စက်တင်ဘာလအတွင်း မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေမှာ
၁။ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိပါးသော ပြုမူဆက်ဆံမှုများ (Abuse and Harassment)
၂။ လုပ်ငန်းခွင် အခြေအနေနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး (Working Conditions and Safety)
၃။ လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ (Wage and Rights Violations) ဖြစ်ပွားတာတွေကို တွေ့ရပါတယ်။
ဒီအချက်တွေက Myanmar Labour News website နဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းတွေကို မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ Myanmar Labour Society က စောင့်ကြည့် လေ့လာခဲ့ရာကနေ တွေ့ရှိထားတာ ဖြစ်ပါတယ်။
စက်တင်ဘာလမှာ လုပ်ငန်းခွင်အတွင် အလုပ်သမား ဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်မှု သတင်းအပုဒ် ၃၀ ဖော်ပြထားပြီး စက်ရုံ ၂၇ ရုံပါဝင် ပါတယ်။ တစ်ကြိမ်နဲ့ အထက် သတင်းဖော်ပြခံရတဲ့ စက်ရုံ ၃ ရုံ ပါဝင်တာကိုလည်း တွေ့ရပါတယ်။
သတင်းမှာပါဝင်တဲ့ စက်ရုံတွေက အထည်ချုပ်၊ သိုးမွှေးချုပ်၊ ဦးထုပ်ချုပ်၊ အီလက်ထရောနစ် စက်ရုံတွေ ဖြစ်ပါတယ်။ ချိုးဖောက်မှုအများဆုံးဖြစ်ပွားတဲ့ စက်ရုံတွေက နိုင်ငံရဲ့ GDP မှာ အဓိက နေရာက ပါဝင်နေတဲ့ CMP အမျိုးအစား ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပြီး စုစုပေါင်း သတင်း ၂၉ ပုဒ် အထိ ပါတယ်။
Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမား အရေး အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားတွေ ကိုယ်တိုင် ပေးပို့ထားတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် အချက်အလက်ပိုင်းခိုင်မာဖို့ ကာယကံရှင် မဟုတ်တဲ့ ပြောကြားမှု၊ အချက်အလက် အတည်မပြုပေးတဲ့ ပေးပို့မှုတွေကို ဖော်ပြမထားဘူးလို့ ဆိုပါတယ်။ ဒီလို အချက်တွေကြောင့် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေက ပိုများနိုင်တာကိုလည်း Myanmar Labour Society က သတိပြုမိထားပါတယ်။
Myanmar Labour Society အနေနဲ့ သတင်းတွေကို စီစစ်ပြီး မြန်မာ့အလုပ်သမားဥပဒေတွေ ၊ ILO ပြဋ္ဌာန်းချက်၊ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေကို ချိုးဖောက်မှုနဲ့ လူမှုစံနှုန်း ဖောက်ဖျက်မှု စတဲ့ အချက်တွေကို ခွဲခြားလေ့လာထားပါတယ်။ ကဏ္ဍပေါင်း ၂၆ မျိုး ခွဲခြားလေ့လာခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ကဏ္ဍ ၁၉ ခုမှာ ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
ဇယား ၁
၂၀၂၅ ခုနှစ် ဇွန်လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ |
|||||
No |
စက်ရုံလုပ်ငန်း |
လုပ်ငန်းအမျိုးအစား |
ကုန်အမှတ်တံဆိပ် |
လုပ်ငန်းတည်နေရာ |
သတင်းဖော်ပြမှု |
1 |
Ever Lead (Myanmar) Lingerie Co.Ltd |
အထည်ချုပ် |
Women.secret , Viva |
ထမင်းစုပ်ခုံရွာ၊ ပိုက်ကြီးတွင်းကျေးရွာအုပ်စု၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း |
https://www.myanmarlabournews.com/posts/ever-lead-myanmar-စက်ရုံ-တွင်-အချိန်ပို-ခေါ်ယူပြီး-အမှတ်တံဆိပ်-ကိုယ်စားလှယ်-စစ်ဆေးမှုအား-လိမ်လည် |
