SURVEY

လုပ်ခ၊ အလုပ်ချိန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်မှုများ (သို့မဟုတ်) နိုဝင်ဘာ ချိုးဖောက်မှုများ

CoverLogo
45 Views

မြန်မာအလုပ်သမားကဏ္ဍက လူ့အခွင့်အရေး၊  နိုင်ငံတာအဖွဲ့အစည်းတွေနဲ့ ဥပဒေ ပြဌာန်းချက် ချိုးဖောက်မှု တွေကို စောင့်ကြည့်ပြီး တွေ့ရှိတဲ့ အချက်အလက်တွေကို Myanmar Labour Society က လစဉ် ထုတ်ပြန် နေပါတယ်။

ဒီအချက်အလက်တွေကို  Myanmar Labour News website နဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို အဓိက စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။ Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေကတော့ အလုပ်သမား ကိုယ်တိုင် လာရောက်ပြောကြားတာ၊ အလုပ်သမား အဖွဲ့ချုပ်၊  အလုပ်သမားသမဂ္ဂတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေက တဆင့် ခိုင်မာတဲ့ သတင်းအချက် တွေကို ဖော်ပြထားတယ်လို့ မီဒီယာတာဝန်ခံက ပြောကြားထားပါတယ်။

နိုဝင်ဘာလအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံ  ၂၆ ရုံ ရှိခဲ့ပြီး အဲ့ဒီထဲမှာ အထည်ချုပ် စက်ရုံ ၂၄ ရုံ ၊ ဖိနပ်ချုပ်စက်ရုံ ၁ ရုံနဲ့ ကော်စေ့စက်ရုံ ၁ ရုံတို့ ဖြစ်ပါတယ်။ ဒီထဲက အထည်ချုပ်စက်ရုံတွေနဲ့ ဖိနပ်စက်ရုံက CMP လုပ်ငန်းအမျိုးအစားတွေ ဖြစ်ပါတယ်။

CMP လုပ်ငန်းတွေက မြန်မာနိုင်ငံအတွက် ပို့ကုန်ဝင်ငွေကို ထိပ်တန်း ရှာဖွေပေးနေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၁၁ လတာကာလ အတွင်း CMP အထည်ချုပ်ပို့ကုန်က အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ရရှိထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် CMP ကဏ္ဍကနေ စုစုပေါင်း ပို့ကုန်တန်ဖိုးအထိ ၂၆% အထိ ပါဝင်ခဲ့ဖူးသော ကာလမှာ ဒီ စစ်အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ 

ဒါကြောင့်မို့ CMP လုပ်ငန်းတွေကနေ နိုင်ငံဝင်ငွေအများအပြားရရှိနေပေမဲ့ အဲ့ဒီလုပ်ငန်းငန်းတွေမှာပဲ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေချိုးဖောက်ခံမှုလည်း များပြားတယ်လို့ ပြောနိုင်ပါတယ်။

ပြီးခဲ့ နိုဝင်ဘာလအတွင်းမှာ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေချိုးဖောက်ခံမှု အဓိက အချက် ၄ ချက်ကို Myanmar Labour Society က တွေ့ရှိထားပါတယ်။ အဲဒီ အချက်တွေကတော့

၁။ လုပ်ခနှင့် အကျိုးခံစားခွင့်များဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ

၂။ အလုပ်ချိန်နှင့် အတင်းအကျပ် ခိုင်းစေမှုဆိုင်ရာ ချိုးဖောက်မှုများ

၃။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ချိုးဖောက်မှုများ

၄။ လူ့ဂုဏ်သိက္ခာနှင့် အလုပ်သမားကိုယ်စားပြုမှုဆိုင်ရာ ချိုးဖောက်မှုများ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ

No

စက်ရုံလုပ်ငန်း

လုပ်ငန်းအမျိုးအစား

ကုန်အမှတ်တံဆိပ်

လုပ်ငန်းတည်နေရာ

သတင်းဖော်ပြမှု

1

Win Land Co,.Ltd

အထည်ချုပ်

FB Sister, Workman

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/win-land-အထည်ချုပ်စက်ရုံအလုပ်သမားများ-အလုပ်ချိန်-၇-နာရီ-တဆက်တည်း-လုပ်ကိုင်နေရ

2

Shun Yu Myanmar Garment Co.,Ltd

အထည်ချုပ်

Smog,Karrimor, CMP, Sinsay

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင်မင်းသားကြီးလမ်း

https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့-အလုပ်သမားတွေလိုလားနေ

3

Da Mei Myanmar Co.,Ltd

အထည်ချုပ်

Amisu

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှူဇုန် ၅၊ စံပယ်လမ်း

https://www.myanmarlabournews.com/posts/sen-yu-အထည်ချုပ်စက်ရုံအလုပ်သမားများ-အလုပ်ရပ်-တောင်းဆိုနေ

4

Sen Yu Clothings Myanmar Co.,Ltd

အထည်ချုပ်

WM BEST CRAET – Fit Tech

ရန်ကုန်မြို့၊လှိုင်သာယာမြိုနယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်

https://www.myanmarlabournews.com/posts/damei-စက်ရုံတွင်-အလုပ်သမား-အခွင့်အရေး-ချိုးဖောက်ခံရပြီး-အရွယ်မရောက်သူများပါ-အလွန်အကျွံ-ခိုင်းစေခံရ

