SURVEY

ပျော်ရွှင်ဖွယ် လုပ်ငန်းခွင် ဖြစ်ဖို့ မှေးမှိန်ဆဲလား (သို့မဟုတ်) မေလ ချိုးဖောက်မှုများ

CoverLogo
165 Views

Myanmar Labour News က မေလအတွင်းသတင်း စုစုပေါင်း ၈၁ ပုဒ် ဖော်ပြခဲ့ပါတယ်။ ဒီအထဲမှာ စက်ရုံ အလုပ်ရုံ ၂၈ ရုံတွေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုသတင်း ၃၂ ကြိမ် ပါဝင်ပါတယ်။ စက်ရုံအလုပ်ရုံ ၄ ရုံက သတင်း ၂ ကြိမ်စီ ဖော်ပြခံရတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့ မေလထဲက Myanmar Labour News မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ဆန်းစစ်ရာမှာ ငွေကြေး ဖြတ်တောက်မှုတွေ၊ ဥပဒေမဲ့ အချိန်ပို ခိုင်းစေတာတွေနဲ့ ဆဲဆိုမှုတွေက အများဆုံးဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ဆဲဆိုမှုတွေ ဖြစ်ပွားရတဲ့ ဇစ်မြစ်ကိုလေ့လာကြည့်မယ်ဆိုရင် စံချိန်တောင်းခံတာတွေကနေ အစပြုတာကို တွေ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အလုပ်သမားသမားတွေမှာ လုပ်ခလစာ တိုးမြှင့် ပေးတာမရကြပေမဲ့ အထည်အရေအတွက်(စံချိန်)ကို တိုးမြှင့် ချုပ်လုပ်ပေးဖို့ စက်ရုံတာဝန်ရှိသူတွေက ဆဲဆိုတောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အထည်တွေကို တဆမက တိုးမြှင့်ချုပ်လုပ်ပေးဖို့ တောင်းဆိုမှုရဲ့ နောက်ကွယ်မှာ ဖိအားပေး ဆဲဆိုမှုတွေ အမြဲရှိနေတာကိုလည်း တွေ့ရပါတယ်။

ဆဲဆိုခံရတဲ့ အလုပ်သမားတွေကတော့ ဆဲဆိုခံရလို့ လုပ်ငန်းခွင်ထဲမှာ ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ ပြောဆိုထား ပါတယ်။  Lon John International   အထည်စက်ရုံမှာ ဆိုရင် အထည်စံချိန်ကို အရင်ကထက် ၄ ဆ ပို တောင်းခံတဲ့အပြင် ကြီးကြပ်ရေးမှူးတွေက ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေနေတယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အထည်စံချိန် မပြည့်တဲ့အတွက် ဝမ်တိန်ထိုးရလို့ အလုပ်ကိုင်အတွက်ပါ ခြိမ်းခြောက်ခံနေရတာလို့ သိရပါတယ်။

"အထည်စံချိန်တောင်းတာ ဆဲဆိုပြီး အရှက်ရအောင်ပြောဆို ခိုင်းတာ ။ အလုပ်သမားတွေမှာ ရေ မသောက် အိမ်သာမသွားဘဲ၊ အထည်ကို ရအောင်ချုပ်လို့ စံချိန်ပြည့်သွားရင်လည်း အဲ့အလုပ်သမားကို တခြား အလုပ်တွေ ထပ်ခိုင်းပြန်ရော၊ အထည်စံချိန်မပြည့်ရင်လည်း ဝမ်တိမ်ထိုးခိုင်းတယ်။ ဝမ်တိမ်ထိုးတာ ၃ ကြိမ်ပြည့်ရင် အလုပ်က ထုတ်ပစ်ပါတယ်"လို့  Lon John International   အလုပ်သမားက ပြောပါတယ်။

Lon John International   အထည်စက်ရုံက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဆုထူးပန်လမ်းမှာ ရှိပြီး ကိုရီးယား နိုင်ငံသား တဦး ပိုင်ဆိုင် တယ်လို့ သိထားရပါတယ်။ စက်ရုံထဲမှာ အလုပ်သမား ၆၀၀ ကျော်က   Lon John အမှတ်တံဆိပ် ဆောက်လုပ်ရေးသုံး ဝတ်စုံတွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။ 

