်နှစ်အတွင်း ထည့်ဝင်ကြေးပေးသွင်းခဲ့သော လများ တွင် ရရှိခဲ့သည့် ပျမ်းမျှလုပ်ခတစ်လစာ၏ ၄၀ ရာခိုင်နှုန်းကို သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုအတွက် ထောက်ပံ့ငွေအဖြစ် ငွေကြေးအကျိုးခံစားခွင့်ရှိသည်။

(ဂ) သဘာဝဘေးအန္တရာယ်ကြောင့် ငွေကြေးအကျိုးခံစားခွင့်ရှိသော အာမခံထားသူသည် လူမှုဖူလုံရေး အဖွဲ့က ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ခံစားခွင့်ရှိသည်။

၁၃၇။ အာမခံထားသူသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွက် ခံစားခွင့်ကို အဆိုပါဘေးအန္တ ရာယ်ကျရောက်ပြီး သုံးလအတွင်း သတ်မှတ်ထားသော (ပုံစံ-၂၅)ဖြင့် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေး ရုံးသို့ လျှောက်ထားရမည်။ ထိုသို့လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(က) သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသတွင် ပါဝင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်းမိတ္တူ၊

(ခ) နည်းဥပဒေခွဲ (က)ပါ အထောက်အထားမရရှိနိုင်တော့သည့် အခြေအနေတွင် သဘာဝဘေးအန္တ ရာယ် အမှန်တကယ်ကြုံတွေ့ရသူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ ထောက်ခံချက်၊

(ဂ) မိမိပိုင်ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကြောင်း ဓာတ်ပုံမှတ်တမ်း သို့မဟုတ် ခိုင်လုံသော အထောက် အထား၊

(ဃ) သဘာဝဘေးအန္တရာယ်ကြောင့် အာမခံထားသူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကြောင်း အလုပ်ရှင် ၏ ထောက်ခံချက် (ပုံစံ-၂၆)။

၁၃၈။ (က) မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် အာမခံထားသူ၏ သဘာဝဘေးအန္တရာယ်ကြုံ တွေ့ရမှုအတွက် ထောက်ပံ့ငွေလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ ဖော်ပြထားသော အချက်အ လက်များ မှန်မမှန် စိစစ်၍ အာမခံထားသူ၏ လုပ်ခဝင်ငွေနှင့်ထည့်ဝင်ကြေးကာလတို့ကို ဖော်ပြလျက် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြရမည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် အာမခံထားသူ၏ လျှောက်ထားချက်ကို စိစစ်ပြီး ငြင်းပယ်ခြင်း၊ ခွင့်ပြု ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်းတို့ ဆောင်ရွက်နိုင်သည်။

 

အခန်း (၈)

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုး ခံစားခွင့်

အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်

၁၃၉။ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသော အာမခံထားသူသည် မကျန်းမာမှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှုအပါအဝင် အခြားအကြောင်းတစ်ခုခုကြောင့် ဆေးသက်သေခံ လက်မှတ်အရ မူလအလုပ်ကို အမြဲတမ်း လုံးဝလုပ်ကိုင်နိုင်စွမ်းမရှိလျှင် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်ကို သတ်မှတ်ထားသော (ပုံစံ-၂၇) တွင် ဖြည့်စွက်ပြီး အလုပ်ရှင်၏ ထောက်ခံချက် (ပုံစံ-၂၈) နှင့်အတူ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

၁၄၀။ မြို့နယ်လူမှုဖူလုံရေးရုံးသည် အာမခံထားသူ၏ လျှောက်ထားမှုကို လက်ခံရရှိသောအခါ ထိုအာမ ခံ ထားသူနှင့် သက်ဆိုင်သည့် အောက်ပါအချက်အလက်များကို စိစစ်ပြီး မှတ်တမ်းနှင့်တကွ လူမှုဖူလုံရေး အဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဆေးဘက်ဆိုင်ရာခုံအဖွဲ့သို့ အမှုတွဲကို ပေးပို့ရမည်-

(က) အာမခံထားသူ၏ အမည်၊ ဖခင်အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား အမှတ်၊ နေရပ်လိပ်စာ၊ အလုပ်ဌာနအမည်နှင့် အလုပ်ရှင်မှတ်ပုံတင်အမှတ်၊

(ခ) ထိုအာမခံထားသူ သာမန်အားဖြင့် ဆေးကုသမှုခံယူနေသည့် လူမှုဖူလုံရေးဆေးခန်းရှိ ဆေးကုသမှု မှတ်တမ်းနှင့် ဆေးရုံတက်ရောက်ကုသသော ဆေးကုသမှုမှတ်တမ်း။

၁၄၁။ ဆေးဘက်ဆိုင်ရာခုံအဖွဲ့သည် မြို့နယ်လူမှုဖူလုံရေးရုံးမှ ပေးပို့လာသော အမှုတွဲကို စနစ်တကျ လက်ခံရမည်။ ထို့နောက် အဆိုပါအာမခံထားသူအား ဆင့်ခေါ်၍  ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ရ မည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ အကြံဉာဏ်ရယူနိုင်သည်။ ထိုသို့စစ်ဆေး ပြီး အာမခံထားသူသည် မူလအလုပ်ကို အမြဲတမ်းလုပ်ကိုင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရပါက သတ်မှတ် ထားသော ဆေးသက်သေခံလက်မှတ် (ဆ-၆)တွင် ဖြည့်စွက်လျက် ဆေးဘက်ဆိုင်ရာ တာဝန်ခံအရာရှိ၏ အတည်ပြုချက်နှင့်အတူ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ အမှုတွဲအပြည့်အစုံကို ပြန်လည်ပေးပို့ရ မည်။ စစ်ဆေးချက်အရ အဆိုပါ အာမခံထားသူသည် မူလအလုပ်ကို လုပ်ကိုင်နိုင်ကြောင်း တွေ့ရှိရပါက မိမိ၏ သဘောထားမှတ်ချက်ကို ဆေးဘက်ဆိုင်ရာတာဝန်ခံအရာရှိ၏ အတည်ပြုချက်နှင့်အတူ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ အမှုတွဲ အပြည့်အစုံကို ပြန်လည်ပေးပို့ရမည်။

၁၄၂။ (က) အာမခံထားသူသည် ဆေးဘက်ဆိုင်ရာ ခုံအဖွဲ့မှ ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် အရ မူလအလုပ်ကို အမြဲတမ်းလုပ်ကိုင်နိုင်စွမ်းမရှိလျှင် ထိုသူသည် ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (က)နှင့်အညီ ငွေကြေးအကျိုးခံစားခွင့်ကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိ သည်။

(ခ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်ရရှိသော အာမခံထားသူ နောက်ဆုံးလုပ်ကိုင်ခဲ့သော အလုပ်ဌာန၏ အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၁၂ လနှင့်အထက် ထည့်ဝင်ထားသော ငွေ၏ ၂၅ ရာခိုင်နှုန်းကို အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ အဆိုပါ အတိုးနှုန်းသည် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်းဖြစ်သည်။ အလုပ်ရှင်သည် အဆိုပါ အကျိုးခံစားခွင့်အတွက် သတ်မှတ်ထားသော ပုံစံ (၃၃-က)ဖြင့် သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

၁၄၃။ မြို့နယ်လူမှုဖူလုံရေးရုံးသည် နည်းဥပဒေ ၁၄၁ အရ ဆေးဘက်ဆိုင်ရာခုံအဖွဲ့က ပြန်လည်ပေးပို့လာ သော ဆေးသက်သေခံလက်မှတ်အရ အာမခံထားသူမှာ မူလအလုပ်ကို အမြဲတမ်းလုပ်ကိုင်နိုင်စွမ်းမရှိ လျှင် ထိုသူနှင့်သက်ဆိုင်သည့် အောက်ပါအချက်အလက်များကို စိစစ်ပြီး မှတ်တမ်းနှင့်တကွ လူမှုဖူလုံရေး ရုံးချုပ်သို့ အမှုတွဲကို ပေးပို့တင်ပြရမည်-

(က) ထိုအာမခံထားသူသည် ဥပဒေနှင့်အညီ စတင်မှတ်ပုံတင်ခဲ့သည့်နေ့ရက်၊ အာမခံထားသူနှင့် အလုပ် ရှင်တို့က အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခဲ့သည့် လပေါင်းနှင့် ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးငွေပေါင်း၊

(ခ) အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်အဖြစ် ထိုအာမခံထားသူ ခံစားခွင့်ရှိသော ငွေပမာဏ၊

(ဂ) အလုပ်ရှင်ခံစားခွင့်ရှိသော ငွေပမာဏ။

၁၄၄။ ညွှန်ကြားရေးမှူးချုပ်သည် -

(က) မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် ဥပဒေနှင့်အညီ လိုအပ်သလိုစိစစ်ပြီး ခွင့်ပြုခြင်း၊ ပြင်ဆင်ခွင့်ပြုခြင်းနှင့် ငြင်းပယ်ခြင်းတို့ ပြုနိုင်သည်။

(ခ)  ခွင့်ပြုခြင်း သို့မဟုတ် ပြင်ဆင်ခွင့်ပြုခြင်းပြုလုပ်ပါက အာမခံထားသူနှင့် အလုပ်ရှင်တို့ ခံစားခွင့်ရှိ သော ငွေပမာဏကို သတ်မှတ်ပေးရမည်။

(ဂ) ပြင်ဆင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုလုပ်ပါက အကြောင်းရင်းကို ဖော်ပြရမည်။

သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်

၁၄၅။ အာမခံထားသူ၏ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ရရှိမည့် အသက်သည် ၆၀ နှစ်ဖြစ်သည်။

၁၄၆။ (က) အာမခံထားသူသည် သက်ပြည့်အငြိမ်းစားယူသည့်အခါ ဥပဒေပုဒ်မ ၃၅၊ ပုဒ်မခွဲ (က)နှင့် အညီ ငွေကြေးအကျိုးခံစားခွင့်ကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစား ခွင့်ရှိသည်။

(ခ) သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ရရှိသော အာမခံထားသူ နောက်ဆုံးလုပ်ကိုင်ခဲ့သော အလုပ်ဌာ န၏ အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစား ခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေသို့ မိမိက ၁၂လနှင့်အထက် ထည့်ဝင်ထားသောငွေ၏ ၂၅ ရာခိုင်နှုန်းကို အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ အဆိုပါအတိုးနှုန်းသည် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်းဖြစ် သည်။ အလုပ်ရှင်သည်အဆိုပါ အကျိုးခံစားခွင့်အတွက် သတ်မှတ်ထားသော ပုံစံ (၃၃-က)ဖြင့် သက်ဆိုင် ရာလူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

၁၄၇။ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ် သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသော အာမခံထားသူသည် သက်ပြည့် အငြိမ်းစားအကျိုးခံစားခွင့်ကို နည်းဥပဒေ ၁၄၅ အရ သက်ပြည့်အငြိမ်းစားယူရန် သတ်မှတ်ထားသော အသက်မပြည့်မီ ၆လ အလိုမှစတင်၍ သတ်မှတ်ထားသော (ပုံစံ-၂၉)ကို ဖြည့်စွက်လျက် အလုပ်ရှင်၏ ထောက်ခံစာ (ပုံစံ-၃၀)နှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံ ရေးရုံးသို့ လျှောက်ထားရမည်-

(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(ခ) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား မိတ္တူ။

၁၄၈။ (က) မြို့နယ်လူမှုဖူလုံရေးရုံးသည် အာမခံထားသူ၏ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့် လျှောက်ထားမှုကို လက်ခံရရှိသောအခါ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့် ရှိ မရှိ စိစစ်ပြီး ထိုအာမခံ ထားသူနှင့်သက်ဆိုင်သည့် အောက်ပါအချက်အလက်များကို မှတ်တမ်းနှင့်တကွ လူမှုဖူလုံရေးရုံးချုပ်သို့ အမှုတွဲကို ပေးပို့တင်ပြရမည်-

(၁) အာမခံထားသူ၏ အမည်၊ ဖခင်အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်ဌာနအမည်နှင့် အလုပ်ရှင်မှတ်ပုံတင်အမှတ်၊

(၂) ထိုအာမခံထားသူသည်  ဥပဒေနှင့်အညီ စတင်မှတ်ပုံတင်ခဲ့သည့်နေ့ရက်၊ အာမခံထားသူနှင့် အလုပ်ရှင်တို့က အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခဲ့သည့် လပေါင်းနှင့် ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးငွေပေါင်း၊

(၃) သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်အဖြစ် ထိုအာမခံထားသူ ခံစားခွင့်ရှိသော ငွေပမာဏ၊

(၄) အလုပ်ရှင်က ခံစားခွင့်ရှိသော ငွေပမာဏ။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် နည်းဥပဒေ ၁၄၄ နှင့်အညီ ဆောင်ရွက်ရမည်။

ကျန်ရစ်သူအကျိုးခံစားခွင့်

၁၄၉။ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေပေးသွင်းထားသော အာမခံထားသူက သက်ပြည့်အငြိမ်း စားယူသည့် အသက်မပြည့်မီ အလုပ်တွင်ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခု ခုကြောင့်သော်လည်းကောင်း သေဆုံးလျှင် ထိုသေဆုံးသော အာမခံထားသူအတွက် ကျန်ရစ်သူ အကျိုးခံ စားခွင့်ကို အဆိုပါရန်ပုံငွေမှ ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က)၊ (ခ)တို့နှင့်အညီ ဦးစားပေး အစီအစဉ်အလိုက် ခံစားခွင့်ရှိသည်။

၁၅၀။ (က) ကျန်ရစ်သူ အကျိုးခံစားခွင့်ရထိုက်သူသည် ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က)၊ (ခ)တို့နှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့် ရှိသည်။

(ခ) နည်းဥပဒေခွဲ (က)ပါ အကျိုးခံစားခွင့်ကို ရထိုက်သူရှိလျှင် သေဆုံးသော အာမခံထားသူနောက်ဆုံး လုပ်ကိုင်ခဲ့သော အလုပ်ဌာန၏ အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ရန်ပုံငွေသို့ မိမိက ၁၂လနှင့်အထက် ထည့်ဝင် ထားသော ငွေ၏ ၂၅ ရာခိုင်နှုန်းကို အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ အဆိုပါ အတိုးနှုန်းသည် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်းဖြစ်သည်။ အလုပ်ရှင်သည်အဆိုပါ အကျိုးခံစားခွင့်အတွက် သတ်မှတ် ထား သော ပုံစံ (၃၃-က)ဖြင့် သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