2 |
Ka Hung Myanmar Co.Ltd |
အထည်ချုပ် |
Sublevel Outerwear |
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာ ၅၃ ဂိတ်နား |
https://www.myanmarlabournews.com/posts/အကြောင်းပြချက်မရှိဘဲ-ဥပဒေမဲ့အလုပ်ထုတ်တာ-အပါအဝင်-အလုပ်သမားအခွင့်အရေးများ-ချိုးဖောက်ခံနေရဟုဆို |
3 |
Mengyue Garment |
အထည်ချုပ် |
|
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ ခြံအမှတ်၃၉၆ |
https://www.myanmarlabournews.com/posts/mengyue-garment-အထည်ချုပ်-ဆဲဆိုခိုင်းစေ-သီတင်းကျွက်-ကန့်တော့ဖို့ဆိုပြီး-ကျပ်-တစ်သောင်းခွဲ-ကောက် |
4 |
New Plus |
အထည်ချုပ် |
|
ရန်ကုန်မြို ၊ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း |
https://www.myanmarlabournews.com/posts/new-plus-စက်ရုံ-လုပ်ငန်းခွင်မှ-အတင်းအကျပ်-ခိုင်းစေမှု၊-ခွဲခြားဆက်ဆံမှု-၊-အလုပ်သမားအခွင့်အရေး-ဆုံးရှုံးမှုများ |
5 |
TMA |
အထည်ချုပ် |
Petit main |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄၊ မြဝတီမင်းကြီးလမ်း |
https://www.myanmarlabournews.com/posts/tma-co-ltd-စက်ရုံ-တစ်ကဒ်ကြေး-ပွင့်လင်းမှုမရှိ-လာစစ်ပေမဲ့-အပြောင်းအလဲမရှိ-ဆဲဆိုနေ |
6 |
A&C |
အထည်ချုပ် |
Camel Active |
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ လမ်း၁ |
https://www.myanmarlabournews.com/posts/ac-အထည်ချုပ်-လူမှုဖူရေးကြေး-လစဉ်-ဖြတ်တောက်ပေမဲ့-ဆေးခွင့်-မပေး |
7 |
DONG LONG (Pathein) |
အထည်ချုပ် |
Muji , Mayorl, Golf ,SEM/R |
ပုသိမ် |
https://www.myanmarlabournews.com/posts/ပုသိမ်-dong-long-အထည်ချုပ်စက်ရုံ-လုပ်ငန်းခွင်အတွင်း-ကိုယ်ထိလက်ရောက်-ကျုးလွန်ခိုင်းစေ |
8 |
Dong Yu Garment Co.,ltd |
အထည်ချုပ် |
Workman Colours |
ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြရတနာလမ်း |
https://www.myanmarlabournews.com/posts/အချိန်ပိုဖိအားပေးခိုင်းစေမှုနဲ့-အခွင့်အရေးချိုးဖောက်ခံရလို့-တိုင်ကြား |
9 |
GTIG HUBO |
အထည်ချုပ် |
Only, Vulgaris,Terranova. |
ဝါးတရာစက်မှုဇုန် |
https://www.myanmarlabournews.com/posts/gtig-hubo-စက်ရုံတွင်-ဖြစ်ပွားနေသော-လုပ်ငန်းခွင်ဆိုင်ရာ-အခက်အခဲများနှင့်-မတရားမှုများအား-တင်ပြခြင်း |
10 |
Teng Hui Myanmar Knitting |
သိုးမွှေးချုပ် |
H&M, Divideo |
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ |
https://www.myanmarlabournews.com/posts/အချိန်ပိုမဆင်းပါက-ဒေးကြေး-၄၈၀၀-ကျပ်သာပေးမည်ဟု-teng-hui-myanmar-knitting-စက်ရုံအသိပေး |
11 |
Grand Forest International Apparel |
အထည်ချုပ် |
|
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်ရှိ ဆရာစံလမ်းနှင့် ဆင်ဖြူလမ်းထောင့် |
https://www.myanmarlabournews.com/posts/grand-forest-အထည်ချုပ်-တာဝန်ရှိသူ-အားလုံးက-ခြိမ်းခြောက်ပြီး-အချိန်ပို-အတင်းအကျပ်ခေါ် |
12 |
Myanmar Best Fortune Garments Co.,Ltd |
အထည်ချုပ် |
|
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း |