အထည်စံချိန်ကို အရင်က တနာရီ အထည် ၂၀ ပဲ ချုပ်ပေးရပြီး လက်ရှိ တနာရီ အထည် ၈၀ အထိ ချုပ်ပေး ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ သတ်မှတ် အထည်စံချိန် မပြည့်ဘူးဆိုရင်လည်း ကြီးကြပ်ရေးမှူး တွေရဲ့ ဆဲဆို အော်ဟစ်တာကို ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။   

အလုပ်သမားတွေကို အမျိုးသမီး၊ အမျိုးသား စူပါ တွေက မိဘတွေနဲ့ ပေးစားပြီး ရုန့်ရင်း  ကြမ်းတမ်းစွာ ပြောဆိုလို့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ် ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်ရတယ်လို့ ပြောခဲ့တာပါ။ ဒီလိုလုပ်ကိုင်ရလို့ တိုင်ကြားခဲ့ပေမဲ့ စစ်ဆေးမှုတွေတိုင်း လူရွေးပြီး သင်ကြားထားတဲ့ အလုပ်သမားတွေပဲ ဖြေကြားခိုင်းလို့ အမှန်တရားက မရခဲ့ဘူးလို့လည်း Lon John International  အထည်ချုပ် စက်ရုံ အလုပ်သမားတဦးက ပြောကြားပါတယ်။

"ဌာနက စစ်ဆေးရေးတွေ လုပ်ငန်းခွင်ထဲ လာစစ်တယ်။ အောစူပါ စူပါတွေက လူရွေးပြီး အလုပ်ထဲမှာ အားလုံး ကောင်းမွန်ကြောင်း ဖြေခိုင်းတော့ လာစစ်ရင် အမှန်တရားက ပေါ်မလာဘူး။ အလုပ်သမားတွေပဲ အခက်အခဲ တွေနဲ့ ကျန်ခဲ့တာ။ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုလဲ ခိုင်းနေတာတွေရှိတယ် ။ EC  စာချုပ် ရှိလဲ ၊ စာချုပ်အတိုင်းမလုပ်ဘဲ၊ စည်းကမ်း အမျိုးမျိုးထုတ်တယ်။ ဖုန်းတွေမယူလာနဲ့ ပိုက်ဆံအိတ်တွေ မယူလာနဲ့ ဆိုပြီး ဖုန်းတွေကို သိမ်းထားတယ်။ အလုပ်သမားတွေရဲ့ ကလေးနဲ့ မိဘ နေမကောင်းဖြစ်လို့ လှမ်းဆက်ရင် မသိရ တော့ဘူး။ ပြန်ရောက်မှ အသဲအသန် ဆေးခန်းပြေးရတာ ။ တချို့ဆို ဖုန်းသိမ်းထားလို့ မိဘအသက် မမီလိုက်တာ ရှိတယ်။ အလုပ်သမားတွေကို အခုလို ဘေးကျပ် နံကျပ်ဖြစ်အောင်သာ လုပ်နေတာ၊  နှစ်လုံးထီရောင်းတာတွေ ကိုတော့ အရေးမယူဘူး။ CCTV လည်း တပ်ထားသေးတယ်"လို့  ပြောပါတယ်။

Lon John International  အထည်ချုပ် စက်ရုံ သတင်း Link>>>> https://www.myanmarlabournews.com/posts/အထည်စံချိန်ကို-ယခင်ထက်-၄-ဆပိုမိုတောင်းခံလာ-လုပ်ငန်းခွင်အတွင်း-ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ

ဆဲဆိုမှုတွေမှာ အဓိက တာဝန်ရှိသူတွေကတော့ စက်ရုံပိုင်ရှင်နဲ့ စက်ရုံက တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ထိန်းသိမ်း ကြပ်မတ်မှုတွေ အားနည်းလို့သာ ဆဲဆိုမှုတွေ ဖြစ်ပေါ်နေပြီး အလုပ်သမားတွေမှာ စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက် နေရတာပါ။

Myanmar Labour News ရဲ့ လေ့လာမှုအရ အလုပ်သမား အခွင့်အ‌ရေး ချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စက်ရုံအတော် များများကို ကုန်အမှတ်တံဆိပ် တာဝန်ရှိသူတွေ နဲ့ အလုပ်သမား အရာရှိတွေ ဝင်ရောက်စစ်ဆေးကြပါတယ်။