(ဂ) နည်းဥပဒေခွဲ (က)ပါ အကျိုးခံစားခွင့်ကို ရထိုက်သူမရှိလျှင် သေဆုံးသော အာမခံထားသူ နောက်ဆုံးလုပ်ကိုင်ခဲ့သော အလုပ်ဌာန၏ အလုပ်ရှင်သည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေသို့ မိမိက ၁၂ လနှင့်အထက် ထည့်ဝင်ထားသောငွေများကို အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ အဆိုပါအတိုးနှုန်းသည် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်းဖြစ်သည်။ အလုပ်ရှင်သည် အဆိုပါ အကျိုးခံစားခွင့်အတွက် သတ်မှတ်ထားသော ပုံစံ (၃၃-က)ဖြင့် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

၁၅၁။ အလုပ်တွင် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ အခြားအကြောင်းတစ်ခုခုကြောင့်သော်လည်း ကောင်း အာမခံထားသူ သေဆုံးလျှင် ကျန်ရစ်သူအကျိုးခံစားခွင့်ကို လျှောက်ထားသူသည် သတ်မှတ် ထားသော (ပုံစံ-၃၁)ကို ဖြည့်စွက်ပြီး အလုပ်ရှင်၏ ထောက်ခံချက် (ပုံစံ-၃၂)နှင့်အတူ အောက်ပါစာရွက် စာတမ်းများ ပူးတွဲလျက် မြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်-

(က) ကျန်းမာရေးဦးစီးဌာန သို့မဟုတ် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းက ထုတ်ပေးသော သေဆုံး ကြောင်းလက်မှတ်၊

(ခ) မိမိအား သေဆုံးသူက အမည်စာရင်းတင်သွင်းခဲ့ကြောင်းဝန်ခံချက် သို့မဟုတ် မိမိသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူဖြစ်ကြောင်း ဝန်ခံချက်၊

(ဂ) သေဆုံးသူ၏ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား၊

(ဃ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(င) အိမ်ထောင်စုစာရင်းမိတ္တူ။

၁၅၂။ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသည် မိမိရုံးရှိ မှတ်တမ်းအထောက်အထားများကို စိစစ်ပြီး ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က) သို့မဟုတ် (ခ)ပါ လျှောက်ထားသူက နည်းဥပဒေ ၁၅၁နှင့်အညီ လျှောက် ထားလာပါက ကျန်ရစ်သူ အကျိုးခံစားခွင့် ရထိုက်ခွင့် ရှိ မရှိ စိစစ်ရမည်။ ရထိုက်ခွင့်ရှိပါက အောက်ဖော်ပြပါ အချက်များနှင့်အတူ လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြရမည်-

(က) သေဆုံးသော အာမခံထားသူ၏ အမည်၊ ဖခင်အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအာမခံစိစစ် ရေးအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်ဌာနအမည်နှင့် အလုပ်ရှင်မှတ်ပုံတင်အမှတ်၊

(ခ) သေဆုံးသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့် နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေပေးသွင်းထားသော အာမခံထားသူ ဟုတ် မဟုတ်၊

(ဂ) သေဆုံးသော အာမခံထားသူသည် ဥပဒေနှင့်အညီ စတင်မှတ်ပုံတင်ခဲ့သည့် နေ့ရက်၊ သေဆုံးသော အာမခံထားသူနှင့် အလုပ်ရှင်တို့က အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေသို့ ထည့်ဝင်ကြေး ပေးသွင်းခဲ့သည့် လပေါင်းနှင့် ပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးငွေပေါင်း၊

(ဃ) ကျန်ရစ်သူ အကျိုးခံစားခွင့်အဖြစ် ဥပဒေနှင့်အညီ ခံစားခွင့်ရှိသော ငွေပမာဏ၊

(င) အလုပ်ရှင်က ခံစားခွင့်ရှိသော ငွေပမာဏ၊

(စ) လျှောက်ထားသူသည် အကျိုးခံစားခွင့်အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ဟုတ်မဟုတ်၊

(ဆ) လျှောက်ထားသူသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူ ဟုတ် မဟုတ်။

၁၅၃။ ညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် နည်းဥပဒေ ၁၄၄ နှင့် အညီ ဆောင်ရွက်ရမည်။

လူမှုဖူလုံရေးစနစ်မှ နုတ်ထွက်ခွင့်နှင့် ရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်

၁၅၄။ အာမခံထားသူသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ပါက လူမှုဖူလုံရေးစနစ်မှ နုတ်ထွက်ခွင့်ပြုရန် တောင်းဆိုနိုင်သည်-

(က) အာမခံထားသူ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းဌာနသည် ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ခြင်း မှ ရပ်စဲခွင့်ရရှိခြင်း၊

(ခ) သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့် ရရှိမည့် အသက်မပြည့်မီအာမခံထားသူက အလုပ်မှ နုတ်ထွက် ခြင်း၊

(ဂ) အလုပ်လက်မဲ့အကျိုးခံစားခွင့်ရရှိသည့် အာမခံထားသူသည် အလုပ်လက်မဲ့အကျိုးခံစားခွင့် ကာလ ကုန်ဆုံးသော်လည်း မိမိ၏မူလအလုပ်ကို ဖြစ်စေ၊ လူမှုဖူလုံရေးစနစ်နှင့်သက်ဆိုင်သည့် အခြားအလုပ် တစ်ခုခုကိုဖြစ်စေ ဝင်ရောက်လုပ်ကိုင်နိုင်မှုမရှိခြင်း၊

(ဃ) ဥပဒေနှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားလုပ်ငန်းဌာနတစ်ခုခုသို့ ပြောင်းရွှေ့ခြင်း၊

(င) မိမိဆန္ဒအလျောက် အာမခံထားသူက ဆက်လက်၍ အာမခံထားရန် ဆန္ဒမရှိတော့ခြင်း။

၁၅၅။ (က) ညွှန်ကြားရေးမှူးချုပ်သည် နည်းဥပဒေ ၁၅၄ အရ လျှောက်ထားသူအား ဥပဒေနှင့်အညီ စိစစ်ပြီး အာမခံထားသူအဖြစ်မှ နုတ်ထွက်ခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က) အရ လူမှုဖူလုံရေးစနစ်မှ နုတ်ထွက်ခွင့်ရသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ရန်ပုံငွေသို့ ၃၆ လနှင့်အထက် ပေးသွင်းထားလျှင် ဥပဒေပုဒ်မ ၇၀၊ ပုဒ်ခွဲ(က)နှင့်အညီ ငွေကြေးအကျိုးခံစားခွင့်ကို ထိုသူ ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။

(ဂ) အာမခံထားသူသည် နည်းဥပဒေခွဲ (က)ပါ ရန်ပုံငွေသို့ ထည့်ဝင်ကြေးငွေကို ၃၆ လ မပြည့်မီ အဆိုပါ အာမခံစနစ်မှ နုတ်ထွက်သွားပါက မိမိကပေးသွင်းထားသော ထည့်ဝင်ကြေးငွေများကို ပြန်လည်ထုတ်ယူ ခွင့်မရှိသော်လည်း အဆိုပါအာမခံစနစ်သို့ ပြန်လည်ဝင်ရောက်သည့် အချိန်တွင် ယခင်ကပေးသွင်းခဲ့သည့် ထည့်ဝင်ကြေးငွေများနှင့် ကာလများကို ထည့်ပေါင်းရေတွက်ခွင့်ပြုသည်။

(ဃ) နည်းဥပဒေခွဲ (ခ)ပါ အကျိုးခံစားခွင့်အတွက် အာမခံထားသူသည် သတ်မှတ်ထားသော (ပုံစံ-၃၃) ဖြင့် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

(င) နုတ်ထွက်ခွင့်ရရှိသော အာမခံထားသူ နောက်ဆုံးလုပ်ကိုင်ခဲ့သော အလုပ်ဌာန၏ အလုပ်ရှင်သည် နည်းဥပဒေခွဲ (ခ)ပါ ရန်ပုံငွေသို့ မိမိက ၁၂လ နှင့်အထက် ထည့်ဝင်ထားသောငွေ၏၂၅ ရာခိုင်နှုန်းကို အတိုးနှင့်တကွ ခံစားခွင့်ရှိသည်။ အဆိုပါ အတိုးနှုန်းသည် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်းဖြစ်သည်။ အလုပ် ရှင်သည် အဆိုပါအကျိုးခံစားခွင့်အတွက် သတ်မှတ်ထားသော ပုံစံ(၃၃-က) ဖြင့် သက်ဆိုင်ရာ လူမှုဖူလုံ ရေးရုံးသို့ လျှောက်ထားရမည်။

စိစစ်ခွင့်ပြုခြင်း

၁၅၆။ (က) မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် နည်းဥပဒေ ၁၅၅၊ နည်းဥပဒေခွဲ (က)အရ နုတ်ထွက်ခွင့်ရသူနှင့်ပတ်သက်၍ မိမိရုံးရှိ မှတ်တမ်းများကို စစ်ဆေးပြီး အောက်ပါအချက်များဖော်ပြ လျက် လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြရမည်-

(၁) အာမခံထားသူ၏အမည်၊ ဖခင်အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ်၊ နေရပ် လိပ်စာ၊ အလုပ်ဌာနအမည်နှင့် အလုပ်ရှင်မှတ်ပုံတင်အမှတ်၊

(၂) အာမခံထားသူ ဥပဒေနှင့်အညီ စတင်မှတ်ပုံတင်ခဲ့သည့်နေ့ရက်၊

(၃) အာမခံထားသူနှင့်အလုပ်ရှင်တို့က အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်း စားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေသို့ ပေးသွင်းခဲ့သည့်ကာလ၊ ထည့်ဝင်ကြေးငွေ ပေါင်းနှင့် ရနိုင်သော အကျိုးခံစားခွင့်ငွေပမာဏ။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် နည်းဥပဒေ ၁၄၄ နှင့်အညီ ဆောင်ရွက်ရမည်။

၁၅၇။ အာမခံထားသူ သို့မဟုတ် အာမခံထားသူ သေဆုံးပြီးနောက် ကျန်ရစ်သူသည် နည်းဥပဒေ ၁၅၄ အရ ပြန်လည်ထုတ်ယူခွင့်ပြုရန် လျှောက်ထားခြင်းကို အောက်ပါဖြစ်စဉ်များ ဖြစ်ပွားသည့်နေ့မှစ၍ ၁၂လ အတွင်း လျှောက်ထားရမည်-

(က) အဆိုပါလုပ်ငန်းဌာနအား ဥပဒေနှင့်သက်ဆိုင်ခြင်းမှ ရပ်စဲခွင့်ပြုသည့်နေ့၊

(ခ) အာမခံထားသူ အလုပ်မှ နုတ်ထွက်သည့်နေ့၊

(ဂ) ဥပဒေနှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားလုပ်ငန်းဌာနတစ်ခုခုသို့ ပြောင်းရွှေ့ခြင်းပြုသည့်နေ့၊

(ဃ) အာမခံစနစ်မှ နုတ်ထွက်ခွင့်ပြုသည့်နေ့၊

(င) အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းလုံးဝမသန်စွမ်းဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ခုံအဖွဲ့မှ အတည်ပြုသည့်နေ့၊

(စ) အလုပ်တွင် ထိခိုက်မှုကြောင့် အာမခံထားသူ သေဆုံးသည့်နေ့။

၁၅၈။ နည်းဥပဒေ ၁၄၄၊ ၁၄၈၊ ၁၅၃နှင့် ၁၅၆ တို့အရ ခွင့်ပြုသည့် အကျိုးခံစားခွင့်ငွေများကို ခွင့်ပြုသည့် နေ့မှစ၍ တစ်နှစ်အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးတွင် ထုတ်ယူရမည်။

 

အခန်း (၉)

အလုပ်လက်မဲ့အကျိုးခံစားခွင့်

ခံစားခွင့်ရှိသူများ

၁၅၉။ အလုပ်လက်မဲ့အကျိုးခံစားခွင့်သည် ဥပဒေနှင့်အကျုံးဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်သူအတွက် ဥပဒေနှင့်အညီ ခွင့်ပြုသော ခံစားခွင့်ဖြစ် သည်။ အာမခံထားသူသည် အလုပ်လက်မဲ့အကျိုးခံစားခွင့် အာမခံစနစ်သို့ အနည်းဆုံး ၃၆လ ထည့်ဝင် ကြေးငွေပေးသွင်းခဲ့ပြီးနောက် ဥပဒေပုဒ်မ ၃၇ ပါ အခြေအနေများကြောင့်သော်လည်းကောင်း၊ လုပ်ငန်း သဘောသဘာဝအရ  ဝန်ထမ်းအင်အားလျှော့ချရန် လိုအပ်သည့် အခြေအနေကြောင့်သော်လည်းကောင်း အလုပ်ခွင်မှ အလုပ်လက်မဲ့ဖြစ်ပါက အလုပ်လက်မဲ့အကျိုးခံစားခွင့်ရှိသည်။

အကျိုးခံစားခွင့်ကာလနှင့် ငွေကြေးအကျိုးခံစားခွင့်များ

၁၆၀။ (က) အလုပ်လက်မဲ့ဖြစ်သူသည် ထည့်ဝင်ကြေးငွေကို  ၃၆ လထည့်ဝင်ပြီးသူဖြစ်ပါက ထည့်ဝင် ကြေးပေးသွင်းခဲ့သောကာလများတွင် ရရှိခဲ့သော ပျမ်းမျှလုပ်ခဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို စုစုပေါင်း ရက် ၆၀ အထိ ခံစားခွင့်ရှိသည်။ အဆိုပါခံစားခွင့်ရှိသူသည် ထည့်ဝင်ကြေးငွေကို ၃၆ လထက် ပို၍ ထည့်ဝင် ထားသူဖြစ်ပါက ထည့်ဝင်ကြေး ၁၂ လတိုးတိုင်း ပျမ်းမျှလုပ်ခဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ရက် ၃၀ တိုး၍ ခံစားခွင့်ရှိသည်။