5

Long Pine Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီးစက်မှုဇုန် ၊ ကျန်စစ်သားရိပ်မွန်လမ်း

https://www.myanmarlabournews.com/posts/long-pine-coltd-အထည်ချုပ်-ခွင့်ရက်-မပေးဘဲ-အလုပ်ထုတ်

6

Myanmar Fortess Wealth Garment

အထည်ချုပ်

Sport -TKE

ရန်ကုန်၊လှိုင်သာယာ၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-fortess-wealth-garment-စက်ရုံ-စနေနေ့-အချိန်ပိုမဆင်းလို့-ဆိုပြီး-ဒေးကြေး-ကျပ်-၆၈၀၀-ပဲ-ပေး

7

Shuangxi Myanmar Garment Co.,Ltd

အထည်ချုပ်

Splendid

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်

https://www.myanmarlabournews.com/posts/shuangxi-myanmar-garment-စက်ရုံ-အလုပ်သမားတဦး-နှစ်ပွိုင့်-ချုပ်ခိုင်းပြီး-စံချိန်တောင်း

8

Myanmar Guotai Huasheng

အထည်ချုပ်

Lcw vision, Xside

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-guotai-huasheng-နှစ်ကြီး-အလုပ်သမားများအား-မှတ်ပုံတင်လုပ်ခိုင်းပြီး-လုပ်သက်-ဖြတ်တောက်

9

Myanmar Jiale 1

အထည်ချုပ်

Sinsay , Punt Roma

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/myanmar-jiale-အထည်ချုပ်စက်ရုံတွင်-လုပ်ငန်းခွင်ဆိုင်ရာ-အခွင့်အရေး-ချိုးဖောက်မှုများ-ဖြစ်ပေါ်နေ

10

Victor House Co., Ltd

အထည်ချုပ်

PAPAYA

လှိုင်သာယာစက်မှုဇုန် ၄ (မီးကွက်ဈေး အောက်ထိပ်)

https://www.myanmarlabournews.com/posts/လှိုင်သာယာမြို့နယ်ရှိ-victor-house-co-ltd-စက်ရုံတွင်-အလုပ်သမားအခွင့်အရေးများ-ချိုးဖောက်ခံရဟု-ဆို

11

GY Sen

အထည်ချုပ်

Velilla, Radians, Reflatex

ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/gy-sen-စက်ရုံ-ကထိန်အလှူအတွက်-အချိန်ပို-၂-နာရီ-လုပ်ခ-ဖြတ်

12

Jiang Su Soho Myanmar Industry Co.,Ltd

အထည်ချုပ်

Amisu, LC Waikiki

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း

https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာ-အခွင့်အရေးချိုးဖောက်မှုများ-ဖြေရှင်းပေးစေလို

13

Lita Myanmar Co.,Ltd

အထည်ချုပ်

Mandai, Tsdesign, Classico, Servo

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှူဇုန်(၄)၊ စက်ဆရာဦးထွန်းလမ်း

https://www.myanmarlabournews.com/posts/lita-myanmar-အထည်ချုပ်-စနေနေ့အတွက်ဆိုပြီး-အချိန်ပိုနာရီမှ-ဖြတ်ယူ

14

Myanmar Bestfortune Garment Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း

https://www.myanmarlabournews.com/posts/myanmar-bestfortune-garment-တစ်ပတ်-၇-ရက်နီးပါး-အချိန်ပို-ဖိအားပေးစေခိုင်း

15

Shins Sung (6)

အထည်ချုပ်

TOPTEN, POLHAM

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒေါ်ဖွားရှင်လမ်း

https://www.myanmarlabournews.com/posts/အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊-ချိုးဖောက်မှုများဖြေရှင်းပေးရန်-လိုလားနေ

16

Style Smart Myanmar Garment Factory

အထည်ချုပ်

JEAN MICHEL BASQUIAT, POLA

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊မင်းဗန္ဓုလမ်းနှင့်ဗိုလ်တိုက်ချွန်းလမ်းထောင့်

https://www.myanmarlabournews.com/posts/လုပ်သက်နည်းတဲ့အလုပ်သမားတွေကို-ဥပဒေမဲ့ခိုင်းစေအလုပ်ထုတ်၊-အချိန်ပိုကြေး-မပေးဘဲခိုင်းစေ

17

Grand Forest International Apparel

အထည်ချုပ်

 

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်းနဲ့ ဆင်ဖြူလမ်းထောင့်

https://www.myanmarlabournews.com/posts/grand-forest-အထည်ချုပ်-လုပ်သားများအား-ရုတ်တရက်-အလုပ်ရပ်ဆိုင်း

18

Myanmar Huasheng Golden Fashion Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-huasheng-golden-fashion-အလုပ်သမား-၂၀၀-နီးပါးအား-အလုပ်ထုတ်