ဒါပေမဲ့ အဲဒီစစ်ဆေးရေးအဖွဲ့အစည်းတွေက စစ်ဆေးမဲ့အကြောင်း စက်ရုံဘက်ကို ကြိုတင် အကြောင်းကြားထား တာ၊ အဖြစ်မှန်ကို လိမ်လည် ဖြေကြားဖို့  အလုပ်သမားတချို့ကို စက်ရုံဘက်က ကြိုတင်သင်ကြား ပေးထားတာ၊ အဲလို သင်ကြားပေးထားတဲ့ အလုပ်သမားကိုပဲ စစ်ဆေးခံခိုင်းတာတွေ စက်ရုံတာဝန်ရှိသူတွေ ပြုလုပ်ကြပါတယ်။

စက်ရုံဘက်က ရွေးချယ်ပေးတဲ့ အလုပ်သမားတွေကို စစ်ဆေးတာက လွတ်လပ်တဲ့ စစ်ဆေးမှုမဟုတ်သလို အလုပ်သမားတွေရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမား အခွင့်ရေး ချိုးဖောက်မှုတွေက ကျဆင်းတာမရှိတဲ့အပြင် ကောင်းမွန် ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့နဲ့ ထုတ်ကုန်တိုးမြှင့်ဖို့ အခက်အခဲတွေ ပိုပြီး ဖြစ်စေတယ်ဆိုတာကို သက်ဆိုင်သူ အားလုံး သတိပြုဖို့ လိုပါတယ်။   

ပြီးခဲ့တဲ့ မေလအတွင်း Myanmar Labour News က ဖော်ပြခဲ့တဲ့ သတင်း ၈၁ ပုဒ်ထဲမှာ စက်ရုံအလုပ်ရုံတွေ၊ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ၊ လူမှု စီးပွား သတင်း၊ ဆောင်းပါး၊ တွေ့ဆုံမေးမြန်းမှု ၊ ဆန်းစစ် လေ့လာမှု ဆောင်းပါးနဲ့ အယ်ဒီတာ အတွေးအမြင် စတာတွေပါဝင်တယ်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့  စက်ရုံအလုပ်ရုံတွေ အများစုကတော့ ချုပ်လုပ်ရေး စက်ရုံတွေ ဖြစ်ကြပြီး အီလစ်ထရောနစ် နဲ့ ကာလာခွဲလုပ်ငန်းလည်း ပါဝင် ပါတယ်။

သတင်းတွေမှာ ဖော်ပြထားတဲ့  စက်ရုံ အလုပ်ရုံတွေကို ဇယားမှာ ဖော်ပြထားပါတယ်။ (ဇယား)

 

 

အဲဒီ စက်ရုံတွေထဲမှာ သတင်း ၂ ကြိမ်စီ ဖော်ပြထားတဲ့ စက်ရုံ ၄ ရုံကတော့ Beaume International Garment (https://www.myanmarlabournews.com/posts/beaume-international-garment-စက်ရုံမှာ-အလုပ်သမားတွေ-လုပ်ငန်းခွင်အတွင်းအလုပ်ရပ်နားပြီး-တောင်းဆို ) (https://www.myanmarlabournews. com/posts/လုပ်သားအခွင့်အရေးတောင်းဆိုဖို့-ကြိုးပမ်းတဲ့အလုပ်သမား-၃၂-ဦးအလုပ်ထုတ်ခံရ)၊ Max Technology (https://www.myanmarlabournews.com/posts/max-technology-နားကြပ်စက်ရုံမှ-အလုပ်သမားများပေးစာ) (https://www.myanmarlabournews.com /posts/max-technology-နားကြပ်စက်ရုံက-အလုပ်သမားတွေ-ဆုကြေးကိုကျွမ်းကျင်ကြေးနဲ့သာ သတ်မှတ်ပေးဖို့ တောင်းဆို) ၊ Eternal Fashion Co.,Ltd (https://www.myanmarlabournews.com/posts/eternal-fashion-အထည်ချုပ် လုပ်သားများ -တလ-နှစ်ရက်သာ-နားရက်ရ) (https://www.myanmarlabournews.com /posts/ အချိန်ပိုအလွန်အကျွံဆင်းနေရလို့-အလုပ်သမားတွေအခက်တွေ့နေ)  နဲ့ Tha Shu (Myanmar) Glory Fashion  (https://www.myanmarlabournews.com/posts/tha-shu-myanmar-glory-fashion-ထမင်းစားဆောင်-ကျပ်တည်း၊-စံချိန်မရလို့-တာဝန်ရှိသူများ-ဆဲဆိုနေ) (https://www.myanmarlabournews.com/posts/tha-shu-အထည်ချုပ်-စက်ရုံ-လိုင်းစာရေး-၁၅-ဦးအား-စစ်ဆေးခံရန်-ရွေးချယ်ထားဟုဆို)  တို့ ဖြစ်ပါတယ်။  Max Technology က အီလစ်ထရောနစ်လုပ်ငန်းဖြစ်ပြီး ကျန်စက်ရုံတွေကတော့ ချုပ်လုပ်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။

မေလအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေထဲက ချိုးဖောက်မှုအကြောင်းအရာ ၂၆ မျိုး ခွဲခြားပြီး ဆန်းစစ်ခဲ့ပါတယ်။

သတင်းတကြိမ်တည်း ဖော်ပြထားမှုတွေထဲက အချိုးဖောက်မှုအကြောင်းအရာ အများဆုံး စက်ရုံတွေကတော့ Lon John International က ၉ မျိုး( https://www.myanmarlabournews.com/posts/အထည်စံချိန်ကို-ယခင်ထက်-၄-ဆပိုမိုတောင်းခံလာ-လုပ်ငန်းခွင်အတွင်း-ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ)၊ LITA MYANMAR (https://www.myanmarlabournews.com/posts/lita-myanmar-အထည်ချုပ်-လုပ်ငန်းခွင် ဆိုင်ရာ ချိုးဖောက်မှုရှိဟုဆို) က ၈ မျိုး ရှိတာကို တွေ့ရပါတယ်။  

HUITAI MANUFACTURING (MYANMAR) Co.,Ltd (https://www.myanmarlabournews.com/posts/ နေ့စားအလုပ်သမားတွေထံက-လုပ်အားခ-ခေါင်းပုံဖြတ်နေ)၊ Myanto Industrail https://www. myanmarlabournews.com/posts/ အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း-အထည်စံချိန်မပြည့်ပါက-ရေသောက်ခွင့်မပေး) ၊ LUCKY FORTUNE GARMENT (https://www.myanmarlabournews.com/posts/ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများ-ဖြေရှင်းပေးစေလိုတယ်လို့-lucky-fortune-garment-အလုပ်သမားတွေ တောင်းဆို)၊ Vic song- Myanmar footwear Co.,Ltd ( https://www. myanmarlabournews. com/posts/vic-song--myanmar-စက်ရုံအလုပ်သမားများ-တရိစ္ဆာန်များနှင့်-ရောနှော-စားသောက်နေရ) နဲ့  Wonderful Apparel Co.Ltd (https://www.myanmarlabournews.com/posts/wonderful-apparel-စက်ရုံအလုပ်သမား အခွင့်အရေးချိုးဖောက်နေဟုဆို) စက်ရုံတွေမှာတော့ ၇ မျိုးစီ ချိုးဖောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချိုးဖောက်မှု အကြောင်းအရာ ၆ မျိုးစီ ဖြစ်ပွားတဲ့ စက်ရုံတွေကတော့ ACE APPAREL (https://www. myanmarlabournews.com/posts/အလုပ်လျှောက်ပါက-ငွေကြေးတောင်းခံ-လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်နေ)၊ Joc Myanmar (https://www.myanmarlabournews.com/posts/joc-myanmar-အထည်ချုပ်စက်ရုံ-အလုပ်သမားရပိုင်ခွင့်-ငွေကြေးများအား-ဖြတ်တောက်နေ) ၊ RICH PINE INTERNATIONAL GROUP LIMITED (https://www. myanmarlabournews.com/posts/ဂျော်ဒန်နိုင်ငံရှိ-အထည်ချုပ်လုပ်ငန်းခွင်မှာ-စာချုပ်နှင့်အညီ လုပ်ခပေးချေမှုမရှိ-ပြန်ခွင့်ရရန်-ဒေါ်လာ-၂၀၀၀-တောင်းလို့-အလုပ်သမားက အကူအညီတောင်းခံ) နဲ့  Rong Da Garment Company Limited (https://www .myanmarlabournews. com/ posts/ ရုန်လ်သာ အထည်ချုပ် စက်ရုံက-အလုပ်သမားများကို အချိန်ပို-အတင်းအကျပ်ခေါ်ယူစေခိုင်း)တို့ ဖြစ်ကြပါတယ်။