https://www.myanmarlabournews.com/posts/myanmar-best-fortune-အထည်ချုပ်-ညနက်-အချိန်ပိုအပြင်-နားရက်မရှိ-အလုပ်-ဆင်းခိုင်း |
13 |
Myanmar Fenghua Clothing Co.,Ltd |
အထည်ချုပ် |
Plus, Casse, Chip Clip |
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်းအနီး |
https://www.myanmarlabournews.com/posts/အချိန်ပိုမဆင်းပါက-အလုပ်ထွက်ဟုခြိမ်းခြောက်ခိုင်းစေ |
14 |
Sunkid Myanmar |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၁၊ စက်မှုလမ်းသွယ် ၁၀ လမ်း |
https://www.myanmarlabournews.com/posts/sunkid-myanmar-လက်ချုပ်ဌာန-လုပ်သားများ၏-စိတ်ရင်းမှန်-ရင်ဖွင့်တိုင်ကြားစာ |
15 |
Victor House Co.Ltd |
အထည်ချုပ် |
Papaya |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အောက်ထိပ် |
https://www.myanmarlabournews.com/posts/ဌာနဆိုင်ရာက-လာရောက်စစ်ဆေးပြီးနောက်-လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်မှုပိုမိုဆိုးရွားလာဟုဆို |
16 |
Myanmar Autumn & Champagne Garment |
အထည်ချုပ် |
Camel Active |
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ လမ်း၁ |
https://www.myanmarlabournews.com/posts/ac-အထည်ချုပ်-စက်ရုံတွင်-သီတင်းကျွတ်-ကန်တော့ရန်-လစာများဖြတ်တောက် |
17 |
Myanmar Fortress Wealth Garment |
အထည်ချုပ် |
PORT AUTHORITY |
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်၊အနော်ရထာလမ်း |
https://www.myanmarlabournews.com/posts/လုပ်ခ-လစာဖြတ်တောက်မှုနဲ့-ရှောင်တခင်ခွင့်ခံစားခွင့်မရတဲ့အပေါ်-ဖြေရှင်းပေးစေလို |
18 |
Myanmar Jiale Fashion |
အထည်ချုပ် |
LPP, Sinsay, Amisu, Defacto, Punt Roma |
လှိုင်သာယာမြို့နယ် |
https://www.myanmarlabournews.com/posts/myanmar-jiale-fashion-ပိုင်ရှင်-အပြောင်းအလဲ-ပြုလုပ်-ကလေး-လုပ်သားများအား-ခိုင်းစေပြီး-၃-လတခါ-အလုပ်ဖြုတ် |
19 |
Sudey |
အထည်ချုပ် |
|
ပဲခူးမြို့နယ်၊ ကလိကျေးရွာ |
https://www.myanmarlabournews.com/posts/sudey-အထည်ချုပ်-လုပ်ခလစာ-အပေါ်-အကျိုးအမြတ်ယူ-hr-ဌာနက-မောက်မာစွာ-ခွဲခြားဆက်ဆံ |
20 |
Tianjin Fashion Mile Stone |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဆိပ်ကမ်းသာလမ်း |
https://www.myanmarlabournews.com/posts/tianjin-fashion-milestone-အထည်ချုပ်-အောစူပါ-ဆဲဆိုပြီး-နာရီ-၁၀၀-အချိန်ပို-ဆင်း-ခိုင်း |
21 |
Chi Mei International Co.,Ltd |
အထည်ချုပ် |
|
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ပုလဲလမ်း |
https://www.myanmarlabournews.com/posts/စက်ရုံပိတ်မည်-အကြောင်းပြ-လူလျှော့ခြင်းအား-ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို |
22 |
Max Technology |
အီလစ်ထရောနစ် |
|
တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြိုနယ် |
https://www.myanmarlabournews.com/posts/max-technology-စက်ရုံ-ကြိုပို့ယာဉ်-အဆင်မပြေဘဲ-ယာဉ်စီစဉ်သူက-ဆဲဆို |
23 |
Myanmar LNY CAPS Co,Ltd |
ဦးထုတ် |
47 CLEAN UP, FITCAP,OTTO, CAPAMERICA |