(ခ) နည်းဥပ​ဒေခွဲ (က) ပါ ခံစားခွင့်ရှိသူသည် မိမိခံစားခွင့်ရှိသော စုစုပေါင်းအလုပ်လက်မဲ့အကျိုးခံစား ခွင့်ကို တစ်ဆက်တည်း ရက်ပေါင်း ၁၈၀ အထိသာ ခံစားခွင့်ရှိသည်။

(ဂ) နည်းဥပဒေခွဲ (က)နှင့် (ခ) တို့အရ ခံစားခွင့်ရှိသူသည် စုစုပေါင်းခံစားခွင့်ရှိသောကာလမကုန်ဆုံးမီ မူလအလုပ်ကိုဖြစ်စေ၊ အခြားလုပ်ငန်းဌာနတစ်ခုခုတွင်ဖြစ်စေ ပြန်လည်ဝင်ရောက်ခွင့်ရရှိလျှင် ကျန်ရှိ သော အလုပ်လက်မဲ့ရရှိနိုင်သည့် ကာလများကို အကယ်၍ နောက်တစ်ကြိမ် အလုပ်လက်မဲ့ကြုံတွေ့ပါက ထည့်သွင်းခံစားနိုင်သည်။ သို့ရာတွင် အဆိုပါ နောက်တစ်ကြိမ် ခံစားခွင့်စုစုပေါင်းသည် ရက်ပေါင်း ၁၈၀ ထက် မကျော်စေရ။

အကျိုးခံစားခွင့်တောင်းဆိုခြင်းနှင့် စိစစ်ခွင့်ပြုခြင်း

၁၆၁။ အလုပ်လက်မဲ့ဖြစ်သူသည် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို သတ်မှတ်ထားသော တောင်းဆိုလွှာ (ပုံစံ-၃၄)၊ အလုပ်ရှင်၏ထောက်ခံချက် (ပုံစံ-၃၅)နှင့်အတူ အောက်ပါစာရွက်စာတမ်း အထောက်အထား များပူးတွဲလျက် အလုပ်လက်မဲ့ဖြစ်ပြီး တစ်လအတွင်း သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက် ထားရမည်-

(က) မိမိအား အလုပ်လက်မဲ့ဖြစ်စေသည့် အလုပ်ရှင်၏ အကြောင်းကြားစာ သို့မဟုတ် ရုံးအမိန့်စာမိတ္တူ၊

(ခ) သက်ဆိုင်ရာမြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးတွင် မှတ်ပုံတင်ထားသူဖြစ်ကြောင်း သက်သေခံလက်မှတ်။

၁၆၂။ (က) မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် အလုပ်လက်မဲ့အကျိုးခံစားခွင့်လျှောက်ထား လွှာကို လက်ခံရရှိပါက မိမိရုံးရှိ မှတ်တမ်းများနှင့် စနစ်တကျတိုက်ဆိုင်စစ်ဆေးခြင်း၊ အဆိုပါအာမခံ ထားသူ၏ အလုပ်ဌာနသို့ သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက် တို့နှင့်အတူ ခံစားခွင့်ရှိသောကာလနှင့် ငွေပမာဏတို့ကို တွက်ချက်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိထံ တင်ပြရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် နည်းဥပဒေခွဲ (က)ပါ လျှောက်ထားခြင်းကို ခွင့်ပြုမပြုနှင့် ခွင့်ပြုပါက လစဉ်အကျိုးခံစားခွင့်ငွေပမာဏနှင့် အကျိုးခံစားခွင့်ရရှိ မည့်ကာလတို့ကို ဆုံးဖြတ်၍ မြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားပြီး လူမှုဖူလုံရေးရုံးချုပ်သို့ အစီရင်ခံတင်ပြရမည်။

အကျိုးခံစားခွင့်ကန့်သတ်ချက်

၁၆၃။ (က) အာမခံထားသူသည် နည်းဥပဒေ ၁၆၀၊ နည်းဥပဒေခွဲ (က)၊ (ခ)နှင့် (ဂ)တို့အရ ခံစားခွင့်ရှိ သောကာလ အားလုံးအတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ခံစားပြီးပါက ထည့်ဝင်ကြေးသက်တမ်း ကို ပြန်လည်စတင်ရေတွက်ရမည်ဖြစ်ပြီး နောက်တစ်ကြိမ် ၃၆ လ ထည့်ဝင်ပြီးမှသာ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။

(ခ) အလုပ်လက်မဲ့အကျိုးခံစားခွင့်ရသူသည် ဥပဒေပုဒ်မ ၄၀ ပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လျှင် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ရပ်စဲခြင်းခံရမည်။

(ဂ) အာမခံထားသူသည် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို ခံစားပြီးနောက် မူလအလုပ်တွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်သည့်အခါဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်သည့်အခါဖြစ်စေ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။

၁၆၄။ အလုပ်လက်မဲ့အကျိုးခံစားခွင့် ခံစားခဲ့ခြင်းမရှိသော အာမခံထားသူအတွက် အဆိုပါရန်ပုံငွေသို့ ပေးသွင်းထားသည့် ထည့်ဝင်ကြေးငွေမှ အလုပ်ရှင်နှင့် အာမခံထားသူတို့က ပြန်လည်ထုတ်ယူခွင့်နှင့်စပ် လျဉ်း၍ ဝန်ကြီးဌာနက ဥပဒေပုဒ်မ ၁၀၀ အရ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေ ဖူလုံမှု၊ လူမှုဖူလုံရေးရန်ပုံငွေ၏ တောင့်တင်းခိုင်မာမှု၊ ဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်နယ်မြေ ဒေသအလိုက် ဇုန်အလိုက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့အပေါ် မူတည်လျက် လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ် သည့်အတိုင်း ဆောင်ရွက်ရမည်။

 

အခန်း (၁၀)

လူမှုဖူလုံရေးအိမ်ရာစီမံကိန်း

အကောင်အထည်ဖော်ခြင်း

၁၆၅။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) အာမခံထားသူများအတွက် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းများ ရေးဆွဲပြီး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူရမည်။

(ခ) ပြည်ထောင်စုအစိုးရကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကဖြစ်စေ စီမံခန့်ခွဲသော မြေနေရာများမှ သင့်လျော်သည့်မြေကွက်ကို အခမဲ့ဖြစ်စေ၊ တန်ဖိုးသတ်မှတ်ဝယ်ယူ၍ဖြစ်စေ လူမှုဖူလုံ ရေးအိမ်ရာစီမံကိန်းများအတွက် သုံးစွဲခွင့်ပြုရန် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

(ဂ) လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် တိုင်းဒေသကြီးနှင့်ပြည် နယ်အစိုးရများထံမှ မြေကွက်များ အခမဲ့အသုံးပြုခွင့် တောင်းခံခြင်း သို့မဟုတ် အဆိုပါအစိုးရအဖွဲ့များ က ခွင့်ပြုပေးသောမြေကွက်များကို ရန်ပုံငွေဖြင့်ဖြစ်စေ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ လှူဒါန်း သည့် ငွေဖြင့်ဖြစ်စေ မြေကွက်များကို ဝယ်ယူခြင်းပြုနိုင်သည်။ ထို့အပြင် စေတနာရှင်များ၏ တိုက်ရိုက် လှူဒါန်းသည့်မြေများတွင်လည်း အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်နိုင်သည်။

၁၆၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းများအတွက် လိုအပ်သောမြေနေ ရာများကို ပြည်ထောင်စုအစိုးရ သို့မဟုတ် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတို့က စီမံခန့်ခွဲသောမြေနေ ရာများမှဖြစ်စေ၊ အခြားသင့်လျော်သည့်မြေနေရာများမှဖြစ်စေ အခမဲ့သော်လည်းကောင်း၊ တန်ဖိုး သတ်မှတ်၍ ဝယ်ယူစေခြင်းဖြင့်သော်လည်းကောင်း သုံးစွဲခွင့်ပြုနိုင်သည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအသီးသီးတို့သည် မိမိတို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအ တွက် အလုပ်သမားအများစု လုပ်ကိုင်လျက်ရှိသော စက်မှုဇုန်များနှင့်နီးသည့် သီးသန့်မြေနေရာ သို့မ ဟုတ် သွားလာမှုလွယ်ကူအဆင်ပြေသည့်နေရာကို လျာထားသတ်မှတ်ပေးရမည်။ အဆိုပါမြေနေရာသည် စျေး၊ ကျောင်း၊ ဆေးရုံ၊ ပန်းခြံ စသည်တို့ထည့်သွင်းတည်ဆောက်နိုင်သော အကျယ်အဝန်းရှိရမည်။

၁၆၇။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံငွေကို အောက်ပါငွေကြေးများဖြင့် သုံးစွဲနိုင်သည်-

(က) လူမှုဖူလုံရေးအိမ်ရာစီမံကိန်းရန်ပုံငွေများ-

(၁) အိမ်ရာစီမံကိန်းအတွက် လစဉ်ထည့်ဝင်ငွေများ၊ အတိုးရငွေများနှင့် အကျိုးအမြတ်ရငွေများ၊

(၂) အိမ်ရာဝယ်ယူလိုသူ အာမခံအလုပ်သမားများထံမှ ကြိုတင်ပေးငွေများ၊

(၃) ပြည်တွင်းပြည်ပစေတနာရှင်များမှ လှူဒါန်းငွေများ၊

(ခ) လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေများအနက် ပိုလျှံသောငွေများမှ ၁၀ ရာခိုင်နှုန်းထက်မပိုသောငွေများ၊

(ဂ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများ၊

(ဃ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ချေးငွေများ၊

(င) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ အကူအညီများ၊ ချေးငွေ များ၊

(စ) နိုင်ငံခြားတိုင်းပြည်များမှ အကူအညီများ၊ ချေးငွေများ။

၁၆၈။ လူမှုဖူလုံရေးအဖွဲ့သည်-

(က) သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖြစ်စေ စည်းကမ်းချက်များ သတ်မှတ်ပြီး သဘောတူစာချုပ် ချုပ်ဆို၍ လူမှုဖူလုံရေးအိမ်ရာများကို ကိုယ်တိုင် စီမံဆောက်လုပ်ခြင်း သို့မဟုတ် လုပ်ငန်းအပ်နှံစနစ်ဖြင့် ဆောက်လုပ်ခြင်း သို့မဟုတ် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုနိုင်သည်။

(ခ) လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအရ တည်ဆောက်ထားသော အိမ်ရာများကို စီမံခန့်ခွဲခွင့်နှင့် ရောင်းချ ခွင့်ရှိသည်။

အိမ်ရာများဝယ်ယူခွင့်

၁၆၉။ (က) အာမခံထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ပြီး အိမ်ရာစီမံကိန်းရန်ပုံငွေသို့ မိမိတို့ဆန္ဒအလျောက် ထည့်ဝင်ကြေးပေးသွင်းထားပါက မိမိ ထည့်ဝင် ငွေနှင့် သတ်မှတ်ထားသော အတိုးငွေတို့ စုစုပေါင်းတန်ဖိုးမှာ အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီ လျှင် လူမှုဖူလုံရေးအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသောအိမ်ရာကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ဦးစားပေးဝယ်ယူခွင့်ရှိသည်။

(ခ) နည်းဥပဒေခွဲ (က) ပါ အာမခံထားသူသည် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အရပ်ရပ်အာမခံ စနစ်သို့ ထည့်ဝင်ကြေးပေးသွင်းခဲ့သောကာလနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်သို့ ထည့်ဝင်ကြေးပေးသွင်းခဲ့သော ကာလနှစ်ရပ်ပေါင်း ၁၈၀ လကျော် ပေးသွင်းခဲ့သူသည် နည်းဥပဒေခွဲ (က)ပါ ငွေပမာဏကို တစ်လုံးတစ်ခဲတည်း ပေးသွင်းလျှင် လူမှုဖူလုံ ရေးအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော အိမ်ရာကို ဝယ်ယူခွင့်ရှိသည်။

(ဂ) လူမှုဖူလုံရေးအဖွဲ့သည် နည်းဥပဒေခွဲ (က)နှင့် (ခ)ပါ အိမ်ရာဝယ်ယူခွင့်ရရှိသူများက လူမှုဖူလုံရေး အဖွဲ့သို့ ပေးချေရန်ကျန်ရှိသော အိမ်တန်ဖိုးငွေကို ပေးချေနိုင်ရန်အတွက် နိုင်ငံပိုင် ဘဏ်တစ်ခုခုတွင်ဖြစ် စေ၊ လူမှုဖူလုံရေးအဖွဲ့ရန်ပုံငွေတိုးပွားရေးအတွက် ရင်းနှီးမြှုပ်နှံထားသော အခြားဘဏ်တစ်ခုခုတွင် ဖြစ် စေ အိမ်ရာ သို့မဟုတ် အခြားခိုင်လုံသော ပိုင်ဆိုင်မှုကို အပေါင်ထား၍ ဘဏ်မှ သတ်မှတ်ထားသောအတိုး ဖြင့် ငွေချေးယူနိုင်ရန် ညှိနှိုင်းစီစဉ်ပေးနိုင်သည်။

(ဃ) နည်းဥပဒေခွဲ (က)နှင့် (ခ)ပါ အိမ်ရာဝယ်ယူခွင့်ရရှိသူများသည် ပေးဆပ်ရန်ကျန်သောအိမ်ရာတန် ဖိုးကို မိမိအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိဝယ်ယူခွင့်ရှိသော အိမ်ရာသို့မဟုတ် အခြားခိုင်လုံသောပိုင်ဆိုင်မှုကို နည်းဥပဒေခွဲ (ဂ)အရ လူမှုဖူလုံရေးအဖွဲ့က စီစဉ်ပေးသောဘဏ်တွင် သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ အပေါင်ထားပြီး ငွေချေးယူ၍ဖြစ်စေ လူမှုဖူလုံရေးအဖွဲ့သို့ အိမ်ရာတန်ဖိုး အကျေ အလည်ပေးသွင်းရမည်။

(င) နည်းဥပဒေခွဲ (က)နှင့် (ခ)ပါ အိမ်ရာဝယ်ယူခွင့်ရရှိသူများသည် ပေးဆပ်ရန်ကျန်သော အိမ်ရာတန် ဖိုးအတွက် ငွေချေးယူထားသောဘဏ်သို့ လစဉ်အရစ်ကျပေးဆပ်ရမည်။ ထိုသို့ပေးဆပ်ရာတွင် ပေးဆပ် ရန် ကျန်ရှိသောငွေအပြင် ဘဏ်မှသတ်မှတ်ထားသော အတိုးငွေကိုပါ ထည့်သွင်းပေးဆပ်ရမည်။

