Myanmar Labour Society က မြန်မာအလုပ်သမားကဏ္ဍအတွင်းက လူ့အခွင့်အရေး ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဥပဒေ ပြဌာန်းချက် ချိုးဖောက်မှုတွေကို စောင့်ကြည့်ပြီး အချက်အလက်တွေကို ကောက်ယူပြီး လစဉ် ထုတ်ပြန် နေပါတယ်။
Myanmar Labour News website မှာဖော်ပြထားတဲ့ သတင်းတွေကို အဓိက စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပြီး သတင်းတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ ဖော်ပြထား တဲ့ သတင်းတွေ ကတော့ ကာယကံရှင် အလုပ်သမား ကိုယ်တိုင် လာရောက်ပြောကြားတာ၊ အလုပ်သမားအဖွဲ့ချုပ် ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေကတဆင့် ရရှိတဲ့ ခိုင်မာတဲ့ သတင်းအချက်တွေကို ဖော်ပြထားတယ်လို့ Myanmar Labour News တာဝန်ခံက ပြောကြားထား ပါတယ်။
ဒီဇင်ဘာလအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံ သတင်း ၂၈ ပုဒ် ဖော်ပြထားပါတယ်။
အဲဒီသတင်းတွေထဲ စက်ရုံလုပ်ငန်း ၂၇ ခုကိုတွေ့ရပြီး အဲ့ဒီထဲမှာ အထည်ချုပ်စက်ရုံက ၂၁ ရုံ နဲ့ Electroic စက်ရုံ ၊ လက်အိတ်ချုပ် ၊ ဦထုတ်ချုပ်၊ လူသုံးကုန် စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ကော်စေ့စက်ရုံတွေက တစ်ရုံစီဖြစ်ကြပါတယ်။ ဒီထဲက အထည်ချုပ်စက်ရုံတွေ၊ ဖိနပ်စက်ရုံ၊ လက်အိတ်ချုပ်၊ ဦးထုတ်ချုပ်စက်ရုံတွေက CMP လုပ်ငန်းအမျိုးအစားတွေ ဖြစ်ပါတယ်။
CMP လုပ်ငန်းတွေက မြန်မာနိုင်ငံအတွက် ပို့ကုန်ဝင်ငွေ ထိပ်တန်းအဆင့် ရှာဖွေပေးနေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၁၁ လတာ ကာလ အတွင်း CMP အထည်ချုပ်ပို့ကုန်က အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ရရှိထားတယ်လို့ ဆိုပါတယ်။ ကဏ္ဍက နိုင်ငံဝင်ငွေထိပ်တန်းဖြစ်နေပေမဲ့ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေချိုးဖောက်ခံမှုလည်း များပြားတယ်ဆိုတာက Myanmar Labour Society ရဲ့ လချုပ် အစီအရင်ခံစာတွေမှာ တွေ့နိုင်ပါတယ်။
စစ်တပ်က အရပ်သားအစိုးရဆီက အာဏာသိမ်းပြီးနောက်ပိုင်း CMP ကဏ္ဍကနေ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံရမှုတွေ များပြားလာသလို စုစုပေါင်း ပို့ကုန်တန်ဖိုးအထိ ၂၆% အထိ ပါဝင်ခဲ့ဖူးသော ကာလမှာ ဒီအာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ဖော်ပြထားတဲ့သတင်းတွေထဲမှာ လုပ်ခလစာ ဖြတ်တောက်တာ၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတာ၊ ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရတာ၊ အချိန်ပို အတင်းအကျပ် ခိုင်းစေတာ၊ ခွဲခြားဆက်ဆံခံရတာနဲ့ ဆဲဆို ခိုင်းစေတာ စတဲ့ ချိုးဖောက်မှုတွေကို Myanmar Labour Society က တွေ့ရှိ ထားပါတယ်။
ဒီလို ချိုးဖောက်မှုတွေက ဥပဒေ၊ ပြဌာန်းချက်ကို ဆန့်ကျင်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။
|
၂၀၂၅ ခုနှစ် ဩဂုတ် လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ |
|||||
|
No |
စက်ရုံလုပ်ငန်း |
လုပ်ငန်းအမျိုးအစား |
ကုန်အမှတ်တံဆိပ် |
လုပ်ငန်းတည်နေရာ |
သတင်းဖော်ပြမှု |
|
1 |
Myanto Industrial Co.Ltd |
အထည်ချုပ် |
|
မြခတ္တာလမ်း၊ မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ |
https://www.myanmarlabournews.com/posts/myanto-garment-လစာအတွက်-ဘဏ်ကတ်-အတင်းအကျပ်-လုပ်ခိုင်း |
|
2 |
Myanmar Zande Garment |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂၊ ဆိပ်ကမ်းသာလမ်း |
https://www.myanmarlabournews.com/posts/myanmar-zande-အထည်ချုပ်-အလုပ်သမားရုံး-တိုင်ကြားလို့-ဆိုပြီး-အလုပ်ထုတ် |
|
3 |
Myanmar Huasheng Kefu Fashion Co.,Ltd |