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ဘီအိုစီ ကားမှတ်တိုင်အနီး |
https://www.myanmarlabournews.com/posts/ဖြတ်တောက်ထားတဲ့-လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့-အလုပ်သမားတွေပြော |
24 |
Tia Hong |
အထည်ချုပ် |
|
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် |
https://www.myanmarlabournews.com/posts/tia-hong-အထည်ချုပ်စက်ရုံတွင်-အလုပ်သမား-အခွင့်အရေးချိုးဖောက်မှုများ-ရှိနေဟုဆို |
25 |
Wan Xin Myanmar Company Limited |
အထည်ချုပ် |
Nautica, Soulcal&Co |
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅ ၊ |
https://www.myanmarlabournews.com/posts/အလုပ်ထုတ်ခံရတဲ့-အလုပ်သမားတွေကို-ဒေးကြေး-၃၄၀၀-ကျပ်သာလက်ခံရန်လုပ်ငန်းခွင်ထဲ-ရဲခေါ်ကာခြိမ်းခြောက်လက်မှတ်ထိုးခိုင်း |
26 |
Euro Style Myanmar Fashion Co.,Ltd |
အထည်ချုပ် |
Censored, Terranova |
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ ပန်းပဲခေါင်းမောင်လမ်း |
https://www.myanmarlabournews.com/posts/ကလေးလုပ်သားတွေကို-လုပ်အားခခေါင်းပုံဖြတ်ခိုင်းစေ |
27 |
SDI Manufacturing Co.,Ltd |
အထည်ချုပ် |
Fieldcore |
ရန်ကုန်တိုင်းဒေသကြီး၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်း၊ အမှတ် (၄၀) |
https://www.myanmarlabournews.com/posts/sdi-manufacturing-coltd-စက်ရုံပိတ်သိမ်းမည့်အပေါ်-အကူအညီတောင်းခံ |
ချိုးဖောက်မှုများအား အများမှ အနည်းသို ဖော်ပြထားသည်။ New PLus၊ Tianjin Fashion Mile Stone နှင့် Ever Lead (Myanmar) အထည် |
၂၀၂၅ ခုနှစ် ဩဂုတ်လ ချိုးဖောက်မှုများ |
|
ချိုးဖောက်မှု အမျိုးအစား |
သတင်းအရေအတွက် |
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း |
19 |
အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း |
18 |
လုပ်ခလစာ ဖြတ်တောက်ခြင်း |
18 |
ခွဲခြားဆက်ဆံခြင်း |
16 |
ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း |
14 |
ဆဲဆို ခိုင်းစေခြင်း |
13 |
အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း |
9 |
ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း |
9 |
WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း |
9 |
ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း |
6 |
စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းခြင်း၊ တိမ်းရှောင်ခိုင်းခြင်း |
6 |
အလုပ်ထုတ်ခြင်း |
5 |
ကလေးလုပ်သားများအား ခိုင်းစေခြင်း |
5 |
နေစားလုပ်သားများ ချိုးဖောက်ခံရခြင်း |
4 |
နားချိန်အပြည့် မရခြင်း |
3 |
တခြားအလုပ်များအားခိုင်းစေခြင်း |
3 |
လုပ်ခန်းခွင် ထိခိုက်မှုရှိခြင်း |
2 |
ကိုယ်ဝန်ဆောင်လုပ်သား အခွင့်အရေး ချိုးဖောက်ခြင်း |
1 |
EC စာချုပ် ချိုးဖောက်ခံရခြင်း |
1 |
လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိပါးသော ပြုမူဆက်ဆံမှုများ (Abuse and Harassment)
လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ၊ ခြိမ်းခြောက်မှုများ၊ ရိုင်းစိုင်းစွာ ဆဲဆိုပြောဆိုမှုများ အနိုင်ကျင့် ဖိအားပေးမှုတွေ၊ ကလေးလုပ်သား အသုံးပြုခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ဘက်လိုက်ခြင်းများ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှောင့်ယှက်ပြုတာနဲ့ အနိုင်ကျင့်တာတွေကို ဒီ စက်တင်ဘာလအတွင်း Myanmar Labour Society က တွေ့ရှိ ထားပါတယ်။
စက်တင်ဘာလအတွင်း ဖိအားပေး ခြိမ်းခြောက် ခိုင်းစေမှု ၁၉ ကြိမ်၊ အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း ၁၈ ကြိမ်၊ လုပ်ခလစာ ဖြတ်တောက်ခြင်း ၁၈ ကြိမ်၊ ခွဲခြားဆက်ဆံခြင်း ၁၆ ကြိမ် နဲ့ ဆဲဆို ခိုင်းစေခြင်း ၁၃ ကြိမ် အထိ ရှိခဲ့ပါတယ်။
သတင်းဖော်ပြထားတဲ့ စက်ရုံ လုပ်ငန်း ၂၇ ရုံပဲ ရှိခဲ့တာကြောင့် ဖိအားပေး ခြိမ်းခြောက်မှုတွေအပါအဝင် လုပ်ငန်းခွင်အတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အနှောင့်အယှက်ပြုတာနဲ့ အနိုင်ကျင့်တာတွေကက ၇၀ ရာခိုင်းနှုန်းကနေ ရာခိုင်း ငါးဆယ် နီးပါး အထိ ရှိနေတာကို Myanmar Labour Society က သတိထားမိပါတယ်။
ဒါက မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိပါးသော ပြုမူဆက်ဆံမှုများ (Abuse and Harassment) များပြားနေတာရဲ့ သက်သေတခု ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ၊ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ဂိတ်ပတ်စ်/ ခွင့်ယူလို့ လစာဖြတ်တာ၊ ဌာနပြောင်းတာ၊ ဆုကြေးဖြတ်တာ ဂရိတ်ချတာတွေ စတဲ့ ခြိမ်းခြောက်မှုတွေ၊ ညနက် အချိန်ပိုဆင်းခိုင်းဖို့ ဖိအားပေးအတင်းအကျပ် ခြိမ်းခြောက်တာ၊ အစည်းအဝေး မတက်သူတွေကို ဖိအားတာတွေကို အောက်ဖော်ပြပါ စက်ရုံ လုပ်ငန်းတွေမှာ တွေ့ရှိရပါတယ်။
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတာတွေကို A&C၊ DONG LONG(Pathein)၊ Dong Yu Garment Co.,ltd၊ Ever Lead (Myanmar) Lingerie Co.Ltd၊ Grand Forest International Apparel ၊ Ka Hung Myanmar Co.Ltd၊ Mengyue Garment၊ Myanmar Fenghua Clothing Co.,Ltd ၊ New Plus ၊ Sunkid Myanmar၊ Teng Hui Myanmar Knitting၊ Tia Hong၊ Tianjin fashion Milestone ၊ TMA ၊ Victor House Co.Ltd နဲ့ Wan Xin Myanmar Company Limited စတဲ့ အထည်ချုပ် စက်ရုံတွေရဲ့ လုပ်ငန်းခွင်တွေ မှာ ဖြစ်ပေါ်နေတာပါ။ စက်ရုံပေါင်း ၁၆ ရုံ ပါဝင်ပြီး စက်တင်ဘာလမှာ ဒီချိုးဖောက်မှုက ၇၀ ရာခိုင်နှုန်း ကျော် ရှိနေပါတယ်။
အတင်းအကျပ် အချိန်ပို လုပ်ကိုင်ခိုင်းတဲ့ စက်ရုံတွေကတော့ DONG LONG(Pathein)၊ Dong Yu Garment Co.,ltd၊ Ever Lead (Myanmar) Lingerie Co.Ltd၊ Grand Forest International Apparel ၊ GTIG HUBO ၊ Ka Hung Myanmar Co.Ltd၊ Mengyue Garment၊ Myanmar Best Fortune Garments Co.,Ltd၊ Myanmar Fenghua Clothing Co.,Ltd ၊ Myanmar Fortress Wealth Garment၊ Myanmar Jiale Fashion၊ Myanmar LNY CAPS Co,Ltd၊ New Plus ၊ Sunkid Myanmar၊ Teng Hui Myanmar Knitting၊ Tianjin fashion Milestone ၊ TMA စတဲ့ စက်ရုံတွေဖြစ်ပါတယ်။ စက်ရုံ ၁၇ ရုံပါဝင်ပြီး အားလုံးက ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ပြီး ချိုးဖောက်မှုက ၆၆ ရာခိုင်းနှုန်းအထိ ရှိပါတယ်။
