NEWS

ဒီဇင်ဘာလ ပထမတစ်ပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
76 Views

Myanmar Labour News မှာ  ဒီဇင်ဘာလ (၂) ရက်ကနေ (၈) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ၂

ရုရှားနိုင်ငံကို ပြည်တွင်းကလုပ်သားတွေ စေလွှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု အေဂျင်စီတွေ ဆောင်ရွက်နေပါတယ်။

သာဓုကန်စက်မှုဇုန်က Myanmar Xiang Rui Fashion Co. ,Ltd ပိုင် အထည်ချုပ်စက်ရုံက အချိန်မဆင်းနိုင်တဲ့ အလုပ်သမား တဦးကို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ည ၉ နာရီနီးပါး အထိ အချိန်ပို လုပ်ကိုင်ခိုင်းတာကို ငြင်းဆန်ခဲ့တဲ့အမျိုးသမီး အလုပ်သမားတဦးကို ခွဲခြားဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သဘောဆန္ဒမပါဘဲ စက်ရုံ အပြောင်းအရွှေ့ ပြုလုပ်နေလို့ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရတယ်ဆိုပြီး Myanmar Gigi Leather Goods Manufactory Company Limited ရဲ့ ရုံ ၄ (MK) အိပ်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ပြောင်းရွှေ့ လုပ်ကိုင်ခိုင်းတာ တနှစ်ကို အနည်းဆုံးတကြိမ် ပြုလုပ်တယ်လို သိရပါတယ်။

မြောက်ဒဂုံ ဗိုလ်မင်းရောင်လမ်းမှာ လူမှုဖူလုံရေးနဲ့ ပုဂ္ဂလိက ပူးတွဲဖွင့်လှစ်ထားတဲ့ တော်ဝင်နဂါးဆေးခန်းဟာ အလုပ်သမား တွေ ဆေးဝါးကုသရေးနိုင်ရေးအတွက်ကို လိုအပ်ချက်တွေရှိနေပါတယ်။အလုပ်သမားတွေရဲ့ ပြောကြားချက်အရတော့ အချိန်အတိအကျနဲ့ ဆရာဝန်ဆေးခန်းထိုင်တာ မရှိသလို အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးလို ဆေးမျိုးတွေတောင် အလုပ်သမားတွေကို ပြင်ပက ဝယ်ခိုင်းတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၃

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့နယ် ဖလန်ဆောင်လမ်းမကြီီးပေါ်မှာ ဆောက်လုပ်နေတဲ့ မိုးပျံတံတား ဆောက်လုပ်ရေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ  ကရိန်းပြိုကျလို့ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားတွေကို နစ်နာ ကြေးဘတ် ၈ သိန်းကျော်ကနေ ဘတ်တစ်သန်းအထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၄

-အရှေ့ဒဂုံစက်မှုဇုန်က Nice Food Myanmar မုန့်စက်ရုံမှာ တရက် အလုပ်ချိန် ၁၂ ကျော် ကြာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ၂ နှစ်စာသက်တမ်းတိုးရာမှာ  စက်ရုံတွေက ဘတ် ၁၄၀၀၀ အထိ ဖြတ်တောက်နေတာကြောင့်  စက်ရုံအချို့မှာ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ရက်နေ့ ည ၇ အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ ကော်စေ့သိုလှောင် စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၅ ရက်နေ့ ည ၇ အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ ကော်စေ့စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၆ရက် နံနက် ၃နာရီ၄၁မိနစ်အထိ မီးလောင်မှုကို ၈ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်နေသူတွေအနေနဲ့မိသားစုကိုတရားဝင်လမ်းကြောင်းကတစ်ဆင့်ငွေလွှဲတာမရှိရင်လည်းစာရင်းပေးရမယ်လို့ စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနကညွှန်ကြားမှုလုပ်ဆောင်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ‌အလုပ်လုပ်ကိုင်‌‌ပြီးနိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကိုင်‌ဆောင်ထားသူ(သို့မဟုတ်) CI(စာအုပ်အစိမ်း) ကိုင်ဆောင်ထားသူတွေအနေနဲ့(၂)နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့်ကိုလျှောက်ထားနိုင်မှာဖြစ်ပြီး ငွေကြေး တစ်စုံတစ်ရာကောက်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံဗန်ကောက် အခြေစိုက်မြန်မာသံရုံးက ဒီဇင်ဘာလ(၆)ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းထဲက  မြို့နယ်အများစုမှာ  မီးပျက်ချိန်ဟာ ပိုမိုဆိုးရွားလာခဲ့ပြီး အခြေခံအလုပ်သမားတွေဟာ ချက်ပြုတ်ရေးအတွက် မီးသွေး၊ဂတ်စ် စတာတွေ သုံးစွဲတာကြောင့် ငွေကြေးကုန်ကျမှု ပိုများလာသလို မီးပျက်ချိန်များလာတာကြောင့် လုပ်ငန်းအချို့ လျှော့ချတာ၊ အော်ဒါဆိုင်းငံ့တာတွေအပြင် နေ့စားအလုပ်သမားတွေ အလုပ်နားခံရတာတွေပါ ဖြစ်ပေါ်နေပါတယ်။