19

Myanmar Ju Chuan

ဖိနပ်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/myanmar-ju-chuan-ဖိနပ်စက်ရုံ-နားချိန်မပေးဘဲ-တဆက်တည်း-အိုတီခိုင်း

20

Sheng Tai

အထည်ချုပ်

KARRIMOR Run

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်(၃)

https://www.myanmarlabournews.com/posts/သမဂ္ဂဖွဲ့ရန်-ကြိုးပမ်းသည့်-sheng-tai-စက်ရုံလုပ်သားများ-အလုပ်ထုတ်ခံရပြီး-ခွဲခြားဆက်ဆံမှုများ-ကြုံတွေ့ရ

21

Jin Kai Hai Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၁

https://www.myanmarlabournews.com/posts/jin-kai-hai-coltd-ပိုင်-အထည်ချုပ်စက်ရုံ-နိုင်ငံခြားသားများမှ-ဆဲဆို-ခိုင်းစေ

22

Ever Lead Myanmar

အထည်ချုပ်

Women secret

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးတွင်းကျေးရွာအုပ်စု၊ ထမင်းစုပ်ခုံရွာ

https://www.myanmarlabournews.com/posts/ever-lead-myanmar-စက်ရုံ-တွင်-တန်ဆောင်တိုင်ပိတ်ရက်-အချိန်ပို-လုပ်ခိုင်း

23

Jin Shi yuan

အထည်ချုပ်

 

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း

https://www.myanmarlabournews.com/posts/jin-shi-yuan-အထည်ချုပ်-စက်ရုံ-သတ်မှတ်အချိန်ပို-ထက်-ပိုခိုင်း

24

Delo Myanmar Garment

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း

https://www.myanmarlabournews.com/posts/delo-myanmar-garment-စက်ရုံ-အချိန်ပို-အများအပြားခေါ်ခိုင်း

25

Mai Yi Bei

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆေးရုံလမ်း

https://www.myanmarlabournews.com/posts/mai-yi-bei-အထည်ချုပ်စက်ရုံ-အလုပ်သမားများအား-ဖိအားပေး-အချိန်ပို-လုပ်ကိုင်ခိုင်း

26

True Green City

ကော်စေ့စက်ရုံ

 

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/အပိုထောက်ပံ့ကြေး-၁၀၀၀ကျပ်-မပေးသဖြင့်တိုင်ကြားခံရသည့်-true-green-city-စက်ရုံ-အလုပ်ရှင်၊-အလုပ်သမား-ညှိနှိုင်းပြေလည်မှုရရှိ

အလုပ်သမားဥပဒေချိုးဖောက်မှု အမျိုးအစား အများမှ အနည်းသို့ အစဉ်အတိုင်းဖော်ပြထားပါသည်။ နိုဝင်ဘာလအတွင်း စက်ရုံအလုပ်ရုံများသတင်းတွင် တကြိမ်ထက်ဖော်ပြခံရသည့် စက်ရုံ မရှိပါ။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ချိုးဖောက်မှုများ

ချိုးဖောက်မှု အမျိုးအစား

သတင်းအရေအတွက်

လုပ်ခလစာ ဖြတ်တောက်ခြင်း

19

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း

18

အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

15

ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း

14

အလုပ်ထုတ်ခြင်း

12

အထည်စံချိန် အတင်းအကျပ်တောင်းဆိုခြင်း

12

ဥပဒေပါ ခွင့်ရက် နှင့် ခွင့် ခံစားခွင့် မရခြင်း

11

WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း

9

ဆဲဆို ခိုင်းစေခြင်း

8

ခွဲခြားဆက်ဆံခြင်း

5

ကလေးလုပ်သားများအား ခိုင်းစေခြင်း

5

အနားယူချိန် အပြည့်အဝမရခြင်း

5

နေ့စားလုပ်သာများ ချိုးဖာက်ခြင်း

4

လူမှုဖူလုံရေးဥပဒေ ချိုးဖာက်ခံရခြင်း

4

အလုပ်ချိန် ၅ နာရီကျော် တဆက်တည်းလုပ်ကိုင် ခိုင်းခြင်း

3

လာရောက်စစ်ဆေးခြင်း

3

အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းများအား ပိတ်ပင်ခြင်း၊ ဖြိုခွဲခြင်း

2

ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း

2

လုပ်ငန်းခွင်ထိခိုက်မှုအား လျစ်လျူရှုခြင်း

2

လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်း

1

EC စာချုပ် ချိုးဖောက်ခံရခြင်း

1

တခြားအလုပ်များအား ခိုင်စေခြင်း

1

၁။ လုပ်ခနှင့် အကျိုးခံစားခွင့်များဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ

 

နိုဝင်ဘာလအတွင်း လုပ်ခနှင့် အကျိုးခံစားခွင့်များဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေ အများအပြားတွေ့ရှိခဲ့ရပြီး ဒီချိုးဖောက်မှုက အလုပ်သမားတွေရဲ့ လုပ်အားခနှင့် တရားဝင်ရပိုင်ခွင့်တွေကို တိုက်ရိုက်ထိခိုက်စေတဲ့  ပြဿနာတွေ ဖြစ်တယ်လို့ Myanmar Labour Society က ရှုမြင်ပါတယ်။