လက်ခလစာ ဖြတ်တောက်မှုတွေက ခွင့်ခံစားခွင့်မရတာ၊ စူပါနဲ့ အောစူပါတွေက အကျိုးစီးပွားအတွက် လစာဖြတ်ယူမှု၊ ဘာသာရေးပွဲတော် အကြောင်းပြပြီး ငွေကြေးဖြတ်တောက်တာကို စက်တင်ဘာလထဲ မှာ အများဆုံးတွေ့ရပါတယ်။
ဒီလထဲမှာပဲ လုပ်ခလစာကို တရားမဝင် ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ A&C၊ Chi Mei International Co.,Ltd ၊ Dong Yu Garment Co.,ltd၊ Ever Lead (Myanmar) Lingerie Co.Ltd၊ Grand Forest International Apparel ၊ Ka Hung Myanmar Co.Ltd၊ Mengyue Garment၊ Myanmar Autumn & Champagne Garment Myanmar Fenghua Clothing Co.,Ltd ၊ Myanmar Fortress Wealth Garment၊ Myanmar LNY CAPS Co,Ltd၊ SDI Manufacturing Co.,Ltd ၊ Sudey၊ Sunkid Myanmar၊ Teng Hui Myanmar Knitting၊ TMA ၊ Victor House Co.Ltd Wan Xin Myanmar Company Limited စတဲ့ ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။ စက်ရုံအားလုံးက CMP အမျိုးအစား ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။ စက်ရုံအရေအတွက် ၁၈ ရုံပါဝင်ပြီး ချိုးဖောက်မှုအားဖြင့် ၆၆ ရာခိုင်းနှုန်းအထိ ရှိနေတာပါ။
ခွဲခြားဆက်မှုတွေက အလုပ်သမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထိခိုက်ဆုံးဖြစ်ပြီး လုပ်သားတည်မြဲမှု၊ အလုပ်အကိုင် တည်မှုမှာ အဓိက ကျတဲ့ ဖြစ်ပေမဲ့ လုပ်ငန်းဘက်လိုက်မှုတွေကြောင့် အလုပ်သမားတွေ အများစု နစ်နာရတဲ့ အချက်တွေ ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း လုပ်ငန်းခွင်ထဲမှာ HR ဌာနက ခွဲခြားဆက်ဆံတာ၊ နေ့စားလုပ်သားတွေကို ဥပဒေပါ အကျိုးခံစားခွင့် ခွဲခြားပေးတာ၊ လုပ်ငန်းခွင် ဘက်လိုက်ပြီး ဆွေမျိုးသားချင်းတွေကို ဦးစားပေးလို့ အလုပ်သမား တွေမှာ အခွင့်အလမ်း ဆုံးရှုံးရတဲ့ အပြင် လုပ်ခငွေကြေးပါ နစ်နာရတာ၊ စူပါနဲ့ စက်ရုံမှူးတို့က ဘက်လိုက် ဆက်ဆံပြီး ဂရိတ်ကြေး၊ လုပ်ခလစာ ခွဲခြားပေးတာတွေ ဖြစ်ပွားတာ တွေ့ရပါတယ်။
ကလေးလုပ်သားတွေကို ခိုင်းစေပြီး လုပ်ခလစာခွဲခြားပေးပြီး၊ စစ်ဆေးမှုကို ရှောင်လွှဲနိုင်ဖို့၊ အသက်လိမ်လည် ဖို့ ပြုလုပ်တာတွေ ပါဝင်လည်း တွေ့ရပါတယ်။
ခွဲခြား ဆက်မှုတွေ ပြုလုပ်တဲ့ စက်ရုံတွေကတော့ A&C၊ Chi Mei International Co.,Ltd ၊ Dong Yu Garment Co.,ltd၊ Euro Style Myanmar Fashion Co.,Ltd ၊ Ever Lead (Myanmar) Lingerie Co.Ltd၊ GTIG HUBO ၊ Max Technology၊ Mengyue Garment၊ Myanmar Best Fortune Garments Co.,Ltd၊ Myanmar LNY CAPS Co,Ltd၊ New Plus ၊ SDI Manufacturing Co.,Ltd ၊ Sudey၊ Tianjin fashion Milestone တို့ဖြစ်ပါတယ်။
ကလေး လုပ်သားတွေနဲ့ နေ့စား အလုပ်သမားတွေကို Euro Style Myanmar Fashion Co.,Ltd ၊ GTIG HUBO ၊ Ka Hung Myanmar Co.Ltd၊ Myanmar Fortress Wealth Garment၊ Myanmar Jiale Fashion၊ Myanmar Best Fortune Garments Co.,Ltd နဲ့ TMA အထည်ချုပ် စက်ရုံတွေ တွေ့ရပြီး အခွင့်အရေး ဆုံးရှုံးပြီး ခွဲခြားဆက်ဆံခံနေရတယ်လို့ သိရပါတယ်။
ဆဲဆို ခိုင်းစေတဲ့ စက်ရုံလုပ်ငန်းတွေထဲမှာ ဆဲဆိုမှုတွေကို စူပါ ၊ အောစူပါ တွေ ၊ မန်နေဂျာနဲ့ HR ဌာနတွေက ဝန်ထမ်း တွေက ပြုမှုနေတာကို တွေ့ရပါတယ်။ တချို့ စက်ရုံတွေမှာ ဆိုကိုယ်ထိလက်ရောက် ပြုမူတာ၊ အထည်နဲ့ ပစ်ပေါက်တာ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုပြစ်တင်တွေကို တွေ့ရှိပါတယ်။