အထည်ချုပ် |
Terranova, Calliope |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခေတ္တာလမ်း |
https://www.myanmarlabournews.com/posts/myanmar-huasheng-kefu-အထည်ချုပ်-တစ်လ-အချိန်ပို-နာရီ-၁၀၀-ကျော်-လုပ်ကိုင်ခိုင်း |
|
4 |
CYKK |
အထည်ချုပ် |
Tomor Sakura |
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဦးဖိုးကြားလမ်းနှင့် ဆရာစံလမ်း |
https://www.myanmarlabournews.com/posts/cykk-အထည်ချုပ်စက်ရုံ-အချိန်ပိုကြေး-မပေးဘဲ-ခိုင်းစေ |
|
5 |
Shun Yu Myanmar Garment |
အထည်ချုပ် |
Amisu ၊ Sinsay |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်း |
https://www.myanmarlabournews.com/posts/shun-yu-myanmar-garment-စက်ရုံတွင်-လုပ်သား-၃၀၀-အတွက်-ကြိုပို့ယာဉ်-တစ်စီးသာ-စီစဉ်ပေးထား |
|
6 |
Sky Fashion Myanmar Co.,Ltd |
အထည်ချုပ် |
LCW VISION, YES.ZEE |
ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်း |
https://www.myanmarlabournews.com/posts/sky-fashion-myanmar-အထည်ချုပ်-အလုပ်ထုတ်ထားသည့်-ကလေးလုပ်သားများအား-နေ့စားလုပ်ကိုင်ခိုင်း |
|
7 |
Hengrun Myanmar Co.,Ltd |
အထည်ချုပ် |
CMP |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြရတနာလမ်း |
https://www.myanmarlabournews.com/posts/hengrun-myanmar-အထည်ချုပ်-ခွင့်ရက်နှင့်-ခွင့်ခံစားခွင့်မပေးဘဲ-လုပ်ခလစာဖြတ်တောက် |
|
8 |
Mai Yi Bei Garment |
အထည်ချုပ် |
Alcott, TIFFOSI |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ဆေးရုံလမ်း |
https://www.myanmarlabournews.com/posts/mai-yi-bei-garment-အချိန်ပို-လုပ်ကိုင်ခိုင်းလို့-ကျန်းမာရေးထိခိုက်-မဆင်းပါက-အောစူပါက-အများရှေ့မှာ-ဆဲ |
|
9 |
Myanmar LNY (2) CAPS Co,Ltd |
ဦးထုတ်ချုပ် |
dkps, EXPLOSION, OTTO , Milwaukee |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) မက္ခရာမင်းသားကြီးဦးပျိုလမ်းနဲ့ ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်းထောင့် |
https://www.myanmarlabournews.com/posts/myanmar-lny-2-ဦးထုတ်စက်ရုံက-ဌာနပြောင်း-လစာလျှော့ချမှုတွေ-ပြုလုပ်နေ |
|
10 |
RHEA WORKSHOP |
အရုပ်စက်ရုံ |
|
ရန်ကုန်မြို့၊ လှိုင်သာယမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်း |
https://www.myanmarlabournews.com/posts/rhea-workshop-စက်ရုံ-ဝင်ငွေခွန်ဆိုပြီး-အထောက်အထားမပေးဘဲ-ဖြတ်တောက် |
|
11 |
Dishang Fashion (Myanmar) Co.,L.td |
အထည်ချုပ် |
ONLY, PImKIe, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club |
မင်းကြီးမဟာ မင်းခေါင်လမ်း ၊ ရွှေသံလွင်စက်မူဇုန်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်။ |
https://www.myanmarlabournews.com/posts/--4 |
|
12 |
Haejii (Myanmar) apparel |
အထည်ချုပ် |
Converse , AK |
ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခွာညှိလမ်းမှ |
https://www.myanmarlabournews.com/posts/haejii-myanmar-apparel-အထည်ချုပ်-စက်ရုံ-ခွင့်ရက်နှင့်-ခွင့်ခံစားခွင့်-မပေးဘဲ-လစာဖြတ်နေ |
|
13 |
Max Technology |
Electoric |
|
အမှတ် ၃၀၄ တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှုဇုန် ၊ သံဒင်း (74)ဂိတ်ဆုံးအနီး ၊ ရွှေပြည်သာမြိုနယ်၊ ရန်ကုန် |
https://www.myanmarlabournews.com/posts/max-technology-စက်ရုံဖယ်ရီ-အလုပ်သမား-မကြိုဘဲ-ပစ်ထား |
|
14 |