(စ) လူမှုဖူလုံရေးအိမ်ရာဝယ်ယူခွင့်ရရှိသော အာမခံထားသူသည် အိမ်ရာတန်ဖိုးပြည့်မီသည်အထိ ပေးသွင်းနိုင်သည့်အခြေအနေနှင့် အသက်အရွယ်ရှိရမည်။

(ဆ) လူမှုဖူလုံရေးအဖွဲ့သည် အိမ်ရာဝယ်ယူခွင့်ရရှိသူက အိမ်ရာတန်ဖိုးအတွက် ဘဏ်သို့ ငွေပေးဆပ်နေ စဉ်ကာလအတွင်း အဆိုပါအိမ်ရာအတွက် မြန်မာ့အာမခံလုပ်ငန်း သို့မဟုတ် အခြားအာမခံလုပ်ငန်းတစ် ခုခုတွင် မီးနှင့်အထွေထွေအာမခံနှင့် အခြားသင့်လျော်ကောင်းမွန်သည့် အာမခံများ ထားရှိရန်စီစဉ်ပေးရ မည်။

(ဇ) လူမှုဖူလုံရေးအိမ်ရာဝယ်ယူခွင့်ရရှိသူသည် နည်းဥပဒေခွဲ (ဆ)အရ ပေးသွင်းရသော အာမခံပရီမီယံ ကြေးနှင့် အိမ်ရာထိန်းသိမ်းစရိတ်အတွက် ကျသင့်သောငွေကို လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည်။

(ဈ) အာမခံထားသူသည် လူမှုဖူလုံရေးအိမ်ရာကို တစ်ကြိမ်သာဝယ်ယူခွင့်ရှိသည်။ ယခင်က ဝယ်ယူခွင့် ရရှိပြီးသူသည် နောက်တစ်ကြိမ် ထပ်မံဝယ်ယူလိုပါက ယခင်ကဝယ်ယူထားသော အိမ်ရာကို လူမှုဖူလုံရေး အဖွဲ့သို့သတ်မှတ်တန်ဖိုးဖြင့် ပြန်လည်အပ်နှံပြီးမှသာ အသစ်ထပ်မံဝယ်ယူခွင့်ရှိသည်။

(ည) အာမခံထားသူသည် အိမ်ရာစီမံကိန်းရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခဲ့သော်လည်း အိမ်ရာဝယ် ယူခွင့်မရမီ အာမခံထားသူအဖြစ်မှ ရပ်စဲခဲ့လျှင် အာမခံထားသူကိုယ်တိုင်သော်လည်းကောင်း၊ အာမခံ ထားသူသေဆုံးသွားလျှင် ယင်း၏မှီခိုသူသည်သော်လည်းကောင်း အိမ်ရာစီမံကိန်းရန်ပုံငွေသို့ အာမခံ ထားသူထည့်ဝင်ခဲ့သောငွေအားလုံးကို အတိုးနှင့်တကွ ပြန်လည်ရထိုက်ခွင့်ရှိသည်။ ထိုအတိုးနှုန်းသည် မြန်မာ့စီးပွားရေးဘဏ်မှ သတ်မှတ်သည့် ငွေစုဘဏ်အပ်ငွေအတိုးနှုန်း၏ ထက်ဝက်ဖြစ်ရမည်။

၁၇၀။ (က) နည်းဥပဒေ ၁၆၉ နည်းဥပဒေခွဲ (က)နှင့် (ခ)တို့အရ လူမှုဖူလုံရေးအိမ်ရာများကို ဝယ်ယူခွင့် ရရှိသူများသည် လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်များအပြင် အခွန်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာရမည်။

(ခ) လူမှုဖူလုံရေးအိမ်ရာများကို ဝယ်ယူခွင့်ရရှိသူများသည် လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက လူမှုဖူလုံရေးအိမ်ရာမှ ဖယ်ရှားခြင်းခံရမည်။

၁၇၁။ လူမှုဖူလုံရေးအဖွဲ့သည် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သူအား နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (ခ) နှင့်အညီ လူမှုဖူလုံရေးအိမ်ရာမှ ဖယ်ရှားနိုင်ရေးအတွက် သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိအား တာဝန်ပေးအပ်ရန် ဝန်ကြီး ဌာနမှ တစ်ဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းနိုင်သည်။

၁၇၂။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိသည်-

(က) သတ်မှတ်ထားသောစည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သူအား လူမှုဖူလုံရေးအိမ်ရာမှ ရက် ပေါင်း ၃၀ အတွင်း ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ရမည်။

(ခ) နည်းဥပဒေခွဲ (က)အရ သတ်မှတ်ထားသော ရက်အတွင်း ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ သော်လည်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြ၍ လုံခြုံရေးနှင့် အခြားလိုအပ်သော အကူအညီတောင်းခံပြီး ဖယ်ရှားရမည်။

၁၇၃။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် နည်းဥပဒေ ၁၇၂၊ နည်းဥပဒေခွဲ (ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိက အကူအညီ တောင်းခံလာပါက ဥပဒေနှင့်အညီ ဖယ်ရှားနှင်ထုတ်ရေးအတွက် လိုအပ်သောအကူအညီများ ပေးရမည်။

 

အခန်း (၁၁)

အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်များ

အလုပ်တွင်ထိခိုက်မှုမှတ်တမ်းစာအုပ်

၁၇၄။ (က) အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရသည့် အာမခံထားသူသည် ယင်းသို့ ထိခိုက်မှုဖြစ် ကြောင်းကို ကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှတစ်ဆင့်ဖြစ်စေ အလုပ်ရှင် သို့မဟုတ် လုပ်ငန်းဌာနတာဝန်ရှိသူ အား အသိပေးအကြောင်းကြားရမည်။

(ခ) အလုပ်ရှင်သည်-

(၁) အလုပ်တွင် ထိခိုက်မှုမှတ်တမ်းစာအုပ်ကို လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ထားသည့် (ပုံစံ-၃၆) ဖြင့် ထားရှိရမည်။

(၂) မိမိ၏အလုပ်သမားများ အလုပ်တွင်ထိခိုက်မှုပေါ်ပေါက်လျှင် အကြောင်းအရာအားလုံးကို အလုပ် တွင် ထိခိုက်မှုမှတ်တမ်းစာအုပ်တွင် ချက်ချင်းရေးသွင်းရမည်။ ထိုသို့ရေးသွင်းထားသည့်အကြောင်းအရာ များမှန်ကန်ကြောင်းကို တာဝန်ရှိသူက သက်သေခံလက်မှတ်ရေးထိုးထားရမည်။

(၃) အလုပ်တွင်ထိခိုက်မှုမှတ်တမ်းစာအုပ်ကို မှတ်တမ်းရေးသွင်းသည့်နေ့မှစ၍ ငါးနှစ်တာကာလအထိ ထိန်းသိမ်းထားရှိရမည်။

အလုပ်တွင်ထိခိုက်မှုအတွက် အစီရင်ခံခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း

၁၇၅။ (က) အလုပ်ရှင်သည် မိမိ၏ အာမခံထားသူ အလုပ်သမားအား သေဆုံးစေသည့် သို့မဟုတ် ကိုယ် ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ အလုပ်မလုပ်နိုင်စေသည့် ဒဏ်ရာကိုဖြစ်စေသော အလုပ်တွင် ထိခိုက်မှုဖြစ်လျှင် သော်လည်းကောင်း၊ ယင်းထိခိုက်မှုကြောင့် သေဆုံးသွားလျှင်သော်လည်းကောင်း သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ ဆောလျင်စွာအကြောင်းကြားရမည်။ ထို့အပြင် ၂၄ နာရီအတွင်း သတ်မှတ်ထားသော (ပုံစံ-၃၇) သုံးစုံဖြင့် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ ထပ်မံအကြောင်းကြားရမည်။

(ခ) မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် နည်းဥပဒေခွဲ(က) အရ အလုပ်ရှင်ကအကြောင်း ကြားလာသည့်အခါ စစ်ဆေးရေးအရာရှိကို တာဝန်ပေးအပ်၍ဖြစ်စေ၊ မိမိကိုယ်တိုင် ဖြစ်စေ သက်ဆိုင်ရာ လုပ်ငန်းဌာနသို့ သွားရောက်၍ အလုပ်တွင် ထိခိုက်မှု ဟုတ် မဟုတ် စုံစမ်းစစ်ဆေးပြီး သတ်မှတ်ထား သော (ပုံစံ-၃၈)ဖြင့် မှတ်တမ်းတင်အတည်ပြုရမည်။

(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် အလုပ်ရှင်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးအစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း ဟုတ်မဟုတ်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးအတည်ပြုချက် ရယူ နိုင်သည်။
(ဃ) မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိသည် အလုပ်ရှင်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးအစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့် အလုပ်နှင့်ဆိုင်သော ရောဂါရမှုဖြစ် သည်ဟု ယူဆပါက ကျွမ်းကျင်သူဆေးပညာရှင်များ၏ စစ်ဆေးအတည်ပြုချက်ရယူရမည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး

၁၇၆။ (က) အလုပ်ရှင်သည် မိမိ၏လုပ်ငန်းဌာနများ၌ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ အန္တရာယ်ရှိ သော စက်ကိရိယာအစိတ်အပိုင်းများအား လုံခြုံစွာကာရံခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားအ လိုက် အလုပ်သမားများအသုံးပြုရမည့် အကာအကွယ်ပစ္စည်းများနှင့် ဝတ်စုံများကို စနစ်တကျအသုံးပြု စေခြင်း၊ အလုပ်သမားအကြိုအပို့ယာဉ်များတွင် သတ်မှတ်ဦးရေထက် ကျော်လွန်စီးနင်းခြင်းမရှိစေရန် ယာဉ်များ လုံလောက်စွာစီစဉ်ပေးခြင်း၊ ကြံ့ခိုင်ကောင်းမွန်သော ယာဉ်များကိုသာ အသုံးပြုစေခြင်း စသည်တို့ကို ဆောင်ရွက်ရမည့်အပြင် နိုင်ငံတော်က ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာရမည်။

(ခ) အလုပ်ရှင်သည် အထက်အပိုဒ် (က) ပါ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့် အလုပ်တွင် ထိခိုက်မှုနှင့် အလုပ်နှင့်ဆိုင်သော ရောဂါရမှု များဖြစ်ပေါ်လာပါက ဤနည်းဥပဒေများအရ အာမခံထားသူများ ခံစားခွင့်ရှိသည့် ငွေကြေးနှင့် အခြား အကျိုးခံစားခွင့်များကို တွက်ချက်၍ အောက်ပါအတိုင်း တစ်လုံးတည်းကျခံရမည်-

(၁) ဥပဒေနှင့်အညီ စစ်ဆေးညွှန်ကြားမှုများ မပြုလုပ်ရသေးမီ ဖြစ်ပေါ်လျှင် ဤနည်းဥပဒေများ အရ အာမခံ ထားသူများ ခံစားခွင့်ရှိသည့်  အကျိုးခံစားခွင့်များ၏ ၅၀ ရာခိုင်နှုန်း၊

(၂) စစ်ဆေးတွေ့ရှိချက်များအရ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများကို ညွှန်ကြားပြီးဖြစ် သော်လည်း လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လျှင် ဤနည်းဥပဒေများအရ အာမခံထားသူများ ခံစား ခွင့်ရှိသည့် အကျိုးခံစားခွင့်များ၏ ၁၀၀ ရာခိုင်နှုန်း။

အလုပ်သမားလျော်ကြေးဥပဒေပါ တာဝန်များမှ ကင်းလွတ်ခွင့်ပြုခြင်း

၁၇၇။ (က) ဥပဒေတွင် အကျုံးဝင်သည့် အလုပ်ရှင်များသည် မိမိ၏အလုပ်သမားအာမခံထားသူတို့ အလုပ်တွင် ထိခိုက်မှုဖြစ်ပေါ်ပါက အလုပ်သမားလျော်ကြေးဥပဒေအရ ပေးလျော်ရမည့် တာဝန်များမှ ကင်းလွတ်စေရမည်။

(ခ) အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ဖြစ်ရသည့် မတော်တဆ ထိခိုက်ဒဏ်ရာရမှုသည် နည်းဥပဒေခွဲ (က)ပါပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။

ပြန်လည်ထူထောင်ပေးခြင်းနှင့် အလုပ်နေရာများ စီစဉ်ထားရှိခြင်း

၁၇၈။ (က) လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိ၍ ကိုယ်အင်္ဂါဆုံးရှုံးသော အာမခံထား သူအား ပြန်လည်လေ့ကျင့်ပေးခြင်းဖြင့် လူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့လာစေရန်နှင့် လွယ်ကူ စွာ အလုပ်လုပ်နိုင်စေရန် အလုပ်နှင့်ဆိုင်သော အတတ်ပညာများ ပြန်လည်သင်ကြားပေးခြင်းနှင့် ပြုစု ပျိုးထောင်ပေးခြင်းများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဖြစ်စေ၊ အခြားဌာနများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ ညှိနှိုင်း၍ ပြုလုပ်ပေးရမည်။

(ခ) အလုပ်ရှင်သည် မိမိ၏လုပ်ငန်းဌာနအတွင်း မသန်စွမ်းသူများ အလုပ်လုပ်နိုင်ရန်နှင့် အလွယ်တကူ လှုပ်ရှားသွားလာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်။

(ဂ) ငွေကြေးအကျိုးခံစားခွင့်ရရှိသည့် အာမခံထားသူများသည် လုံလောက်သော အကြောင်းမရှိဘဲ အဆို ပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ရန် ငြင်းဆိုခြင်းမပြုရ။

အလုပ်တွင်ထိခိုက်မှုအတွက် ဆေးသက်သေခံလက်မှတ်

၁၇၉။ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်သည် -

(က) အာမခံထားသူ အလုပ်မလုပ်နိုင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ အလုပ်တွင်ထိခိုက်မှုကြောင့် ဟုတ် မဟုတ်ကို ယူဆချက်ပေးရမည်။ ထိုသို့ယူဆချက်ကိုပေးနိုင်ရန်အတွက် လိုအပ်ပါက ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၏ သဘောထားမှတ်ချက်ကို ရယူနိုင်သည်။