 

လုပ်ခ ဖြတ်တောက်မှုနှင့် မပေးခြင်း

 

နိုဝင်ဘာလအတွင်း ဒီအလုပ်သမားအခွင့်အ‌ရေး ချိုးဖောက်မှုအမျိုးအစား နံပါတ် ၁ ဖြစ်ပြီး နဲ့ စက်ရုံ ၁၉ ရုံ အများဆုံး ပါဝင်ပါတယ်။ ပါဝင်မှုက ၇၃ ရာခိုင်နှုန်းအထိ ရှိနေတာပါ။

အိုတီ (OT) ကြေး မပေးတာ၊  အပြည့်မပေးတာ၊ နာရီအစားထိုး လုပ်ကိုင်ခိုင်းတာတွေ တွေ့ရှိရပြီး မြန်မာ့ အလုပ်သမားတွေအတွက် အလုပ်ချိန်နှင့် အားလပ်ရက် ဥပဒေ၊ လုပ်ခပေးချေမှုဆိုင်ရာ ILO သဘောတူ ညီချက် (C95) ကိုပါ ချိုးဖောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခွင့်မပေးဘဲ ရက်မှန်ကြေး၊ ဒေးကြေး၊ ဂရိတ်ကြေး ဖြတ်တောက်တာ အပြင်  အလှူငွေ အတင်းအကျပ် ကောက်ခံတာ ၊ အလုပ်ဝင် မှတ်တမ်း လက်ဗွေမပေါ်လို့၊ အထည်စံချိန် မပြည့်လို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ လုပ်ခလစာတွေကို တရားမဝင် ဖြတ်တောက်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ချိုးဖောက်ခံရတာကို တွေ့ရပါတယ်။

နစ်နာကြေး၊ နို့တစ်ကြေး၊ လုပ်သက်ခွင့် စသည့် ဥပဒေအရ မဖြစ်မနေ ပေးချေရမဲ့ ရပိုင်ခွင့်တွေကို  အလုပ် ထွက်တာနဲ့ အလုပ်ထုတ်တဲ့အချိန်မှာ ထည့်မပေးလို့  လျော်ကြေးဥပဒေချိုးဖောက်မှုကိုလည်း အလုပ်သမားတွေ ခံစားနေရတာကို တွေ့ရပါတယ်။

ဒါ့အပြင် သန့်ရှင်းရေးလုပ်သားတွေနဲ့ အသက်မပြည့်တဲ့ လူငယ်လုပ်သားတွေကို လူကြီးလုပ်သားတွေနဲ့ တန်းတူ လုပ်ကိုင်ခိုင်းပြီး လုပ်ခတန်းတူမပေးတာ စတဲ့  ILO လုပ်ခတန်းတူ သဘောတူညီချက် (C100)  ချိုးဖောက်တာတွေ ပါ ရှိနေတာပါ။

ဒီ လုပ်ခ ဖြတ်တောက်မှုတွေကို GY Sen ၊ Jiang Su Soho Myanmar Industry Co.,Ltd ၊Jin Kai Hai Co.,Ltd၊ Jin Shi yuan ၊ Lita Myanmar Co.,Ltd၊ Long Pine Co.,Ltd ၊ Myanmar Bestfortune Garment Co.,Ltd ၊ Myanmar Fortess Wealth Garment၊ Myanmar Guotai Huasheng ၊ Myanmar Huasheng Golden Fashion Co.,Ltd၊ Myanmar Jiale 1၊ Sen Yu Clothings Myanmar Co.,Ltd၊ Shins Sung (6) ၊ Shuangxi Myanmar Garment Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd၊ Style Smart Myanmar Garment Factory ၊ True Green City၊ Victor House Co., Ltd၊ Win Land Co,.Ltd စတဲ့ စက်ရုံတွေမှာ တွေ့ရပါတယ် ။ စက်ရုံအများစုက အထည်ချုပ်စက်ရုံတွေ ဖြစ်သလို ကော်စေ့စက်ရုံ တစ်ရုံပါဝင်တာကိုတွေ့ရပါတယ်။

 

၂။ အလုပ်ချိန်နှင့် အတင်းအကျပ် ခိုင်းစေမှုဆိုင်ရာ ချိုးဖောက်မှုများ

 

ဒီချိုးဖောက်မှုက နိုဝင်ဘာလအတွင်း ဒုတိယနဲ့ တတိယအများဆုံး အရေအတွက်ဖြစ်ပါတယ်။ ဒီထဲမှာ အချိန်ပို အတင်းအကျပ် ခိုင်းစေနဲ့ ဖိအားပေးခြိမ်းခြောက်တာတွေ ပါဝင်ပါတယ်။

အချိန်ပို အတင်းအကျပ်ခိုင်းစေတဲ့ စက်ရုံ ၁၅ ရုံနဲ့ ဖိအားပေးခြိမ်းခြောက်တဲ့ စက်ရုံက ၁၈ ရုံအထိ ရှိပါတယ်။ ဒီတလအတွင်း ချိုးဖာက်တဲ့ စက်ရုံ ၂၆ ရုံရှိခဲ့တာဖြစ်လို့  ချိုးဖောက်မှုတွေက ၅၀ ရာခိုင်းနဲ့ အထက်မှာ  ရှိပါတယ်။   