Saifeom International Garment Myanmar |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း |
https://www.myanmarlabournews.com/posts/saifeom-international-garment-myanmar-အထည်ချုပ်စက်ရုံ-ပိတ်ရက်မရှိ-လုပ်ကိုင်ခိုင်း |
|
15 |
ဂေါ်ဇီလာ ခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံ |
လူသုံးကုန်စက်ရုံ |
|
ရွှေပြည်သာစက်မူဇုန် ၁ ၊ ချယ်ရီလမ်း |
https://www.myanmarlabournews.com/posts/ဂေါ်ဇီလာ-ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ-တရားဝင်ပိတ်ရက်များမှာ-အတင်းအကျပ်-အလုပ်ဆင်းခိုင်း |
|
16 |
Huasheng Golden Fashion |
အထည်ချုပ် |
PAPAYA |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ မြစိမ်းရောင်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/အလုပ်သမားဝန်ကြီး-လာရောက်ပြီးနောက်-အလုပ်သမား-၁၀၀-ကျော်-အလုပ်ထုတ်ခံမည့်-အရေး-ရင်ဆိုင်နေရ |
|
17 |
Sunlong Sprot |
လက်အိပ်ချုပ် |
|
ပုလဲလမ်း၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန် |
https://www.myanmarlabournews.com/posts/sunlong-sprot-စက်ရုံမှာ-ဖူလုံရေးခွင့်ယူလို့ဆိုပြီး-အောစူပါက-ဖိအားပေး-ပြောဆို |
|
18 |
Win Land Co,.Ltd |
အထည်ချုပ် |
FB Sister, AMISU |
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြသရီဖီလမ်းနှင့်မြခွာညိုလမ်းထောင့် |
https://www.myanmarlabournews.com/posts/win-land-coltdစက်ရုံ-မန်နေဂျာမှာ-အလုပ်သမားများအား-ရိုင်းစိုင်းစွာ-ဆဲဆို |
|
19 |
Yangon Wan Ping Garment |
အထည်ချုပ် |
H&M, YKK |
ရန်ကုန််၊ မှော်ဘီ၊ မြောင်းတကာစက်မှုဇုန် |
|
|
20 |
Hakers |
အထည်ချုပ် |
|
ပုသိမ်မြို့ |
https://www.myanmarlabournews.com/posts/hakers-အထည်ချုပ်စက်ရုံ-wcc-အဖွဲ့ဝင်အား-စိတ်ကြိုက်ခန့် |
|
21 |
johnson Company limited |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြဝတီမင်းကြီးလမ်း ၊ စက်မူဇုန်၄ |
https://www.myanmarlabournews.com/posts/onhnson-company-limited-စက်ရုံက-မတရားမှု-လုပ်နေလို့ပါ |
|
22 |
Mei Jie (Myanmar) |
အထည်ချုပ် |
|
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မူကြိုလမ်းဆုံ၊ မီးသတ်အဝိုင်းအနီး |
https://www.myanmarlabournews.com/posts/meijie-myanmar-စက်ရုံ-လုပ်ငန်းခွင်အတွင်း-လာဘ်ပေး၊ယူ-ပြုလုပ်ပြီး-အလုပ်သမာများ-ဖိနှိပ်ခံရ |
|
23 |
Myanmar GiGi |
အိပ်ချုပ် |
Michel Kors |
ရန်ကန်မြို့၊ ရွေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန် |
https://www.myanmarlabournews.com/posts/myanmar-gigi-မှာ-ဖိအားပေး-အချိန်ပို-ခိုင်းစေ |
|
24 |
Xing Yuan (Myanmar) Co.,Ltd |
အထည်ချုပ် |
Sinsay , Guess |
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ |
|
|
25 |
Bontech |
အထည်ချုပ် |
Vizwell ,SIN GER |
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်း |
https://www.myanmarlabournews.com/posts/သာဓုကန်စက်မှုဇုန်-ရှိ-bontech-အထည်ချုပ်စက်ရုံ-တွင်-အလုပ်သမားသမဂ္ဂဖြိုခွဲရန်-ဖိအားပေးမှုများ-ဖြစ်ပွား |
|
26 |
Myanmar Sport Co, Ltd |
အထည်ချုပ် |
B aircraft |
ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်း |
https://www.myanmarlabournews.com/posts/cykk-အထည်ချုပ်စက်ရုံ-အချိန်ပိုကြေး-မပေးဘဲ-ခိုင်းစေ |
|
27 |
Tianjin Fashion Milestone |
အထည်ချုပ် |
|
ဆိပ်ကမ်းသာလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၂၅)၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ |
https://www.myanmarlabournews.com/posts/tianjin-fashion-milestone-အထည်ချုပ်-qc-မစစ်ဘဲ-ကွန်တိန်နာတင် |
|
** Myanto Industrial Co.Ltd အထည်ချုပ်စက်ရုံ သတင်းနှစ်ကြိမ်ဖော်ပြခံထားရ ** |
|||||
|
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ချိုးဖောက်မှုများ |
|
|---|---|
|
ချိုးဖောက်မှု အမျိုးအစား |
သတင်းအရေအတွက် |
|
လုပ်ခလစာ ဖြတ်တောက်ခြင်း |
20 |
|
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း |
17 |
|
ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း |
16 |
|
အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း |
14 |
|
ခွဲခြားဆက်ဆံခြင်း |
11 |
|
ဆဲဆို ခိုင်းစေခြင်း |
10 |
|
အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း |
9 |
|
လူမှုဖူလုံရေးဥပဒေ ချိုးဖာက်ခံရခြင်း |
9 |
|
အလုပ်ထုတ်ခြင်း |
8 |
|
ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း |
8 |
|
WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း |
7 |
|
တခြားအလုပ်များအား ခိုင်စေခြင်း |
3 |
|
အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းများအား ပိတ်ပင်ခြင်း၊ ဖြိုခွဲခြင်း |
2 |
|
ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း |
2 |
|
ကလေးလုပ်သားများအား ခိုင်းစေခြင်း |
2 |
|
နေ့စားလုပ်သာများအား ချိုးဖာက်ခြင်း |
2 |
|
အနားယူချိန် အပြည့်အဝမရခြင်း |
2 |
|
စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းခြင်း၊ တိမ်းရှောင်ခိုင်းခြင်း |
1 |
|
ရက်အစား လုပ်ကိုင်ခိုင်းခြင်း |
1 |
|
ကိုယ်ဝန်ဆောင်လုပ်သားများ ချိုးဖောက်ခံရခြင်း |
1 |
|
EC စာချုပ် ချိုးဖောက်ခံရခြင်း |
1 |
|
အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းခြင်း |
1 |
လုပ်ခလစာ ဖြတ်တောက်ခြင်း
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အများဆုံး ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေထဲမျာ တရားမဝင် လုပ်ခလစာ ဖြတ်တောက်မှုတွေ က ထိပ်တန်းပါဝင်နေတာပါ။ ဥပဒေအရ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်သလို အလုပ်သမား ကဏ္ဍက တတ်ကြွလှုပ်ရှားသူတွေက ထောက်ပြပြောဆိုမှု အများအပြားရှိပေမဲ့ လိုက်နာမှု အရေးယူမှု မရှိသလောက် နည်းပါးတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်တဲ့ စက်ရုံအလုပ်ရုံ ၂၇ ရုံထဲမှာ လုပ်ခလစာကို နည်းမျိုးစုံနဲ့ ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံပေါင်း ၂၀ အထိပါဝင်တာကြောင့် ရာခိုင်နှုန်းအားဖြစ် ၇၄ ရာခိုင်နှုန်းကျော် ရှိနေတာပါ။
တွေ့ချက်တွေအရ မြန်မာအလုပ်သမား ဥပဒေအရ လုပ်ခလစာပေးချေရေးဥပဒေ (၂၀၁၆) ၊ ILO ပြဌာန်းချက် Convention No. 138 နဲ့ 182 နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ရဲ့ အပိုဒ် ၂၃ ကို အဓိက ချိုးဖောက်တာကို တွေ့ရပါတယ်။
လုပ်ခလစာ ဖြတ်တောက်တဲ့ အကြောင်းအရာတွေကတော့ ဥပဒေအတိုင်း အချိန်ပိုလုပ်ခ မပေးတာ၊ ထောက်ပံ့ကြေး လျှော့တာ၊ ရက်ပျက်လို့ဆိုပြီး ဂရိတ်ကြေးလျှော့တာ၊ နေ့စားလုပ်သားများနဲ့ ကလေးလုပ်သားများအား လုပ်ခလစာ လျှော့ပေးတာ၊ အကြောင်းပြချက်မဲ့ ဆုကြေးလျှော့ပေးတာ၊ ခွင့်မဲ့ သတ်မှတ်ပြီး ဒေးကြေးနဲ့ တခြားခံစားခွင့်တွေကို ဖြတ်တောက်တာ၊ လုပ်ငန်းနဲ့ နေရာပြောင်းလဲပြီး လုပ်ခလစာလျှော့ချတာ၊ အချိန်ပိုကြေး မပေးတာ၊ နစ်နာကြေးမပေးဘဲ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ အထောက်အထားမဲ့ အခွန်ငွေ ဖြတ်ယူတာ စတာတွေကို တွေ့ရှိပါတယ်။