(ခ) အာမခံထားသူမှာ အလုပ်တွင် ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုဖြစ်ပေါ်၍ အလုပ်မလုပ်နိုင် ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးသက်သေခံလက်မှတ် (ဆ-၁)ကို ထုတ်ပေးရမည်။

ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်

၁၈၀။ အာမခံထားသူသည်-

(က) အလုပ်တွင် ထိခိုက်မှုကြောင့် မိမိ၏အလုပ်ကို မလုပ်နိုင်လျှင်ဆေးသက်သေခံလက်မှတ်အရ အနည်း ဆုံး တစ်ရက်မှ အများဆုံး ၁၂ လအထိ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်။

(ခ) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလအပိုင်းအခြား သတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိသည်။

၁၈၁။ အာမခံထားသူသည် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်အဖြစ် အလုပ်တွင် ထိခိုက်မှုမဖြစ်မီ လွန် ခဲ့သော ၄ လအတွင်း ထည့်ဝင်ကြေးပေးသွင်းခဲ့သော ကာလများတွင်  ရရှိခဲ့သည့် ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်ရှိသည်။ အကယ်၍ အလုပ်ရှင်ကလူမှုဖူလုံရေးရုံးသို့ လာရောက်မှတ်ပုံတင်ပြီး သော်လည်း လူမှုဖူလုံရေးရုံးတွင် ထည့်ဝင်ကြေးပေးသွင်းခြင်းမရှိမီ တစ်လအတွင်း ထိခိုက်ဒဏ်ရာ ရသူ ဖြစ်ပါက ထိုသူအား အလုပ်ခန့်သည့် အမိန့်စာ သို့မဟုတ် အလုပ်ခန့်ထားမှုသဘောတူစာချုပ်တွင် ဖော်ပြ ပါရှိသည့် ထိုသူရရှိမည့် လုပ်ခသို့မဟုတ် ထိုသူနှင့် ရာထူးအဆင့်တူညီသော အခြားအလုပ် သမားများရရှိသော လုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်ရှိသည်။

၁၈၂။ အာမခံထားသူသည် ခွင့်ကာလအတွင်းအခြားသောဥပဒေများ သို့မဟုတ် စီစဉ်ချက်များအရ ခွင့်ကာလ အတွက် လုပ်ခလစာများ ရထိုက်ခွင့်ရှိပါက လူမှုဖူလုံရေးအဖွဲ့မှ ငွေကြေးအကျိုးခံစားခွင့် ရခြင်းကြောင့် အဆိုပါ ခွင့်ကာလလုပ်ခလစာများ ရထိုက်ခွင့်မဆုံးရှုံးစေရ။ သို့ရာတွင် ယင်းခွင့်ကာလ လုပ်ခလစာနှင့် ယာယီမသန်စွမ်းမှုငွေကြေးအကျိုးခံစားခွင့် နှစ်ရပ်ပေါင်းသည် အာမခံထားသူ၏ သာမန်ရသည့်လုပ်ခ ဝင်ငွေထက်ပိုလျှင် ပိုငွေကို အလုပ်ရှင်က နုတ်ယူနိုင်သည်။

၁၈၃။ လူမှုဖူလုံရေးအဖွဲ့သည် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို-

(က) အာမခံထားသူ အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်လျှင် ဆေးသက်သေခံလက်မှတ်အရ ၁၂ လအထိ ခံစားခွင့်ပေးရမည်။

(ခ) ရက်သတ္တပတ်စဉ်အရစ်ကျဖြင့် အလုပ်တွင် ထိခိုက်မှုဖြစ်ပေါ်သည့်နေ့မှစ၍ ရက်သတ္တပတ်ကုန်ဆုံး သည့်အခါဖြစ်စေ၊ ဆေးသက်သေခံလက်မှတ်အရ ယာယီမသန်စွမ်းမှုကာလပြီးဆုံးသည့်အခါဖြစ်စေ အလုပ်မလုပ်နိုင်သည့်နေ့အသီးသီးအတွက် ရထိုက်ခွင့်ရှိသော ငွေကို ပေးရမည်။

ယာယီမသန်စွမ်းမှုထပ်မံဖြစ်ပွားခြင်း

၁၈၄။ အလုပ်တွင် ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုဖြစ်ပွားပြီးနောက် ၁၂ လအတွင်းမူလဖြစ်ပေါ်ခဲ့ သည့်ဒဏ်ရာကြောင့် ထပ်မံ၍အလုပ်မလုပ်နိုင်လျှင် ဆေးသက်သေခံလက်မှတ်အရ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ကို ဆက်လက်ပေးနိုင်သည်။ အဆိုပါ ထပ်မံခွင့်ပြုသည့်ကာလသည် မူလခွင့်ပြုခဲ့သည့် ကာလနှင့် တစ်ဆက်တည်းသတ်မှတ်ပြီး စုစုပေါင်း ၁၂ လထက်မကျော်စေရ။

ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် တောင်းဆိုခြင်းနှင့် ခွင့်ပြုခြင်း

၁၈၅။ အာမခံထားသူသည် -

(က) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်တောင်းဆိုလွှာကို နည်းဥပဒေ ၁၇၉၊ နည်းဥပဒေခွဲ (ခ)အရ ထုတ်ပေးထားသော ဆေးသက်သေခံလက်မှတ်နှင့်အတူ သတ်မှတ်သည့် (ပုံစံ-၃၉) ဖြင့် ရေးသား တင်သွင်းရမည်။

(ခ) ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို ဆေးသက်သေခံလက်မှတ်အရ အလုပ်မလုပ်နိုင်သည့် ကာလ ကုန်ဆုံးသည့်နေ့မှစ၍ သုံးလအတွင်း တောင်းဆိုရမည်။

၁၈၆။ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် အာမခံထားသူက နည်းဥပဒေ ၁၈၅နှင့် အညီ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို တောင်းဆိုလာသည့်အခါ အလုပ်တွင်ထိခိုက်မှု မှန် မမှန်စစ် ဆေးပြီး မှန်ကန်ပါက ခံစားခွင့်ပြုရမည်။

ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ရပ်ဆိုင်းခြင်း

၁၈၇။ အာမခံထားသူသည် ဆေးသက်သေခံလက်မှတ်အရ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ခံစားနေ စဉ်ကာလအတွင်း အောက်ပါပြုလုပ်မှုတစ်ခုခုကို လုပ်ဆောင်ပါက ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် ကို လုံးဝ ဖြစ်စေ၊ ကာလအပိုင်းအခြားအတွက်ဖြစ်စေ ရပ်ဆိုင်းခြင်းခံရမည်-

(က) မူလအလုပ်တွင်ဖြစ်စေ၊ အခကြေးငွေရသည့် အခြားအလုပ်တွင်ဖြစ်စေ ဝင်ရောက်လုပ်ကိုင်ခြင်း၊

(ခ) ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါပျောက်ကင်းရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အချိန်ကာလအ တွင်း လူမှုဖူလုံရေးဆေးရုံဆေးခန်း၌ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့နှင့်သဘောတူစာချုပ်ချုပ်ဆိုထားသည့် ဆေးရုံဆေးခန်း၌ဖြစ်စေ ဆေးကုမှုခံယူရန် ပျက်ကွက်ခဲ့ခြင်း၊

(ဂ) သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းနှင့် ဆေးကုသမှုခံယူ နေသည့်ကာလအတွင်း ရောဂါပျောက်ကင်းခြင်းကို နှောင့်နှေးစေရန် ပြုလုပ်ခြင်း။

အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်သို့ ပြောင်းလဲခြင်း

၁၈၈။ (က) အာမခံထားသူသည် ထိခိုက်ဒဏ်ရာပျောက်ကင်းသဖြင့် ဆေးကုသမှုရပ်စဲပြီး ယာယီမသန် စွမ်းမှုအကျိုးခံစားခွင့်ကို ၁၂ လမပြည့်မီ ရပ်စဲသည့်အခါ ထိုအာမခံထားသူတွင် အလုပ်လုပ်နိုင်သော စွမ်း အားကို အမြဲတမ်းယုတ်လျော့စေမှု သို့မဟုတ် ကိုယ်အင်္ဂါဆုံးရှုံးစေမှုဖြစ်ပေါ်လျှင် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်အဖြစ်သို့ ပြောင်းလဲခံစားခွင့်ရှိသည်။

(ခ) အာမခံထားသူသည် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ခံစားနေစဉ် ၁၂ လအတွင်းမှာ ပင် ဆေးသက်သေခံလက်မှတ်အရ အမြဲတမ်း မသန်စွမ်းမှုဖြစ်ကြောင်း ထင်ရှားလျှင် ယာယီမသန်စွမ်း မှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ရပ်စဲပြီး အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ပြောင်းလဲ၍ ခံစားခွင့်ရှိသည်။

(ဂ) အာမခံထားသူသည် အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် စတင်သည့်နေ့ မှ ၁၂ လပြည့်ပြီးနောက် ဆက်လက်၍ အလုပ်မလုပ်နိုင်သေးလျှင် ယာယီမသန်စွမ်းမှု အကျိုးခံစား ခွင့်ကို ရပ်စဲပြီး အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်အဖြစ်သို့ ပြောင်းလဲခံစားခွင့်ရှိသည်။

(ဃ) နည်းဥပဒေခွဲ (ခ)အရ ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ရပ်စဲမည့် နေ့ရက်ကို လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်က ဆုံးဖြတ်ရမည်။

လုပ်အားဆုံးရှုံးမှုတန်ဖိုးဖြတ်ခြင်း

၁၈၉။ (က) ဝန်ကြီးဌာနသည် အလုပ်တွင် ထိခိုက်မှုကြောင့် ဆုံးရှုံးသွားသော ခန္ဓာကိုယ်အစိတ်အပိုင်း သို့ မဟုတ် ယုတ်လျော့သွားသော လုပ်အားပမာဏ အနည်းအများအလိုက် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းများ ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။

(ခ) အမြဲတမ်းတစ်စိတ်တစ်ဒေသမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် အမြဲတမ်းလုံးဝမသန်စွမ်း  မှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တို့၏ အချိုးအစားသည် အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်လုပ်နိုင် သော အင်အားဆုံးရှုံးမှု၏ အချိုးအစားနှင့်ညီမျှရမည်။

(ဂ) ကိုယ်အင်္ဂါဆုံးရှုံးမှုတစ်ခုအတွက် လုပ်အားဆုံးရှုံးမှု တန်ဖိုးအနည်းအများကို လုပ်ငန်းအမျိုးအစား ပေါ်မူတည်၍ ခွဲခြားသတ်မှတ်ခြင်းမရှိစေရ။

အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် တောင်းခံခြင်းနှင့် စိစစ်ခွင့်ပြုခြင်း

၁၉၀။ (က) အာမခံထားသူသည် အလုပ်တွင် ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသည့်အခါ ဖြစ်စေ၊ အလုပ်လုပ်နိုင်သည့် အင်အား အမြဲတမ်းယုတ်လျော့ဆုံးရှုံးနိုင်ဖွယ်ရာအကြောင်းရှိလျှင် ဖြစ်စေ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို သတ်မှတ်ထားသော (ပုံစံ-၄၀)ဖြင့် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ လျှောက်ထားနိုင်သည်။

(ခ) မြို့နယ်လူမှုဖူလုံရေးရုံးသည် အာမခံထားသူ၏ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ အလုပ် တွင် ထိခိုက်မှု ဟုတ်မဟုတ် စစ်ဆေးအတည်ပြုချက်နှင့်အတူ လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာ ခုံအဖွဲ့သို့ အမှုတွဲကို ပေးပို့ရမည်။

(ဂ) လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာခုံအဖွဲ့သည်-

(၁) အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သူအား လိုအပ်သလို စစ်ဆေးပြီး (ပုံစံ-ဆ၃) ဖြင့် လုပ်အားဆုံးရှုံးမှုမှာ ယာယီ သို့မဟုတ် အမြဲတမ်းဖြစ်သည်ကို ဖော်ပြ၍ တန်ဖိုးဖြတ်ရာခိုင်နှုန်းကို သတ်မှတ်ရမည်။

(၂) အာမခံထားသူ၏ လုပ်အားဆုံးရှုံးမှုသည် အချိန်ကာလတစ်ခုအတွင်း ပြောင်းလဲသွားနိုင်ကြောင်း ထင်မြင်ယူဆလျှင် အချိန်ကာလကန့်သတ်၍ ယာယီလုပ်အားဆုံးရှုံးမှုအဖြစ် ရာခိုင်နှုန်းသတ်မှတ်နိုင် သည်။ ထိုသို့ကန့်သတ်ထားသော အချိန်စေ့ရောက်သည့်အခါ အဆိုပါ အာမခံထားသူအား ပြန်လည် စစ်ဆေး၍ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကို အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင် သည်။
(၃) အလုပ်တွင်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုထက်ပို၍ ဆုံးရှုံးသွားသော အာမခံထား သူအတွက် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းသတ်မှတ်ရာတွင် ဆုံးရှုံးသွားသော ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုချင်းစီအတွက် ထည့်သွင်းစဉ်းစားရမည်။ သို့သော်စုစုပေါင်း လုပ်အားဆုံးရှုံးမှု ပမာဏသည် ၁၀၀ ရာခိုင်နှုန်းထက်မကျော်စေရ။ ထို့ပြင် လုပ်အားဆုံးရှုံးမှု ၁၀၀ ရာခိုင်နှုန်းရှိသော အမြဲတမ်းလုံးဝမသန် စွမ်းသူကို အခြားသူတစ်ဦးက အမြဲမပြတ်ပြုစုရန် လိုအပ်ခြင်း ရှိ မရှိကိုလည်း ဆုံးဖြတ်ရမည်။

အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်

၁၉၁။ (က) အာမခံထားသူသည် အလုပ်တွင် ထိခိုက်မှုကြောင့် အလုပ်လုပ်နိုင်သည့် အင်အားတစ်စိတ် တစ်ဒေသ အမြဲတမ်းဆုံးရှုံးနိုင်ဖွယ်ရာအကြောင်းရှိလျှင် အမြဲတမ်းတစ်စိတ်တစ်ဒေသ မသန်စွမ်းမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကိုလည်းကောင်း၊ အလုပ်လုပ်နိုင်သည့် အင်အားအမြဲတမ်းလုံးဝ ဆုံးရှုံးနိုင်ဖွယ်ရာအကြောင်းရှိလျှင် အမြဲတမ်းလုံးဝမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို လည်းကောင်း ခံစားခွင့်ရှိသည်။