Gainway International (Myanmar) Garment Co.,Ltd စက်ရုံ (https://www.myanmarlabournews.com /posts/ gainway-international-စက်ရုံတွင်-အချိန်ပို-မဆင်းသည့်-အလုပ်သမားများအား-ဆူပူ-ခြိမ်းခြောက်-ပြောဆို) နဲ့  Eslite Garment (https://www.myanmarlabournews.com/posts/eslite-garment-အထည်စံချိန်ချုပ်လုပ်နိုင်တာထက်ပိုရဖို့-ရိုင်းစိုင်းစွာပြောဆိုခိုင်းစေနေ)  စက်ရုံကတော့  အကြောင်းအရာ ၅ မျိုး ချိုးဖောက် ထားပါတယ်။ ကျန်စက်ရုံတွေကတော့ အကြောင်းအရာ ၅ မျိုးအောက် ချိုးဖောက်မှု ရှိခဲ့တာတွေကို တွေ့ရပါတယ်။ 

မေလအတွင်း သတင်းဖော်ပြခဲ့တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ငွေကြေး ဖြတ်တောက်ခံရတဲ့ အကြောင်းအရာက အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၈ ကြိမ်ရှိနေတာကို တွေ့ရပါတယ်။

စက်ရုံဘက်က ခွင့်မပေးလို့ ရက်ပျက်သတ်မှတ်ခံရပြီး ငွေကြေး ဖြတ်ခံရတာ၊ အချိန်ပိုမဆင်းလို့ဆိုပြီး ကျွမ်းကျင်ကြေး အဖြတ်ခံရတာ၊ ရက်မှန်ကြေး အဖြတ်ခံရတွေ ဖြစ်တယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ငွေကြေးဖြတ်တောက်တဲ့ အကြောင်းအရင်းထဲက အလုပ်သမားတွေ ဥပဒေပါခွင့် ခံစားခွင့် မပေးမှုက ၁၁ ကြိမ် ပါဝင် ပါတယ်။ ဥပဒေကို ချိုးဖောက်ပြီး  အချိန်ပိုခေါ်ယူမှု ၁၅ ကြိမ် ပါဝင်တာကို တွေ့ရပါတယ်။ အချိန်ပိုနဲ့ ဆက်စပ်ပြီး အလုပ်သမားတွေ ခွဲခြားဆက်ဆံခံရတာ ၁၀ ကြိမ် ရှိတာကို တွေ့ရပါတယ်။

လုပ်ငန်းခွင်အတွင်း စက်ရုံတာဝန်ရှိတွေရဲ့ ဆဲဆိုခိုင်းစေတာနဲ့  ဖိအားပေး ခြိမ်းခြောက်တဲ့ အကြိမ် ၁၃ ကြိမ် စီ တွေ့ရသလို လုပ်ငန်းခွင်အတွင်း အပူရှိန်မြင့်မားတာ၊ ကျပ်တည်းတာ၊ သောက်ရေမကောင်းတာ၊ ဆေးပေးခန်းနဲ့ ဆေးမရှိတွေ၊ သန့်စင်ခန်းတွေ မကောင်းတာနဲ့ လေထုမသန့်ရှင်းတာဆိုပြီး ၁၂ ကြိမ် ဖော်ပြထားပါတယ်။

မေလအတွင်းမှာ အလုပ်သမားတွေရဲ့ ငွေကြေးကို ကြီးကြပ်ရေးမှူးတဦးက ဖြတ်ယူခဲ့တာကို တကြိမ်ဖော်ပြထား ပြီး EC စာချုပ် ဖောက်ဖျက်ပြီး နှစ်ဖက် သဘောတူညီမှုမရှိတဲ့ စည်းကမ်းတချို့ကို စက်ရုံဘက်က ထုတ်တယ်ဆိုတဲ့ ပြောကြားမှု  ၅ ကြိမ်ရှိခဲ့ပါတယ်။