အဲဒီလုပ်ငန်းခွင်တွေကတော့ Tia Hong၊ Ever Lead (Myanmar) Lingerie Co.Ltd၊ TMA ၊ Max Technology၊ New Plus ၊ Tianjin fashion Milestone ၊ Mengyue Garment၊ New Plus ၊Victor House Co.Ltd ၊ Ever Lead (Myanmar) Lingerie Co.Ltd၊ Grand Forest International Apparel စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိတဲ့ စက်ရုံတွေကတော့ Tianjin fashion Milestone နဲ့ DONG LONG(Pathein) စက်ရုံတွေ ဖြစ်ပါတယ်။ ဒီလိုချိုးဖောက်တဲ့ စက်ရုံ စုစုပေါင်း ၁၃ ရုံ ရှိပြီး ချိုးဖောက်မှုက ၄၈ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ အီလက်ထရောနစ် စက်ရုံ တစ်ရုံကလွဲလို ကျန်စက်ရုံအားလုံးက ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ပါတယ်။
ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေကို မြန်မာအလုပ်သမားဥပဒေမှာ သတ်မှတ်ပြဌာန်းထားပေမဲ့ သက်ဆိုင်တဲ့ အလုပ်သမား ဝန်ကြီးဌာနက အမှုထမ်းတွေ လုံးဝ ဖြေရှင်းမပေးတာကို တွေ့ရပါတယ်။ အဲဒီလို ဥပဒေပါ အခွင့်အရေး မပေးတဲ့ စက်ရုံတွေကတော A&C ၊ Chi Mei International Co.,Ltd ၊ DONG LONG(Pathein)၊ Dong Yu Garment Co.,ltd၊ Ka Hung Myanmar Co.Ltd ၊ Myanmar Autumn & Champagne Garment ၊ Myanmar Best Fortune Garments Co.,Ltd၊ Myanmar Fenghua Clothing Co.,Ltd ၊ Myanmar Fortress Wealth Garment၊ New Plus ၊ Teng Hui Myanmar Knitting၊ Tia Hong၊ TMA ၊ Victor House Co.Ltd စတဲ့ အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ်။ စက်ရုံ ၁၄ ရုံ ပါဝင်ပြီး ချိုးဖောက်မှု ၅၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။
စက်တင်ဘာလမှာ လုပ်ငန်းခွင်အတွင်း အထည်စံချိန် အတင်းအကျပ်တောင်းဆိုတာ ၊ ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိတာနဲ့ WCC ဥပဒေနဲ့ ကျင့်ဝတ်ဖောက်ဖျက်မှု ၉ ကြိမ်စီ ရှိခဲ့ပါတယ်။ ရာထူးကြီးကြပ်သူတွေရဲ့ ငွေကြေး ဖြတ်တောက်မှုနဲ့ စစ်ဆေးမှုတွေကို လိမ်လည်ဖြေကြားခိုင်းတာက ၆ ကြိမ်စီ ရှိခဲ့ပါတယ်။
တရားမဝင် အလုပ်ထုတ်တာနဲ့ ကလေး လုပ်သားတွေကို ခိုင်းစေတာက ၅ ကြိမ်စီ၊ နေစားလုပ်သားတွေ ခွဲခြားဆက်ဆံခံရတာ၊ ချိုးဖောက်ခံရတာတွေက ၄ ကြိမ်၊ နားချိန်အပြည့် မရတာနဲ့ တခြားအလုပ်တွေကို ခိုင်းစေတာက ၃ ကြိမ်စီ၊ လုပ်ခန်းခွင် ထိခိုက်မှုဖြစ်ပြီး တာဝန်ယူမှု မရှိတဲ့ စက်ရုံတွေက ၂ ကြိမ်နဲ့ ကိုယ်ဝန်ဆောင်လုပ်သား အခွင့်အရေး ချိုးဖောက် ခိုင်းစေတာနဲ့ EC စာချုပ် ချိုးဖောက်ခံရတာက ၁ ကြိမ်စီ ပါဝင်တာလည်း တွေ့ရှိထားပါတယ်။
လုပ်ငန်းခွင် အခြေအနေနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး
မြန်မာလုပ်သားတွေက လုပ်ငန်းခွင်အတွင်း အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ရပြီး ညနက်အထိ အချိန်ပိုဆင်း နေရတာ၊ တချို့ စက်ရုံတွေမှာ အချိန်ပို နာရီ ၁၀၀ မှ ၁၀၀ ကျော် လုပ်ကိုင်ရသလို့ တနင်္ဂနွေလို နားရက်တွေမှာပါ အလုပ်ဆင်းရတာကို တွေ့ရပါတယ်။