(ခ) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အတွက် အလုပ်တွင်ထိခိုက်သည့်နေ့မှ လွန်ခဲ့ သော လေးလအတွင်း ထည့်ဝင်ကြေးပေးသွင်းခဲ့သောကာလများတွင် ရရှိခဲ့သည့် ပျမ်းမျှတစ်လလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးဆေးဘက်ဆိုင်ရာခုံအဖွဲ့၏အမြဲတမ်းလုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းဆုံးဖြတ် ချက်အပေါ် အခြေပြု၍ တွက်ချက်ရရှိမည့် ငွေကြေးအကျိုးခံစားခွင့်ကို တစ်လအတွက် ခံစားခွင့်ဟု သတ်မှတ်၍ နည်းဥပဒေ ၁၉၂ နှင့်အညီ ခံစားခွင့်ရှိသည်။

အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေပမာဏ

၁၉၂။ (က) အာမခံထားသူသည် ဆေးဘက်ဆိုင်ရာခုံအဖွဲ့၏ သတ်မှတ်ချက်အရ အချိန်ကာလကန့်သတ် ၍ ယာယီလုပ်အားဆုံးရှုံးမှုဖြစ်ပါက ဆေးဘက်ဆိုင်ရာခုံအဖွဲ့က ကန့်သတ်ဖော်ပြထားသော အချိန်ကာလ အတွက် အမြဲတမ်းမသန်စွမ်းမှုငွေကြေးအကျိုးခံစားခွင့်ရှိသည်။

(ခ) နည်းဥပဒေ ၁၉၀၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၂) အရ ယာယီလုပ်အားဆုံးရှုံးမှုအဖြစ် သတ်မှတ်ခြင်းခံရသော အာမခံထားသူသည် သတ်မှတ်ထားသော အချိန်စေ့ရောက်သည့်အခါ ပြန်လည် စစ်ဆေးမှုခံယူ၍ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းကို အတည်ပြုပြီးပါက နည်းဥပဒေခွဲ (ဂ)နှင့်အညီ ထိုသူရ ထိုက်ခွင့်ရှိသော အမြဲတမ်းမသန်စွမ်းမှုငွေကြေးအကျိုးခံစားခွင့်မှ နည်းဥပဒေခွဲ (က)အရ ထုတ်ယူခံစားခဲ့ သော ငွေပမာဏကို နုတ်၍ ပိုငွေကို ထပ်မံခံစားခွင့်ရှိသည်။

(ဂ) အာမခံထားသူသည် ဆေးဘက်ဆိုင်ရာခုံအဖွဲ့၏ ဆုံးဖြတ်ချက်အရ အမြဲတမ်းမသန်စွမ်းမှုဖြစ်သည့် အခါ ဥပဒေပုဒ်မ ၅၈ နှင့်အညီ ငွေကြေးအကျိုးခံစားခွင့်ကို ထိုသူ၏ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံး တစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။

၁၉၃။ အလုပ်တွင် ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါတစ်စိတ်တစ်ပိုင်းဆုံးရှုံးသဖြင့် အမြဲတမ်းတစ်စိတ်တစ်ဒေ သမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရရှိခဲ့သော အာမခံထားသူသည် အလုပ်တွင် အခြားထိခိုက်မှု တစ်ရပ် ထပ်မံဖြစ်ပွားခြင်းကြောင့် ယခင်ဆုံးရှုံးခဲ့သော ကိုယ်အင်္ဂါ အပါအဝင် ထပ်မံဆုံးရှုံးခဲ့ပါက ထိုသူ ၏ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းအရ ခံစားခွင့်ရှိသော ငွေကြေးအကျိုးခံစားခွင့်ပမာဏမှ ယခင်ခံစားခဲ့ပြီး သော ငွေကြေးပမာဏကို ခုနှိမ်ပြီး ထပ်မံခံစားခွင့်ရှိသည်။

၁၉၄။ (က) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို အရစ်ကျခံစားခွင့်ရရှိနေသော အာမခံ ထားသူသည် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို စတင်ခံစားပြီး ဥပဒေပုဒ်မ ၅၈၊ ပုဒ်မခွဲ (ခ) နှင့်(ဂ)ပါ သတ်မှတ်ထားသည့်ကာလအတွင်း သေဆုံးသည့်အခါ ထိုသူ တစ်လုံးတည်း ခံစားခွင့်ရှိသော ငွေပေါင်းမှ သေဆုံးသည့်နေ့အထိ ထုတ်ယူခံစားပြီးဖြစ်သောငွေကို နုတ်၍ ကျန်ငွေကို ကျန်ရစ်သူ အကျိုးခံစားခွင့်ရှိသူသို့ ထုတ်ပေးရမည်။

(ခ) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို လစဉ်ခံစားခွင့်ရရှိနေသော အာမခံထားသူ သည် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို စတင်ခံစားပြီးဥပဒေပုဒ်မ ၅၈၊ ပုဒ်မခွဲ(ဂ) ပါ သတ်မှတ်ထားသည့် ကာလ ကိုးနှစ်အတွင်း သေဆုံးသည့်အခါ-

(၁) သေဆုံးသည့်အကြောင်းရင်းသည် ယခင် အလုပ်တွင်ထိခိုက်မှုနှင့်သက်ဆိုင်ခြင်းမရှိပါက သေဆုံး သည့်လအထိ အကျိုးခံစားခွင့်ကို ပေးပြီးနောက် အဆိုပါခံစားခွင့်ကို ရပ်ဆိုင်းရမည်။

(၂) သေဆုံးသည့်အကြောင်းရင်းသည် ယခင်အလုပ်တွင် ထိခိုက်မှု၏ နောက်ဆက်တွဲရောဂါကြောင့် ဖြစ် ပါက ဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ရှိသူသည် နည်းဥပဒေ ၁၉၆ပါ ခံစားခွင့်မှ ထိုအာမခံ ထားသူမသေဆုံးမီက ထုတ်ယူခံစားပြီးဖြစ်သော အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေပေါင်းကို ခုနှိမ် ၍ ကျန်ငွေကို အရစ်ကျဖြစ်စေ၊ တစ်လုံးတည်းဖြစ်စေ ခံစားခွင့်ရှိသည်။

(၃) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို လစဉ်ခံစားနေသူမှာ မည်သည့်အကြောင်း ကြောင့် သေဆုံးသည်ကို ဆေးဘက်ဆိုင်ရာခုံအဖွဲ့က အတည်ပြုရမည်။

(ဂ) အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို လစဉ်ခံစားခွင့်ရရှိနေသော အာမခံထားသူ သည် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို စတင်ခံစားပြီး ဥပဒေပုဒ်မ ၅၈၊ ပုဒ်မခွဲ (ဂ) ပါ သတ်မှတ်ကာလ ကိုးနှစ်ကို ကျော်လွန်ပြီးမှ သေဆုံးပါက အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်ကို ရပ်ဆိုင်းရမည်။

၁၉၅။ (က) မြို့နယ်လူမှုဖူလုံရေးရုံးသည် နည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲ (ဂ)နှင့် နည်းဥပဒေ ၁၉၄၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂)တို့ပါ အကျိုးခံစားခွင့်များ ကို လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြ၍ ခွင့်ပြုချက်တောင်းခံရမည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် နည်းဥပဒေ ၁၄၄ နှင့် အညီ ဆောင်ရွက်ရမည်။

အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေပမာဏ

၁၉၆။ (က) အာမခံထားသူသည် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးပါက ဥပဒေပုဒ်မ ၆၂၊ ပုဒ်မခွဲ (ခ) ပါ ခံစားခွင့်ရှိသူသည် ဥပဒေပုဒ်မ ၆၂၊ ပုဒ်မခွဲ (က) နှင့်အညီ ငွေကြေးအကျိုးခံစားခွင့်ကို ထိုသူ၏ဆန္ဒ အရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ ခံစားခွင့်ရှိသည်။

(ခ) ကျန်ရစ်သူအကျိုးခံစားခွင့်ရထိုက်သူ တစ်ဦးထက်ပိုလျှင် အဆိုပါ အကျိုးခံစားခွင့်ကို ညီတူညီမျှခွဲ ဝေခံစားခွင့်ရှိသည်။

အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းကို စစ်ဆေးအတည်ပြုခြင်း

၁၉၇။ အာမခံထားသူ၏ သေဆုံးခြင်းသည် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်း ဟုတ် မဟုတ်ကို အောက်ပါအတိုင်း စစ်ဆေးဆောင်ရွက်ရမည်-

(က) အလုပ်တွင် ထိခိုက်မှုကြောင့် ဟုတ် မဟုတ်ကို မြို့နယ်လူမှုဖူလုံရေးတာဝန်ခံအရာရှိက လိုအပ်သလို စစ်ဆေးဆုံးဖြတ်ရမည်။ လိုအပ်ပါက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ သဘော ထားမှတ်ချက်ရယူနိုင်သည်။

(ခ) အလုပ်နှင့်ဆိုင်သည့် ရောဂါကြောင့် ဟုတ်မဟုတ်ကို စစ်ဆေးဆုံးဖြတ်ရာတွင် လူမှုဖူလုံရေးအဖွဲ့မှ အသိအမှတ်ပြုသော ဆရာဝန်ကဖြစ်စေ၊ ဆေးဘက်ဆိုင်ရာ ခုံအဖွဲ့ကဖြစ်စေ စစ်ဆေးဆုံးဖြတ်ရမည်။ လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ သဘောထားမှတ်ချက်ရယူနိုင်သည်။

ကျန်ရစ်သူအကျိုးခံစားခွင့်တောင်းဆိုခြင်း

၁၉၈။ ကျန်ရစ်သူအကျိုးခံစားခွင့်ရထိုက်သူသည် သတ်မှတ်ထားသော (ပုံစံ-၄၁)ကို ဖြည့်စွက်ပြီး အလုပ် ရှင်ထောက်ခံစာ (ပုံစံ-၄၂)နှင့်အတူ အောက်ပါစာရွက်စာတမ်းပူးတွဲလျက် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံ ရေးရုံးသို့ လျှောက်ထားရမည်-

(က) သေဆုံးသူက မိမိအား အမည်စာရင်းတင်သွင်းထားကြောင်း ဝန်ခံချက် သို့မဟုတ် မိမိသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူဖြစ်ကြောင်း အထောက်အထား၊

(ခ) သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသော သေဆုံးသူ၏ လူမှုဖူလုံရေး အာမခံ စိစစ်ရေးကတ်ပြား၊

(ဂ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(ဃ) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော အိမ်ထောင်စု စာရင်းမိတ္တူ။

၁၉၉။ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည် နည်းဥပဒေ ၁၉၈ အရ လျှောက်ထားမှုကို လက်ခံရရှိ ရသည့်အခါ-

(က) အာမခံထားသူသေဆုံးမှုသည် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှု သို့မဟုတ် အလုပ်နှင့်ဆိုင် သည့် ရောဂါစွဲကပ်မှုကြောင့် သေဆုံးမှု မှန် မမှန် မျက်မြင်သက်သေများကို စစ်ဆေး၍ လည်းကောင်း၊ ဆေးသက်သေခံလက်မှတ်အထောက်အထားများ စစ်ဆေး၍လည်းကောင်း အတည်ပြုရမည်။

(ခ) ထိုသေဆုံးသည့် အာမခံထားသူနှင့်စပ်လျဉ်းသည့် မိမိရုံးရှိ မှတ်တမ်းအထောက်အထားများကို စိစစ် ပြီး အောက်ပါအချက်အလက်များနှင့်အတူ လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြရမည်-

(၁) သေဆုံးသူ၏ အမည်၊ ဖခင်အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ်၊ အလုပ် ရှင်အမည်၊ အလုပ်ရှင်မှတ်ပုံတင်အမှတ်၊

(၂) သေဆုံးသူသည် အာမခံထားသူ ဟုတ် မဟုတ်၊

(၃) လျှောက်ထားသူသည် အကျိုးခံစားခွင့်အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ဟုတ် မဟုတ်၊

(၄) လျှောက်ထားသူသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူ ဟုတ် မဟုတ်။

(ဂ) မြို့နယ်လူမှုဖူလုံရေးရုံးသည် နည်းဥပဒေ ၁၉၆ နည်းဥပဒေခွဲ (က)ပါ ခံစားခွင့်များကို ညွှန်ကြားရေး မှူးချုပ်၏ ခွင့်ပြုချက်ဖြင့်သာ ခံစားခွင့်ပြုရမည်။

(ဃ) ညွှန်ကြားရေးမှူးချုပ်သည် မြို့နယ်လူမှုဖူလုံရေးရုံးက တင်ပြခြင်းအပေါ် နည်းဥပဒေ ၁၄၄ နှင့်အညီ ဆောင်ရွက်ရမည်။

(င) အကျိုးခံစားခွင့်ရထိုက်သူသည် အလုပ်တွင် ထိခိုက်မှုကြောင့် အာမခံထားသူ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ထိုအာမခံထားသူ သေဆုံးသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာ လူမှု ဖူလုံရေးရုံးသို့ လျှောက်ထားရမည်။

၂၀၀။ အလုပ်တွင် ထိခိုက်သူ သို့မဟုတ် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသူသည် လူမှုဖူလုံရေးရုံး တွင် အာမခံထားရန် တာဝန်ရှိသူဖြစ်သော်လည်း အလုပ်ရှင်က လာရောက်မှတ်ပုံတင်ခဲ့ခြင်းမရှိလျှင် နည်းဥပဒေ ၁၈၁၊ ၁၉၂နှင့် ၁၉၆ တို့အရ ထိုက်သင့်သော အကျိုးခံစားခွင့်ငွေပမာဏကို အလုပ်ရှင်က လူမှု ဖူလုံရေးရုံးမှ တစ်ဆင့် အာမခံထားသူ သို့မဟုတ် ကျန်ရစ်သူသို့ ပေးရမည်။ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့က အလုပ်တွင်ထိခိုက်သော အာမခံထားသူအား ဆေးကုသပေးရာတွင် ကုန်ကျခဲ့သော ဆေးဖိုးနှင့်ကုန်ကျစ ရိတ်အားလုံးကိုလည်းအလုပ်ရှင်က လူမှုဖူလုံရေးအဖွဲ့သို့ ပေးရမည်။