ဒါ့အပြင် အလုပ်ချိန်  ၅ နာရီကျော် ၆ နာရီ ဆက်တိုက် ခိုင်းစေသည့် စက်ရုံ ၅ ရုံအထိရှိနေလို့  ဥပဒေကို ကျော်လွန်ပြီး  ခိုင်းစေမှုတွေ တိုးပွားနေတာကိုလည်း တွေ့မြင်ရပါတယ်။

မေလအတွင်း လုပ်ခလစာ တိုးမြှင့်ပေးတာတွေဖြစ်ပေါ်ခဲ့သလို စက်ရုံတချို့မှာ အလုပ်ရပ်တောင်းဆိုမှု ၂ ကြိမ် ရှိခဲ့ပါတယ်။ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်တဲ့ စက်ရုံတရုံ အပါအဝင် ဥပဒေမဲ့ အလုပ်ထုတ်တဲ့ စက်ရုံ ၉ ရုံ ရှိခဲ့တာကိုတွေ့ရသလို သဘောဆန္ဒမပါဘဲ အလုပ်အမျိုးအစား  ပြောင်းရွှေ့ လုပ်ကိုင်ခိုင်းတာနဲ့ နားချိန်အပြည့်  မရတာ ၂ ကြိမ်စီ ကိုလည်း ဖော်ပြထားပါတယ်။

စစ်ဆေးရေးအဖွဲ့အစည်းတွေကို စက်ရုံဘက်က လိမ်လည်ဖြေကြားခိုင်းတဲ့ စက်ရုံ ၃ ရုံ ရှိခဲ့ပါတယ်။ နေ့စား  လုပ်သားတွေ အခွင့်အရေးချိုးဖောက်တာနဲ့ အသက်မပြည့်တဲ့ အလုပ်သမားတွေကို ဥပဒေပြင်ပ ခိုင်းစေတဲ့ စက်ရုံ ၂ ရုံစီ ပါဝင်နေလို့ စုစုပေါင်း ၄ ရုံ ရှိနေတာကိုတွေ့ရပါတယ်။

Myanmar Labour News က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအကြောင်းအရာ ၂၆ မျိုးခွဲခြားထားရာမှာ မေလအတွင်း အကြောင်းအရာ အမျိုးအစား ၂၀ ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အလုပ်ချိန် ၅ နာရီ ကျော် ဆက်တိုက်လုပ်ကိုင်ရတယ်ဆိုတဲ့ အကြောင်းအရာ  ပိုမို ဖြစ်ပွားလာတာကို တွေ့ရပါတယ်။

မေလချိုးဖောက်မှုတွေထဲမှာ ဂျော်ဒန်နိုင်ငံ အခြေစိုက် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ RICH PINE INTERNATIONAL GROUP LIMITED ရဲ့ ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ ဒီလို ဖော်ပြတာက မြန်မာ လုပ်သားတွေ အထူးဂရုပြုနိုင်ဖို့ ပြည်ပလုပ်သားသတင်းထဲမှာ မထည့်သွင်းထားဘဲ ချိုးဖောက်မှုအနေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းဖော်ပြထားတဲ့ စက်ရုံအလုပ်ရုံ တရုံ နှစ်ရုံလောက်က ပြုပြင်ပြောင်းလဲမှု တချို့ ပြုလုပ်ခဲ့ပါတယ်။ ကုန်အမှတ်တံဆိပ်နဲ့ အလုပ်သမားအရာရှိတွေက ဖော်ပြပါ စက်ရုံအားလုံးနီးပါးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို Myanmar Labour News က သတိပြုမိပါတယ်။ ဒါပေမဲ့ အရေးယူမှုနဲ့ ထူးခြားတဲ့ ပြောင်းလဲမှု မရှိခဲ့ဘူးဆိုတာကို စစ်ဆေးမှုတွေပြုလုပ်တဲ့ စက်ရုံအလုပ်သမားတွေက တညီတညွတ်တည်း ပြောကြားထားပါတယ်။

ဒါကြောင့် လာမဲ့ ရှေ့လတွေမှာ ပြုလုပ်မဲ့ စစ်ဆေးဆောင်ရွက်မှုတွေကို Myanmar Labour News က လေ့လာပြီး သီးခြားမှတ်တမ်း ပြုစု ဖော်ပြမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

Download PDF

 Myanmar Labour Society
Research Team