ထိုင်းနိုင်ငံ စာမွတ်ဆာခရိုင် ကထ့ဘန်မြို့နယ်ရှိ သံစက်ရုံတစ်ရုံ မှာ  အလုပ်သမားတွေကို ဗီဇာနှင့်ဝေါ့ပါမစ် သက်တမ်းတိုး အတွက် အလုပ်ရုံမှ ဘတ်၁၂၅၀၀ ကောက်ခံတာ ကြောင့် မကျေနပ်တဲ့ အလုပ်သမားတွေ က ဆန္ဒပြ တောင်းဆိုမှုကြောင့် ဘတ် ၈၀၀၀ ကို လျော့ချပေးခဲ့တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။

ထိုင်းနိုင်ငံ ရှိ စက်ရုံ၊ အလုပ်ရုံ နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေ မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် မြန်မာလုပ်သား ၄၀၀ နဲ့ အထက် ရှိပါက စက်ရုံ၊အလုပ်ရုံ နဲ့ လုပ်ငန်းခွင် ထဲ သို့ Mobile Team စေလွှတ် လုပ်ဆောင်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံရုံး(ဘန်ကောက်)က ဒီဇင်ဘာ ၇ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၈

စစ်အုပ်ချုပ်ရေးကာလတွေမှာ ပြည်ပမှာကော ပြည်တွင်းမှာပါ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။  ပြည်ပမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေရဲ့ လုပ်အားကိုတော့ အာဏာရှင်က ခေါင်းပုံဖြတ်ပြီး နိုင်ငံခြားငွေနဲ့ အခွန်အခ ရရှိဖို့၊ ပြည်တွင်းက အလုပ်သမားတွေကိုလည်း လုပ်ငန်းရှင်တွေက လုပ်အားခခေါင်းပုံဖြတ်ပြီး ကြီးပွားချမ်းသာဖို့ပဲ လုပ်ဆောင်နေကြပါတယ်။ ဒီလိုတွေ လုပ်ဆောင်နေပေမယ့် လုပ်အားရှင်တွေရဲ့ အခွင့်အရေးတွေကိုတော့ ထည့်သွင်းစဉ်းစားတာ၊ ကူညီဆောင်ရွက်ပေးတာ တစ်စုံတစ်ရာတော့ မရှိပါဘူး။ ဒီအခြေအနေတွေကို “လုပ်အားအကျိုးအမြတ်ယူပြီးအခွင့်အရေးတွေကို ပစ်ပယ်နေသလား” ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ ရုန်လ်သာ အထည်ချုပ်စက်ရုံမှာ ထွက်စာတင်ပြီးအလုပ်ထွက်ခဲ့တဲ့ အလုပ်သမားရဲ့ လုပ်ခလစာသွားရောက်ထုတ်ယူရာမှာ စူပါက လက်မှတ်ထိုးထုတ်ယူသွားလို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားက ပေးစာပေးပို့ထားပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မမ က စုစည်းပေးထားတာပါ။ တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


Related posts

Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024
Cover
ဒီဇင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု
Dec 08, 2024
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( နိုဝင်ဘာ ၂၅- ဒီဇင်ဘာ ၁)
Dec 01, 2024
Cover
တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု (နိုဝင်ဘာ ၂၅-ဒီဇင်ဘာ ၁)
Dec 01, 2024
Cover
နိုဝင်ဘာ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Nov 25, 2024