 

အချိန်ပို အလွန်အကျွံနှင့် အတင်းအကျပ် ခိုင်းစေခြင်း

 

ချိုးဖောက်မှုတွေထဲမှာ အလုပ်သမားတွေရဲ့  ဆန္ဒမပါဘဲ၊ မဖြစ်မနေ အချိန်ပိုဆင်းခိုင်းတာ၊  ဖိအားပေးတဲ့အနေနဲ့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ ရက်တွက် ဒေးကြေးလျှော့မယ်လို့ ပြောဆိုတာတွေ ပါဝင်ပါတယ်။ တနင်္ဂနွေ အပါအဝင် အလုပ်ပိတ်ရက်တွေမှာ အချိန်ပို အတင်းကျပ် ဆင်းခိုင်းတာက အလုပ်ချိန်နှင့် အားလပ်ရက် ဥပဒေ ကို ချိုးဖောက်ပြီး၊ အတင်းအကျပ် ခိုင်းစေမှုတွေ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ကို အလုပ်ချိန် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ စောဝင်ခိုင်းတာ၊ ထမင်းစား နားချိန် အပြည့်အဝမပေးတာ၊  ထမင်းစားချိန်မှာ အစည်းအဝေး ပြုလုပ်တာတွေကိုတွေ့ရပြီး  ဥပဒေအရ အနားယူခွင့် ချိုးဖောက်ခံ ရတာတွေ ကိုလည်း တွေ့ရပါတယ်။

ခွင့်နှင့် ခွင့်ခံစားခွင့်တွေ မပေးဘဲ ရက်ပျက်အဖြစ် သတ်မှတ် လစာဖြတ်တာတွေက အလုပ်သမားတွေရဲ့ မကျန်းမာ မှုနှင့် ကိုယ်ရေးကိစ္စတွေအတွက် အခွင့်အရေးတွေ ငြင်းပယ်ခံနေရတာတွေကိုလည်း တွေ့ရှိရပါတယ်။  ခွင့်နှင့် ခွင့်ခံစားခွင့်တွေ မပေးတာက လက်ရှိ လည်ပတ်နေတဲ့ CMP အမျိုးအစားစက်ရုံအားလုံးရဲ့ရာခိုင်နှုန်း ၉၀ ကျော်မှာ ဖြစ်ပွားနေတာကိုလည်း Myanmar Labour News က သတိပြုမိထားပါတယ်။ 

အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေတယ်ဆိုတဲ့ စက်ရုံတွေကတော့ Delo Myanmar Garment ၊ Ever Lead Myanmar၊ Grand Forest International Apparel ၊ GY Sen၊ Jin Shi yuan ၊ Lita Myanmar Co.,Ltd၊ Mai Yi Bei၊ Myanmar Bestfortune Garment Co.,Ltd၊ Myanmar Fortess Wealth Garment၊ Myanmar Jiale 1၊ Myanmar Ju Chuan၊ Sen Yu Clothings Myanmar Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd၊ Style Smart Myanmar Garment Factory နဲ့ Win Land Co,.Ltd စက်ရုံတွေဖြစ်ပါတယ်။ အထည်ချုပ် စက်ရုံ  ၁၄ ရုံပါဝင်ပြီး ကျန် တစ်ရုံကတော့ ဖိနပ်ချုပ်စက်ရုံဖြစ်ပါတယ်။ 

ခွင့်ရက်တွေ၊ ခွင့်ရက်အတွက် ခံစားခွင့်တွေမပေးဘဲ ရက်ပျက်သတ်မှတ်ပြီး လုပ်ခလစာ၊ ရပိုင်ခွင့် ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd ၊ Jin Kai Hai Co.,Ltd၊ Lita Myanmar Co.,Ltd၊ Long Pine Co.,Ltd ၊ Myanmar Fortess Wealth Garment၊ Myanmar Guotai Huasheng ၊ Myanmar Huasheng Golden Fashion Co.,Ltd၊ Shins Sung (6) ၊ Shuangxi Myanmar Garment Co.,Ltd၊ Victor House Co., Ltd နဲ့ Win Land Co,.Ltd စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

နားချိန် အပြည့်အဝ မပေးဘူးဆိုတဲ့ စက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd ၊ Long Pine Co.,Ltd ၊ Myanmar Bestfortune Garment Co.,Ltd၊ Myanmar Ju Chuan၊ Win Land Co,.Ltd တို့ဖြစ်ပြီး အထည်ချုပ်စက်ရုံနဲ့ ဖိနပ်ချုပ် စက်ရုံပါဝင် ပါတယ်။

 

၃။ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ချိုးဖောက်မှုများ

 

လုင်ငန်းခွင် ဘေးကင်းရေး၊  ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် လုပ်ငန်းခွင် လုံခြုံရေးကို လျစ်လျူရှုတာတွေကို နိုဝင်ဘာလအတွင်းမှာ ဖော်ပြထားတဲ့ သတင်းတွေကနေ Myanmar Labour Society က တွေ့ရှိထားပါတယ် ။