ဖော်ပြထားတဲ့ ချိုးဖောက်မှုတွေကို CYKK၊ Dishang Fashion (Myanmar) Co.,L.td ၊ Haejii (Myanmar) apparel၊ Hengrun Myanmar Co.,Ltd ၊ Huasheng Golden Fashion ၊ Mai Yi Bei Garment၊ Max Technology ၊ Myanmar GiGi၊ Myanmar Huasheng Kefu Fashion Co.,Ltd ၊ Myanmar LNY (2) CAPS Co,Ltd၊ Myanmar Zande Garment၊ Myanto Industrial Co.Ltd ၊ RHEA WORKSHOP ၊ Saifeom International Garment Myanmar ၊ Sky Fashion Myanmar Co.,Ltd၊ Sunlong Sprot၊ Win Land Co,.Ltd၊ Xing Yuan (Myanmar) Co.,Ltd၊ Yangon Wan Ping Garment၊ ဂေါ်ဇီလာ ခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံ စတဲ့ စက်ရုံလုပ်ငန်းတွေ ဖြစ်ပါတယ်။
စက်ရုံတွေ အများစုက CMP အမျိုးအစား ချုပ်လုပ်ရေး စက်ရုံတွေဖြစ်ကြပြီး Electroic နဲ့ အရုပ်စက်ရုံ တွေ ပါဝင်ပါတယ်။
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း
ဒီဇင်ဘာလအတွင်းတွေ့ရှိထားတဲ့ ဖိအားပေးခြိမ်းခြောက် ခိုင်းစေတာနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ ဟာ အလုပ်သမားတစ်ဦးချင်းစီရဲ့ အခြေခံရပိုင်ခွင့်တွေသာမက လူ့ဂုဏ်သိက္ခာကိုပါ ပြင်းထန်စွာ ထိပါးနှိပ်စက်နေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
လစာတိုးတောင်းသူတွေကို အလုပ်ထွက်ရမယ်လို့ ခြိမ်းခြောက်တာ၊ အချိန်ပို (OT) မဆင်းပါက အလုပ် ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ EC စာချုပ်ပါ စည်းကမ်းချက်များကို ကျော်လွန်ပြီး မုန့်စားရုံနဲ့ အလုပ် ထုတ်ခဲ့တာ၊ တိုင်ကြားလို့ဆိုပြီး အလုပ်သမားတွေကို ပြန်လည်ခြိမ်းခြောက်တာ၊ အထည်စံချိန် အတွက် အောစူပါ၊ စူပါနဲ့ HR မန်နေဂျာကိုယ်တိုင် ရိုင်းစိုင်းစွာ ဆဲဆိုတာ ၊ အချိန်ပိုမဆင်းသူတွေကို အများရှေ့မှာ ဆဲဆိုအရှက်ခွဲတာ၊ ကျွမ်းကျင်ကြေးဖြတ်ခြင်း၊ ဂရိတ်ချခြင်းနှင့် အလုပ်သမားအချင်းချင်း ယှဉ်ပြိုင်ခိုင်းပြီး စိတ်ဓာတ်ရေးရာ ဖိအားပေးတာတွေ၊ ဆန္ဒမပါဘဲ မိုးအလင်း ခိုင်းစေတာ အတင်းအကျပ် လက်မှတ် ထိုးခိုင်းခြင်း၊ ဝမ်တိန် (Warning) ထိုးခိုင်းတာ၊ တနင်္ဂနွေနေ့တွေမှာ လုပ်ခမပေးဘဲ အလုပ်ဆင်းခိုင်းတာ၊ မဆင်းပါက လစာမပေးဟု ခြိမ်းခြောက်တာ၊ စက်ရုံတံခါးကို အမြဲပိတ်ထားတာ၊ သောက်ရေ ပြတ်လပ်တာ၊ သန့်စင်ခန်းမကောင်းတာနဲ့ ဆေးခန်းနှင့် သူနာပြုမရှိတာ၊ အလုပ်သမား မူးလဲသည့်တိုင်အောင် စံချိန်တောင်း တာ၊ ဆေးခွင့် (Medical Leave) လုံးဝမပေးတာတွေ ဖြစ်ပါတယ်။
ဒီခြိမ်းခြောက် ဖိအားပေးမှုတွေနဲ့ ပတ်သက်တဲ့ စက်ရုံပေါင်း ၁၈ ရုံပါဝင်ပြီး သတင်း ၁၉ ကြိမ် ဖော်ထား ပါတယ်။ဒီ ချိုးဖောက်မှုမှာ စက်ရုံပါဝင်မှုက ရာခိုင်နှုန်း ၆၆ ရာခိုင်နှုန်းကျော် ပါဝင်နေပါတယ်။ ပါဝင်တဲ့ စက်ရုံလုပ်ငန်းတွေက အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်၊ အရုပ်နဲ့ လူသုံးကုန်ပစ္စည်း စက်ရုံတွေ ဖြစ်ကြ ပါတယ်။
အဲဒီစက်ရုံတွေကတော့ CYKK၊ Dishang Fashion (Myanmar) Co.,L.td ၊ Haejii (Myanmar) apparel၊ Hengrun Myanmar Co.,Ltd ၊ johnson Company limited၊ Mai Yi Bei Garment၊ Myanmar Huasheng Kefu Fashion Co.,Ltd ၊ Myanmar Sport Co, Ltd၊ Myanmar Zande Garment၊ Myanto Industrial Co.Ltd ၊ RHEA WORKSHOP ၊ Shun Yu Myanmar Garment၊ Sky Fashion Myanmar Co.,Ltd၊ Sunlong Sprot၊ Win Land Co,.Ltd၊ Xing Yuan (Myanmar) Co.,Ltd၊ Yangon Wan Ping Garment၊ ဂေါ်ဇီလာ ခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံ စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ဥပဒေပါ ခွင့်ရက်နှင့် ခွင့် ခံစားခွင့် မရခြင်း