 

အခန်း (၁၂)

လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေ နှစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ

ထည့်ဝင်ကြေးနှင့်ပျက်ကွက်ကြေးများ ကောက်ခံခြင်း

၂၀၁။ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည်-

(က) အောက်ပါ ထည့်ဝင်ကြေး၊ ပျက်ကွက်ကြေး၊ အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ်များကိုအလုပ် ရှင်ထံမှ မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း၊ တရားမမှုတွင် ဒီကရီကို အတည်ပြုဘိသကဲ့ သို့လည်းကောင်း အလုပ်ရှင်ထံမှ အရကောက်ခံခြင်းနှင့် တောင်းခံခြင်းပြုလုပ်ရမည်-

(၁) အလုပ်ရှင်ကပေးသွင်းရမည့် ပျက်ကွက်သည့် ထည့်ဝင်ကြေးငွေများ၊

(၂) အလုပ်သမားက ပေးသွင်းရမည့် ပျက်ကွက်သည့် ထည့်ဝင်ကြေးငွေများ၊

(၃) ပျက်ကွက်သည့် ထည့်ဝင်ကြေးများအတွက် ပေးသွင်းရမည့် ပျက်ကွက်ကြေးငွေများ၊

(၄) ထည့်ဝင်ကြေးပေးသွင်းရန် ပျက်ကွက်မှုကြောင့် အလုပ်ရှင်က အာမခံထားသူအား ပေးရမည့် အကျိုး ခံစားခွင့်များနှင့်ကျခံရမည့် ကုန်ကျစရိတ်များ။

(ခ) နည်းဥပဒေခွဲ (က)အရ ကောက်ခံရာတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

နိုင်ငံခြားသုံးငွေဖြင့် လုပ်ခလစာရရှိသူများ

၂၀၂။ (က) ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး လုပ်ခလစာကို နိုင်ငံခြားသုံးငွေဖြင့် ဖြစ်စေ၊ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ ရရှိသော နိုင်ငံခြားသားများသည် ဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်စေရမည်။

(ခ) ဥပဒေနှင့်သက်ဆိုင်သော လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး လုပ်ခလစာကို နိုင်ငံခြား သုံးငွေဖြင့်ဖြစ်စေ၊ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ ရရှိသော ဧည့်နိုင်ငံသားများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသူများသည် လူမှုဖူလုံရေးအိမ်ရာနှင့် စပ်လျဉ်းသည့် အကျိုးခံစားခွင့်များမှ အပ ဥပဒေပါ အာမခံစနစ်အားလုံးနှင့်သက်ဆိုင်စေရမည်။

(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) ပါ အာမခံထားသူများတွင် လုပ်ခလစာကို နိုင်ငံခြားသုံးငွေဖြင့်ရရှိသူ သည် သက်ဆိုင်ရာ အာမခံစနစ်အသီးသီးအတွက် ထည့်ဝင်ကြေးငွေကို နိုင်ငံခြားသုံးငွေဖြင့် ပေးသွင်းရ မည်ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်များကိုလည်း နိုင်ငံခြားသုံးငွေဖြင့် ခံစားခွင့်ရှိသည်။ လုပ်ခလစာကို မြန်မာကျပ်ငွေဖြင့် ရရှိသူသည် သက်ဆိုင်ရာ အာမခံစနစ်အသီးသီးအတွက် ထည့်ဝင်ကြေးငွေကို မြန်မာ ကျပ်ငွေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်များကိုလည်း မြန်မာကျပ်ငွေဖြင့် ခံစားခွင့် ရှိသည်။

၂၀၃။ (က) လုပ်ခလစာကို နိုင်ငံခြားသုံးငွေဖြင့် ရရှိသော အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိ မှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့်ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့် အာမခံစနစ်နှင့် အခြားလူမှုဖူလုံရေးစနစ်တို့အတွက် ထိုသူတို့ရရှိသော လုပ်ခဝင်ငွေကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အစတွင် နိုင်ငံတော်က တရားဝင်သတ်မှတ်သော ငွေကြေး လဲလှယ်နှုန်းနှင့်အညီ မြန်မာကျပ်ငွေတန်ဖိုးတွက်ချက်၍ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ ပေးသွင်းရ မည်ဖြစ်ပြီး အဆိုပါ အာမခံစနစ်အသီးသီးအတွက် ငွေကြေးအကျိုးခံစားခွင့်များကိုလည်း မြန်မာကျပ်ငွေ ဖြင့်သာ ခံစားခွင့်ရှိစေရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ အာမခံစနစ်အသီးသီးအတွက် ထည့်ဝင်ကြေးများကို နောက်ဘဏ္ဍာရေးနှစ် အစတွင် ပြောင်းလဲဖြစ်ပေါ်လာသော ငွေကြေးလဲလှယ်နှုန်းအတိုင်း ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ ပေးသွင်းရမည်ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်များကိုလည်း ယင်းနှုန်းအတိုင်းမြန်မာကျပ်ငွေဖြင့်သာ ခံစားခွင့်ရှိသည်။

သေဆုံးသောအာမခံထားသူ၏ အကျိုးခံစားခွင့်ကို ကျန်ရစ်သူက ရထိုက်ခွင့်

၂၀၄။ လူမှုဖူလုံရေးရုံးသည် မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှုနှင့် အမြဲတမ်းမသန်စွမ်းမှု အကျိုး ခံစားခွင့်များကို ခံစားနေဆဲဖြစ်သော အာမခံထားသူ သေဆုံးလျှင် ထိုသူသေဆုံးသည့်နေ့အထိ ပေးရန် ကျန်ရှိနေသည့် အကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ခံစားခွင့်ရှိသူသို့ ထုတ်ပေးနိုင်သည်။

အယူခံခွင့်

၂၀၅။ အကျိုးခံစားခွင့်များပေးရန် ငြင်းပယ်သော လူမှုဖူလုံရေးရုံး၏ ဆုံးဖြတ်ချက်များကို ပေးပို့သည့် အကြောင်းကြားစာများတွင် ထိုဆုံးဖြတ်ချက်များအား အယူခံဝင်နိုင်ကြောင်း ဖော်ပြထားရမည်။

 

အခန်း (၁၃)

အယူခံခြင်း

လူမှုဖူလုံရေးအယူခံခုံအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၂၀၆။ လူမှုဖူလုံရေးအဖွဲ့သည် ဥပဒေပုဒ်မ ၈၉ ပါ အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ရန်အတွက် လူမှုဖူ လုံရေးအယူခံခုံအဖွဲ့များကို လိုအပ်သောဒေသများတွင် ဖွဲ့စည်းထားရှိနိုင်သည်။

၂၀၇။ အယူခံခုံအဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) အယူခံခုံအဖွဲ့ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုရှေ့နေချုပ်က တာဝန်ပေးစေလွှတ်သည့် ညွှန်ကြားရေးမှူး အဆင့်ထက်မနိမ့်သော ဥပဒေအရာရှိတစ်ဦး သို့မဟုတ် တရားလွှတ်တော်ရှေ့နေတစ်ဦး၊

(ခ) အယူခံခုံအဖွဲ့၏ အဖွဲ့ဝင်များအဖြစ် အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်သမားကိုယ်စားလှယ် တစ်ဦး၊

(ဂ) အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ သက်တမ်းသည် အများဆုံး ငါးနှစ်ဖြစ်ပြီး အယူခံခုံအဖွဲ့၏ အဖွဲ့ဝင်သက်တမ်း သည် အများဆုံး သုံးနှစ်ဖြစ်သည်။

၂၀၈။ အယူခံခုံအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အယူခံခုံအဖွဲ့ဥက္ကဋ္ဌသည် ခုံအဖွဲ့၏ ကြားနာစစ်ဆေးမှုများကို ဥပဒေနှင့်အညီ ကြီးကြပ်စီမံခန့်ခွဲ၍ တာဝန်ယူဆောင်ရွက်ရမည်။

(ခ) အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာဝန်ဝတ္တရားများကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပြီး ဥပဒေနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ရမည်။

(ဂ) အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဆန္ဒမဲများရာဖြင့် ချမှတ်ရ မည်။

(ဃ) အယူခံခုံအဖွဲ့သည် အမှုနှင့်သက်ဆိုင်သော ကာယကံရှင်များ၊ သက်သေများ၊ ကျွမ်းကျင်သူများကို ဆင့်ခေါ်စာများ ထုတ်ပြန်၍ အယူခံခုံရုံးသို့ လာရောက်ရန် ဆင့်ဆိုနိုင်သည်။

(င)  အယူခံခုံအဖွဲ့သည် ကိုယ်တိုင်မလာရောက်နိုင်သော အမှုသည်များ၏ တရားဝင်လွှဲအပ်သည့် ကိုယ် စားလှယ်က လာရောက်ဖြေရှင်းတင်ပြခြင်းကို လက်ခံနိုင်သည်။

(စ) အယူခံခုံအဖွဲ့သည် အမှုကို ကြားနာစစ်ဆေးသည့်အခါ တရားရုံးထုံးစံများကို တိကျစွာလိုက်နာရန် မလိုဘဲ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ကြားနာစစ်ဆေးရမည်။

(ဆ) အယူခံခုံအဖွဲ့သည် အမှုကို ကြားနာစစ်ဆေးသည့်အခါ အမှုသည်က စာဖြင့် တင်ပြ၍ ခွင့်ပန်ခြင်းမရှိ လျှင်ဖြစ်စေ၊ ခိုင်လုံသောအကြောင်းမရှိဘဲ လာရောက်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ကိုယ်စားလှယ်စေလွှတ် ခြင်းမပြုလျှင်ဖြစ်စေ ထိုသူ၏မျက်ကွယ်တွင် အမှုကို ကြားနာစစ်ဆေးနိုင်သည်။

(ဇ) အယူခံခုံအဖွဲ့သည် ဥပဒေနှင့်အညီ နှစ်ဖက်သော အမှုသည်များအား အယူခံခုံရုံးတွင် လျှောက်လဲ ပြောဆိုရန်နှင့်အငြင်းပွားမှု၏ အကြောင်းခြင်းရာများကို ရှင်းလင်းတင်ပြရန် အခွင့်အရေးများပေးရမည်။

(ဈ) အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်မှတ်ရေးထိုး၍ အတည်ပြုရမည်။

၂၀၉။ အယူခံခုံအဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များကို ညွှန်ကြားရေးမှူးချုပ်က တာဝန်ပေးအပ်သည့် အရာရှိ တစ်ဦးကတာဝန်ယူဆောင်ရွက်ရမည်။ ထိုအရာရှိက အမှုနှင့်သက်ဆိုင်သော မှတ်တမ်းများကို ထိန်းသိမ်း ခြင်း၊ အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ အဖွဲ့ဝင်များ ရုံးထိုင်ကြားနာစစ်ဆေးနိုင်ရန် စီစဉ်ခြင်း၊ နှစ် ဖက်သော အမှုသည်များနှင့် သက်သေများအား ဆင့်ဆိုခြင်း၊ အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ခြင်းနှင့် အကြောင်းကြားခြင်းတို့ ဆောင်ရွက်ရမည်။

၂၁၀။ အယူခံခုံအဖွဲ့သည် အယူခံမှုကို စိစစ်ကြားနာပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဖူလုံ ရေးရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ထပ်မံပြုလုပ်စေပြီး ပြန်လည်တင်ပြစေကာ ဆုံးဖြတ်ခြင်းပြုနိုင်သည်။

အယူခံလွှာတင်သွင်းခြင်း

၂၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဖူလုံရေးရုံး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သူသည် မိမိ ထံ အကြောင်းကြားစာ ရောက်ရှိသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားသော (ပုံစံ -၄၃) ဖြင့် အယူခံလွှာကို သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးမှတစ်ဆင့်ဖြစ်စေ၊ အယူခံခုံရုံးသို့ တိုက်ရိုက်ဖြစ်စေ တင် သွင်းရမည်။ သတ်မှတ်ကာလကျော်လွန်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်သွင်းနိုင် သည်။ ခိုင်လုံသော အကြောင်းပြချက်မရှိပါက အယူခံလွှာ တင်သွင်းခွင့်မရှိစေရ။

၂၁၂။ အယူခံခုံအဖွဲ့က ကြားနာစစ်ဆေးနေချိန်တွင် အာမခံထားသူများ သို့မဟုတ် အကျိုးခံစားခွင့်ရ ထိုက်သူများကိုယ်တိုင်ဖြစ်စေ၊ ၎င်းတို့ကလွှဲအပ်ထားသူကဖြစ်စေ၊ အလုပ်ရှင်ကိုယ်တိုင်ကဖြစ်စေ ၎င်းက လွှဲအပ်ထားသော ကိုယ်စားလှယ်ကဖြစ်စေ လိုက်ပါဆောင်ရွက်နိုင်ပြီး လူမှုဖူလုံရေးရုံးချုပ်၏ ကိုယ်စား  ညွှန်ကြားရေးမှူးချုပ်က တာဝန်ပေးအပ်သည့် အရာရှိတစ်ဦးက ဆောင်ရွက်နိုင်သည်။

ကုန်ကျစရိတ်ကျခံခြင်း

၂၁၃။ (က) အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အယူခံခုံအဖွဲ့ရုံးထိုင်ကြားနာစစ်ဆေးသည့်နေ့ရက် အသီးသီးအတွက် လူမှုဖူလုံရေးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော စရိတ်များကို ခံစားခွင့်ပြုရ မည်။

(ခ) အမှုသည်များထံမှ မည်သည့်စရိတ်ကိုမျှ တောင်းခံခြင်းမပြုရ။ အယူခံခုံရုံးနှင့် ပတ်သက်သည့် ကုန် ကျစရိတ်အားလုံးကို လူမှုဖူလုံရေးအဖွဲ့က ကျခံရမည်။

 

အခန်း (၁၄)