 

လုံမှုမရှိလောက်သော လုပ်ငန်းခွင် အခြေအနေများ

နိုဝင်ဘာလအတွင်း ဘေးကင်လုံခြုံ လုံလောက်မှု မရှိတဲ့ စက်ရုံ အလုပ်ရုံ ၁၄ ရုံအထိပါဝင်နေပြီး ချိုးဖောက် မှုတွေကတော့ လုပ်ငန်းခွင်အခြေအနေမကောင်းတာ၊ ဆေးဝါးထောက်ပံမှုမရှိတာ၊ သောက်ရေနဲ့ သန့်စင်ခန်း မကောင်းတာ၊ ကြိုပို့ယာဉ် အခက်အခဲ ရှိတာကို ဖြေရှင်း မပေးတာတွေ ပါဝင် ပါတယ်။

စက်ရုံ လေဝင်လေထွက် မကောင်းတာ၊ ပန်ကာမကောင်းလို့ မူးဝေတာတွေက  ILO လုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေး သဘောတူညီချက် (C155) အရ အန္တရာယ်ကင်းသော လုပ်ငန်းခွင်ဖြစ်ဖို့  ပျက်ကွက်နေတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဆေးပေးခန်း မရှိတာ၊ ဆေးဝါးမလုံလောက်တာ၊ မထားတာ၊ သူနာပြုမရှိတာတွေ တွေ့ရှိရပြီး  ဒီလို ကိစ္စတွေက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရမဲ့ တာဝန်ကို ချိုးဖောက်တာဖြစ်ပါတယ်။

အိမ်သာ မသန့်ရှင်း/မလုံလောက်တာ၊ သောက်ရေပြတ်တောက်/အနံ့ရတာတွေ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပေါ်နေပြီး စက်ရုံအလုပ်ရုံတွေမှာ အခြေခံ လူ့အခွင့်အရေးနဲ့ လုပ်ငန်းခွင် သန့်ရှင်းမှု စံနှုန်းတွေပါ ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် ပြည့်စုံလုံလောက်မှုမရှိတဲ့ စက်ရုံတွေကတော့ Grand Forest International Apparel ၊ Jiang Su Soho Myanmar Industry Co.,Ltd ၊ Jin Kai Hai Co.,Ltd၊ Jin Shi yuan ၊ Myanmar Bestfortune Garment Co.,Ltd၊ Myanmar Fortess Wealth Garment၊ Myanmar Guotai Huasheng ၊ Myanmar Jiale 1၊ Myanmar Ju Chuan၊ Shins Sung (6) ၊ Shun Yu Myanmar Garment Co.,Ltd၊ Style Smart Myanmar Garment Factory ၊ Victor House Co., Ltd၊ Win Land Co,.Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ ဒီစက်ရုံထဲမှာ ဖိနပ်ချုပ် စက်ရုံ တစ်ရုံပါဝင်ပြီး ကျန်တဲ့ ၁၃ ရုံကတော့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

 

၄။ လူ့ဂုဏ်သိက္ခာနှင့် အလုပ်သမားကိုယ်စားပြုမှုဆိုင်ရာ ချိုးဖောက်မှုများ

 

ဒီချိုးဖောက်မှုတွေထဲမှာ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေကို ဖိနှိပ်တာ၊ အနိုင်ကျင့်တာ၊  ခွဲခြားဆက်ဆံ တာနဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

 

ဆဲဆိုခြင်း၊ နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်း

နိုဝင်ဘာလအတွင်း စူပါ ခေါင်းဆောင်တွေနဲ့  နိုင်ငံခြားသား ဝန်ထမ်းတွေက ဆဲဆိုတာ၊  ဖိအားပေးတာတွေက  လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ILO ရဲ့ အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှု သဘောတူညီချက် (C190) ကို ချိုးဖောက် မှုလည်း ဖြစ်ပါတယ် ။ လုပ်ငန်းခွင် ဆဲဆိုမှုတွေရှိတဲ့ဆိုတဲ့ စက်ရုံပေါင်း ၈ ရုံပါဝင်ပြီး အားလုံးက အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

အဲ့ဒီစက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd ၊ Jin Kai Hai Co.,Ltd၊ Myanmar Guotai Huasheng ၊ Sheng Tai ၊ Shuangxi Myanmar Garment Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd၊ Victor House Co., Ltd၊ Win Land Co,.Ltd တို့ ဖြစ်ကြပါတယ်။

လုံခြုံရေးတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပြုလုပ်ခဲ့တဲ့ စက်ရုံကတော့ Lita Myanmar Co.,Ltd အထည်ချုပ် စက်ရုံဖြစ်ပါတယ်။ ဒီလို နှောင့်ယှက်မှုတွေက  လုပ်ငန်းခွင် လုံခြုံရေးနှင့် အမျိုးသမီး အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ခြင်း ဖြစ်ပါတယ်။