မြန်မာနိုင်ငံအတွင်းက CMP လုပ်ငန်းအများစုမှာ တွေ့ရတဲ့ ချိုးဖောက်မှု ဖြစ်ပြီး ဥပဒေပြဌာန်းချက်တွေ တိတိကျကျ ရှိပေမဲ့ အလုပ်သမားတွေမှာ ခွင့်ရက်နဲ့ ခွင့် ခံစားခွင့်တွေ မရ ဖြစ်နေတာပါ။
ခွင့်ရက်နဲ့ ခွင်ခံစားခွင့်တွေမရတာက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများနှင့် အလုပ်သမားဥပဒေ (ခွင့်ရက်နှင့် အလုပ်ပိတ်ရက်) ကိုချိုးဖောက်တာဖြစ်ပြီး ဆေးခွင့်မပေးတာကတော့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ကို ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။
ဒီဇင်ဘာလထဲမှာ ဆေးခွင့်တိုင်ပေမဲ့ မရတာ၊ ဆေးခွင့်ယူပါက ဆဲဆိုတာ၊၊ လူမှုဖူလုံရေးခွင့် (SSB) ယူလည်း လစာဖြတ်တာ၊ ဆေးခွင့်ကို ရက်ပျက် သတ်မှတ်ပြီး ဒေးကြေးနှင့် ရက်မှန်ကြေး ဖြတ်တောက် တာ၊ လုပ်သက်ခွင့်ယူ မရတာ၊ လုပ်သက်ခွင့်အတွက် ၆၈၀၀ ပဲ ပေးတာ၊ ခွင့်တိုင်ပေမဲ့ လစာဖြတ်တာ၊ တရားဝင် အလုပ်ပိတ်ရက်တွေမှာ ဆန္ဒမပါဘဲ အတင်းအကျပ် ဆင်းခိုင်းတာ၊ တရားဝင် ပိတ်ရက်ကို ပိတ်ပေးရမည့်အစား အခြားရက်တွင် အစားထိုးဆင်းခိုင်းတာ၊ အလုပ်ပိတ်ရက် မဆင်းပါက လစာဖြတ်မည်၊ ရက်မှန်ကြေး ဖြတ်မည်ဟု ခြိမ်းခြောက်တာ၊ မည်သည့်ခွင့်အမျိုးအစားမဆို ဒေးကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်တာ၊ ခွင့်ယူသည့်လို့ ရက်ပျက် အကြောင်းပြ နစ်နာကြေးမပေးဘဲ အလုပ်ထုတ်တာတွေကို တွေ့ရပါတယ်။
ခွင့်နဲ့ ပတ်သက်ပြီးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ လုပ်ငန်း ၁၆ ခုပါဝင်ပြီး အဲဒီစက်ရုံတွေကတော့ အထည်ချုပ်၊ ဦးထုတ်ချုပ်၊ အရုပ်ချုပ်နဲ့ အီလက်ထရောနစ်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ် လုပ်ငန်းစက်ရုံ တွေ ဖြစ်ကြပါတယ်။ စက
အဲဒီစက်ရုံတွေကတော့ CYKK၊ Haejii (Myanmar) apparel၊ Hengrun Myanmar Co.,Ltd ၊ Huasheng Golden Fashion ၊ Mai Yi Bei Garment၊ Max Technology ၊ Mei Jie (Myanmar) ၊ Myanmar Huasheng Kefu Fashion Co., Ltd ၊ Myanmar LNY (2) CAPS Co,Ltd၊ Myanmar Zande Garment၊ Myanto Industrial Co., Ltd ၊ RHEA WORKSHOP ၊ Saifeom International Garment Myanmar ၊ Shun Yu Myanmar Garment၊ Sky Fashion Myanmar Co.,Ltd၊ ဂေါ်ဇီလာ ခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံတွေဖြစ်ပါတယ်။
အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
ဒီချိုးဖောက်မှုက အထည်စက်ရုံတွေမှာ အများဆုံးဖြစ်ပွားတာတွေ့ရပြီး ဒီဇင်ဘာလအတွင်း ချိုးဖောက်မှုရှိတဲ့ စက်ရုံတွေထဲမှာ စုစုပေါင်း ၁၄ ရုံ ပါဝင်ပါတယ်။
အဲဒီ စက်ရုံတွေထဲမှာ အချိန်ပို လက်မှတ်ထိုးဖို့ ဖိအားပေးတာ၊ “အိုတီ မဆင်းမနေရ” ဟု သတ်မှတ်ပြီး ငြင်းပယ် ခွင့် မပေးတာ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင် ဆန္ဒမပါဘဲ ဆင်းရပြီး ရက်အစား ပြန်ဆင်းခိုင်းတာ၊ အချိန်ပိုမဆင်းပါက အလုပ်ထုတ်မည်၊ လစာဖြတ်မည်၊ ဒေးကြေးမပေး ဆိုပြီး ခြိမ်းခြောက်တာ၊ အများရှေ့တွင် ရိုင်းစိုင်းစွာ ဆဲဆိုတာ၊ ဝမ်တိန် လက်မှတ်ထိုးခိုင်းတာ၊ အချိန်ပိုဆင်းခိုင်းသော်လည်း လုပ်ခလုံးဝမပေးတာ၊ လျှော့ပေးတာ၊ အချိန်ပိုနာရီ ၁၂၀ နီးပါး ခိုင်းစေတာ၊ ထည်စံချိန်မရဟု အကြောင်းပြ မိုးအလင်း အချိန်ပို ဆင်းခိုင်းတာ၊ ညနက်အထိ အချိန်ပိုဆင်းခိုင်းပြီး ဖယ်ရီ စီစဉ်မပေးတာ၊ ကိုယ်ပိုင်စရိတ်ဖြင့် နေအိမ်ပြန်ခိုင်းတာ၊ အချိန်ပိုအတွက် အစားအသောက် ထောက်ပံ့မှုမရှိတာ၊ နေမကောင်း၍ဖြစ်စေ၊ အရေးပေါ်ကိစ္စကြောင့် ဖြစ်စေ ဂိတ်ပတ်စ်မပေးဘဲ အတင်း ဆက်ခိုင်းတာတွေကို တွေ့ရပါတယ်။
ဒီအချက်လက်တွေက ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေမှု ဥပဒေ နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ပါ စည်းကမ်းချက်တွေကို အဓိက ချိုးဖောက်မှုတွေလည်း ဖြစ်ပါတယ်။