အထွေထွေ

၂၁၄။ ဝန်ကြီးဌာနသည် လူမှုဖူလုံရေးအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ တောင့်တင်းခိုင်မာမှု၊ အာမခံထားသူများ၏ လုပ်ခဝင်ငွေ ပြောင်းလဲမှုအခြေအနေအရ လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ် တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေအတွက် သတ်မှတ်ထားသည့် ထည့်ဝင်ကြေးနှုန်းများနှင့် အကျိုးခံ စားခွင့်နှုန်းများကို သုံးနှစ်လျှင် တစ်ကြိမ်ဖြစ်စေ၊ သင့်လျော်သည့်ကာလသတ်မှတ်၍ ဖြစ်စေ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်နိုင်သည်။

၂၁၅။ မြို့နယ်လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိသည်-

(က) ဥပဒေအရ တရားစွဲဆိုခြင်းကို လူမှုဖူလုံရေးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

(ခ) တရားစွဲဆိုရာတွင် သက်ဆိုင်ရာမြို့နယ် တရားသူကြီးထံသို့ တိုင်တန်းရခြင်းအကြောင်းအရင်းကို ပြည့်စုံစွာဖော်ပြလျက် အောက်ပါအချက်များနှင့်အတူ တင်သွင်းရမည်-

(၁) တိုင်ကြားခံရသူ၏ အမည်၊ ဖခင်အမည်၊ အလုပ်ဌာနအမည်၊ နေရပ်နှင့် ကျား မ၊

(၂) တိုင်ကြားခံရသူသည် အာမခံထားသူ အလုပ်သမား သို့မဟုတ် အလုပ်ရှင် ဟုတ် မဟုတ်၊

(၃) မဟုတ်မမှန်ထွက်ဆိုခြင်းသို့မဟုတ် မမှန်မကန်တင်ပြခြင်း သို့မဟုတ် ဥပဒေပါကန့်သတ်ချက်များကို ဖောက်ဖျက်ခြင်းတို့နှင့်ဆိုင်သော သက်သေအထောက်အထား၊

(၄) ဆန့်ကျင်ဖောက်ဖျက်ခဲ့သည့် ဥပဒေပုဒ်မ သို့မဟုတ် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊

(၅) ထိုသူ ဖောက်ဖျက်ကျူးလွန်သည့် ဥပဒေပုဒ်မအရ ထိုက်သင့်သည့်ပြစ်ဒဏ်၊

(၆) တရားရုံး၏ စီရင်ချက်အရ သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးရန်ပုံငွေသို့ ပေးသွင်းရမည့်အကြောင်းနှင့် ပေးသွင်းရမည့် ငွေစာရင်းအမှတ်၊ ဘဏ်အမည်၊

(၇) လူမှုဖူလုံရေးရုံး ကိုယ်စား တရားရုံးတွင် လိုက်ပါဆောင်ရွက်ခွင့်ရသည့် အရာရှိအမည်နှင့် ရာထူး။

၂၁၆။ ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄၂ အရ ထုတ်ပြန်ခဲ့သည့် လူမှု ဖူလုံရေးနည်းဥပဒေများနှင့် ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၄၉အရ ထုတ်ပြန်ခဲ့သည့် လူမှုဖူလုံရေးစည်းမျဉ်းဥပဒေများကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။

 

ဦးအေးမြင့်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန။

 

----- Attachment -----

[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 အလုပ်ဌာနမှတ်ပုံတင်ပုံစံနည်းဥပဒေ ၄၀(ဂ)၊ ပုံစံ (၁)

[ ပူးတွဲဖော်ပြသော စာရင်း 2 ] 02 နည်းဥပဒေ ၄၀ (ဂ) ပုံစံ (၁-က) အလုပ်ဌာနဆိုင်ရာ အချက်အလက်ပုံစံနှင့် ပူးတွဲအသုံးပြုရန် အာမခံထားသူစာရင်း

[ ပူးတွဲဖော်ပြသော စာရင်း 3 ] 03 နည်းဥပဒေ ၄၆ (ခ)၊ ပုံစံ (၂) အာမခံအလုပ်သမားမှတ်ပုံတင်ပုံစံ

[ ပူးတွဲဖော်ပြသော စာရင်း 4 ] 04 နည်းဥပဒေ ၄၆ (က) ပုံစံ (၃) အလုပ်ဌာနမှတ်ပုံတင်လက်မှတ်

[ ပူးတွဲဖော်ပြသော စာရင်း 5 ] 05 နည်းဥပဒေ ၄၆ (င)၊ (ပုံစံ -၄) လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြား

[ ပူးတွဲဖော်ပြသော စာရင်း 6 ] 06 နည်းဥပဒေ ၄၇ (က) (၁) ပုံစံ (၅) လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 7 ] 07 နည်းဥပဒေ ၄၇ (က) (၂) ပုံစံ (၆) လုပ်ငန်းဌာနယာယီ ပိတ်ဖွင့်မှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 8 ] 08 နည်းဥပဒေ ၄၇ (က) (၃) ပုံစံ (၇) လုပ်ငန်းရှင်ပြောင်းလဲခြင်းမှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 9 ] 09 နည်းဥပဒေ ၄၇ (က) (၄) ပုံစံ (၈) လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်းမှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 10 ] 10 နည်းဥပဒေ ၄၇ (က) (၅) ပုံစံ (၉) လုပ်ငန်းတည်နေရာပြောင်းလဲခြင်းမှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 11 ] 11 နည်းဥပဒေ ၄၇ (က) (၆) ပုံစံ (၁၀) စီမံခန့်ခွဲသူပြောင်းလဲခြင်းမှတ်တမ်း

[ ပူးတွဲဖော်ပြသော စာရင်း 12 ] 12 နည်းဥပဒေ ၄၇ (ဂ) (၂) ပုံစံ (၁၁) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားရရှိပြီးသူများ စာရင်း

[ ပူးတွဲဖော်ပြသော စာရင်း 13 ] 13 နည်းဥပဒေ ၄၇ (ဂ) (၄)၊ ပုံစံ (၁၂)လူမှုဖူလုံရေးနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရရှိသူများစာရင်း

[ ပူးတွဲဖော်ပြသော စာရင်း 14 ] 14 နည်းဥပဒေ ၆၆ (က)၊ (ပုံစံ-၁၃) အာမခံထားသူများအတွက် လစဉ်ထည့်ဝင်ကြေးပေးသွင်းငွေစာရင်း

[ ပူးတွဲဖော်ပြသော စာရင်း 15 ] 15 နည်းဥပဒေ ၆၆ (က)၊ ပုံစံ-၁၃(က) အာမခံထားသူများအတွက် လစဉ်ထည့်ဝင်ကြေးပေးသွင်းငွေစာရင်း

[ ပူးတွဲဖော်ပြသော စာရင်း 16 ] 16 နည်းဥပဒေ ၈၁ မကျန်းမာမှု သို့မဟုတ် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ဆေးသက်သေခံလက်မှတ်

[ ပူးတွဲဖော်ပြသော စာရင်း 17 ] 17 ပုံစံအမှတ် (ဆ-၁(က)) မကျန်းမာမှု သို့မဟုတ် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် ဆေးခွင့်လက်မှတ်

[ ပူးတွဲဖော်ပြသော စာရင်း 18 ] 18 နည်းဥပဒေ ၈၂ Form HSA-5. Confidential SOCIAL SECURITY BOARD MEDICAL RECORD

[ ပူးတွဲဖော်ပြသော စာရင်း 19 ] 19 နည်းဥပဒေ ၉၆ (က) ပုံစံအမှတ် (ဆ-၂) မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ဆေးသက်သေခံလက်မှတ် (အာမခံထားသူ အမျိုးသမီးမီးဖွားမှုအတွက်)

[ ပူးတွဲဖော်ပြသော စာရင်း 20 ] 20 နည်းဥပဒေ ၉၇ (ခ) (၁) ပုံစံအမှတ် (ဆ-၂(က)) မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ဆေးသက်သေခံလက်မှတ် (မွေးစားကလေးပြုစုမှုအတွက်)

[ ပူးတွဲဖော်ပြသော စာရင်း 21 ] 21 နည်းဥပဒေ ၉၉ (က) ပုံစံအမှတ် (ဆ-၂(ခ)) မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ဆေးသက်သေခံလက်မှတ် (အာမခံထားသူ၏ ဇနီးမွေးဖွားမှုအတွက်)

[ ပူးတွဲဖော်ပြသော စာရင်း 22 ] 22 နည်းဥပဒေ ၁၀၀ Form HAS-4 SOCIAL SECURITY BOARD DEATH CERTIFICATE

[ ပူးတွဲဖော်ပြသော စာရင်း 23 ] 23 နည်းဥပဒေ ၁၀၂ ပုံစံ(၁၄) လူမှုဖူလုံရေးအဖွဲ့ အငြိမ်းစားစိစစ်ရေးသက်သေခံလက်မှတ်

[ ပူးတွဲဖော်ပြသော စာရင်း 24 ] 24 နည်းဥပဒေ ၁၁၃ (က) ပုံစံ (၁၅/၁၆) လူမှုဖူလုံရေးအဖွဲ့ “မကျန်းမာမှု အကျိုးခံစားခွင့်” တောင်းခံလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 25 ] 25 နည်းဥပဒေ ၁၂၂ (က) ပုံစံ (၁၇/၁၈) လူမှုဖူလုံရေးအဖွဲ့ “မီးဖွားမှု အကျိုးခံစားခွင့်” တောင်းခံလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 26 ] 26 နည်းဥပဒေ ၁၂၂ (ခ) ပုံစံ (၁၉/၂၀) လူမှုဖူလုံရေးအဖွဲ့ “ဖခင်ဘဝဖြစ်မှု အကျိုးခံစားခွင့်” တောင်းဆိုလွှာနှင့် အလုပ်ရှင်ထံမှ အကြောင်းကြားစာ

[ ပူးတွဲဖော်ပြသော စာရင်း 27 ] 27 နည်းဥပဒေ ၁၂၈ ပုံစံ (၂၁/၂၂) လူမှုဖူလုံရေးအဖွဲ့ နာရေးစရိတ်တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 28 ] 28 နည်းဥပဒေ ၁၃၂ (ခ) ပုံစံ (၂၃/၂၄) လူမှုဖူလုံရေးအဖွဲ့ “ဝင်ငွေနည်းသည့်အာမခံထားသူ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေး” တောင်းခံလွှာနှင့် အလုပ်ရှင်ထံမှအကြောင်းကြားစာ

[ ပူးတွဲဖော်ပြသော စာရင်း 29 ] 29 နည်းဥပဒေ ၁၃၇ ပုံစံ (၂၅/၂၆) လူမှုဖူလုံရေးအဖွဲ့ “သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှု ထောက်ပံ့ငွေ” တောင်းဆိုလွှာနှင့် အလုပ်ရှင်ထံမှ အကြောင်းကြားစာ

[ ပူးတွဲဖော်ပြသော စာရင်း 30 ] 30 နည်းဥပဒေ ၁၃၉ ပုံစံ (၂၇/၂၈) “အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်” တောင်းဆိုလွှာနှင့် အလုပ်ရှင်ထံမှ အကြောင်းကြားစာ

[ ပူးတွဲဖော်ပြသော စာရင်း 31 ] 31 နည်းဥပဒေ ၁၄၁၊ ဆ-၁၀ INVALIDING CERTIFICATE (For Nan-Gazetted Officer)

[ ပူးတွဲဖော်ပြသော စာရင်း 32 ] 32 နည်းဥပဒေ ၁၄၇ “သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်” တောင်းဆိုလွှာနှင့် အလုပ်ရှင်၏အကြောင်းကြားစာ

[ ပူးတွဲဖော်ပြသော စာရင်း 33 ] 33 နည်းဥပဒေ ၁၅၁ “အာမခံထားသူ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်” တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 34 ] 34 နည်းဥပဒေ ၁၅၅ (ဃ) ပုံစံ (၃၃) အာမခံထားသူ (သို့မဟုတ်) ခံစားခွင့်ရှိသူက အလုပ်လုပ်ကိုင်နိုင်စွမ်းမှု၊ သက်ပြည့်အငြိမ်းစားနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်တောင်းခံလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 35 ] 35 နည်းဥပဒေ ၁၅၅ (င) ပုံစံ (၃၃-က) အလုပ်ရှင်က အလုပ်လုပ်ကိုင်နိုင်စွမ်းမှု၊ သက်ပြည့်အငြိမ်းစားနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ ပြန်လည်ထုတ်ယူခွင့်တောင်းခံလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 36 ] 36 နည်းဥပဒေ ၁၆၁ ပုံစံ (၃၄/၃၅) “အလုပ်လက်မဲ့ အကျိုးခံစားခွင့်” တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 37 ] 37 နည်းဥပဒေ ၁၇၄(ခ) (၁) ပုံစံ (၃၆) အလုပ်တွင်ထိခိုက်မှုမှတ်တမ်းစာအုပ်

[ ပူးတွဲဖော်ပြသော စာရင်း 38 ] 38 နည်းဥပဒေ ၁၇၅(က) ပုံစံ (၃၇) အလုပ်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရမှုနှင့်ဆိုင်သည့် အလုပ်ရှင်များ၏ အစီရင်ခံစာ

[ ပူးတွဲဖော်ပြသော စာရင်း 39 ] 39 နည်းဥပဒေ ၁၇၅ (ခ) ပုံစံ (၃၈) အလုပ်တွင် ထိခိုက်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးအတည်ပြုချက်

[ ပူးတွဲဖော်ပြသော စာရင်း 40 ] 40 နည်းဥပဒေ ၁၈၅ (ခ) ပုံစံ (၃၉) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 41 ] 41 နည်းဥပဒေ ၁၉၀ (က) ပုံစံ (၄၀) “အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်” တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 42 ] 42 နည်းဥပဒေ ၁၉၂ (ဂ) (Form HSA-3) Confidential SOCIAL SECURITY BOARD

[ ပူးတွဲဖော်ပြသော စာရင်း 43 ] 43 PART IV Findings of the Medical Board

[ ပူးတွဲဖော်ပြသော စာရင်း 44 ] 44 နည်းဥပဒေ ၁၉၈ ပုံစံ (၄၁/၄၂) အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် “ကျန်ရစ်သူအကျိုးခံစားခွင့်” တောင်းဆိုလွှာ

[ ပူးတွဲဖော်ပြသော စာရင်း 45 ] 45 နည်းဥပဒေ ၂၁၁ ပုံစံ (၄၃) အယူခံပုံစံ