အထည်စံချိန် အတင်းအကျ ပ်တောင်းဆိုနေကြတာက  လက်ရှိ အထည်ချုပ်ကဏ္ဍက စက်ရုံအလုပ်ရုံတွေမှာ ရာနှုန်းပြည့် ဖြစ်ပွားနေတာကို Myanmar Labour Society က သိရှိထားပါတယ်။ နောက်ဆက်တွဲ ခြိမ်းခြောက်မှု တွေထဲမှာ  အလုပ်ထုတ်မယ်ဆိုပြိး ခြိမ်းခြောက်တာ၊ အရှက်ရအောင် ဆဲဆိုတာ ၊ ဝမ်တိန်ထိုးခိုင်းတာ၊ ရက်တွက် ဒေးကြး၊  ရက်မှန်ကြေး၊ ဂရိတ်ကြေးလို့ ခံစားခွင့်တွေ လျှော့ချဖြတ်တောက်တာတွေကို အလုပ်သမားတွေ ခံစား နေရပါတယ်။

နိုဝင်ဘာလအတွင်းမှာ ဖိအားပေး ခြိမ်းခြောက် အထည်စံချိန်တောင်းတယ်ဆိုတဲ့ စက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd ၊ Ever Lead Myanmar၊ Grand Forest International Apparel ၊ Jiang Su Soho Myanmar Industry Co.,Ltd ၊ Long Pine Co.,Ltd ၊ Myanmar Fortess Wealth Garment၊ Myanmar Guotai Huasheng ၊ Sen Yu Clothings Myanmar Co.,Ltd၊ Shuangxi Myanmar Garment Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd၊ Style Smart Myanmar Garment Factory ၊ Victor House Co., Ltd စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

 

အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် ပိတ်ပင်ခြင်း

 

အလုပ်သမားအဖွဲ့အစည်း မဖွဲ့နိုင်အောင် တားဆီးတာ၊ ဖွဲ့စည်းဖို့ ကြိုးပမ်းတဲ့ အလုပ်သမားတွေကို  အလုပ် ထုတ်တာတွေက  အလုပ်သမားအဖွဲ့အစည်း ဥပဒေ နှင့် ILO စုစည်းဖွဲ့စည်းခွင့် သဘောတူညီချက် (C87) ကို အခြေခံကျကျ ချိုးဖောက်မှု ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ဒီလိုချိုးဖောက်မှုကို  Sen Yu Clothings Myanmar Co.,Ltd နဲ့ Sheng Tai အထည်ချုပ် စက်ရုံ နှစ်ရုံမှာ တွေ့ခဲ့ရတာပါ။

လက်ရှိ အာဏာသိမ်း စစ်ကောင်စီက သမဂ္ဂအမည်နဲ့ ဖွဲ့စည်းခြင်းကို အကြောင်းမျိုးမျိုးပြ ပိတ်ပင်ထားပြီး WCC (လုပ်ငန်းခွင် ညှိနှိုင်းအဖွဲ့) ကို ဖွဲ့စည်းဖို့ တွန်းအားပေးနေတာပါ။ ဒီလိုတွန်းအားပေးမှုရဲ့ အကျိုးဆက်က  အလုပ်ရှင်တွေက အဖွဲ့ဝင်တွေကို စိတ်ကြိုက် ရွေးချယ်ပြီး အလုပ်သမားတွေကို မဲထည့်ခိုင်း အထည်ပြု ကိုယ်တိုင် ဖွဲ့စည်းခဲ့ ကြပါတယ်။  ဒီလိုကြောင့်ပဲ အလုပ်သမားတွေကိုယ်တိုင်က WCC အဖွဲ့ဝင် ဘယ်သူဘယ်ဝါဆိုတာကို  မသိရှိတာ၊ ပြဿနာဖြစ်ပါက  ညှိနှိုင်းမပေးတာ၊ စက်ရုံဘက်က အလုပ်သမားတွေကို လျစ်လျူရှုပြီး ကုန် ထုတ်လုပ်ရေး အတွက် ဖိအားပေး စိတ်ကြိုက် ချယ်လှယ်တာတွေ ဖြစ်ပွားနေတာပါ။

ဒီလို အခြေအနေတွေက  အလုပ်သမားတွေရဲ့ ကိုယ်စားပြုမှု ပျောက်ဆုံးပြီး စက်ရုံဘက်က လိမ်လည် လှည့်ဖြား တာကြောင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးစေပါတယ်။

WCC ကို ဥပဒေနဲ့ အညီ ဖွဲ့စည်းမှု မရှိလို့ အလုပ်သမားတွေ နစ်နာနေတဲ့ စက်ရုံတွေကတော့ Ever Lead Myanmar၊ ၊ GY Sen၊ Jiang Su Soho Myanmar Industry Co.,Ltd ၊ Long Pine Co.,Ltd ၊ Myanmar Bestfortune Garment Co.,Ltd၊ Myanmar Jiale 1၊ Shins Sung (6) ၊ Shun Yu Myanmar Garment Co.,Ltd၊ Win Land Co,.Ltd စတဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

 

ခွဲခြားဆက်ဆံ၊ အလုပ်ထုတ်ခြင်း

 