ချိုးဖောက်မှု တွေကို CYKK၊ Dishang Fashion (Myanmar) Co., Ltd ၊ Johnson Company limited၊ Mai Yi Bei Garment၊ Myanmar GiGi၊ Myanmar Huasheng Kefu Fashion Co., Ltd ၊ Myanmar LNY (2) CAPS Co,. Ltd၊ Myanmar Sport Co, Ltd၊ Myanmar Zande Garment။ Saifeom International Garment Myanmar ၊ Shun Yu Myanmar Garment၊ Xing Yuan (Myanmar) Co., Ltd၊ Yangon Wan Ping Garment၊ ဂေါ်ဇီလာခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံတို့မှာ တွေ့ထားရတာပါ။
ခွဲခြားဆက်ဆံခြင်း
ဒီဇင်ဘာလအတွင်း ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်တာတွေက စူပါများက မရိုးမသားဖြင့် ကျွမ်းကျင်အဆင့် (Grade) ကို မိမိစိတ်ကြိုက် သတ်မှတ်ပြီး ကျွမ်းကျင်ကြေးကို တစ်ဦးနဲ့တစ်ဦး မတူအောင် ခွဲခြားပေးတာ၊ အမြဲတမ်းဝန်ထမ်းတွေနဲ့ အလုပ် တန်းတူလုပ်ကိုင်ရပေမဲ့ နေ့လုပ်သားတွေကို ဒေးကြေးနဲ့ အချိန်ပိုကြေး လျှော့ပေးတာ၊ ဆုကြေး နဲ့ လစာကို ခွဲခြားပေးတာ၊ အချိန်ပိုကို မျက်နှာလိုက် ခေါ်တာ၊ အချိန်ပို မပေးဘဲ ချန်လှပ်တာ၊ ခွင့်ရက်ကို ခွဲခြားပေးတာ၊ ဆေးခွင့် ရှောင်တခင်ခွင့် လုံးဝမပေးတာ၊ အချိန်ပို မဆင်းလို့ OT ထပ်မပေးတာ ၊ကိုယ်ဝန်ဆောင်တွေကို အထည်စံချိန်တောင်းတာ၊ အသက်မပြည့်သူများ (ကလေးလုပ်သား)တွေကို ခွဲခြားခန့်ထားပြီး လုပ်ခလျှော့ပေးတာ၊ တိုင်ကြားသူတွေ သို့မဟုတ် အလုပ်သမားကိုယ်စားလှယ်တွေကို အလုပ်ထုတ်တာ၊ နေရာပြောင်းရွှေ့တာ၊ ဂရိတ်ကြေးချတာ၊ အလုပ်သမားတွေရဲ့ ဘာသာရေး၊ လူမျိုးရေး ပွဲတော်ရက်တွေ ကို အလေးမထားဘဲ အတင်းအကျပ် အလုပ် ဆင်းခိုင်းတာ၊ ရိုင်းစိုင်းစွာ ဆဲဆိုတာ၊ အပြစ်မရှိဘဲ တခြားဌာနတွေကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာတွေကို ဖြစ်ပွားတာတွေ့ရ ပါတယ်။
ဒီဖြစ်ရပ်တွေက စက်ရုံအလုပ်ရုံ ၁၁ ရုံမှာတွေ့ရပြီး အဲ့ဒီစက်ရုံတွေကအိတ်ချုပ်၊ အထည်ချုပ်နဲ့ လူသုံးကုန်စက်ရုံတွေ ဖြစ်ပါတယ်။ အဲဒီစက်ရုံတွေကတော့ Dishang Fashion (Myanmar) Co.,L.td ၊ Haejii (Myanmar) apparel၊ Hakers ၊ Hengrun Myanmar Co.,Ltd ၊ Mei Jie (Myanmar) ၊ Myanmar GiGi၊ Myanmar Zande Garment၊ Saifeom International Garment Myanmar ၊ Sunlong Sprot၊ Tianjin Fashion Milestone ၊ ဂေါ်ဇီလာ ခြင်ဆေးခွေနှင့် ဆပ်ပြာစက်ရုံတွေ ဖြစ်ပါတယ်။
ဥပဒေအရ အလုပ်ရှင်ဟာ “တူညီတဲ့ လုပ်ငန်းခွင်အခြေအနေအောက်မှာ ရှိနေတဲ့ အလုပ်သမားတွေကို တူညီတဲ့ အခွင့်အရေးနဲ့ လုပ်ခလစာ ပေးရမယ်” လို့ သတ်မှတ်ထားပါတယ်။ အခုဖော်တွေ့ရှိချက်တွေကတော့ အလုပ်သမားတွေကြား မျက်နှာလိုက်မှု နဲ့ လက်စားချေမှု တွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေတာပါ။
ဒီလို ခွဲခြားမှုတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဌာန်းချက် (Convention No. 111) နဲ့ မြန်မာနိုင်ငံ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ပါ “တန်းတူညီမျှမှု” မူဝါဒတွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ် ။
ဆဲဆို ခိုင်းစေခြင်း
စက်ရုံတွင်းမှာ ဖြစ်ပေါ်နေတဲ့ “ဆဲဆိုခိုင်းစေမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု (Harassment and Abuse)” တွေဟာ မြန်မာ့အလုပ်သမားဥပဒေသာမကဘဲ အခြေခံလူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေကိုပါ ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာ ဖြစ်ပါတယ်။