ရေမသောက်ရ၊ အိမ်သာမသွားရ၊ ထမင်းစာချိန်လို နားချိန်တွေ အပြည့်မရအောင် အထည်စံချိန်ကို ဖိအားပေး တောင်းခံတာလည်း ကြုံတွေ့နေရပါတယ်။ ဆေးကုသခွင့် မလွယ်ကူခြင်း၊ ဆေးနှင့်ဆေးပစ္စည်း မရှိတာ၊ နေမကောင်းသော်လည်း လုပ်ကိုင်ခိုင်းတာနဲ့ ကိုယ်ဝန်ဆောင် လုပ်သားတွေကိုပါ အလေးအပင် မခိုင်းတာမျိုးတွေက လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှု ချို့ယွင်းတွေ ချက် အဖြစ် တွေ့ရပါတယ်။
လုပ်ငန်းခွင် အခြေခံ အဆောက်အအုံ မပြည့်စုံမှုတွေ ဖြစ်တဲ့ သောက်ရေခက်ခဲတာ၊ သုံးရေပြတ်လက်တာ၊ အိမ်သာနဲ့ ထမင်းစားခုံ မလုံလောက်တာ၊ မသန့်ရှင်းတာ၊ လုံခြုံမှုမရှိတာ၊ အိမ်သာမှာ CCTV တပ်ဆင်ထား တာတွေပါ တွေ့ရှိပါတယ်။
လုပ်ငန်းခွင် ထိခိုက်မှုကို တာဝန်မယူတာ၊ ထိခိုက်မှုအတွက် ခံစားခွင့်မပေးတာတွေက လုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင် တွေ ရှိတယ်ဆိုတာကိုပါ တွေ့ခဲ့ရပါတယ်။
လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ
ရက်ပျက်/ခွင့်ယူပါက ဒေးကြေး၊ ရက်မှန်ကြေး၊ ထောက်ပံ့ကြေး၊ ဂရိတ်ကြေး ဖြတ်တာ၊ လက်ဗွေမပါလို့ လုပ်ခဖြတ်တာ၊ လုပ်သက်ခွင့် ကို ငွေကြေး နဲ့ ပေးပြီး ရသင့်တာထက်လျှော့ချပြီးပေးတာ ၊ လုပ်ခလစာ အလွယ်တကူ ထုတ်မရတာ၊ လုပ်ခလစာ ခွဲခြားတာ၊ အတင်းအကျပ် ကန်တော့ကြေး၊ မင်္ဂလာဆောင်ကြေး၊ နဲ့ သီတင်းကျွတ်အတွက်ဟုဆိုကာ လစာကနေ တပါတည်း ဖြတ်ယူတာ။
အချိန်ပို OT ခ မပေးဘဲ အလုပ်ဆင်းခိုင်းတာ၊ လစာတိုးတောင်းခွင့်မရှိဆိုပြီး ပြောဆိုတာ၊ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာ၊ စက်ရုံပိတ်သိမ်းရာတွင် ၆ လအောက် လုပ်သားများအား လျော်ကြေးမပေးနိုင်ဟု ငြင်းဆိုတာ စတဲ့ လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ရှိပါတယ်။
EC (Employment Contract) စာချုပ် ကို အလုပ်သမား လက်ဝယ် မပေးတာ၊ သက်ဆိုင်ရာက လာရောက် စစ်ဆေးပါက လိမ်လည် စစ်ဆေးခံဖို့ အတင်းအကျပ် ခိုင်းစေတာ သက်သေဖျက်ဆီးခိုင်းတာနဲ့ လိမ်လည်ဖြေကြားခိုင်းတာတွေ စတဲ့ ဥပဒေချိုးဖောက်ဖို့ ကြိုစားတဲ့ လုပ်ငန်းတွေပါ တွေ့ရပါတယ်။
စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်တွေ အဖြစ် ခွင့်နှင့် ခံစားခွင့် မပေးတာ၊ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မရတာ၊ ရှောင်တခင် ခွင့် မရတာ၊ ခွင့်ယူပါက တခြားခံစားခွင့်ဖြတ်တာ၊ ခွင့်တောင်းပါက နောက်ကြောင်းစုံစမ်းတာ၊ WCC (လုပ်ငန်းခွင် တိုင်ကြားစာ လက်ခံရေး ကော်မတီ) နဲ့ HR မှ မြန်မြန်ဆန်ဆန် အရေးမယူတာ ၊ ဖြေရှင်းမပေးတာ၊ တိုင်ကြားသူအား အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာတွေကို တွေ့ရပါတယ်။
ဒီတွေ့ရှိချက်တွေက လုပ်ငန်းခွင် စီမံခန့်ခွဲမှု အားနည်းချက် သာမက အလုပ်သမား ဥပဒေနှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေကို မြန်မာ အလုပ်ရုံ စက်ရုံတွေမှာ အများအပြား ဖြစ်ပွားနေတယ်ဆိုတာကို ဖော်ပြနေပါကြောင်း တင်ပြလိုက်ပါတယ်။
Myanmar Labour News Background
MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက် မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။
Myanmar Labour Society
MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society
Research Team