တောင်းဆိုမှုတွင် ပါဝင်သည့် အလုပ်သမားတွေ၊ မှတ်ပုံတင် ပြဿနာရှိသူတွေ၊ လုပ်သက်ရင့် နေ့စားတွေကို  အလုပ်ထုတ်တာ စတာတွေက မတရားသဖြင့် အလုပ်ထုတ်ပယ်ပြီး  ခွဲခြားဆက်ဆံတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ တစ်လတည်းမှာ မှတ်ပုံတင်ကို အကြောင်းပြုပြီး  အထည်ချုပ်  အလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ် ခံထားရ ပါတယ်။

မတရား အလုပ်ထုတ်မှုတွေ ရှိတဲ့ စက်ရုံပေါင်း ၁၂ ရုံပါဝင်ပြီး အဲ့ဒီ စက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd Grand Forest International Apparel ၊ Jiang Su Soho Myanmar Industry Co.,Ltd ၊ Lita Myanmar Co.,Ltd၊ Long Pine Co.,Ltd ၊ Myanmar Guotai Huasheng ၊ Myanmar Huasheng Golden Fashion Co.,Ltd၊ Myanmar Jiale 1၊ Sen Yu Clothings Myanmar Co.,Ltd၊ Sheng Tai ၊ Shins Sung (6) ၊ Style Smart Myanmar Garment Factory တို့ ဖြစ်ပါတယ်။

လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေ ရှိတဲ့ စက်ရုံတွေကတော့ GY Sen၊ Myanmar Guotai Huasheng ၊ Sen Yu Clothings Myanmar Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd၊ Win Land Co,.Ltd စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

အသက်မပြည့်သည့် လူရွယ်လုပ်သားများအား ဥပဒေနှင့် မညီဘဲ ခန့်ထားခြင်း၊ ခွဲခြားဆက်ဆံတာတွေက  ကလေး အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ဖြစ်ပါတယ်။

ကလေးလုပ်သားတွေကို ခိုင်းစေနေတယ်ဆိုတဲ့ စက်ရုံတွေကတော့ Da Mei Myanmar Co.,Ltd ၊ Myanmar Fortess Wealth Garment၊ Myanmar Jiale 1၊ Shuangxi Myanmar Garment Co.,Ltd၊ Shun Yu Myanmar Garment Co.,Ltd တို့ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ထူးခြားချက်အနေနဲ့ စက်ရုံအလုပ်ရုံတွေကို ဝင်ရောက်စစ်ဆေးတယ် စက်ရုံ နှစ်ရုံပါဝင် အဲ့စက်ရုံလုံးမှာထူးခြားတဲ့ အပြောင်းအလဲ မဖြစ်ခဲ့ဘူးဆို သတင်းမှာ ဖော်ပြထားပါတယ်။ အဆင်ပြေခဲ့တယ်ဆိုတဲ့ စက်ရုံကတော့ True Green ကော်စေ့ စက်ရုံဖြစ်ပြီး အလုပ်သမားရုံးမှာ ညှိနှိုင်း အဆင်ပြေခဲ့တာလို့ သိရပါတယ်။

Myanmar Labour Society ရဲ့ တွေ့ရှိတဲ့ အချက်အလက်တွေက  အလုပ်သမားကဏ္ဍ ပြုပြင်ပြောင်းမှုအတွက် ရည်ရွယ်ထားတာဖြစ်ပြီး အလုပ်သမားအရေး အဆုံးအဖြတ်ပေးနိုင်သူတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ကူညီရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေအတွက်  အထောက်အကူပြု အသုံးချနိုင်ဖို့ မျှော်လင့်ထားကြောင်း တင်ပြလိုက်ပါတယ်။

Myanmar Labour News Background

MLN သည် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာ ကဏ္ဍကို အထူး အာရုံစိုက်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ တရားမျှတမှု နှင့် အလုပ်သမားအခွင့်အရေး ခံစားခွင့်ကို အလုပ်သမားအားလုံး တန်းတူညီမျှ ခံစားခွင့်ရရှိရေး၊ သတင်းအချက်အလက်များ လွယ်ကူရှင်းလင်းစွာ သိနားလည်ရေး ၊ အခြေခံလူတန်းစာတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ အထောက်အကူပြုရေးအတွက်  မြန်မာလူငယ်များ ဦးဆောင်ပြီး လွတ်လပ်စွာ ရပ်တည်နေသော မြန်မာနိုင်၏ ပထမဆုံးသော ဒစ်ဂျစ်တယ် မီဒီယာပလပ်ဖောင်းဖြစ်ပါတယ်။

Myanmar Labour Society

MLS သည် သတင်းအချက်အလက်များကို ကောက်ယူပြီး သုတေသနပြုခြင်း၊ လစဉ် ၊ နှစ်စဉ် အစီရင်ခံစာများ ထုတ်လုပ်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာများဖြန့်ဖြူးရေးဆိုင်ရာ သင်တန်းများပြုလုပ်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရေးသားရန်အတွက် အလွတ်တန်းသတင်းထောက်များ လေ့ကျင့်ပေးရေး နဲ့ အလုပ်သမားများ၏ ပညာရေး ၊ ကျန်းမာရေး၊ အလုပ်သမားဥပဒေ များသိနားလည်ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပို့ချရေး တို့ အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

 

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team


DownloadPDF