EC စာချုပ်ပါ စည်းကမ်းချက်များအရ အလုပ်ရှင်/ လုပ်ငန်းခွင်အတွင်းက အုပ်ချုပ်သူဟာ အလုပ်သမားအပေါ် “ကိုယ်ကျင့်တရား ပျက်ပြားစွာ ပြုမူခြင်း” သို့မဟုတ် “ရိုင်းစိုင်းစွာ ဆဲဆိုခြင်း” မပြုရလို့ ပါရှိပါတယ်။ အခုကိစ္စဟာ စာချုပ်ပါ အပြန်အလှန် လေးစားမှုကို တိုက်ရိုက်ချိုးဖောက်တာပါ။
တွေ့ရှိရတဲ့ အချက်တွေကတော့ အထည်စံချိန်မရလို့ အများရှေ့မှာ ရိုင်းစိုင်းစွာ ဆဲဆိုတာ၊ အော်ဟစ်တာ၊ အပြင်မှာ ရှင်းမယ်လို့ ခြိမ်းခြောက်တာ၊ အလုပ်ထုတ်မယ်၊ လစာဖြတ်မယ်လို့ အမြဲပြောနေတာ၊ စောင့်ကြည့်တာ၊ ခွဲခြား ပြောဆိုတာ၊ မိုက်နဲ့ အော်ပြီး ဖိအားပေးတာ၊ ထမင်းမစား မုန့်မစားနဲ့ လို့ ပြောဆိုတာနဲ့ အလုပ်သမားတွေ မူးလဲတဲ့အထိ ခိုင်းစေတာတွေကို တွေ့ရှိရပါတယ်။
ဒီလို ဖြစ်ရပ်တွေကို Dishang Fashion (Myanmar) Co.,L.td ၊ Haejii (Myanmar) apparel၊ Mai Yi Bei Garment၊ Max Technology ၊ Myanmar Huasheng Kefu Fashion Co.,Ltd ၊ Myanmar Zande Garment၊ Myanto Industrial Co,.Ltd ၊ RHEA WORKSHOP ၊ Shun Yu Myanmar Garment၊ Win Land Co,.Ltd စတဲ့ စက်ရုံတွေမှာ တွေ့ရတာပါ။
ဒီဇင်ဘာလအတွင်း တခြားဖြစ်ရပ်တွေကတော့ အထည်စံချိန် အတင်းအကျပ်တောင်းတဲ့ စက်ရုံနဲ့ လူမှုဖူလုံရေးဥပဒေ ချိုးဖာက်တဲ့ စက်ရုံက ၉ ရုံ စီ ၊ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ စက်ရုံနဲ့ ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိတဲ့ စက်ရုံတွေက ၈ ရုံစီ၊ WCC ဥပဒေတွေကို ဖေါက်ဖျက်မလိုက်နာတဲ့ စက်ရုံတွေက ၇ ရုံ၊ တခြားအလုပ်တွေခိုင်းစေတဲ့ စက်ရုံက ၃ ရုံ၊ အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းတွေကို ပိတ်ပင်ဖြိုခွဲတဲ့ စက်ရုံ၊ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်တဲ့ စက်ရုံ၊ ကလေးလုပ်သားတွေ ခိုင်းစေတဲ့ စက်ရုံ၊ နေ့စားလုပ်သာများအပေါ် ချိုးဖာက်တဲ့ စက်ရုံ၊ အနားယူချိန် အပြည့်အဝမပေးတဲ့ စက်ရုံတွေက ၂ ရုံစီ ရှိနေတာကိုတွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ဆေးမှုအား လိမ်လည်ဖြေကြား တိမ်းရှောင်ခိုင်းတာ၊ ရက်အစား လုပ်ကိုင်ခိုင်းတာ၊ ကိုယ်ဝန်ဆောင် လုပ်သားတွေ ချိုးဖောက်ခံရတာ၊ EC စာချုပ် ချိုးဖောက်ခံတာ၊ အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းတာ စတဲ့ ချိုးဖောက်မှုတွေကလည်း စက်ရုံ ၁ ရုံစီရှိတာကို တွေ့ထားပါတယ်။
မြန်မာအလုပ်သမားဥပဒေ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ရဲ့ ပြဌာန်းချက်နဲ့ လူ့အခွင့်အရေး စံနှုန်းတွေတွေကို အခြေခံပြီး Myanmar Labour Society က ချိုးဖောက်မှု အမျိုးအစား ၂၇ ခု ခွဲခြားလေ့လာခဲ့ရာ ဒီဇင်ဘာလအတွင်း ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု သတင်းတွေထဲ ချိုးဖောက်မှု အမျိုးအစား ၂၂ ခုကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Myanmar Labour Society ရဲ့တွေ့ရှိချက်တွေက မြန်မာအလုပ်သမား ဥပဒေကို နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ပြုပြင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တွေ့ရှိချက်တွေက အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ အတွက် အထောက်အကူပြု နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တင်ပြလိုက်ပါတယ်။
Myanmar Labour News Background
MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက် မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။
Myanmar Labour Society
MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society
Research Team
PDF Download
ရေးသားသူ - မင်းနီကျော်
တည်းဖြတ် - ဆုလာဘ်ဖြူ
ဒီဇိုင်း - ကျော်ကြီး
သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- သားကြီး
- မျိုးသိန်း
